• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အမျိုးသား ညီညွတ်ရေးအစိုးရ ဖွဲ့စည်းဖို့အတွက် တိုင်းရင်းသားပါတီတွေကို ဖိတ်တာပါ

by မင်းအောင်ခိုင်
18 November 2020
in အင်တာဗျူး
A A
NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်

NLD ပါတီ ဗဟိုပြန်ကြားရေး ကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်

11k
VIEWS
Share on FacebookShare on Twitter

ကျင်းပပြီးစီးခဲ့သည့်၂၀၂၀ ရွေးကောက်ပွဲအလွန် မကြာသေးမီ ရက်ပိုင်းအတွင်း၌ နောင်အနာဂတ် “မြန်မာနိုင်ငံအတွက် ရှေးရှုရမည့် ပြည်ထောင်စုအရေးကိစ္စ” ဆိုသည့် ခေါင်းစဉ်ဖြင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ တိုင်းရင်း သားပါတီ ၄၀ ကျော်ကို ဖိတ်ကြားထားသည့် စာတစောင်သည် လူမှုကွန်ရက်စာမျက်နှာပေါ်သို့ ထွက်ပေါ်လာခဲ့သည်။

NLD ပါတီမှ ထိုသို့ ဖိတ်ကြားချက်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံသည့် အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့စည်းရန်အတွက် ဖိတ်ကြားခြင်း ဖြစ်သည်ဟု တရားဝင် ပြောဆိုလာသည်။

သို့သော်လည်း တိုင်းရင်းသား ပါတီများကတော့ လက်ရှိ အာဏာရပါတီလည်းဖြစ်၊ ပူပူနွေးနွေး တနိုင်ငံလုံး အတိုင်း အတာဖြင့် သောင်ပြိုကမ်းပြို ထပ်မံ အနိုင်ရရှိခဲ့သည့် NLD ပါတီမှာ ပြီးခဲ့သည့် ကာလတွင် တိုင်းရင်းသားအရေးကို ပစ်ပယ်ထားခဲ့သည့်အတွက် ဟန်ပြ၊ လေပစ်ထားသည့် အခြေအနေသာ ရှိသေးသည် ဟု ပြောဆိုကြကာ လက်တွေ့ လုပ်ရပ်အပေါ်ကိုသာ စောင့်ကြည့်၍ မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို ဆုံးဖြတ်မည်ဟု ဆိုကြသည်။

ထိုသို့ ဝေဖန်မှုများ ရှိနေသည့် အခြေအနေနှင့် ပတ်သက်ပြီး NLD ဗဟိုမှ ထိပ်ပိုင်းခေါင်းဆောင် တဦး ဖြစ်သူ မုံရွာ အောင်ရှင်ကို ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် မင်းအောင်ခိုင်က ဆက်သွယ်မေးမြန်းထားမှုအား ဖော်ပြလိုက်ပါသည်။

မေး။ ။ အနာဂတ် ပြည်ထောင်စုအရေးနဲ့ ပတ်သက်ပြီး NLD ပါတီက နေပြီးတော့ တိုင်းရင်းသား ပါတီအသီးသီးကို ဖိတ်ကြားတဲ့ စာတစောင် လူမှုကွန်ရက်ပေါ်မှာ တွေ့ရတာ ရှိပါတယ်။ အဲဒီမှာတော့ ရှင်းရှင်းလင်းလင်း ပြောထားတာ မတွေ့ရဘူး။ ဘယ်လို ရည်ရွယ်ချက်နဲ့ ဖိတ်ထားတာလဲဆိုတာ ပြောပြပေးပါ။

ဖြေ။ ။ ကျနော်တို့က လာမယ့် ၅ နှစ်တာ ကာလမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အခြေခံတဲ့ အမျိုးသား ညီ ညွတ်ရေး အစိုးရ ဖွဲ့စည်းဖို့အတွက်ပေါ့လေ။ အဲဒီအတွက်ကြောင့် ဖိတ်ခေါ်တာပါ။

မေး။ ။ ကျနော်တို့ ရခိုင်ဘက်က ပါတီတွေကို ဆက်သွယ် မေးမြန်းကြည့်တော့ သူတို့ဆီကိုတော့ တရားဝင်စာ မရောက်သေးဘူးလို့ ပြောပါတယ်။

ဖြေ။ ။ အဲဒီလို တဦးချင်းတော့ ကျနော်တို့ စာမပေးဖြစ်သေးဘူး ထင်တယ်ဗျ။ အခုဟာက တိုင်းရင်းသား ပါတီတွေက လည်း အဲဒီလို ပြောလာကြတယ်ပေါ့လေ။ ဖိတ်ကြားစာ မပို့ဘူးဆိုတော့ ဒါကို ထပ်ပြီးတော့ ဘယ်လိုပုံစံမျိုး ထပ်ဖိတ်မ လဲတော့ မသိဘူး။ သေချာတာကတော့ အားလုံး ပါဝင်တဲ့ အစိုးရတခု ဖွဲ့ပြီး လုပ်ကြဖို့အတွက် ညှိနှိုင်းတိုင်ပင်ကြဖို့ ဖိတ် တဲ့ သဘောပါပဲ။

မေး။ ။ တိုင်းရင်းသား ပါတီအသီးသီးကို အခုလိုမျိုး ဖိတ်ကြားထားတယ်ဆိုတော့ ဘယ်နှလပိုင်းလောက်မှာတွေ့ဆုံ ဆွေးနွေးသွားဖို့ အစီအစဉ်ရှိလဲ။

ဖြေ။ ။ အဲဒါတော့ မသိသေးဘူးဗျ။ အခုဟာကတော့ ဖိတ်ကြားခံရတဲ့ တိုင်းရင်းသားပါတီတွေကလည်း အချင်းချင်း တိုင်ပင်ကြ။ သူတို့ အချင်းချင်း ညှိနှိုင်းကြပေါ့။ အဲဒီလိုမျိုးပဲ လုပ်ဆောင်နေတာ ရှိသေးတယ်။

မေး။ ။ အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ဆိုတာ ဘယ်လို ပုံစံမျိုးပါလဲ။ ပြည်နယ်အဆင့်မှာ ဘယ်လိုဖွဲ့မယ်။ ပြည် ထောင်စုအဆင့်မှာ ဘယ်လိုဖွဲ့မယ်ဆိုတာ ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ ဒီလိုဗျ။ အခုဟာက ကျနော်တို့က ပဏာမ ဖိတ်ခေါ်တဲ့အဆင့်ပဲ ရှိသေးတဲ့ အခါကျတော့ နှစ်ဖက်စလုံးက ပြင် ဆင်ရမှာ ဖြစ်တယ်။ ဖိတ်ခေါ်ခံရတဲ့ တိုင်းရင်းသားတွေဘက်ကလည်း ဘယ်လိုပုံစံနဲ့ သွားချင်တယ်ဆိုတာ သူတို့ အချင်းချင်းလည်း ညှိမယ်။ နောက်တခါ သူတို့ အစိုးအဖွဲ့ချင်းလည်း ညှိကြမယ်။

သူတို့နဲ့ တွေ့ဆုံတဲ့အခါမှာ ဘယ်လို စေ့စပ်ညှိနှိုင်းမလဲ၊ ဘာလုပ်မလဲဆိုတာ ကျနော်တို့ဘက်ကလည်း အခုမှ ပြင်ကြ၊ ဆင်ကြတုန်း ရှိသေးတယ်။ အဲဒီတော့ ကျနော်ထင်တာတော့ ရှေ့လ ပတ်ဝန်းကျင်လောက်မှာပဲ ဒီဟာ ဖြစ်လိမ့်မယ်လို့ ထင်တယ်။ အခုက သူတို့ဘက်ကလည်း By Name မဖိတ်လို့ ဆိုပြီး ပြောနေကြတာ ရှိတယ်။ အဲဒီလိုမျိုး By Name ဖိတ်တာတို့ ဘာတို့ လုပ်ကြရဦးမယ် ထင်ပါတယ်။

မေး။ ။ ပြီးခဲ့တဲ့ ကာလတုန်းကတော့ အပြင်က ပညာရှင်တွေကို ခေါ်ပြီးတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့် မှာ ဝန်ကြီးတွေ ခန့်အပ်တာဝန်ပေးတာတွေ ရှိခဲ့တယ်။ အခု အမျိုးသားညီညွတ်တဲ့ အစိုးရဖွဲ့တဲ့အခါမှာ ကိုယ်စားလှယ် တွေ အနိုင်မရတဲ့ ပါတီထဲက လူတွေကိုရော အဲဒီလို ဝန်ကြီးနေရာတွေမှာ တာဝန်ပေးဖို့ အစီအစဉ်ရော ရှိပါသလား။

ဖြေ။ ။ အဲဒါကိုတော့ ကျနော် မသိနိုင်သေးပါဘူး။ ညှိနှိုင်းကြရမှာပဲ။ ညှိနှိုင်းဖို့လည်း အများကြီး လိုလိမ့်မယ်လို့ ထင်ပါ တယ်။ လောလောဆယ် အခြေအနေမှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၂၆၁ တို့ ဘာတို့ အဲဒီလို ပြဿနာတွေ က အများကြီး ရှိသေးတယ်။၂၆၁ အရ ဘယ်လို ဖွဲ့စည်းပေးမလဲ အဲဒီလိုမျိုးတွေလည်း တောင်းဆိုနေကြတာ ရှိနေ တော့ အဲဒါတွေကိုပါ အားလုံး ညှိနှိုင်းကြရမှာ ထင်ပါတယ်။

မေး။ ။ တကယ်လို့ ပြည်နယ်အတွင်းမှာ ကိုယ်စားလှယ် အများဆုံး အနိုင်ရတဲ့ ပါတီက ပြည်နယ်အစိုးရ ဦးဆောင်ပြီး ဖွဲ့ဖို့ တောင်းဆိုလာမယ် ဆိုရင် ဆရာတို့ ပါတီရဲ့ မူဝါဒက ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ အဲဒါလည်း ညှိနှိုင်းကြရမှာပဲ။ ကျနော်တို့ကတော့ အဲဒီ ကိစ္စကို သေသေချာချာ မပြောနိုင်သေးဘူး။ အဲဒါက တော့ ကျနော်တို့ရဲ့စီအီးစီ အဖွဲ့နဲ့ ခေါင်းဆောင်တွေ ပြောကြမှာပါ။

မေး။ ။ ပြီးခဲ့တဲ့ ကာလတုန်းကတော့ ဆရာတို့ပါတီက အနိုင်ရရှိတဲ့ ကိုယ်စားလှယ်ထဲကပဲ ဝန်ကြီးချုပ်အဖြစ် ခန့်ခဲ့တာ ရှိတယ်။ ဒီကာလမှာရော ပါတီမူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲ လုပ်ပြီး ဝန်ကြီးချုပ် ခန့်အပ်သွားဖို့ အစီအစဉ်တွေ ရှိ လား။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
351
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
505

ဖြေ။ ။ အဲဒါကိုလည်း ကျနော် မသိသေးပါဘူးဗျ။ အားလုံး တွေ့တဲ့ဆုံတဲ့အခါကျတော့ ဒါတွေကို ညှိနှိုင်းကြရလိမ့်မယ် လို့ ကျနော် ထင်ပါတယ်။ ကျနော် အနေနဲ့ကတော့ အဲဒီအပိုင်းကို ကြိုပြီးတော့ မသိနိုင်သေးပါဘူး။

မေး။ ။ ဆရာတို့ ပါတီရဲ့ ဖိတ်ခေါ်စာနဲ့ ပတ်သက်ပြီး ကျနော်တို့ တိုင်းရင်းသားပါတီတွေကို ဆက်သွယ် မေးမြန်းကြတဲ့ အခါ ပြန်ကြားရတာတခုက ဖိတ်ခေါ်တဲ့အပေါ်မှာ ကြိုဆိုပေမယ့် လက်တွေ့ လုပ်ရပ်ကိုသာ စောင့်ကြည့်ပြီးတော့ အဲဒီ အပေါ် မူတည်ပြီး ဆက်လုပ်မယ်လို့ ပြောဆိုတာ ရှိပါတယ်။ အဲဒီအပေါ်မှာရော ဘာပြောချင်တာ ရှိလဲ။

ဖြေ။ ။ ကျနော်ကတော့ အဲဒီလို ပြောဆိုတာတွေကို မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့လည်း ပြီးခဲ့တဲ့ ၅ နှစ်က တွေ့အကြုံတွေ ရှိလာတယ်။ တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ၅ နှစ်တာ သင်ခန်းစာတွေ ရှိလာတယ်။ အဲဒါ ကြောင့် ကျနော်တို့က တကယ် အလုပ် လုပ်မှာမို့ ဖိတ်ခေါ်တာပါ။ ဒါတွေကို ဟန်ပြလုပ်တာတို့၊ လေလုံး ပစ်တာတို့ ဆိုတာမျိုးတွေတော့ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်ဗျာ။

မေး။ ။ နောက်ဆုံးမေးချင်တာက ရခိုင်ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့တဲ့ မြို့နယ်တွေကို ရွေး ကောက်ပွဲ ကျင်းပပေးဖို့ ရက္ခိုင်စစ်တပ် (AA) က ထုတ်ပြန်တောင်းဆိုခဲ့တာ ရှိတယ်။ အဲဒီ အပေါ်မှာလည်း တပ်မ တော်က ကြိုဆို ထောက်ခံတယ်။ တိုင်းရင်းသား ပါတီတွေကလည်း လိုလားနေကြတာကို တွေ့နေရတော့ ဆရာတို့ ပါတီရဲ့ သဘောထားက ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ အဲဒါကတော့ ကျနော်တို့ ပါတီရဲ့ သဘောထားတွေ မကဘူး၊ ပြည်ထောင်စု ရွေးကောက် ပွဲ ကော်မရှင် (UEC) ရဲ့ သဘောထားက အခြေခံ ကျလိမ့်မယ်။ ရွေးကောက်ပွဲ တခု ကျင်းပမယ် ဆိုတာမျိုးကတော့ UEC မှာ လုံးဝ တာဝန် ရှိတယ်။ UEC ကပဲ စီစဉ်ရတာ ဆိုတော့ UEC ရဲ့ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်တာကိုး။ အဲဒီအတွက်ကြောင့် UEC ရဲ့ သဘောထားက အဓိက ကျလိမ့်မယ်လို့ ထင်ပါတယ်။

You may also like these stories:

တိုင်းရင်းသား လူမျိုးစုများ၏ ဆန္ဒကို အလေးထားမည် ဟု NLD ကြေညာ

Your Thoughts …
Tags: NLDတိုင်းရင်းသားပါတီပြည်ထောင်စုအရေးဖိတ်ကြား
မင်းအောင်ခိုင်

မင်းအောင်ခိုင်

Senior Reporter

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

မင်းအောင်လှိုင်ကြောင့် နာမည်ပျက်ရတဲ့ ဒေါ်စိန်အေး

by စွယ်တော်
8 July 2024
22.8k

မင်းအောင်လှိုင်သည် ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှု ပပျောက်အောင်လုပ်သည့် လူကြီးမျိုး မဟုတ်ဘဲ ပြဿနာ မီးထွန်းရှာတတ်သူ ဖြစ်သည်။

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

by Bertil Lintner
23 June 2025
22.4k

စစ်တပ်တွင်းမှ သူနှင့်ခေတ်ပြိုင်များက မင်းအောင်လှိုင်သည် အားနည်းပြီး ဆုံးဖြတ်ချက် မပြတ်သားဟု မြင်ကြသည်။

Next Post
NLD အစိုးရသစ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မျှော်လင့်ချက် (ရုပ်/သံ)

NLD အစိုးရသစ်နဲ့ ရွှေ့ပြောင်းလုပ်သားတွေရဲ့ မျှော်လင့်ချက် (ရုပ်/သံ)

NLD အစိုးရ ဒုတိယ သက်တမ်းအတွင်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် မျှော်လင့်ချက်များ ပုံအပ်ရဦးမည် / ဧရာဝတီ

NLD အစိုးရသစ်က မြန်မာ့စီးပွားရေး အားကောင်းအောင် လုပ်နိုင်မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved