• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ရန်ကုန်မှာ တိုက်ပြိုကျမှုတွေ ဘာကြောင့် ဖြစ်တာလဲ

by သဇင်လှိုင်
25 June 2020
in အင်တာဗျူး
A A
မြို့ပြအင်ဂျင်နီယာနှင့် ငလျင်ပညာရှင် ဦးစောထွေးဇော်

မြို့ပြအင်ဂျင်နီယာနှင့် ငလျင်ပညာရှင် ဦးစောထွေးဇော်

8.4k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်မြို့တွင် တိုက်ပြိုကျမှုများမှာ ဇွန်လထဲ၌ ခပ်စိတ်စိတ် ဖြစ်ပွားလျက် ရှိသည်။ ပြီးခဲ့သည့် မေလမှ ဇွန်လ၂၁ ရက် အထိ တိုက် ၆ လုံး ပြိုကျခဲ့ပြီး လူအသေအပျောက် ကြီးကြီးမားမား မရှိခဲ့ပေ။

အဆိုပါ တိုက်ပြိုကျမှုများတွင် တိုက်အို၊ တိုက်ဟောင်း အချို့ပါဝင်သော်လည်း ငလျင် ကြီးကြီးမားမား လှုပ်ခတ်မှု မရှိဘဲ မတူညီသော နေရာအသီးသီး၌ ဖြစ်ပေါ်နေခြင်းကြောင့် ပြည်သူလူထုကလည်း မိမိတို့နေထိုင်ရာ တိုက်တာများအပေါ် စိုးရိမ်ကြောင့်ကြမှု ရှိလာသည်။

သို့ဖြစ်ရာ တိုက်ပြိုကျမှုများနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီမှ ဒု ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်း၏ တွဲဖက် အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်သူ ဦးစောထွေးဇော်ကို ဧရာဝတီ သတင်းထောက် သဇင်လှိုင်က ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ ဒီလပိုင်းထဲမှာ တိုက်တွေ အတော်ပြိုခဲ့တာ ရှိတယ်။ အများစုက အိုလို့ ဟောင်းလို့ ဆိုပေမယ့် အများပြည်သူက ဒီ တိုက်တွေ ပြိုရတဲ့ အကြောင်းအရင်းက တခြားဘာများ ရှိမလဲဆိုတာလည်း သိချင်နေကြတယ်။ အင်ဂျင်နီယာ ၁ ယောက် အနေနဲ့ ဆရာ့အမြင်ကရော ဘယ်လိုရှိပါသလဲရှင့်။

ဖြေ။ ။ တိုက်တွေ ပြိုတာက နည်းနည်း အားနည်းချက်ရှိတဲ့ တိုက်တွေ ပြိုကျတာ တွေ့ရမယ်။ သက်တမ်းအားဖြင့် အား နည်းတာ ရှိမယ်။ တည်ဆောက်တဲ့ကာလမှာ နည်းပညာ အားနည်းတဲ့ အချိန်မျိုး၊ ပစ္စည်းရှားပါးတဲ့ အချိန်မျိုးမှာ ဆောက်ခဲ့ တဲ့ အဆောက်အအုံတွေမှာ အားနည်းပြီး ထိခိုက်တာမျိုးတွေ ရှိတယ်။ ပစ္စည်းတွေလည်း ကောင်းတယ်။ ခေတ်ကာလ အား ဖြင့်လည်း ကောင်းတယ် ဆိုတာတောင်မှ ဒီဆောက်တဲ့ အချိန်မှာ စီမံခန့်ခွဲမှု အားနည်းတာမျိုး ရှိတယ်ဆိုတာကို တွေ့ရလိမ့် မယ်။

မေး။ ။ အခု လူတွေက စိုးရိမ်နေတယ်။ နည်းနည်းလေး ဟောင်းရင် ဘယ်တော့ ပြိုမလဲ ဆိုတာမျိုးပေါ့။ ရန်ကုန်မြို့ရဲ့ တိုက်တာအခြေအနေက ဘယ်လိုရှိနေလဲ။ ဘယ်လို အနေအထားလောက်ဆိုရင် မနေသင့်တော့ဘူးလဲ ဆိုတာ ပြောပြပေး ပါ။

ဖြေ။ ။ ကျနော် သတိထားမိတာက ရာသီဥတုကတော့ နည်းနည်းကြမ်းလာတယ်။ ငလျင်လှုပ်တာလိုမျိုး သိပ်ကြီးကြီးမား မားတွေ မဟုတ်ပေမယ့် မိုးရွာပြီ ဆိုရင်လည်း မိုးက တော်တော် ပြင်းတယ်။ နွေတုန်းကဆိုရင်လည်း အချိန် နည်းနည်း တို ပေမယ့် အတော် ပူလိုက်တာမျိုးတွေ ရှိတယ်။ အဲဒါကြောင့်လည်း နည်းနည်းပိုပြီး ထိခိုက်တာမျိုး ရှိမယ်။ ရန်ကုန်မြို့ အနေ နဲ့ဆိုရင် အဆောက်အအုံ တည်ဆောက်တဲ့ ခေတ်အပိုင်းအခြားလိုက် ကြည့်မယ်ဆိုရင် စိတ်ဝင်စားစရာကောင်းတာ တွေ့ရ လိမ့်မယ်။

ရန်ကုန်မြို့စတည်တုန်းက ရှေးဘုရင်ခေတ်တွေတုန်းကဆိုရင် ဆိပ်ကမ်းမြို့အနေနဲ့ပဲ ရှိခဲ့တာဆိုတော့ တိုက်တာ အဆောက်အအုံတွေ သိပ်မရှိခဲ့ဘူး။ သစ်ရိပ်၊ ဝါးရိပ်တွေ များတယ်။ စေတီပုထိုးနဲ့ ဘုရားကျောင်းကန်တွေကတော့ အဲဒီ ရှေးခေတ်ကတည်းက အုတ်နဲ့ဘာနဲ့ တည်ဆောက်ခဲ့တာ တွေ့ရတယ်။ ရွှေတိဂုံဘုရားဆိုလည်း ဘုရားသမိုင်းမှာ ခေတ် အဆက်ဆက်မှာ ငလျင်လှုပ်တာတွေ မှတ်တမ်းမှာ ရှိတယ်။ မိုးကြီးလို့ ထီးတော်ပြုတ်ကျတာ၊ ငှက်ပျောဖူး ပြုတ်ကျဖူးတာ တွေ ကျနော်တို့ မှတ်တမ်းတွေမှာ တွေ့ရတယ်လေ။

အဲဒီနောက်ပိုင်း အင်္ဂလိပ်ခေတ် ရောက်လာတော့ နည်းစနစ် အသစ်နဲ့ တည်ဆောက်ကြတဲ့အချိန်မှာ သူတို့လည်း ရန်ကုန် မြေကို သေချာ မသိသေးခင်မှာတော့ အဲဒီခေတ်ကဆိုရင် ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး နည်းပညာတွေနဲ့ သူတို့ ဆောက်ခဲ့ ကြတာပဲ။ ဒါပေမယ့်လည်း နောက်ပိုင်းမှာ ထိခိုက်တာမျိုးတွေ၊ ယိုယွင်းတာမျိုးတွေ တွေ့ရတယ်။ အကောင်းဆုံး ဥပမာ ဆို ရင် ကျနော်တို့ ဝန်ကြီးများ ရုံးပေါ့နော်။

ဝန်ကြီးများရုံးဆိုရင် အဲဒီနေရာမှာ အရင်က အင်းရှိတဲ့ နေရာကို ဖို့ပြီးတော့ တည်ဆောက်ခဲ့တာ ဆိုတော့ မြေက ပျော့ တယ်။ မြေက ပျော့တော့ ၁၉၃၀ မှာ ပဲခူးငလျင် လှုပ်တော့ ဝန်ကြီးများရုံးက အတော်လေး ထိခိုက်ခဲ့တယ်လို့ မှတ်တမ်း တွေ တွေ့ရတယ်။ အဲဒီ မတိုင်ခင်ကတည်းကကို မြေ တဖြည်းဖြည်း အိပြီး အက်ကွဲကြောင်းတွေ ပေါ်တာတို့ နောက်ကြမ်း ခင်း နိမ့်ဆင်းတာတို့ စောစောပိုင်းခေတ်တွေ ကတည်းက ရှိတယ်။ တည်ဆောက်ပုံတွေက ခေတ်အဆက်ဆက် အပြောင်း အလဲတွေ ရှိခဲ့တယ်။

စစ်ပြီးခေတ်မှာ ဆိုရင် အုတ်နဲ့ဆောက်တဲ့ အဆောက်အအုံတွေက နည်းနည်း ပိုပြီး အသုံးများလာတယ်။ ကွန်ကရစ်က ၁၉၅၀ နောက်ပိုင်းလောက်မှာပေါ့ ၁၉၆၀ လောက်မှာ ပိုပြီး အသုံးများလာတယ်။ ၇၀၊ ၈၀ လောက်မှာ ပိုပြီး အရှိန်ရလာ တယ်။ ၈၈ နောက်ပိုင်းမှာ ပုဂ္ဂလိက လုပ်ငန်းတွေကို စဖွင့်ပေးလိုက်တဲ့အချိန် စစချင်း ဖွံ့ဖြိုးလာတဲ့ကဏ္ဍက ကန်ထရိုက် တိုက်တွေနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေက စဖွံ့ဖြိုးလာတာ။

အဲဒီအချိန်မှာ ဆောက်ချင်တဲ့သူတွေ အခန်းပေး အခန်းယူတွေက အရမ်းပုံနေတော့ ဆောက်ချင်တဲ့သူတွေ၊ အခန်းဝယ်ချင် တဲ့သူက များပြီးတော့ တကယ်ဆောက်နိုင်တဲ့သူ၊ ဆောက်တတ်တဲ့သူ၊ ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ၊ ဘိလပ်မြေတို့၊ သံချောင်းတို့က စပြီး မလုံလောက်ဘူး။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
49
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
30
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
159

Demand ကများပြီးတော့ Supply နည်းတဲ့အချိန်တွေမှာ အရည်အသွေးအားဖြင့် အတွေ့အကြုံအားဖြင့်လည်း ပုဂ္ဂလိက ကဏ္ဍမှာ ဆောက်လုပ်ရေးကို အတွေ့အကြုံ အများကြီး ရှိမနေသေးဘူး။ အဲဒီအချိန်က ဆောက်လုပ်ခဲ့တဲ့ အဆောက်အဦး တွေဆိုရင် တည်ဆောက်ပုံ၊ အရည်အသွေးရော၊ ပစ္စည်းအရည်အသွေးရော အားနည်းတာတွေ တွေ့ရများတယ်။ ၁၉၉၀ နဲ့ ၉၆ အထိ တည်ဆောက်ခဲ့ကြတာပေါ့။

အဲဒီနောက်ပိုင်းမှာကျ အရည်အသွေးအားဖြင့် တက်လာတယ်။ နေပြည်တော်တွေ ဘာတွေ တည်ဆောက်ပြီးတဲ့အခါကျ လုပ်ငန်းကြီးတွေ တော်တော်များများ လုပ်လာနိုင်တဲ့အခါ၂၀၀၅ နောက်ပိုင်းမှာ အရည်အသွေးတွေ တက်လာတယ်။ ၂၀၀၀ နောက်ပိုင်းလောက်မှာ အရည်အသွေးတွေ တော်တော် တက်လာတယ် ပြောရမယ်။

မေး။ ။ ၂၀၀၀ ခုနှစ် ရှေ့ပိုင်းဆောက်တဲ့ အဆောက်အအုံတွေက သိပ်မယုံကြည်ရဘူးလို့ ပြောလို့ရမလား။

ဖြေ။ ။ ပုံစံတူ တကြိမ်တည်းမှာ ဆောက်ရင်တောင် အဆောက်အဦး ၂ ခုက မတူပါဘူး။ တခုနဲ့ တခုက တည်ဆောက်တဲ့ အရည်အသွေးတို့ တည်ဆောက်တဲ့အခါမှာ အပြောင်းအလဲတွေ အများကြီး ရှိနိုင်ပါတယ်။ ထပ်တူတူတဲ့ အဆောက်အဦး ဆိုတာ မရှိပါဘူး။ မြေသားအရလည်း ပေ ၁၀၀၊၂၀၀ လောက်ကွာတာနဲ့ အဲဒီမြေရဲ့ အနေအထားက အများကြီး ပြောင်းလဲ သွားနိုင်တယ်။ ယေဘူယျအားဖြင့် အဲဒီတုန်းက အဆောက်အဦးတွေက အားနည်းချက် ရှိနိုင်တယ်လို့ ပြောလို့ရပါမယ်။ အဲဒီအချိန်မှာ သေချာဆောက်ပြီး ခိုင်ခိုင်မာမာ ဆောက်တဲ့ အဆောက်အဦးတွေလည်း အများကြီး ရှိပါတယ်။

မေး။ ။ ဆရာပြောသလိုပဲ ရာသီဥတုက ကြမ်းလာတယ်။ တဖက်မှာလည်း ရန်ကုန်ကို ဗဟိုပြုတာမျိုး မဟုတ်ပေမယ့် ပြီးခဲ့ တဲ့ လတွေကတည်းက ငလျင်တွေက ခပ်စိတ်စိတ် လှုပ်နေတော့ ဒါကရော သက်ရောက်မှု ရှိမလား။

ဖြေ။ ။ ငလျင်က အမျိုးမျိုးရှိတယ်။ သိပ်ကြီးတဲ့ ငလျင်တွေက ပိုပြီး ကျယ်ကျယ်ပြန်ပြန့် ရှိတယ်။ အပေါ်ယံက ဖြစ်တာလား၊ မြေနက်မှာ ဖြစ်တဲ့ ငလျင်လားဆိုတဲ့ အပေါ်မှာ သက်ရောက်မှုတွေ အပြောင်းအလဲ ရှိပါတယ်။ ရန်ကုန်နဲ့ ပတ်သက်လို့ ပြော ရမယ်ဆိုရင် ရန်ကုန်ရဲ့ အရှေ့ဘက်မှာ နာမည်ကျော် စစ်ကိုင်းပြတ်ရွေ့ ရှိပါတယ်။ အဲဒီပြတ်ရွေ့ကသာ လှုပ်ရှားမှု ရှိရင် တော့ ရန်ကုန်ကို လာပြီးတော့ ထိခိုက်နိုင်ပါတယ်။

၁၉၃၀ ပဲခူး ငလျင်ကြောင့် ရန်ကုန်မှာ လူတွေ ထိခိုက်တယ်။ တိုက်တွေ ပြိုပျက်တယ်ဆိုတာလည်း စစ်ကိုင်းပြတ်ရွေ့ ကြောင့်ပါပဲ။ အဲဒါမျိုး တက်လာရင် ထိခိုက်လာနိုင်ပါတယ်။ စစ်ကိုင်းပြတ်ရွေ့ကလွဲရင် ရန်ကုန်မှာ အဲဒီလောက်ကြီးတဲ့ ပြတ် ရွေ့တွေ မရှိဘူး။ ရန်ကုန်နားလေးမှာ အလယ်အလတ်နဲ့ အသေးစား ပြတ်ရွေ့တွေတော့ ရှိပါတယ်။ ပြတ်ရွေ့အသေး လေးတွေက ဆိုရင် ငလျင်က သိပ်ပြီး မကြီးနိုင်ဘူး။

မေး။ ။ ပြီးခဲ့တဲ့ ၂၀၁၇ ၊ ၂၀၁၈ ကတည်းကနေ ငလျင်ငယ်လေးတွေက တောက်လျှောက် လှုပ်နေတယ်။ ၁ နှစ်၊ ၁ နှစ်ကို အကြိမ်ရေ ရာနဲ့တောင် ချီရှိနေတော့ ဒီလှုပ်ခတ်မှုတွေကရော အဆောက်အဦးရဲ့ ကြံ့ခိုင်မှုကို ထိခိုက် အားနေစေတာမျိုး ရှိမလားရှင့်။

ဖြေ။ ။ ငလျင်သေးသေးလေးတွေရဲ့ သဘာဝကတော့ ဒီအဆောက်အဦးကို အများကြီး ထိခိုက်နိုင်တာမျိုး မရှိပေမယ့် အဆောက်အဦး ကိုယ်၌က အရမ်း အားနည်းနေတယ်ဆိုရင်တော့ ထိခိုက်နိုင်တာပေါ့။ ဘာနဲ့ သွားတူလဲဆိုတော့ သင်္ကြန် မှာတုန်းက လှုပ်တဲ့ဟာမျိုးပေါ့။ ချောက် ငလျင်ဆိုရင် ငလျင်က တော်တော်ကြီးတဲ့ ငလျင်ပဲ။ ချောက်တို့ ဘာတို့နားမှာရှိတဲ့ လူနေအိမ်တွေဆိုရင် ဘာမှကြီးကြီးမားမား ထိခိုက်တာမျိုး၊ အိမ် အလုံးလိုက် ပြိုကျတာမျိုး မရှိဘူး။ ဒါပေမယ့် ပုဂံဘုရား တွေကျ အများကြီး ထိခိုက်တယ်။

အဲဒါက ဘာကိုပြသလဲဆိုတော့ ပုဂံဘုရားတွေက အရမ်းကို ထိခိုက်လွယ်ပြီးတော့ အရမ်းကို အိုနေပြီ ဆိုတာကို ပြနေ တယ်။ အဲဒါမျိုးပဲ ရန်ကုန်တို့ မန္တလေးတို့ နေရာမျိုးတွေမှာလည်း ယိုယွင်းနေတဲ့ တိုက်အဟောင်းတွေ ရှိနေတယ်။ အသစ်ဆောက်ထားပေမယ့် ကောင်းကောင်းမွန် တည်ဆောက်ခဲ့တာမဟုတ်ဘဲ အများကြီး အားနည်းချက်တွေ ရှိနေမယ်ဆိုရင် ထိခိုက်လွယ်မယ့် အထဲမှာပါမှာပေါ့။

မေး။ ။ တိုက် ၁ လုံးရဲ့ သက်တမ်းက ဘယ်လောက် အများဆုံး ရှိသင့်လဲ။ အဲဒါကိုမှ ပြန်မဆောက်နိုင်သေးဘူး ဆိုရင် ရော ကြံ့ခိုင်မှုရှိအောင် ဘာတွေ လုပ်သင့်လဲ။

ဖြေ။ ။ ကျနော်တို့က တိုက် ၁ တိုက်ကို အကြမ်းဖျင်းပြောရင် နှစ် ၅၀ နဲ့ ပြောပါတယ်။ လူနေ အဆောက်အဦး တခုရဲ့ သက်တမ်း အနေနဲ့ဆိုရင်၊ Monument တွေ ဘာတွေဆိုရင် ဒီထက်ပိုတဲ့ သက်တမ်းနဲ့ တွက်တာတွေ ရှိတယ်။ အဆောက် အဦးကို ပြန်မဆောက်နိုင်သေးဘူး ဆိုရင်လည်း အဓိက အားနည်းနိုင်တဲ့၊ နှစ်အလိုက် အားနည်းလာနိုင်တဲ့၊ နောက်ပြီးတော့ နည်းပညာအရ အားနည်းတယ်ဆိုတာ သိတဲ့ အခြေအနေမျိုးမှာ အဆောက်အဦးတွေရဲ့ အဓိက အစိတ်အပိုင်းတွေကို ပြန်လည် ဆန်းစစ်ပြီးတော့ ပြုပြင်တာမျိုး လုပ်သင့်ပါတယ်။

အလျဉ်းသင့်လို့ တခုပြောရမယ် ဆိုရင် ကျနော်တို့ သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး အဆောက်အဦးတွေနဲ့ ပတ် သက်ပြီးတော့ ကားတွေလိုပေါ့။ လိုင်စင်ဝင်ရင် ကောင်းမလားပေါ့။ ကားတွေဆိုလည်း အရင်တုန်းကတော့ နှစ်တိုင်းပေါ့။ အခုဆိုရင် နှစ်နှစ်တခါ၊ သုံးနှစ်တခါ လိုင်စင်ဝင်ပြီး ကြံ့ခိုင်မှု အားကောင်းပါတယ်၊ ဆက်သုံးလို့ ရပါတယ် ဆိုတာမျိုး ရှိတယ် လေ။

အဆောက်အဦးတွေ ဆိုရင်လည်း ကားတွေလိုမျိုးတော့ သိပ် မစိတ်ဘူးပေါ့။ ၁၀ နှစ်တခါ၊ အနှစ် ၂၀ နေရင် တခါပြန်ပြီ တော့ ဆန်းစစ်ပြီးတော့ ကြံ့ခိုင်မှုကို Check လုပ်ပြီးတော့မှ ပေးသင့်တာပေး၊ မပေးသင့်တာဆိုလည်း ပြန်ပြင်ဖို့ အတွက်ကို အစီအစဉ် လုပ်ပေးတဲ့ဟာမျိုးပေါ့။ အဲဒါမျိုး လုပ်ပေးမယ်ဆိုရင် ပြည်သူလူထုက စိုးရိမ်ကြောင့်ကြမှုတွေ လျော့နည်းလာပြီး ပိုပြီးတော့ကြံ့ခိုင်တဲ့ အဆောက်အဦးတွေ ဖြစ်လာမယ်လို့ ခန့်မှန်းရပါတယ်။

အဲဒီမှာ ဖြည့်ပြောချင်တာ အာမခံပေါ့။ အဆောက်အဦးတွေမှာ မီးအာမခံ လုပ်သလိုမျိုး၊ ကားတွေမှာဆိုရင် အလုံးစုံ၊ အာမခံ လုပ်လို့ရတယ်။ အခုလိုမျိုး စမ်းချောင်းမှာ တခုပြိုသွားတယ်ဆိုရင် ကျနော်တို့မှာ အာမခံစနစ် ရှိတယ်ဆိုရင် အားလုံးက ဝိုင်းပြီးတော့ ငွေစုထားတဲ့ ပုံစံမျိုးနဲ့ တူပါတယ်။ အဲဒီ အာမခံရဲ့ အကူအညီနဲ့ အဲဒီမှာနေတဲ့သူတွေကို ချက်ချင်း နေရာ အစားပေးတာတို့ တခုခု စီစဉ်ပေးတာတို့ သူ့ရဲ့ အာမခံနဲ့ ခုပေးတာမျိုး လုပ်လို့ရပါတယ်။

နှစ်တိုင်းလည်း ပျက်ဆီး ဆုံးရှုံးတာမျိုးက ကြုံတောင့်ကြုံခဲပေါ့။ ကျန်တဲ့သူတွေက နည်းနည်း၊ နည်းနည်းချင်း ဖြည့်ထားတဲ့ အတွက် ထိခိုက်တဲ့ မိသားစု၊ ထိခိုက်တဲ့ အိမ်ရာကို ပြန်ပြီးတော့ ခုပေးတဲ့ ပုံစံမျိုးပေါ့။ အဲဒီလိုမျိုး စနစ်လေးတွေ၊ ခုနကလို ၁၀ နှစ်၊ အနှစ် ၂၀ မှာ တခေါက်လောက် စိစစ်တဲ့ အချိန်မျိုးမှာ အာမခံထားတဲ့ ဟာမျိုးလေးခုပေးရင် ထိခိုက်မှုကို အစိုးရ အနေနဲ့လည်း ဝန်ထုတ်ဝန်ပိုးမဖြစ်ဘဲနဲ့ နေတဲ့သူတွေကလည်း ဒုက္ခအကြီးအကျယ် မရောက်ဘဲ တနိုင်တပိုင် စုပေါင်းပြီး ဖြေရှင်းသွားနိုင်တယ်။

မေး ။ ။ ဒီအဆောက်အဦးက မနေသင့်တော့ဘူး ဆိုပြီး ထိထိရောက်ရောက် သတိပေးကြေညာတာမျိုး၊ ဒါမှမဟုတ် ဆက် နေမယ် ဆိုရင် ဘယ်လိုမျိုး ဆောင်ရွက်ရမယ်ဆိုတာကို တာဝန်ရှိသူတွေက ထိထိရောက်ရောက် ကိုင်တွယ်မယ်ဆိုရင်ရော ဒီပြဿနာကို ဖြေရှင်းလို့ ရမလား။

ဖြေ။ ။ တာဝန်ရှိသူတွေအနေနဲ့ အစိုးရအပိုင်းကတော့ ဦးစားပေးဟာတွေက အများကြီး ရှိတယ်လေ။ နေ့တိုင်း ဖြေရှင်းရတဲ့ ပြဿနာတွေ အရမ်းများတဲ့ အခါမျိုးမှာ ဒီလိုအိမ်ရာအတွက်ကိုကျတော့ နည်းနည်းကျယ်ပြန့်တဲ့ ပေါ်လစီလေးတွေ ချပေး ရင်တော့ ကောင်းမယ်လို့ မြင်ပါတယ်။ ခုနက ပြောသလို အိမ်တွေကို စိစစ်တဲ့ဟာမျိုး၊ အာမခံထားခိုင်းတဲ့ဟာမျိုးပေါ့။

ဒီတိုင်းဆို ထားဖို့ တောင်းဆိုဖို့ မလိုသေးပေမယ့် အဆောက်အဦးကို တခုခု ပြင်ဆင်မယ်၊ လူနေတဲ့ အဆောက်အဦးကနေ စားသောက်ဆိုင်ကို ပြောင်းမယ်ဆိုရင် စားသောက်ဆိုင်လိုင်စင်ကို ချပေးမယ့်အချိန်မှာ သူ့ကို ပြန်စိစစ်ခိုင်းတာမျိုး၊ အဲဒီ အဆောက်အဦး အတွက်ကို အာမခံမှာ ထားခိုင်းတာမျိုး အဲဒါမျိုးလေးတွေ ချပေးလိုက်ရင် တခုချင်း၊ တခုချင်း ပြန်စစ်ဆေး ဖြစ်သွားတယ်။

အာမခံနဲ့ ခုပေးနိုင်လိုက်တယ် ဆိုရင် ကာကွယ်သွားနိုင်မှာပါ။ အဆောက်အဦး အရမ်း သိပ်ဆိုးရွားသွားတယ်ဆိုရင်လည်း အမြင်အားဖြင့် သိသာပါတယ်။ အဆောက်အဦး အခြေအနေ ဆိုးတယ်ဆိုရင်လည်း ယိုင်တာတို့၊ အက်ကြောင်းပေါ်တာတို့ ဖြစ်နေလေ့ ရှိပါတယ်။ အဲဒါမျိုးဆိုရင်လည်း သက်ဆိုင်ရာ ဌာနကနေ ဦးဆောင်ပြီး တတ်ကျွမ်းသူတွေနဲ့ စိစစ်ပေးတာမျိုး၊ နောက်ပြီးတော့ သိပ်အခြေအနေ ဆိုးတယ်ဆိုရင်လည်း အစိုးရရဲ့ရန်ပုံငွေတခုခုနဲ့ စီစဉ်ပေးတာမျိုး၊ စီစဉ်ပေးတယ်ဆိုတာ Cost ကို share လုပ်ဖို့ပါ။

တကယ်တမ်းကျတော့ ကျနော်တို့ အဆောက်အဦးနဲ့ မြေယာက ဈေးအားဖြင့် Market အရ အားဖြင့် လူကြိုက် အများဆုံး ပါ။ အိမ်ရာနဲ့ ပတ်သက်လို့ ၊မြေယာနဲ့ ပတ်သက်လို့ ဆုံးရှုံးတယ်ဆိုတာ တော်တော်လေး နည်းပါတယ်။ အဲဒါကို အစီအစဉ် ကောင်းကောင်းလေး တခုလုပ်ပေးရင် အောင်မြင်နိုင်ဖို့ များမယ်လို့ ထင်ပါတယ်။

မေး ။ ။ ဘာများ ဖြည့်စွက်ပြောချင်တာ ရှိသေးလဲ။

ဖြေ။ ။ နောက်တခုက ကျနော်က အင်ဂျင်နီယာဆိုတော့ အဆောက်အဦးတွေကို လုပ်တဲ့ အချိန်မှာ အင်ဂျင်နီယာပိုင်းနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာရှိပါတယ်။ အခုဖြစ်နေတဲ့ဟာတွေထဲမှာ အဆောက်အဦး ပြိုတော့ ၁ ခု၊ ၂ ခုဆိုရင် သိပ် မကြာခင်က ဆောက်ထားတဲ့ အဆောက်အဦးတွေ ပါပါတယ်။ အဲဒါမျိုးလည်း ထိခိုက်တာတွေ ရှိတဲ့အချိန်မှာ အများစုက ပြောကြပါတယ် အင်ဂျင်နီယာတွေ အားနည်းတယ်ပေါ့။ အဲဒါကလည်း တချို့တဝက် မှန်ပါတယ်။

ဒါပေမယ့်လည်း တခြားတဖက်က ပြန်ကြည့်ရင် တကယ် နားလည် တတ်ကျွမ်းတဲ့ အင်ဂျင်နီယာတွေက ထိုက်ထိုက်တန် တန် လုပ်ငန်းတခုကို လုပ်ခွင့် မရတဲ့ဟာမျိုးတွေကလည်း များတယ်လို့ ထင်ပါတယ်။ အဲဒါကြောင့်လည်း ဒီအဆောက်အဦး တွေက သူ့အတွက် လိုအပ်တဲ့ အရည်အသွေး စိစစ်တွက်ချက် တည်ဆောက်တာမျိုး မဖြစ်လိုက်ဘဲ အဲဒါမျိုးကို ကျော်ပြီး အလွယ်လုပ်လိုက်တဲ့ ဟာမျိုးတွေ၊ အင်ဂျင်နီယာတွေ မသိလိုက်ဘဲ လုပ်လိုက်တဲ့ဟာမျိုးတွေ၊ အဲဒါမျိုးတွေ များနေတယ် လို့လည်း ကျနော်တွေ့ရပါတယ်။

ဘာနဲ့တူလည်းဆိုတော့ ပစ္စည်းတခုကို ရောင်းတဲ့သူကလည်း တန်ရာတန်ကြေး မရဘူး။ ဝယ်တဲ့သူကလည်း တန်ရာတန် ကြေး မရဘူး။ အဲဒီထဲမှာ မျှတတဲ့ တန်ဖိုးတခုမရတဲ့ အခြေအနေမျိုးမှာ အခုလိုမျိုး အရည်အသွေး မပြည့်မီတဲ့ အဆောက် အဦး တခု ဖြစ်လာတယ်လို့ ကျနော်မြင်မိပါတယ်။ အဲဒါမျိုး ဖြစ်တဲ့အတွက်ကြောင့် အသစ် တည်ဆောက်ချိန်မှာလည်း ဒါကို မျှတတဲ့ အရောင်းအဝယ်တခုပေါ့။

ဒီလိုမျိုး Project ဆိုတာလည်း အရောင်းအဝယ် တခုပါပဲ။ ဒီဇိုင်းလုပ်တဲ့သူတွေ၊ တည် ဆောက်တဲ့ သူတွေကလည်း တကယ်မျှတတဲ့ တန်ဖိုးအမှန်၊ တည်ဆောက်ခိုင်းတဲ့ သူကလည်း ဒီကန်ထရိုက်တာပဲ ဖြစ်ဖြစ်၊ အစိုးရပဲ ဖြစ်ဖြစ် တန်ဖိုး မှန်မှန်နဲ့ အရည်အသွေးကောင်းရတဲ့ ဟာမျိုးဖြစ်ဖြစ် စနစ်တခုဖြစ်လာအောင် လုပ်ဖို့ လိုမယ်လို့ ထင်တယ်။

အခု လောလောဆယ်မှာ အရည်အသွေး စစ်ဆေးတဲ့ Third Party တွေပေါ်လာတာကလည်း အဲဒါမျိုးဘက်ကို သွားနိုင်တဲ့ ဘက်ကို ရောက်နေတဲ့ အခြေအနေလို့ မြင်ပါတယ်။ အင်ဂျင်နီယာတွေဘက်ကလည်း လမ်းကြောင်းအမှန်ကို ဦးတည်နေ တယ်လို့ မြင်မိပါတယ်။ အရည်အသွေးတွေကို ပိုပြီး ထိန်းကျောင်းလာနိုင်တဲ့ အခြေအနေမျိုးမှာ အရည်အသွေးလျော့တဲ့ အဆောက်အဦးတွေ နည်းလာမယ်လို့တော့ မြင်မိပါတယ်။

ဆက်စပ်ဖတ်ရှုရန်

ငလျင်လှုပ်ပြီးနောက် တိမ်းစောင်းသွားသည့် တိုက် ၈ လုံးအနက် တာမွေမြို့နယ်မှ အများဆုံးဖြစ်

သူနာပြုတက္ကသိုလ် အဆောက်အအုံပြိုကျမှု ကော်မတီဖွဲ့ စစ်ဆေးနေ

Your Thoughts …
Tags: ငလျင်စစ်ကိုင်းပြတ်ရွေ့တိုက်ပြိုရန်ကုန်မြို့အရည်အသွေး
သဇင်လှိုင်

သဇင်လှိုင်

ဧရာဝတီ

Similar Picks:

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

ငလျင်နိမိတ်က စစ်ကောင်စီ နိဂုံးချုပ်ဖို့လား

by Hannah Beech
1 April 2025
22.3k

ယခု နောက်ဆုံးကပ်ဆိုးသည် အစိုးရ အပြောင်းအလဲဖြစ်မည့် နိမိတ် ဟုတ်၊ မဟုတ် မေးခွန်းထုတ်နေကြသည်။

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

နေပြည်တော်ကို (ဖြစ်သလို) ဆောက်ခဲ့ကြသူများ

by အောင်သူရ
12 April 2025
14.7k

ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများ၊ ရုံးအဆောက်အဦများ၊ လမ်းများ၊ ဆေးရုံများ စစ်တပ်အဆောက်အဦ များစွာ ပျက်စီးသွားခဲ့သည်။

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

တပ်မ ၇၇ တပ်မမှူး လက်နက်ချ အဖမ်းခံရခြင်း

by စွယ်တော်
12 April 2025
11.4k

ထိုကဲ့သို့ ပြည်သူ့အမုန်းခံ တပ်မ ၇၇ ၏ အကြီးအကဲ တပ်မမှူး ဗိုလ်မှူးချုပ် အောင်သက်ဦးသည် တော်လှန်ရေးအင်အားစုများ၏ ဖမ်းဆီးမှုကို ခံလိုက်ရပြီဖြစ်သည်။

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

by ဇုန်းရိန်
14 May 2025
9.7k

ဤအကူအညီများသည် နေ့စဉ်နှင့်အမျှ သတ်ဖြတ်နေသည့် စစ်ကောင်စီကို ဆက်လက် ထောက်ခံ ကူညီနေသော တရုတ်နိုင်ငံကို အကောင်းမြင်လာအောင် မစွမ်းဆောင်နိုင်ပါ။

Next Post
တင်းနစ်ကစားသမား ဂျိုကိုဗစ်

ကမ္ဘာ့နံပါတ် ၁ တင်းနစ်ကစားသမား ဂျိုကိုဗစ် COVID-19 ကူးစက်ခံရ

စက်ရုပ်တွေနဲ့ ဝန်ဆောင်မှုပေးမယ့် KFC ဆိုင်

မော်စကိုမှာ ဝန်ထမ်းအစား စက်ရုပ်တွေနဲ့ အစားထိုးထားတဲ့ KFC ဆိုင်ခွဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved