• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

သမီးလှကျေးရွာ သွားခဲ့သူ ရသေ့တောင် အမတ် ဦးဦးသိန်းနိုင်ကို မေးမြန်းခြင်း

by မင်းအောင်ခိုင်
28 January 2019
in အင်တာဗျူး
A A
ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးဦးသန်းနိုင် / မင်းအောင်ခိုင် / ဧရာဝတီ

ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးဦးသန်းနိုင် / မင်းအောင်ခိုင် / ဧရာဝတီ

50.6k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် သမီးလှရွာသစ် ကျေးရွာအနီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် နံနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရွာသား တချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ ထိုအထဲတွင် နေအိမ်၌ မီးလှုံနေသည့် အသက် ၇ နှစ်အရွယ် ကလေးငယ်တဦးလည်း ပါဝင်ပြီး ဦးခေါင်းတွင် လက်နက်ကြီး ကျည်စ ထိမှန်ခဲ့သဖြင့် လက်ရှိအချိန်တွင် စစ်တွေဆေးရုံကြီးတွင် အရေးပေါ်လူနာ အဖြစ် ကုသနေရသည်။

နှစ်ဘက် တိုက်ခိုက်မှု ဖြစ်စဉ်မှာ သမီးလှ ကျေးရွာအနီး ၁ ဖာလုံအကွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်၍ တပ်မတော်မှ ကျေးရွာ အတွင်း ဝင်ရောက်၍ မသင်္ကာသူများကို ရှာဖွေစဉ် ရွာသားများ ပိုင်ဆိုင်သည့် ရွှေထည်၊ ငွေသားနှင့် တခြားပစ္စည်းများကိုလည်း ယူဆောင်သွားကြောင်း ဒေသခံများဘက်မှ စွပ်စွဲပြောဆိုမှု ရှိနေသည်။

ထိုအခြေအနေနှင့် ပတ်သက်ပြီး သမီးလှကျေးရွာသို့ ကိုယ်တိုင်ကွင်းဆင်း လေ့လာကြည့်ရှုခဲ့သူ ရသေ့ တောင် မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော်အမတ် ဦးဦးသိန်းနိုင်ကို ဧရာဝတီမှ သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်း ထားသည်။

မေး။ ။ တနေ့က သမီးလှကျေးရွာအနီးမှာ တိုက်ပွဲဖြစ်တယ်လို့ ကြားရတယ်။ ဒီနေ့ရော ရသေ့တောင်မြို့နယ်ရဲ့ တိုက်ပွဲ ဖြစ်ပွားနေတဲ့ အခြေအနေ ဘယ်လိုရှိပါလဲ။

ဖြေ ။ ။ ဒီနေ့တော့ ရသေ့တောင်မြို့နယ် အုန်းချောင်း ရွာအနီးမှာ တိုက်ပွဲဖြစ်နေတယ်လို့ ကြားပါတယ်။ ရွာသားတွေ ထိခိုက်မှုရှိလား၊ အခြေအနေ ဘယ်လိုလဲဆိုတာတော့ ကျနော်တို့လည်း သတင်းမရသေးဘူး။

မေး။ ။ မနေ့က ဖြစ်ပွားခဲ့တဲ့ သမီးလှကျေးရွာကို ကွင်းဆင်းကြည့် လေ့လာခဲ့တယ်လို့ သိရပါ တယ်။ အခြေအနေ ဘယ်လို တွေ့မြင်ခဲ့ရပါလဲ။

ဖြေ။ ။ အခြေအနေကတော့ ကျေးရွာသားတွေ တော်တော်လေး စိုးရိမ်ကြောက်လန့် နေကြတယ်။ သူတို့မှာ စုဆောင်း ထိန်းသိမ်းထားတဲ့ ပစ္စည်းတွေလည်း တော်တော်လည်းများများ ပါသွားတဲ့အတွက် ယူကျုံး မရဖြစ်နေကြတာကို မြင်တွေ့ခဲ့ရ တယ်။

ရွာသားတွေက ပါသွားတဲ့ ရွှေတွေ၊ ငွေတွေ ပြန်ရအုံးမှာလား၊ မရတော့ဘူးလားဆိုတာ သိချင်နေကြတယ်။ ရွာသားတွေ ဆီက သိမ်းသွားတဲ့ ဖုန်း အလုံး ၆၀ မှာ မနေ့က ၁၆ လုံးကို ပြန်ပေးတယ်။ ရွာသားတွေကတော့ ကြောက်လှန့် နေကြတဲ့ အတွက် ရွာကနေ ထွက်ပြေးချင်ကြတယ်။ ကျနော်တို့ ကတော့ ထွက်မပြေးပါနဲ့ တည်တည်ငြိမ်ငြိမ်လေးနဲ့ ဒီကိစ္စကို ဆောင်ရွက်ကြပါ လို့တော့ မှာခဲ့တယ်။

မေး။ ။ ရွာမှာ လက်ရှိ ရှိနေတဲ့ သက်ဆိုင်ရာ လုံခြုံရေးအဖွဲ့တွေနဲ့ရော ဘယ်လို ညှိနှိုင်းပြောဆိုခဲ့ ပါသလဲ

ဖြေ။ ။ ကျနော်တို့ ရွာကို ရောက်တဲ့အခါ အဲဒီမှာ ဖြစ်ပွားတဲ့ တပ်ကတော့ မရှိတော့ဘူး။ နယ်ခြား စောင့်ရဲ နကခ ( ၈ ) က ရောက်နေတာကို တွေ့ပါတယ်။ ရဲတပ်ဖွဲ့ကိုတော့ ကျနော်တို့ ပြောခဲ့တယ်။ ခင်များတို့ စစ်တာ ဆေးတာတော့ လုပ်ပါ။ ရိုက်တာ နှက်တာလုပ်ရင် ပြည်သူတွေ ပိုပြီး အယုံအကြည် ပျက်လာလိမ့်မယ်။

မေး ။ ။ ရွာသားတွေရဲ့ ဆုံးရှုံးနစ်နာမှု တန်ဖိုး ဘယ်လောက်ရှိပါသလဲ ။

ဖြေ။ ။ ကျနော် စာရင်း မပေါင်းရသေးဘူး။ ကျနော် ပြုစုပြီး ယူလာတဲ့ စာရင်းကတော့ အမှန်အကန် အတိအကျ ပါပဲ။

မေး။ ။ ယေဘုယျ ခန့်မှန်းခြေ တန်ဖိုး ဘယ်လောက် ရှိမယ်လို့ ထင်လဲ။

ဖြေ။ ။ ခန့်မှန်းခြေကတော့ ရွှေရော ငွေပါဆိုရင် သိန်း ၁၅၀ နဲ့ သိန်း ၂၀၀ ကြားလောက် တော့ရှိတယ်။

မေး။ ။ ဘယ်လိုပုံစံမျိုးနဲ့ ရွာသားတွေဆီက ယူသွားတယ်လို့ သိရပါသလဲ

ဖြေ။ ။ ရွာသားတွေ အားလုံးကို စာသင်ကျောင်းမှာ စုထားတယ်။ ရွာထဲမှာ ကလေးလူကြီး တယောက်မှ မကျန်အောင် ကျောင်းထဲမှာ စုထားတာ။ မွေးကင်းစ လသား အရွယ်ကပါ မကျန်ဘူး။ အားလုံးကို ခေါ်ပြီးတော့ ကျောင်းမှာ စု ထားတာ။ ရွာသားတွေက မနက်ပိုင်း ထမင်းလည်း မစား ရဘူး ။ ညနေစာလည်း မစားရဘူး ။ ရှင်းရှင်းပြောမယ်ဆိုရင် ရေငတ်လို့ အိမ်ကို ခဏ ရေသွားသောက် မယ်ဆိုတာတောင် မသွားရဘူး ။

ရွာသားတွေကို ကျောင်းမှာထည့်ပြီး အပြင်ကနေ ဝိုင်းထားတာပေါ့။ ဆရာတော်လည်း အဲဒီမှာနေရ တယ်။

အဲဒီအချိန်မှာ သူတို့က ရွာထဲကိုဝင်ပြီး သေနတ်ဒင်နဲ့ သေတ္တာတွေကို ရိုက်ဖွင့်တယ်။ ရှိသမျှကို ယူတာ ပါပဲ ။ ငပိတွေ့ရင် ငပိပါ ယူတယ်။ ရွာသားတယောက်မှာ ငပိ တပိဿာ ပါသွားတာရှိတယ်။ ဆန်တွေ ကို ယူတယ်။ ဈေးဆိုင်ရောင်းတဲ့ အိမ်ကဆိုရင်တော့ ပြောမနေနဲ့တော့ အရက် ၊ ဘီယာ ၊ ဆေးလိပ် အကုန်ယူတာပဲ ။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.1k

မေး။ ။ ဘုန်းကြီးကျောင်းဆောက်ဖို့ စုထားတဲ့ ငွေတွေလည်း ယူတယ်လို့ ပြောကြတယ်။ အဲဒီ ကိစ္စကရော မှန်သလား။

ဖြေ။ ။ ဘုန်းကြီးကျောင်းဆောက်ဖို့ ရပ်သူရွာသားတွေ စုပြီး သိမ်းထားတဲ့ ပိုက်ဆံသိန်း ၁၄၀ ကျော်ကိုတော့ သူတို့ တွေ့မသွားဘူး ။ သေတ္တာကြီးထဲမှာ ထည့်ထားတော့ အဲဒါကိုတော့ မြင်မသွား ဘူး။ သူ့ ကိုယ်ပိုင်ငွေတော့ ပါသွား တာရှိတယ်။

မေး။ ။ တပ်ကဘက်က ပြောတာတော့ အဲဒီလိုမျိုး လုပ်တာ မရှိဘူး ။ လုပ်ထုံးလုပ်နည်းအရ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ရှာဖွေ စစ်ဆေးတာလောက်ပဲ လုပ်တာလို့ ပြောပါတယ်။ ဖြစ်စဉ်က လက်တွေ မြေပြင် အခြေအနေဘယ်လို ကွာဟမှုတွေ ရှိလဲ။

ဖြေ။ ။ အဲဒီ ပြောဆိုချက်တွေက မဟုတ်ဘူး။ သူတို့ ငြင်းလို့မရဘူး။ ငြင်းတယ် ဆိုတာ ကတော့ သူတို့ရဲ့ ထုံးစံပါ။ အမှန်တကယ် ဖြစ်ပျက်ခဲ့တာကို ငြင်းလို့ ဘယ်လို လုပ်ရမှာလဲ။ သက်သေ အနေနဲ့ ဓာတ်ပုံတွေတင် ထားကိုလည်း တွေ့ မှာပါ။ အမှန်တကယ် ယူသွားတာကို မယူခဲ့ဘူးလို့ ငြင်းရင် သူတို့မှာ ပိုပြီး အပြစ်ကြီးသွားမှာပေါ့။ ကျနော် အခု စစ်တွေ လာနေတယ်။ အဲဒီ အချက်အလက်တွေကို ပါတီကို အပ်မယ်။ ပါတီက ဒီကိစ္စကို တရားဝင် တင်ပြတောင်းဆိုရမယ်။

မေး။ ။ ရွာကို ဝင်ပြီး ပစ္စည်းတွေ ယူသွားတယ်ဆိုတဲ့ ကိစ္စမှာ တပ်က လုပ်တာလား ၊ ရဲတပ်ဖွဲ့ ရောပါ လား။ ရဲတပ်ဖွဲ့က ဘယ်အချိန် ပါဝင်လာတာလဲ ။ ဆရာတို့ တွေ့ရှိသလောက် ရှင်းရှင်းလင်း လင်း ဖြစ်အောင် ရှင်းပြပေးပါ။

ဖြေ။ ။ ရွာကို ဝင်တာက ၂ ကြိမ်ပါ။ ပထမတကြိမ် စစ်သားတွေ ဝင်မွှေပြီး ပစ္စည်းတွေကို အားလုံး ယူသွား ပြီး ရပ်သူ ရွာသားတွေ တယောက်မှ မပါဘဲ ဝင်မွှေသွားတာ။ ဒုတိယအကြိမ်မှာတော့ အိုးဖောက်ဆိုတဲ့ ရွာဘက်က ရဲတွေ ရောက်လာပါတယ်။ ဆယ်အိမ်မှူးတွေကို ခေါ်ပြီးတော့ အိမ်တွေကို ဝင်မွှေတာ ဒုတိယ အကြိမ်ပါ။ ရဲတွေ ရွာထဲဝင်ပြီး ရှာဖွေရေး လုပ်တဲ့ အခါမှာတော့ ရွာသားတွေ ၃ ယောက်ပါ ပါတယ်။ ရဲလာပြီး ဒုတိယအကြိမ် ဝင်ရှာတဲ့ အချိန်မှာတော့ ပစ္စည်းတွေ တခုမှ မရှိတော့ဘူး။ သူတို့က ရဲတွေကို ထိုးချတာပါ။ အဲဒီလိုမျိုး လုပ်တာကိုတော့ ကျနော်တို့က လက်မခံချင်ဘူး။

မေး။ ။ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ သမီးလှရွာနဲ့ တိုက်ခိုက်မှုဖြစ်စဉ်မှာ ကျေးရွာသားတွေ ထိခိုက် ဒဏ်ရာ ရရှိမှု အရေအတွက် ဘယ်လောက်ရှိပါလဲ။

ဖြေ။ ။ ထိခိုက်မှုကတော့ ၇ နှစ်သား ကလေးတယောက် လက်နက်ကြီး အစမှန်လို့ စစ်တွေ ဆေးရုံမှ ဆေးကုသ နေပါတယ်။ နောက်ပြီးတော့ ဖမ်းဆီး ရိုက်နက်ခံရလို့ နောက်စေ့ ဖူးရောင်နေတာ တယောက် ၊ သေနတ်ဒင်နဲ့ အထုခံရတာ တယောက် ၊ နှာခေါင်းမှာ ဒဏ်ရာရရှိတာတယောက် ၊ အမျိုး သမီး တယောက်ကတော့ တင်ပါးမှာ ကျည်ဆန်အစအန မှန်တာ တယောက် အားလုံး ပေါင်းတော့ ၅ ယောက် လောက်ရှိပါတယ်။

မေး ။ ။ ရွာသားတွေ ထိခိုက်မှုတွေ များတယ်ဆိုတော့ တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ အခြေအနေကရော ဘယ်လိုပုံစံမျိုး ဖြစ်ပွားခဲ့တယ်ဆိုတာ သိရှိခဲသလောက် တခေါက် ရှင်းပြပေးပါ။

မေး ။ ။ ကျနော်တို့ သိရှိခဲ့တာ ကတော့ တိုက်ပွဲ ဖြစ်ခဲ့တာမဟုတ်ဘူး။ အပြန်အလှန် တိုက်ပွဲ ဖြစ်ခဲ့တာ မဟုတ်ဘူး ။ တပ်က လမ်းအတိုင်းလာတဲ့ အခါ ဟိုဘက်က အဝေးထိန်းမိုင်းနဲ့ မိုင်းခွဲတယ်။ အဲဒီမှာ တပ်က သေတာလည်း ရှိနိုင်တယ်။ ဒဏ်ရာ ရတာလည်း ရှိနိုင်တယ်။ အဲဒါကို ကျနော်တို့က မြင်မဟုတ်တော့ အတိအကျ မသိနိုင်ဘူးပေါ့။ ဖြစ်ခဲ့တာတော့ ရွာအနားမှာပဲ ။ ရွာနဲ့ဆို ၁ဖာလုံ လောက်ပဲ ဝေးတယ်။

မေး။ ။ ဒီလိုမျိုး တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီးတော့ ရွာသားတွေလည်း ထိခိုက် ၊ ရွှေတွေ ငွေတွေ လည်း ဆုံးရှုံးမှုတွေ ရှိနေတော့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနဲ့ ဘယ်လိုဆောင် ရွက်သွားမလဲ

ဖြေ။ ။ တိုက်ပွဲဖြစ်တာကတော့ ကျနော်တို့ ရခိုင်ပြည်နယ်တခုတည်းမှာ ဖြစ်နေတာတော့ မဟုတ်ဘူး ။ မြန်မာပြည် အနှံအပြားမှာ ဖြစ်နေကြတဲ့ ကိစ္စတခုပဲ ။ ဒါပေမဲ့ တိုက်ပွဲဖြစ်တာကတော့ တပ်မတော်သားတွေနဲ့ တော်လှန်ရေးသမားတွေ ကြားမှာ ဖြစ်ကြတာပဲ။ ရိုးရိုးသားသား လုပ်ကိုင် စားသောက်နေတဲ့ ပြည်သူတွေကို ဒီလို မတော်မတရား လုပ်နေတာကို တော့ ကျနော်တို့ ကန့်ကွက်ပါ တယ်။ နှစ်ဘက်စလုံးကို ပြောတာပါ။ ပြည်သူတွေကို နိုင်ထက်စီးနင်းလုပ်တဲ့ လုပ်ရပ်မျိုးတွေ ၊ မတော်မတရား ဖိနှိပ်ချုပ်ချယ်တာတွေကိုတော့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။

မေး။ ။ လွှတ်တော်မှာရော ဒီ ဖြစ်စဉ်အပေါ် ဘယ်လို ကြိုးပမ်းပြီး တိုက်တွန်း ပြောဆိုသွားဖို့ ရှိလဲ။

ဖြေ။ ။ လာမယ့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ လွှတ်တော်တော့ ခေါ်ထားတယ်။ အဲဒီမှာ ကျနော်က တော့ အပစ်အခတ် ရပ်စဲဖို့ အဆိုတခုလည်း တင်ထားတယ်။ အဲဒီမှာ ဒီအကြောင်းတွေကို တင်ပြဆွေး နွေးသွားမယ်။ ငြိမ်းချမ်းရေး စကားဝိုင်းကို အလျင်အမြန်ရောက်ရှိအောင် ကျနော်တို့ တိုင်းရင်းသား ပြည်သူနဲ့ လက်ရှိအုပ်ချုပ်နေတဲ့ NLD အစိုးရနဲ့ ဖိဖိစီးစီး စိတ်ဝင်တစားနဲ့ ဒီကိစ္စကို လုပ်ဆောင်ပေးဖို့ တိုက်တွန်းကြောင်း အဆိုကို တင်သွားဖို့ လုပ်ဆောင်ထားပါတယ်။

Your Thoughts …
Tags: တိုက်ပွဲရသေ့တောင်သမီးလှရွာသစ်
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

တိုက်ပွဲပြင်းထန်နေချိန် စစ်ခေါင်းဆောင်ပိုင်းနှင့်နီးစပ်သည့် စစ်ဆရာဝန်များကို အရပ်ဘက် ရွှေ့

by ဧရာဝတီ
17 November 2023
23.8k

စစ်ဘက်မှ အရပ်ဘက်ဝန်ကြီးဌာနသို့ ပြောင်းလဲခန့်အပ် တာဝန်ပေးခံရသည့် ဆရာဝန်များမှာ လက်ရှိ စစ်ခေါင်းဆောင် အသိုင်းအဝိုင်းနှင့် ပတ်သက် ဆက်နွှယ်သူများ ဖြစ်သည်

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်

by ဧရာဝတီ
5 September 2025
17.8k

စစ်ကော်မရှင်တပ်များ အင်အားအလုံးအရင်းဖြင့် မြေပြင်၊ ဝေဟင်တို့မှ ထိုးစစ်ဆင်နေသည့် ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းမှ တော်လှန်ရေးပူးပေါင်းအဖွဲ့များ တပ်ဆုတ်လိုက်သည့်အတွက် စစ်တပ်စစ်ကြောင်းတချို့ သင်္ဃန်းညီနောင်ထိ ရောက်လာကြောင်း ဒေသခံများနှင့် ကရင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

မြဝတီမြို့ထဲ တိုက်ပွဲမဖြစ်အောင် အကောင်းဆုံး ထိန်းသိမ်းနေတယ်

by ဧရာဝတီ
9 April 2024
15.4k

ကရင်နယ်ခြားစောင့်တပ် (BGF) ပြောခွင့်ရ ဗိုလ်မှူး နိုင်မောင်ဇော်ကို ဧရာဝတီက ယနေ့ ညနေ ၅ နာရီခန့်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

မယ်စဲ့မြို့ကို ကျနော်တို့ ထိန်းထားနိုင်ပါပြီ

by ဧရာဝတီ
5 August 2023
11.6k

ကျနော်တို့အဖွဲ့စည်းဟာ စစ်အုပ်စု၊ စစ်အစိုးရ၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်မည့် မည်သည့်အဖွဲ့ နဲ့မဆို ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

အရှိန်မြင့်လာဖွယ်ရှိတဲ့ မန္တလေး PDF ရဲ့ ကနောင်စစ်ဆင်ရေး

by စောရယ်
29 September 2023
11.2k

ကနောင်စစ်ဆင်ရေးအရ မန္တလေးတိုင်း မတ္တရာ၊ ပြင်ဦးလွင်၊ မိုးကုတ်နှင့် ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ကြားတွင် စစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် တိုက်ပွဲများ ဖော်ဆောင်သွားမည်

Next Post
ယခုလ ၂၆ ရက်နေ့က သေဆုံးလျှက်တွေ့ရှိသည့် ဧရာဝတီ လင်းပိုင် အထီး / WCS

ဧရာဝတီ လင်းပိုင်များ လုံခြုံရေး စိုးရိမ်နေရပြီလား

သရုပ်ဆောင် အကယ်ဒမီ ဗေလုဝ  / ချစ်ပိုး / ဧရာဝတီ

ဒီနှစ် အကယ်ဒမီပေးပွဲကို ဇနီးဖြစ်သူနဲ့အတူ တက်မယ့် အကယ်ဒမီ ဗေလုဝ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved