• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

လက်ရှိ မယ်တော် ဆေးခန်းမှာရှိတဲ့ လူနာတဝက်လောက်က ရွှေ့ပြောင်းလုပ်သားတွေ

by ဧရာဝတီ
1 December 2016
in အင်တာဗျူး
A A
ဒေါက်တာ စင်သီယာမောင် / ဂျေပိုင် / ဧရာဝတီ

ဒေါက်တာ စင်သီယာမောင် / ဂျေပိုင် / ဧရာဝတီ

11k
VIEWS
Share on FacebookShare on Twitter

ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်နေတဲ့ ထိုင်းနိုင်ငံထဲက ရွှေ့ပြောင်း မြန်မာနိုင်ငံသားတွေကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေတဲ့ မယ်တော်ဆေးခန်း (ကျောင်းသား ဆေးခန်း) ဟာ သက်တမ်း ၂၆ နှစ်ကျော် ကြာပြီ ဖြစ်ပါတယ်။

မယ်တော်ဆေးခန်း ကို ထိုင်းနိုင်ငံ မဲဆောက်မြို့အတွင်း ၁၉၈၉ ခုနှစ်က စပြီး ထိုင်းနိုင်ငံနဲ့ ထိုင်း-မြန်မာနယ်စပ်ကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ဒုက္ခသည်တွေကို ကူညီပေးဖို့အတွက် ဒေါက်တာ စင်သီယာမောင်က ဦးစီး တည် ထောင် ခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ စင်သီယာမောင် ဟာ Jonathan Mann Award (၁၉၉၉) ၊ Ramon Magsaysay Award (၂၀၀၂) ၊ Time’s Asian Heroes (၂၀၀၃) နဲ့ Sydney Peace Prize (၂၀၁၃) စတဲ့ ဆုတွေကို ရရှိထားပြီး ၂၀၁၆ ခုနှစ် လူသားချင်း စာနာမှု ဆိုင်ရာ လူစွမ်းကောင်း ဆု (၂၀၁၆) ကိုလည်း မကြာသေးခင်ကမှ ရရှိထားတာ ဖြစ်ပါတယ်။

မယ်တော်ဆေးခန်းက နှစ်စဉ် ခြေတုလက်တု တပ်ဆင်ပေးရေးတွေ အပါအဝင် ရောဂါအမျိုးမျိုး ခံစားနေရတဲ့ မြန်မာ နိုင်ငံသား တသိန်းကျော်ကို ကျန်းမာရေး စောင့်ရှောက်မှုတွေ ပြုလုပ်ပေး နေပါတယ်။

လက်ရှိ ပြည်တွင်း နိုင်ငံရေး အပြောင်းအလဲ အခြေအနေ၊ ပြည်တွင်းကျန်းမာရေး ကဏ္ဍ နဲ့ မယ်တော်ဆေးခန်း ရဲ့ အခြေအနေ တွေကို ဧရာဝတီ သတင်းထောက် နန်းလွင်နှင်းပွင့် က မေးမြန်းထားပါတယ်။

မေး ။ ။ ပြည်တွင်းမှာ ဒီမိုကရေစီအပြောင်းအလဲ ဖြစ်လာပြီ။ ရွေးကောက်ပွဲလည်း အောင်အောင် မြင်မြင် ဖြစ်ပြီး အစိုးရ သစ်လည်း တက်လာပြီ နိုင်ငံရေးပြောင်းလဲမှု အခြေအနေကလည်း အစပြုလာပြီဆိုတော့ မယ်တော် ဆေးခန်း ရဲ့ ရပ်တည်မှု အခြေအနေရော ဘာတွေ အပြောင်းအလဲ ရှိပါသလဲ။

ဖြေ ။ ။ လက်ရှိ မယ်တော်ဆေးခန်းမှာ ရှိတဲ့ လူနာ တဝက်လောက်က ရွှေ့ပြောင်းလုပ်သားတွေ။ ထိုင်းနိုင်ငံထဲမှာ ရှိတဲ့ အလုပ်သမားလက်မှတ် မှတ်ပုံတင်နဲ့ နေထိုင်နေတဲ့သူတွေ ရှိတယ်။ တချို့ကတော့ အလုပ်သမား လက်မှတ် မရှိဘဲ နဲ့ တရားမဝင် နေထိုင်နေတာ ရှိတယ်ဆိုတော့ ထိုင်းနိုင်ငံ အစိုးရရဲ့ စာရင်းအရ ဆိုရင် မြန်မာနိုင်ငံသား ၃ သိန်း လောက် ရှိတာပေါ့။ တချို့နှစ်တွေမှာ ၄ သိန်းလောက် ရှိတယ်။ အဲ့ဒီမှာ အလုပ်သမား မှတ်ပုံတင် ရှိတာက ၆ သောင်းပဲ ရှိတယ်။ ကျန်တာကတော့ မှတ်ပုံတင် မရှိကြဘူး ဆိုတော့ သူတို့မှာ ကျန်းမာရေး အာမခံချက် မရှိကြဘူး။ သူတို့က မယ်တော် ဆေးခန်းကို လာတာလည်း ရှိတယ်။

တချို့ထိုင်းအစိုးရ ဆေးရုံတွေကိုလည်း သွားကြတယ်။ ဒီတော့ အဲ့ဒီလိုလူနာတွေက ကျမတို့ဆီမှာ ဆက်ရှိနေဦးမှာပဲ။ နောက် တချိန်တည်းမှာပဲ လူနာရဲ့ တဝက်လောက်က မယ်တော်ဆေးခန်းမှာ။ ထိုင်းဆေးရုံမှာ သုံးပုံ တပုံက မြန်မာ ပြည် ထဲ က ဆေးလာကုတဲ့ သူတွေ ဖြစ်တယ်။ မြန်မာပြည်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် လက်လှမ်း မမီဘူး ဆို တော့ ထိုင်းဘက်ကို ကူးလာကြတာ။ လက်ရှိ အနေအထားမှာတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ဆေးရုံတွေမှာ ဖြစ်စေ မယ်တော် ဆေးခန်းမှာ ဖြစ်စေ လူနာတွေ (မြန်မာနိုင်ငံသား လူနာများနှင့် ရွှေ့ပြောင်းလုပ်သားလူနာများ) သိသိ သာသာ လျော့နည်းသွားတာ မရှိသေးဘူး။

ဒီလို မရှိသေးတဲ့ အပေါ်မှာ ကျန်းမာရေး ဝန်ဆောင်မှုတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေကို အရည်အသွေး မြှင့်တင်ရေး ပိုင်း ဆိုင်ရာ သင်တန်းတွေကို ပုံမှန်အတိုင်းပဲ ဆက်သွားတယ်။ သို့သော်လည်း ပြောင်းလဲတဲ့ အခြေအနေမှာ ပြည် တွင်း မှာ ရှိတဲ့ ဆေးရုံဆေးခန်းတွေမှာ တိုင်းရင်းသားကျန်းမာရေး အဖွဲ့အစည်းတွေ ကျန်းမာရေး လုပ်ဖော်ကိုင်ဖက် အဖွဲ့အစည်းတွေနဲ့ အစိုးရရဲ့ ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းတွေ ချိတ်ဆက်မိအောင်တော့ လုပ်တယ်။
တချို့ကျေးရွာလေးတွေမှာတော့ မစနိုင်သေးဘူး။ ကာကွယ်ဆေးထိုးတဲ့ အစီအစဉ်တွေကို အစိုးရနဲ့ တွဲပြီး လုပ်တယ် ဆိုတော့ ဒီလို ပြောင်းလဲတဲ့အချိန်မှာ မြို့နယ်အလိုက်ဖြစ်ဖြစ်၊ ကျေးရွာအလိုက်ဖြစ်ဖြစ် ဒီလို အစပျိုး ပူးတွဲလုပ်ဆောင် တာတွေတော့ ရှိပါတယ်။

ကျန်းမာရေး ဝန်ဆောင်မှု အရတော့ အခြေခံတွေကို လက်လှမ်းမီလာနိုင်မယ်လို့ ယူဆပါတယ်။ သားဖွားတဲ့ လူနာတို့ ပြင်းထန်တဲ့ လူနာတွေကိုတော့ ဆေးရုံတွေကို သွားရမှာဆိုတော့ တချို့နေရာတွေမှာ လက်လှမ်းမီလာတာ မှန်ပေမယ့် လက်ရှိအထိ ဒီဘက်ကို လူနာ သိသိသာသာ ကျဆင်းသွားတာတော့ မရှိသေးပါဘူး။

မေး ။ ။ အစိုးရက အပြောင်းအလဲ ဖြစ်လာပြီဆိုတော့ အစိုးရနဲ့ ပူးတွဲပြီး ပြည်တွင်းမှာ ကျန်းမာရေး စောင့်ရှောက်မှုတွေ လုပ်ဖို့ အတွက် ဆရာမ အနေနဲ့ မြန်မာပြည်ကို ပြန်ဖို့ရော အစီအစဉ် ရှိပါသလား။

ဖြေ ။ ။ ခုနပြောတဲ့ အထဲမှာ ကျန်းမာရေးစနစ်ပေါ့နော်။ အထူးသဖြင့် နယ်စပ်မှာ ရှိနေတဲ့ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေနဲ့ ကျမတို့ မယ်တော်ဆေးခန်း အပါအဝင် အခြားနယ်လှည့် ကျောပိုးအိတ် အဖွဲ့တွေက တဖွဲ့ချင်းစီ အနေနဲ့ ပြည်နယ် အလိုက်တော့ ကရင်ပြည်နယ်ဆို ကရင်ကျန်းမာရေးဌာန၊ မွန်ပြည်နယ်ဆို မွန် ကျန်းမာရေး ဌာန တို့နဲ့ တိုက်ရိုက် ထိတွေ့ညှိနှိုင်းကြတာတွေတော့ ရှိတယ်။

ဒါပေမယ့် မယ်တော် ဆေးခန်း တို့လို ကျမတို့ နယ်လှည့်ကျောပိုးအိတ် အဖွဲ့တွေလိုမျိုး ကျတော့ ဒေသတခုတည်းမှာ လုပ်တာ မဟုတ်တဲ့ အတွက်ကြောင့် ကရင်ပြည်နယ်မှာ ရှမ်းပြည်နယ်မှာ မွန်ပြည်နယ်မှာ ကယားပြည်နယ်မှာ တွဲပြီး လုပ်တာ ဖြစ်တဲ့အတွက်ကြောင့် ကျမတို့က တစုတည်းအနေနဲ့ ကျန်းမာရေး တည်ဆောက်မှု လုပ်ငန်းစဉ်မှာ အဖွဲ့တွေ အားလုံး ကိုယ်စားပြုပြီးတော့ ရန်ကုန်မှာ ဖြစ်စေ၊ နေပြည်တော်မှာ ဖြစ်စေ ကျန်းမာရေး အစီအစဉ်တွေကို အမြဲ ထိ တွေ့ မှု ရှိတယ်။

တချိန်တည်းမှာပဲ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့အစည်းတွေကလည်း ကျန်းမာရေးဆိုင်ရာ မူဝါဒတွေ ရေးဆွဲတဲ့ အခါ မှာ အဲ့ဒါတွေကို တွဲပြီးတော့ ဆောင်ရွက်တယ်။ မယ်တော်ဆေးခန်း တဖွဲ့တည်းအနေနဲ့ သွားတာတော့ မရှိပါဘူး။

မေး ။ ။ မယ်တော် ဆေးခန်းကို ပြည်တွင်းက ဝေးလံလွန်းတဲ့ နေရာက သူတွေအစ အားကိုးပြီး လာပြ ကြတာတွေ ရှိ တယ်။ ဒီတော့ ပြည်တွင်းရဲ့ ကျန်းမာရေးစနစ် အခြေအနေကို ဘယ်လို သုံးသပ်မိပါသလဲ။ ဘာတွေ ပြုပြင် ပြောင်းလဲဖို့ လိုနေလဲ ဆိုတာ အကြံပေးပါဦး။

ဖြေ ။ ။ ၂၀၁၇ – ၂၀၂၁ ကျန်းမာရေး စီမံကိန်း၊ အမျိုးသားကျန်းမာရေး စီမံကိန်းတွေ အစိုးရက ရေးဆွဲနေတယ်။ အဲ့ဒီ မှာ ကျမတို့ တိုင်းရင်းသား ဒေသတွေမှာ အလုပ်လုပ်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေရော မယ်တော် ဆေးခန်း အပါ အဝင် တစုတစည်းတည်း အနေနဲ့ အစည်းအဝေးတွေမှာ သွားတက်တာ ရှိတယ်။ နောက် တိုင်းရင်းသားတဖွဲ့ချင်းစီ အနေနဲ့ သွားတက်တာတွေလည်း ရှိပါတယ်။

အဓိက ကတော့ လက်ရှိ ဆွေးနွေးချက်တွေထဲမှာ သူတို့ ခေါင်းစဉ် ၄ ခု ကို အဓိက ဆွေးနွေးတယ်။ ကျန်းမာရေး ဆိုင်ရာ ရန်ပုံငွေကိစ္စ ပါတယ်။ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ စနစ်တွေ နောက်တခုက ကျန်းမာရေး ဝန်ထမ်း တွေနဲ့ ပတ်သက်တဲ့ ဝန်ထမ်းရေးရာ အချက်အလက်တွေ နောက်တခုက စီမံခန့်ခွဲမှု အပိုင်းတွေပါ။

ကျမတို့ လက်လှမ်း မီလောက်သလောက်က လူတိုင်းအတွက် ကျန်းမာရေးဆိုတဲ့ အစီအစဉ်ပေါ်မှာ အခြေခံ ကျန်းမာရေး ဝန်ဆောင်မှု ၊ အနိမ့်ဆုံး လက်လှမ်းမီတဲ့နေရာမှာ အခြေခံကျန်းမာရေး ဝန်ဆောင်မှုကို လူတိုင်း ရဖို့ အခြေခံ စောင့်ရှောက် မှုဆိုတာ ဘာတွေလဲ ပြန်ပြီးတော့ ဆန်းစစ်တာတို့ တဦးချင်းစီ ကုန်ကျမယ့် စရိတ်တွေကို တွက်ချက်တာတို့။ တကယ့် လက်တွေ့မှာတော့ ဒီအခြေခံလေးကို ရန်ပုံငွေ ရှိဖို့ဆိုတာ ကျတော့ အစိုးရဘက်ကရော နိုင်ငံတကာ အဖွဲ့ဘက်ကရော ရန်ပုံငွေ ပါဝင်ထည့်ဝင်ဖို့တော့ လိုတယ်။

ကျမတို့ ဆီမှာ အစိုးရအနေနဲ့ ရန်ပုံငွေ ချပေးနိုင်တာက ကျမတို့ သိသလောက်က လူတယောက်ကို ဒေါ်လာ ၂၀ ၊ ၃၀ (ကျပ် ၃သောင်း ဝန်းကျင်) အဲ့ဒီ ပတ်ဝန်းကျင်ပဲ ရှိမယ်။ တနှစ်စာ ရန်ပုံငွေပေါ့။ အဲ့ဒီ ပမာဏနဲ့တော့ အခြေခံ စောင့် ရှောက်မှုတွေ အားလုံးက လက်လှမ်းမီနိုင်မှာ မဟုတ်ဘူး။ လူတိုင်းကို လက်လှမ်းမီဖို့ ဆိုတာက ရန်ပုံငွေအရ စိန်ခေါ်မှု ပေါ့နော်။ ရန်ပုံငွေ ရရှိဖို့ လုပ်တဲ့အခါမှာလည်း နေရာတိုင်းကို ညီတူညီမျှ ရဖို့အတွက်ရော လိုအပ်တဲ့အခြေခံ ဝန်ဆောင် မှုတွေ ရဖို့အတွက်ရော အချိန်ကာလကတော့ အများကြီး ယူရဦးမှာပါ။

လက်ရှိ ရန်ပုံငွေပိုင်းဆိုင်ရာ လိုအပ်သလို တချိန်တည်းမှာ ပြည်သူလူထုရဲ့ ရွှေ့ပြောင်းမှုတွေက တအား များတယ်။ ဥပမာ – ရန်ပုံငွေချ ပေးတယ်ဆိုတာ မြို့နယ် အလိုက်ပဲ ချပေး ချပေး၊ ဒေသအလိုက်ပဲ ချပေး ချပေး၊ မြို့ရွာအလိုက်ပဲ ဖြစ်ဖြစ်ပေါ့။ လူတွေက ရွှေ့ပြောင်းနေတဲ့ အခါမှာ သူ့စာရင်းက တနေရာမှာ ရှိမယ်။ သူဆေးကုတာက တနေရာမှာ ဖြစ် လိမ့်မယ်။ ရန်ကုန်မှာ သူ့အတွက် ချပေးပေမယ့် သူက မြဝတီ ရောက်နေရင် ရန်ပုံငွေ အသုံးပြုမှု ဖြန့်ဝေမှုက အခက် အခဲတွေ ရှိနိုင်တယ်။ ဆေးဝါးတွေ ဝယ်ယူတာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက် လုံလောက်တဲ့ လစာ တွေ ပဲ ဖြစ်ဖြစ် မရှိတဲ့ အခါကျတော့ ဒေသတွေအထိ လိုက်ပြီး ဝန်ဆောင်မှုပေးဖို့ ဆိုတာကလည်း ကျန်းမာရေးဝန်ထမ်းတွေ ကိုယ်တိုင်လည်း အများကြီး အခက်အခဲ ရှိတယ်။

ဥပမာ – မြဝတီ မှာ ဆိုရင် ဆရာဝန်တယောက်ရဲ့ လခကို ပြောမယ် ဆိုရင် နေစရိတ်လောက်ပဲ ရှိတယ်။ စားစရိတ် တောင် မရှိတော့ဘူးဆိုရင် တောရွာတွေ နယ်စွန်နယ်ဖျားကို ကျန်းမာရေး ဝန်ထမ်းတွေ ရောက်ရှိနိုင်ဖို့ ဆိုတာ အများကြီး အလှမ်းဝေးသေးတယ်။ တချိန်တည်းမှာ ဒီဘက်မှာရှိတဲ့ ကျန်းမာရေး လုပ်သားအားလုံးက မြန်မာနိုင်ငံ အရှေ့ပိုင်းဒေသ၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ် အားလုံးက လာကြတာ။ သားဖွားဆရာမတွေ ပြည်သူလူထု ကျန်းမာ ရေး လုပ်သားတွေ ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အစိုးရက အသိအမှတ်ပြုပြီး အစိုးရ ကိုယ်တိုင် ဒီအပေါ်မှာ ရန်ပုံငွေ တွေ ချပေးဖို့ စီမံခန့်ခွဲပေးဖို့ လိုတယ်။

နိုင်ငံတကာရဲ့ ရန်ပုံငွေ ဖြစ်စေ၊ အစိုးရဆီက ချပေးတာ ဖြစ်စေ၊ ကျန်းမာရေး ဝန်ထမ်းတွေ အားလုံး ညီညီမျှမျှနဲ့ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပေးနေတဲ့အခါမှာ အသိအမှတ်ပြုမှုတွေ ရှိရင်တော့ ပိုကောင်းမယ်။ မဟုတ်ရင် အားလုံး ကို ညီတူမျှတူ ရဖို့ဆိုတာ အခက်အခဲ ရှိပါမယ်။

မေး ။ ။ အခု ပြောတာက ဘတ်ဂျက် ပိုင်းပေါ့နော်။ ကျန်းမာရေး ကဏ္ဍတွေမှာ အခြားပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ရော ဘာတွေမြင်မိပါသလဲ ။

ဖြေ ။ ။ လက်ရှိကတော့ ကျန်းမာရေး ကာလတလျောက်လုံးမှာ ကျမတို့ တွေ့ရတာက ရွှေ့ပြောင်းလုပ်သမားတွေ၊ ရွှေ့ပြောင်းဆိုတာ စစ်ကြောင့်ပဲ ဖြစ်ဖြစ် စီးပွားရေးကြောင့်ပဲ ဖြစ်ဖြစ် ၊ စီးပွားရေးကြောင့်လို့ ပြောရင်လည်း စီးပွားရေး ကြောင့်လို့ပဲ လွယ်လွယ်ကူကူ ပြောတယ်လေ။ ဒါပေမယ့် သူ့ရဲ့ အိမ်တွေ မြေတွေ အတည်တကျ မရှိတော့တဲ့ အခြေ အနေတွေ သဘာဝ ဘေးအန္တရာယ်ပဲ ဖြစ်ဖြစ် လယ်သိမ်းမြေသိမ်းကိစ္စပဲ ဖြစ်ဖြစ် မတည်ငြိမ်တဲ့ လူထု ဖြစ်နေတော့ သူတို့က ကျန်းမာရေး အာမခံဆိုတာကို ဝယ်ယူနိုင်ဖို့ လုံလောက်တဲ့ ဝင်ငွေ အလုပ်အကိုင် မရှိဘူး။ စိတ်ချရတဲ့ ဝင်ငွေ၊ အလုပ်အကိုင်ဆိုတာ မရှိဘူး။ ရေရှည်စိတ်ချရတဲ့ ကျန်းမာရေး အာမခံချက်ရှိဖို့ ဆိုတာက သူတို့ရဲ့ အသက် မွေးဝမ်း ကျောင်း နဲ့ အလုပ်အကိုင်က အရေးကြီးတယ်။

အထူးသဖြင့် ဒီဘက် ရောက်လာတဲ့ သူတွေကလည်း ရွှေ့ပြောင်းတော်တော်များများက ဘယ်မှာ ပြန်လုပ်နေလဲ ဆိုတော့ ဆောက်လုပ်ရေးမှာတင် မဟုတ်ဘူး။ လယ်သမားတွေ ဖြစ်ပြီးတော့ ဒီဘက် (ထိုင်း) က လယ်မြေတွေမှာ အလုပ် ပြန်လာလုပ်နေကြတယ်။ သူတို့ ပြန်နိုင်တဲ့ အခြေအနေရှိတဲ့ အခြေအနေလည်း လိုတယ်။ လုံခြုံရေး၊ နောက်ပြီးတော့ သူ့ရပ်ရွာထဲမှာ ပြန်လည် တည်ဆောက်နိုင်တဲ့ အခြေအနေ ဖြစ်ဖို့လည်း လိုတယ်။

မေး ။ ။ အခုနှစ်ပိုင်းအတွင်းမှာ သက်ငယ်မုဒိမ်းမှုတွေက တိုးပွားပြီး ဖြစ်လာတယ်။ အမှု တခုဖြစ်တိုင်းမှာ ကျူးလွန် ခံရတဲ့ ကလေးငယ်တွေအပေါ် တရားရေးအရ ကူညီတာရော ကျန်းမာရေးပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ပြန်လည် ကောင်းမွန်ဖို့ ကူညီတာရော အားနည်းနေတာ တွေ့ရတယ်။ ဆရာမ အနေနဲ့ ဒီလိုကိစ္စတွေမှာ ဘယ်လို ဖြစ်သင့်တယ် မြင်ပါသလဲ ။

ဖြေ ။ ။ အဲ့ဒါကျတော့ အရမ်းကျယ်ပြန့်ပါတယ်။ ဒီဘက်မှာ ကျန်းမာရေးကိစ္စ လုပ်တယ်ဆို ကလေးအခွင့်အရေးနဲ့ ကလေး ကာကွယ် စောင့်ရှောက်ရေးတွေကို ကျန်းမာရေး ဝန်ဆောင်မှု လုပ်တဲ့သူတွေ အားလုံးက တခါတည်း သိနေဖို့ လိုတယ်။ ကလေးတယောက် ဒဏ်ရာ ရတယ်ပဲ ပြောပြော အမျိုးသမီးတယောက် ဒဏ်ရာ ရတယ်ပဲ ပြောပြော ဒဏ်ရာ ကုတာပဲ မဟုတ်ဘူး။ သူ့နောက်ဆက်တွဲတွေက အများကြီး ရှိတယ်။

မိသားစု ထဲမှာက အခြေအနေပဲ ဖြစ်ဖြစ် ၊ သူ့ရပ် ရွာ မှာပဲ ဖြစ်ဖြစ် အဲ့ဒါကို လက်လှမ်းမီဖို့ ကျန်းမာရေး ဝန်ထမ်းတွေ ကိုယ်တိုင်က ပညာတွေ လိုပါတယ်။ ကျန်းမာရေး တင် မဟုတ်ဘူး။ ကျောင်းမှာလည်း ကလေး ကျောင်းမတက်ဘူး ဆိုရင် ဘာလို့လဲ။ ရပ်ရွာထဲအထိ လိုက်ရမယ် ဆိုတော့ ကျန်းမာရေးရော ပညာရေးရော ဥပဒေရေးရာရောက ဆက်နွယ်မှုတွေ အများကြီး ရှိတဲ့အတွက် ဒါက တဖွဲ့ ချင်း သွားလို့ မရဘူး။

မုဒိမ်းမှုတွေပဲ ဖြစ်ဖြစ် အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာပဲ ဖြစ်ဖြစ် ရှေ့နေအဖွဲ့တွေ ကျန်းမာရေး အဖွဲ့ရော အစိုးရအဖွဲ့ရော အရပ်ဘက်အဖွဲ့တွေရော ပေါင်းပြီးပေါ့။ ဘာလို့လဲ ဆိုတော့ အစိုးရဆီကိုလည်း အချို့က တိုက်ရိုက်သွားဖို့အတွက် ပတ်ဝန်းကျင်မှာရှိတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေက ဒါတွေကို ဦးဆောင်ပြီးတော့ ဖြေရှင်း ရ တာတွေ အများကြီးရှိတယ်။ အဲ့ဒီကနေတဆင့် တရားဥပဒေ အရ ဆိုရင်လည်း ဥပဒေအရ ၊ ကုသမှု ဆိုရင်လည်း ကုသမှု အရ၊ လုံခြုံရေးအရ ဆိုရင်လည်း လုံခြုံရေးပေါ့ ၊ ပြန်လည်ထူထောင်ရေး စသည်ဖြင့် Network က အကျယ်ကြီး လိုပါတယ်။

နောက်ပြီး နယ်စပ်ဒေသတွေ ဆိုရင် ပိုပြီးတော့ အခက်အခဲရှိတယ်။ နှစ်နိုင်ငံကို ဖြတ်ကျော်သွားနေတဲ့ ကိစ္စတွေ ၊ ပုလိပ် တွေရဲ့ ပါဝင်ပတ်သက်မှုတွေ တာဝန်ယူမှုတွေ အကုန်လုံးက တစုံလုံး ရပ်ရွာလုံခြုံရေး တခုလုံးနဲ့ ဆက်စပ်နေ တယ်။ တဦးချင်းစီကို ပညာပေးတာကတော့ မှန်ပါတယ်။

သို့သော်လည်း ကောင်းမွန်တဲ့ စနစ်တခု ကာကွယ်ပေးနိုင်တဲ့ ရပ်ရွာတခု ၊ ဆေးရုံကိုပဲ လာလာ ၊ ကျောင်းကိုပဲ လာလာ ဒီကိစ္စတွေက ဆေးရုံတွေမှာလည်း ဖြစ်နိုင်တယ်။ ဖြစ်နိုင်တဲ့ နေရာတိုင်းကို လူတွေက သိနေပြီးတော့မှ လူတွေက ဘယ်လို လုပ်မလဲ။ ဘယ်သူ့ကို တိုင်ကြားမလဲပေါ့။ ဒါတွေကို သိနေမှပဲ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါ တယ်။

မေး ။ ။ လက်ရှိပြည်တွင်းမှာ အစိုးရသစ်တက်လာပြီ အပြောင်းအလဲကို စသွားနေပြီ ဆိုပေမယ့် တိုင်းရင်းသား ဒေသ တွေမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာတဲ့ အပေါ်မှာရော ဘယ်လို သုံးသပ်ချက် ရှိပါသလဲ။

ဖြေ ။ ။ အဲ့ဒါကတော့ ၂ပိုင်းရှိပါတယ်။ တပိုင်းက ပြည်တွင်းစစ်ဖြစ်နေတဲ့ အဓိက က ဖက်ဒရယ်ပါ။ နိုင်ငံရေးအရ ဆွေးနွေးပွဲပေါ့။ ဖက်ဒရယ်ဆိုတဲ့ အုပ်ချုပ်မှုစနစ်က အခွင့်အရေးအရ ဘယ်လို တာဝန်ယူမှု အရ တိုင်းရင်းသားတွေနဲ့ အစိုးရနဲ့ကြား ဘယ်လိုခွဲဝေပြီးတော့ တာဝန်ယူ ဆောင်ရွက်ကြမလဲပေါ့။ ပညာရေးပဲ ဖြစ်ဖြစ် ကျန်းမာရေးပဲ ဖြစ်ဖြစ် စီးပွားရေး လုပ်ငန်းပဲဖြစ်ဖြစ် အကုန်လုံး အကျုံးဝင်တယ်။

အဓိက ကျမတို့ သဘောပေါက်သလောက် ဖြစ်နေတာက လယ်သမားတို့ မြေယာတို့နဲ့လည်း တိုက်ရိုက် ပတ်သက် နေတယ်။ တိုင်းရင်းသားဒေသတွေမှာလည်း အများဆုံုးက စိုက်ပျိုးရေးနဲ့ အလုပ်လုပ်ကိုင် စားသောက်ကြတာ ဖြစ်လို့ ဒီပဋိပက္ခက ဖက်ဒရယ်လို့ ပြောရင် လူထုနဲ့လည်း တိုက်ရိုက် ပတ်သက်နေတာ ဖြစ်တယ်။ ဒီပြဿနာတွေကို နိုင်ငံရေး အရ ဖြေရှင်းတာ မရှိရင် ဆက်ပြီးတော့ တိုက်ပွဲတွေက ဆက်ဖြစ်မှာပေါ့။

စစ်ဖြစ်တယ်ဆိုတာကတော့ လူထုကိုယ်တိုင်လည်း စစ်ပွဲရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ၊ သူ့နေရာ သူ့ဒေသမှာ လုံလုံ ခြုံခြုံ အလုပ်လုပ်ကိုင် စားသောက်လို့ မရရင် တခြားနိုင်ငံကို တခြားဒေသကို ရွှေ့မှာပဲဆိုတော့ စစ်ပွဲမဖြစ်သည့် တိုင်အောင် တည်ငြိမ်မှုက ဖြစ်ဖို့ ခဲယဉ်းတယ်။ လူတွေက ပိုပြီးတော့ ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာလေလေ ရွှေ့ပြောင်း မှု များလာလေလေ ကိုယ့်လူမှုအသိုင်းအဝိုင်းရဲ့ လုံခြုံမှုက ကျဆင်းသွားလေလေပဲ။ ဒါကတော့ နိုင်ငံရေးအရ ဆွေးနွေး ရမယ်။ ကိုယ့်နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက် စားပွဲဝိုင်းမှာ ဆွေးနွေးရမယ့် ကိစ္စ ဖြစ်တယ်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
467
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
178
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3k

ဒုတိယအပိုင်းက ယုံကြည်မှုပေါ့။ ဒါတွေဖြစ်ပေါ်လာတဲ့ အပေါ်မှာ ယုံကြည်မှုတွေပြနိုင်ဖို့ အများကြီး လိုတယ်။ တယောက်နဲ့ တယောက် ယုံကြည်မှု ပြဖို့ဆိုတာ လိုတယ်။ အဲ့ဒီ ယုံကြည်မှုက အခုထိလည်း ကျမတု့ိက တည် ဆောက်လို့ မရသေးဘူးလို့။ ကျမတို့ တိုင်းရင်းသား တော်တော်များများနဲ့ နီးစပ် ထိတွေ့တဲ့အခါမှာ လက်ရှိ ရှိနေတဲ့ တိုက်ပွဲတွေကို ကြည့်ပြီးတော့ ယုံကြည်မှု ဆိုတာ တည်ဆောက်ဖို့ ခက်တယ်။

ယုံကြည်မှု တည်ဆောက်တယ်ဆိုတာက သူ့ရဲ့ ဘဝ ဖြတ်သန်းမှုတွေ အများကြီးရှိခဲ့ ကြတာ။ ဒီတော့ ပညာရေး စနစ် မှာကို အတူတူ နေနိုင်ကြတဲ့ အပြန်အလှန် တယောက်နဲ့ တယောက်လေးစားပြီး မျှမျှတတနဲ့ တည်ဆောက်နိုင်တဲ့ ပညာရေးစနစ်တခု မရှိသေးရင်လည်း ဒါတွေက တဆင့်တဆင့်နဲ့ ရေရှည် ဖြစ်နေမှာပဲ။

ဒီစနစ်ကြီးတခု၊ ဖက်ဒရယ်ဆိုရင်လည်း ပညာရေးစနစ်က ဘယ်လို ရှိမလဲ။ ကျန်းမာရေး စနစ်က ဘယ်လို ဖြစ်မလဲ။ သူ့ရဲ့ နယ်မြေဒေသအလိုက် စီမံခန့်ခွဲမှု ဘယ်လို ရှိမလဲ ဆိုတာ စားပွဲဝိုင်းမှာ သေချာ ဆွေးနွေးမှ ပြဿနာတွေ ဖြေရှင်းနိုင်မှာပါ။ ။

Your Thoughts …
Tags: ကျန်းမာရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီ ၆ လ သက်တမ်းတိုး ဦးမြင့်ဆွေ ဖတ်မပြနိုင်တော့ပြီ

by အောင်သူရ
22 July 2024
18.5k

ယာယီ သမ္မတ ဦးမြင့်ဆွေ အာရုံကြောအားနည်းရောဂါမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိသဖြင့် အနီးကပ်စောင့်ကြည့်နေရကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

ဖိအားတွေကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို စစ်ကောင်စီ နေရာရွှေ့သလား

by ဧရာဝတီ
17 April 2024
9.4k

၎င်းတို့နှစ်ဦးအား အကျဉ်းထောင်ထဲမှ ပြောင်းရွှေ့လိုက်သည်ဆိုသော်လည်း မည်သည့်နေရာတွင် မည်ကဲ့သို့ ဆက်လက်ချုပ်နှောင်ထားသည်ကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

ဆရာမ ဒေါ်ရတီအုန်း (သို့မဟုတ်) တပွင့်နှင်းဆီ ရဲရဲနီ

by ယုဇန
24 August 2024
7.6k

ဒေါ်ရတီအုန်း၏ တော်လှန်ရေးမျှော်မှန်းချက်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဖြစ်ပြီး တော်လှန်ရေး အောင်မြင်ပါက စာသင်ခန်းဆီသို့သာ ပြန်သွားမည်ဟုဆိုသည်။

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

အပိုလိုဆေးရုံ ကျောက်ကပ်ရောင်းဝယ်မှု စုံစမ်းစစ်ဆေးရာတွင် ဟာကွက်များတွေ့

by ဧရာဝတီ
4 January 2024
6.6k

မြန်မာနိုင်ငံသားများ ပါဝင်သည့် ကျောက်ကပ် ရောင်းဝယ်မှု စွပ်စွဲချက်နှင့် အပိုလိုဆေးရုံများ ပတ်သက်နေသည်ဆိုသော သတင်းများကို စုံစမ်းစစ်ဆေးနေသည့် ဒေလီအစိုးရ ကော်မတီသည် စာရွက်စာတမ်း ကိစ္စများတွင် ဟာကွက်များ တွေ့ရှိခဲ့သည်။

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

ကုလသမဂ္ဂ ဌာနေ ညှိနှိုင်းရေးမှူး ရာထူးမှ နုတ်ထွက်ပါ

by အီဂေါဗလာဇီဗစ်
12 December 2023
5.1k

အားလုံး နားလည်ထားတာကတော့ သူပြောတဲ့ စုံစမ်းလိုက်ဦးမယ်ဆိုတာဟာ ဒေါ်ရင်ရင်နွယ်ကို မေးကြည့်လိုက်ဦးမယ် ဆိုတာပါပဲ။

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

အားလုံး ပြီးမြောက်အောင်မြင်ချိန်ထိ ဘုန်းကြီးရှိနေမယ် (ရုပ်/သံ)

by ယဉ်မွန်
2 September 2024
4.5k

ရွှေညဝါ ဆရာတော်လို့ လူသိများတဲ့ ဆရာတော် အရှင်ပညာသီဟဟာ ဩဂုတ်လတွင်းမှာပဲ လူကြီးရောဂါနဲ့ ဆေးရုံမှာ တက်ရောက်နေရပြီး ဆေးဝါးကုသမှု ခံယူနေပေမယ့်၊ ကျန်းမာရေးကတော့ ကောင်းမွန်စပြုလာပြီလို့ ဆရာတော်က ဧရာဝတီကို မိန့်ကြားပါတယ်။

Next Post
သစ်များအတွင်း ဝှက်သယ်လာတဲ့ ဆင်စွယ်များ ဗီယက်နမ်အာဏာပိုင်ဖမ်းဆီး

သစ်များအတွင်း ဝှက်သယ်လာတဲ့ ဆင်စွယ်များ ဗီယက်နမ်အာဏာပိုင်ဖမ်းဆီး

မျက်လုံးများဖွင့်ကြည့်လိုက်

မျက်လုံးများဖွင့်ကြည့်လိုက်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved