• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ပြန်ကြားရေးဝန်ကြီးဌာန ဘယ်လိုပြုပြင်ပြောင်းလဲသင့်သလဲ

by ဇူးဇူး
19 November 2020
in အင်တာဗျူး
A A
ပြန်ကြားရေးဝန်ကြီးဌာန ဘယ်လိုပြုပြင်ပြောင်းလဲသင့်သလဲ
9.2k
VIEWS
Share on FacebookShare on Twitter

၂၀၂၀ ရွေးကောက်ပွဲ ရလဒ်များ အတည်ပြု ကြေညာပြီးနောက် အစိုးရဖွဲ့စည်းနိုင်ရေး အပြတ်အသတ် အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ အစိုးရ ဒုတိယသက်တမ်း လူရွေးချယ်ခန့်ထားရေးအပေါ် ပြည်သူများက စိတ်ဝင်တစား စောင့်ကြည့်နေကြသလို ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများ၏ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ထောက်ပြအကြံပြုမှုများ၊ ပြောဆိုဆွေးနွေးမှုများ ပြုလုပ်လာသည် ကို တွေ့ရသည်။

ထိုအထဲတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြီးခဲ့သည့် ၅ နှစ်တာ သက်တမ်းအတွင်း ဆောင်ရွက်ချက်များ၊ ယင်းဌာန၏ အား နည်းချက်၊ အားသာချက်များ၊ လာမည့် အစိုးရသစ် သက်တမ်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၏ ပြုပြင်ပြောင်းလဲသင့်သည့် အချက်များနှင့် ပတ်သက်၍ စာပေနှင့် သတင်းမီဒီယာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များကို ဧရာဝတီ အကြီးတန်းသတင်းထောက် ဇူးဇူးက ဆက်သွယ်မေးမြန်းကာ ဖော်ပြလိုက်ပါသည်။

ဦးမြင့်ကျော်
(တွဲဖက်အတွင်းရေးမှူး (၁) ၊ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ)

နိုင်ငံပိုင်မီဒီယာကို အများပြည်သူ ဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းဖို့လည်းလိုသလို အရွယ်အစားလည်း လျှော့ချဖို့ လိုတယ်။ ဝန်ကြီးဌာနဖျက်ဖို့အထိ ကျနော်အနေနဲ့ မပြောလိုပေမယ့် အရွယ်အစား လျှော့ချဖို့က အရေးကြီးတယ်။ သတင်း မီဒီ ယာဥပဒေ ပြင်ဆင်ရေး၊ ရုပ်သံနည်းဥပဒေ မြန်မြန်ဆန်ဆန်ပေါ်ထွက်ရေး အဲဒီလိုဟာမျိုးတွေမှာ သိသိသာသာကို နှောင့်နှေးတယ်၊ ကြန့်ကြာတယ်။ ဒီကိစ္စကို တင်ပြရမယ့် focal ministry (အဓိကဝန်ကြီးဌာန) ဖြစ်နေပေမယ့် မစွမ်း ဆောင်နိုင်ဘူး။ ရလဒ်ထွက်မလာဘူး။

နိုင်ငံပိုင်မီဒီယာကို ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတဲ့ဟာမျိုး ပြီးခဲ့တဲ့ ၅ နှစ်မှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲတာမျိုး  မလုပ်ခဲ့ ဘူးလို့ အကဲဖြတ်ချင်တယ်။

နိုင်ငံပိုင်မီဒီယာကို ဘယ်လိုပုံစံနဲ့ သွားမလဲဆိုတဲ့ဟာမျိုး ပြီးခဲ့တဲ့ ၅ နှစ်မှာ ဘာမှ ထူးထူးခြားခြား ပြောင်းလဲတာမျိုး  မလုပ်ခဲ့ ဘူးလို့ အကဲဖြတ်ချင်တယ်။ ကြေးမုံသတင်းစာ logo အနီရောင် ဖြစ်သွားတာတို့ ပုံစံလေးပြောင်းလိုက်တဲ့ သဘောပဲ ရှိ တယ်။ ကျန်တဲ့ အနှစ်သာရတို့၊ မူဝါဒတို့ ဘာမှအပြောင်းအလဲ မရှိခဲ့ဘူး။ ဒီရွေးကောက်ပွဲမှာဆိုရင်လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ပညာပေးကလွဲရင် ကျန်တဲ့ လူထုရဲ့အမြင်ပဲဖြစ်စေ၊ နိုင်ငံရေးပါတီတွေရဲ့လှုပ်ရှားမှုတွေ ပဲဖြစ်စေ နိုင်ငံပိုင်မီဒီ ယာကြီးက ဘာမှ ဖော်ပြနိုင်ခဲ့ခြင်း မရှိခဲ့ဘူး။ ဒါမျိုတွေ လုံးဝ လက်ရှောင်ထားတဲ့ သဘောမျိုး ဖြစ်နေတယ်။ တကယ်တမ်း ပျံ့နှံ့မှုအများဆုံး မီဒီယာ infrastructure (အခြေခံအဆောက်အအုံ)ကြီးကို ရှိပြီးတော့ မလုပ်နိုင်ခဲ့ဘူး။ ဒါတွေကို ပြောင်းလဲ ဖို့ နံပါတ်တစ် လိုတယ်လို့ ထင်ပါတယ်။

နောက်တခုက Right to Information သတင်းအချက် သိပိုင်ခွင့်ဥပဒေကြမ်း။ ဒါလည်း အရင်ဦးသိန်းစိန် အစိုးရ လက် ထက် ကတည်းက ပြင်ဆင်ခဲ့တာ။ အဲဒီဟာလည်း လွှတ်တော်အထိရောက်အောင် သယ်ဆောင်နိုင်တာ မတွေ့သေးဘူး။  နောက်ပြီး ပုဂ္ဂလိက မီဒီယာတွေ ရပ်တည်နိုင်ရေး အစိုးရက ဘယ်လိုမျိုး ကူညီနိုင်လဲဆိုတာတွေလည်း ပြောခဲ့တာပဲ ရှိ တယ်။ အခုအချိန်ထိ ဘာမှ လုပ်ဆောင်ပြီး အကောင်အထည်ဖော်တာ မတွေ့ဘူး။ ဒါတွေက ကျနော်တို့ အမြင်မှာ အား မရတဲ့ဟာတွေ ဖြစ်တယ်။

ကျနော်တို့အနေနဲ့ ပြန်ကြားရေးဝန်ကြီးဌာနသည် ဒီအရွယ်အစားမျိုးနဲ့ ဒီလိုဝါဒဖြန့်ချိရေး ဝန်ကြီးဌာနတခုလိုမျိုး ဖြစ်နေတာ မလိုလားဘူး။ ဖျက်တယ် မဖျက်တယ်ဆိုတာ အစိုးရရဲ့ သူ့ရဲ့အမြော်အမြင်နဲ့ သူ့ရဲ့ဒီမိုကရေစီ ဘယ်လောက်ကျင့် သုံးမလဲ ဆိုတဲ့ အပေါ်မှာ ဆုံးဖြတ်ရမယ့်အပိုင်း။ ကျနော်တို့ လိုလားတာက ဝါဒဖြန့်ချိရေးပုံစံကို အသွင်ပြောင်းပစ်ဖို့ လိုတယ်။ အများပြည်သူ ဝန်ဆောင်မှု ဖြစ်ဖို့လိုတယ်။ နောက်တခုက နိုင်ငံပိုင်မီဒီယာတွေဟာ ပုဂ္ဂလိပိုင်မီဒီယာတွေရဲ့ ပြိုင်ဘက်၊ အပေါ်ကနေ monopoly (လက်ဝါးကြီးအုပ်ခြင်း) လုပ်ထားတာမျိုး မဖြစ်စေချင်ဘူး။

ဒေါ်အေးအေးဝင်း
(သတင်းစာဆရာမ)

ပြန်ကြားရေးဝန်ကြီးဌာနက အများကြီး ပြုပြင်ပြောင်းလဲရမယ့်အထဲမှာ ပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်မှာ ဘာမှ တက်တက်ကြွကြွ လည်း မရှိဘူး။ မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု၊ ပွင့်လင်းမြင်သာမှုတို့အတွက် ကြိုးစားပမ်းစား လုပ်သွားတဲ့ဟာတွေ ဘာမှမတွေ့ ဘူး။ ကလေးစာအုပ်ပွဲလေးတွေ ဘာတွေလုပ်နေတာနဲ့ပဲ အချိန်ကုန်သွားတယ်။ အားရစရာမရှိဆုံး ဌာနထဲမှာ ပါတယ်။ အ လုပ် မလုပ်ဆုံးလို့လည်း မြင်တယ်။ သူတို့သတင်းစာတောင် အဖြစ်မရှိဘူး။ ဒီမိုကရက်တစ်ဖြစ်တဲ့ တိုင်းပြည်တခုရဲ့ သတင်း စာ မဟုတ်ဘူး။ မျက်နှာဖုံး ကြည့်လိုက်လို့ရှိရင် စစ်အစိုးရ လက်ထက်ကလိုပဲ ရုပ်သေကြီးတွေနဲ့။ တကယ်ဖြစ်တဲ့သတင်းက ဘယ်ရှာရမှန်းမသိဘူး။ သတင်းစာက သတင်းစာ အလုပ်မလုပ်ဘူး။ အစိုးရသတင်းစာ စစ်စစ်ကြီးဖြစ်နေတော့ ဝယ်တောင် ဖတ်ချင်စိတ်မရှိဘူး။ နာရေးလောက်ပဲ ဖတ်တော့တာပေါ့။ ကွန်မြူနစ်တို့၊ ဆိုရှယ်လစ်ခေတ်တို့တုန်းက သတင်းစာမျိုး ဆက် ထုတ်နေတာ တော်တော်အံ့သြစရာ ကောင်းတယ်။

သူတို့အလုပ်ကိုသူတို့ ပီပီပြင်ပြင်လုပ်ဖို့ပဲ ခေါင်းထဲထည့်ရမှာ။ တယောက်ယောက် ကို ကျေနပ်အောင်လုပ်နေတဲ့ အလုပ်ကိုလည်း မလုပ်သင့်တော့ဘူး။

အဲဒီတော့ ဒီမိုကရေစီ တိုင်းပြည်တခုနဲ့ ညီညွတ်တဲ့၊ ပိုပြီးပွင့်လင်းတဲ့၊ အဓိပ္ပာယ်ရှိတဲ့ သတင်းစာမျိုး။ သတင်းစာကို ဆက် ထားရင်လည်း အဆင့်အတန်းမီအောင်ထားဖို့ ကောင်းတယ်။ နောက်ပြီး ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လွတ်လပ်လပ်နဲ့ လှုပ်ရှားနိုင်တဲ့ ဝန်ကြီးဌာနတခု ဖြစ်ရမယ်။ ဝန်ကြီးဌာနတိုင်းသည် သူ့ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နဲ့၊ ဆုံးဖြတ်ချက်လေးနဲ့ လုပ် ဖို့ကောင်းတယ်။ တခုခုကို သိပ်ကြောက်ပြီး မလှုပ်ရှားနိုင်ဘူး ဖြစ်နေတဲ့ဘဝကနေ သူတို့ထွက်ရမယ်။ အထက်ကို ပြန်မေး နေရတဲ့ဘဝကလည်း ကုန်နေပြီ။ သူတို့အလုပ်ကိုသူတို့ ပီပီပြင်ပြင်လုပ်ဖို့ပဲ ခေါင်းထဲထည့်ရမှာ။ တယောက်ယောက် ကို ကျေနပ်အောင်လုပ်နေတဲ့ အလုပ်ကိုလည်း မလုပ်သင့်တော့ဘူး။

ဒီပြန်ကြားရေးဝန်ကြီးဌာနဆိုတာ ဆက်ရှိနေချင်သေးရင်တော့ လွတ်လပ်မှု လိုတယ်။ သူတို့ကိုယ်တိုင် လွတ်လပ်မှသာ မီဒီ ယာတွေရဲ့ လွတ်လပ်ခွင့်ကို သူလုပ်ပေးနိုင်မှာ။ မီဒီယာဖွံ့ဖြိုးတိုးတက်မှုဆိုပြီး ပွဲတွေလုပ်တာလောက်ကို မီဒီယာအတွက် လုပ်တယ်လို့ အထင်မှားနေတာကလည်း ခက်တယ်။ အဲဒါက ယာယီတခဏ ပွဲလုပ်တာပဲ။ များသောအားဖြင့် စကားတွေ ပဲ ပြောကြတာ။ work done (အလုပ်ပြီးမြောက်ခြင်း)ဆိုတာ မပါဘူး။ ခုလာမယ့် သက်တမ်းမှာ ဒီထက်ပိုပြီး တက်တက်ကြွ ကြွနဲ့ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ဖို့၊ သတင်းစာ ဆက်ထုတ်မယ်ဆိုရင် သတင်းစာနဲ့တူအောင်ထုတ်ဖို့ လိုတယ်။

မောင်ဆောင်းခ
(အသံအဖွဲ့ အမှုဆောင်ဒါရိုက်တာ)

 

NLD စတက်လာတုန်းက ဒီပြန်ကြားရေးဝန်ကြီးဌာနကို မဖွဲ့လောက်တော့ဘူးလို့ ထင်ခဲ့ပေမယ့် ပြန်ဖွဲ့လာခဲ့တယ်။ အဲဒီမှာ စပြီး စိတ်ပျက်တယ်။ ဒီဝန်ကြီးဌာနဟာ ဒီမိုကရေစီ နိုင်ငံတွေမှာ မရှိဘူး။ ဒါ ပြည်သူလူထုရဲ့ ဘဏ္ဍာငွေနဲ့ အစိုးရကို propaganda (ဝါဒဖြန့်မှု) လုပ်တဲ့ ပရောဂျက်ပဲ။ သူတို့ လက်ထက် သတင်းစာ ထွက်လာတဲ့အခါမှာလည်း အံ့သြသွားတယ်။ အရောင်က အစိမ်းကနေ အနီ ဖြစ်သွားတယ်။ အထဲမှာပါတဲ့ အကြောင်းအရာတွေအားလုံးက လူကြီးသတင်းနဲ့ ဖွံ့ဖြိုးတိုး တက်ရေး သတင်းတွေပဲပါတယ်။ အစိုးရကို ထောက်ခံချီးကျူးတဲ့  ဆောင်းပါးတွေကိုပဲ ဦးစားပေးဖော်ပြတယ်။ တကယ့်  ပြည်သူလူထု၊ အခြေခံလူတန်းစားနဲ့ဆိုင်တဲ့သတင်း၊ တခြား တိုက်ပွဲသတင်းမျိုးတွေ မတွေ့ရဘဲ အစိုးရရဲ့  propaganda ဟာကိုပဲ မြင်ရတယ်။ လူထုနဲ့ အနီးစပ်ဆုံး မီဒီယာတခု ဖြစ်အောင် မလုပ်ဆောင်နိုင်ခဲ့ဘူး။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သတင်းမီဒီယာဥပဒေကို မဖြစ်မနေ ဦးဆောင်ပြီး ပြင်ဆင်ဖို့ လိုအပ်တယ်။ အဲဒီလို ပြင်ဆင် တဲ့နေရာမှာ သက်ဆိုင်ရာ သတင်းမီဒီယာနဲ့ ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ၊ တခြားသော သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက် ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းတိုင်ပင် ဆွေးနွေးတာ၊ ကြားနာတာမျိုးတွေလုပ်ပြီး လူထုဆန္ဒသဘော ထားပါတဲ့ ပြင်ဆင်တဲ့ ဥပဒေကြမ်းကို တင်သွင်းပြီး အထူးသဖြင့် သတင်းမီဒီယာ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးတဲ့ ဥပဒေတခု ဖြစ်အောင် အရင်ဆုံး ကြိုးစား ပြင်ဆင်သင့်တယ်။

ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ သတင်းမီဒီယာဥပဒေကို မဖြစ်မနေ ဦးဆောင်ပြီး ပြင်ဆင်ဖို့ လိုအပ်တယ်။

နောက်တခုက နိုင်ငံပိုင်မီဒီယာတွေမှာ လျှော့သင့်တာလျှော့။ အထူးသဖြင့် နိုင်ငံပိုင်သတင်းစာ။ ကျနော်တို့ အမြဲတမ်းပြော ပါတယ်။ မြန်မာ့အလင်းနဲ့ ကြေးမုံက ဒီသတင်းကိုပဲ ဆင်တူထုတ်ပြီး ခေါင်းစဉ်ပြောင်းထုတ်တာ ဘဏ္ဍာငွေ ပိုပြီးဆုံးရှုံးတယ်။ မဖြစ်မနေ လုပ်ချင်တယ်ဆိုရင် တစောင်တည်းပဲ ထုတ်တာမျိုး။ အခု ပြန်ကြားရေးဝန်ကြီးဌာနကို ဆက်ထားမယ်ဆိုရင် လည်း ဘယ်နှစ်လောက်ကျရင် ပြန်ကြားရေးဝန်ကြီးဌာနကို မထားတော့ဘူး၊ ဘယ်လိုပုံစံနဲ့ ဆက်လုပ်ကိုင်ကြမယ်ဆိုတာကို အခုကတည်းက ရေရှည်စီမံကိန်းတွေ ဆောင်ရွက်သင့်တယ်လို့ မြင်တယ်။

တဖက်မှာ စာပေနဲ့ပတ်သက်ရင် နည်းနည်း ပိုကောင်းလာတယ်၊ ပိုလွတ်လပ်လာတယ်လို့ ခံစားရတဲ့အတွက် သူ့အပေါ်မှာ အသိအမှတ်ပြုတာ ရှိကောင်းရှိပါတယ်။ သို့သော်လည်း တဖက်မှာကျတော့ သတင်းမီဒီယာသမားတွေ ထစ်ကနဲရှိ အဖမ်း ခံနေရတာ၊ တရားစွဲခံနေရတာ၊ ပြန်တောင်းပန်နေရတာမျိုးတွေကို ပြန်ကြားရေးဘက်က ဘာမှ အကာအကွယ်မပေးနိုင်တဲ့ အခါမှာ သတင်းမီဒီယာသမားတွေအတွက် စိတ်ပျက်မိတယ်လို့ ကျနော်မြင်တယ်။ ပြန်ကြားရေးလို့ ပြောတဲ့အခါ အကောင်း ဆုံးကတော့ သတင်းမီဒီယာ လွတ်လပ်ခွင့်၊ စာပေ၊ ဂီတ၊ ရုပ်ရှင် သူတို့ရဲ့ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး အခိုင်အမာ အာမခံ ပေးနိုင်တဲ့ စနစ်တခုဖြစ်အောင် လာမယ့် ၅ နှစ်အတွင်းမှာ လုပ်နိုင်မယ်ဆိုရင်တော့ အများကြီး ကောင်းပါတယ်။

ဒေါ်မွန်မွန်မြတ်
(စာရေးဆရာမ)

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
101
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
56
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
164

ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ပတ်သက်လို့ အားမရတာတွေ ရှိတယ်။ အထူးသဖြင့် သတင်းမီဒီယာ ဖွံ့ဖြိုးရေးမှာ သိပ်ပြီး ထဲထဲ ဝင်ဝင် မလုပ်နိုင်ဘူး။ ဥပမာ သတင်းမီဒီယာတွေ ရပ်တည်ဖို့ အရမ်းခက်လာတဲ့ အခါမျိုးမှာ ပြန်ကြားရေးဝန်ကြီးဌာနက သ တင်းမီဒီယာရဲ့ အရေးပါမှုအပေါ်မှာ ဂရုစိုက်မှု နည်းတယ်လို့ ထင်တယ်။ အစိုးရကောင်းတရပ် ရှင်သန်ဖို့ဆိုတာက သတင်း မီဒီယာဖွံ့ဖြိုးဖို့ လိုတယ်။ check & balance လုပ်ဖို့။ အဲဒီတော့ သတင်းမီဒီယာဖွံ့ဖြိုးဖို့၊ သတင်းမီဒီယာလွတ်လပ်ခွင့် အဲဒါ  တွေကို ပိုပြီးတိုးတက်အောင်လုပ်ဖို့က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တာဝန်။ ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၅ နှစ်မှာ ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ သိပ်မလုပ်နိုင်ခဲ့ဘူးလို့ ထင်တယ်။

ဒါပေမယ့် ကောင်းတဲ့ဘက်မှာ ကြည့်ရင်တော့ အဲဒါ ဝန်ကြီးနဲ့လည်း ဆိုင်မယ်ထင်တယ်။ ဝန်ကြီးကိုယ်၌က သတင်းမီဒီယာ သမားဆိုတာထက် သူက literature (စာပေ) ကို ပိုပြီးအားပေးတယ်လို့ ထင်တယ်။ literature ပိုင်းမှာတော့ ဖွံ့ဖြိုးမှုတွေ ရှိ တယ်။ ရသစာပေ ဖွံ့ဖြိုးမှုကိုတော့ တော်တော်လုပ်နိုင်တယ်လို့ ထင်တယ်။ စာတမ်းဖတ်ပွဲတွေ လုပ်ပေးတာမျိုး၊ စာအုပ် ထုတ်ဝေရေး ဖွံ့ဖြိုးလာအောင်၊ စာအုပ်ဖတ်တဲ့ ယဉ်ကျေးမှု ဖွံံ့ဖြိုးလာအောင် တော်တော် လုပ်နိုင်ခဲ့တယ်လို့ ထင်တယ်။

တိုင်းရင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ဘာသာစကားမျိုးစုံနဲ့ လွှင့် တာ၊ ထုတ်ဝေတာတွေကို ပိုပြီးဖွံ့ဖြိုးလာအောင် လုပ်သင့်တယ်၊ အားပေးဖို့ လုပ်သင့်တယ်။

ပြုပြင်ပြောင်းလဲဖို့က သတင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ပိုပြီးအားစိုက်လုပ်သင့်တယ်။ ရုပ်ရှင်နဲ့ ပတ်သက်လို့လည်း ဆင် ဆာဘုတ်အဖွဲ့လိုမျိုး ထားမယ့်အစား rating စနစ်ကို ပြောင်းလဲသင့်တယ်။ ရသစာပေ ဖွံ့ဖြိုးမှုကတော့ လုပ်နေဆဲ။ ဒီပုံစံအ တိုင်း ဆက်လုပ်သွားရင် ပိုကောင်းမှာပါ။ နောက်တချက်က တိုင်းရင်းမီဒီယာတွေနဲ့ ပတ်သက်ပြီး ဘာသာစကားမျိုးစုံနဲ့ လွှင့် တာ၊ ထုတ်ဝေတာတွေကို ပိုပြီးဖွံ့ဖြိုးလာအောင် လုပ်သင့်တယ်၊ အားပေးဖို့ လုပ်သင့်တယ်။

သတင်းမီဒီယာက trend အရ ပြောမယ်ဆိုရင် တကမ္ဘာလုံးမှာလည်း ပြောင်းလဲနေတယ်။ အဲဒီအခါ ပြန်ကြားရေးဝန်ကြီး ဌာနကလည်း ပြောင်းလဲနေတဲ့ မီဒီယာ trend အပေါ်မှာလိုက်ပြီး မီဒီယာဖွံ့ဖြိုးမှု ဘယ်လိုလုပ်မလဲဆိုတဲ့ဟာတွေ နည်းလမ်း ရှာသင့်တယ်။ ရပ်တည်ဖို့ ခက်ခဲလာတဲ့ မီဒီယာတွေ လွတ်လွတ်လပ်လပ် ရပ်တည်နိုင်အောင် ပြန်ကြားရေးဝန်ကြီးဌာနက လွတ်လပ်စွာ နှောင်ကြိုးမဲ့ ကူညီထောက်ပံ့မှုတွေ ဘယ်လို လုပ်ပေးနိုင်မလဲဆိုတာမျိုးတွေ စဉ်းစားသင့်တယ်လို့ ထင်တယ်။

ကိုဇေယျာလှိုင်
(မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်)

တလုံးတည်းနဲ့ အပြတ်ပြောပါဆို စိတ်ပျက်စရာလို့ပဲ သုံးသပ်ချင်ပါတယ်။ ဘာလို့လဲဆို လက်ရှိတာဝန်ယူထားတဲ့ ဝန်ကြီးက သူ ဝန်ကြီးမဖြစ်ခင် အရင်ဦးသိန်းစိန်ခေတ်တုန်းက ကျနော်တို့ အတူတူပြောခဲ့တဲ့ စကားတွေ ရှိတယ်။ နိုင်ငံပိုင် အစိုးရရဲ့ ဝါဒ ဖြန့်ချိရေးသတင်းစာတွေ ဖျက်သိမ်းပါဆိုတာ သူကိုယ်တိုင် ပြောခဲ့ဆိုခဲ့တယ်။ တကယ်တမ်း သူတို့ အာဏာရတဲ့ အခါကျ မ ဖျက်သိမ်းတဲ့အပြင် ပိုပြီးတော့တောင် ကျန်တဲ့ ပုဂ္ဂလိကမီဒီယာတွေကို ဒုက္ခရောက်အောင်လုပ်တဲ့ လုပ်ရပ်တွေ ဥပမာအား ဖြင့် ကြော်ငြာကဏ္ဍတွေ။ ကျန်တဲ့ဌာနတွေက လက်ခံဖို့ ပြောပါဆိုတာကို မဟုတ်ဘဲနဲ့ အစိုးရသတင်းစာမှာ ကြော်ငြာမှပဲ လက်ခံသလိုမျိုးတွေ ဒါတွေက ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေ မလုပ်ခဲ့တာ ရှိတယ်။ ဒီသတင်းစာ တွေကို နှစ်စောင် ထုတ်နေတာ အကြောင်းအရာက အတူတူပဲ လျှော့ပါလားဆိုတော့လည်း မလျှော့ဘူး။ ဒါက မြင်သာတဲ့ တပိုင်းပေါ့။

သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေး ကြိုးစားတယ်။ အရင်ဦးသိန်းစိန် ခေတ်ကတည်းက ကြိုးစားခဲ့ကြတာ။ အဲဒါလည်း ၅ နှစ်သာ ကုန်သွားတယ်။ အခုထိ အကောင်အထည် ပေါ်မလာဘူး။

နောက်တခုက သတင်းမီဒီယာဥပဒေ ပြင်ဆင်ရေး ကြိုးစားတယ်။ အရင်ဦးသိန်းစိန် ခေတ်ကတည်းက ကြိုးစားခဲ့ကြတာ။ အဲဒါလည်း ၅ နှစ်သာ ကုန်သွားတယ်။ အခုထိ အကောင်အထည် ပေါ်မလာဘူး။ Right to Information ဥပဒေကိုလည်း ဦးသိန်းစိန်အစိုးရ ကုန်ခါနီးလေးမှာ စပြီး ကျနော်တို့ ဆွေးနွေးတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ဒီ ၅ နှစ်သာ ကုန်သွားတယ် အဲဒါလည်း ဖြစ်မလာဘူး။ နောက် မီဒီယာလောကထဲမှာ လိုင်စင်တွေကို ပြန်ကြားရေးဝန်ကြီးဌာနက ပေါပေါသီသီ ပေးနေ တာမျိုး တွေ့ရတယ်။ မီဒီယာအမည်ခံပြီးတော့မှ လိုင်စင်ယူပြီး အောက်ခြေမှာ မီဒီယာ ကျင့်ဝတ်မညီတဲ့ လုပ်ငန်းတွေ လုပ် နေတဲ့သူတွေ ရှိတယ်။ ဒါတွေလည်း လိုင်စင်တွေ ပေးပစ်တာပဲ။ ကျနော်တို့ မီဒီယာလောကကို ဖျက်ဆီးပစ်ပြီလားလို့ မြင် တာပေါ့လေ။ အဲဒါမျိုးတွေက တကယ့် စိတ်ပျက်စရာ။

အရေးကြီးဆုံးကိစ္စကတော့ Access to Information သတင်းအချက်အလက် ရယူမှုမှာလည်း တော်တော်လေး ခက်ခဲ တယ်။ အဲဒီတော့ ပြန်ကြားရေးဆိုတဲ့အတိုင်း ကျနော်တို့ကို တကယ်သတင်းတွေ ပြန်ကြားပါရဲ့လားဆိုရင် မပြန်ကြားနိုင် ဘူး။ ရိုးရိုးသားသား ဝန်ခံရမယ်ဆိုရင် ကျနော်တို့ လူထုက မင်းတို့စိတ်ကြိုက် ရွေးပါကွာဆိုပြီး အသီးဗန်းကြီး ထိုးထည့် လိုက်တယ်။ အဲဒီ သစ်သီးဗန်းထဲမှာ အကုန်လုံးက ပိုးထိုးလောက်ကိုက်တွေ။ အဲဒီထဲကမှ ကျနော်တို့က ဒါလေးတော့ ဖဲ့ စားလို့ရချည်ရဲ့၊ ဒါလေးတော့ မဆိုးဘူးဆိုတဲ့ အနေအထား ဖြစ်နေတယ်။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ကျနော် ကတော့ သိပ်ပြီးတော့မှ အကြီးအကျယ်တွေ မျှော်လင့်မနေတော့ဘူး။ ဘာဖြစ်လို့လဲဆို ၅ နှစ်ကလည်း ကြုံခဲ့ပြီးသွားပြီ။ အခုလည်း လက်ရှိအာဏာရပါတီက နိုင်သွားတယ်။ အစိုးရလည်း သူပဲဖွဲ့မှာဆိုတော့ ထွေထွေထူးထူး ပြောရမယ်ဆိုရင် ဘာမှမရှိဘူး။ ဘာမှလည်း မျှော်လင့်မနေဘူး ဆိုပါတော့။

You may also like these stories:

မီဒီယာမိတ်ဆွေများအားလုံးကို ကျေးဇူးတင်တယ်

ရွေးကောက်ပွဲသတင်း မြန်မာအသံနှင့် ရုပ်မြင်သံကြားတွင် ဖော်ပြမှုအားနည်းဟု ဝေဖန်

Your Thoughts …
Tags: စာနယ်ဇင်းပြန်ကြားရေးမီဒီယာ
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

by ဧရာဝတီ
29 October 2023
8.5k

ဦးရဲထွဋ်နှင့်အတူ စစ်တက္ကသိုလ်တက်ခဲ့သူများထဲတွင် လက်ရှိစစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးရာပြည့်၊ NLD အစိုးရလက်ထက် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီးကျော်ဆွေ၊ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုဝန်ကြီး နှင့် အာဏာသိမ်းပြီးနောက် ပြည်သူ့ဖက် ရပ်တည်သဖြင့်အနားပေးခံရသော အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းတို့မှာ လူသိများသူများ...

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

ရုရှားရုပ်သံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ “မိုးလုံးပြည့် မုသာဝါဒ”

by မောင်ကဝိ
30 March 2024
8.1k

အဲဒီ တွေ့ဆုံမေးမြန်းမှုဟာ ရုရှားသရော်စာလားလို့သာ မေးရပါမယ်။ အဖြေကတော့ စစ်ကောင်စီထိန်းချုပ် မီဒီယာက ထုတ်ဝေတဲ့ တွေ့ဆုံမေးမြန်းမှု စာသားတွေထဲမှာပဲ ရှိနေပါတယ်။

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

by David Scott Mathieson
10 August 2023
6.6k

မြန်မာစစ်တပ်သည် နိုင်ငံတကာ တရားစီရင်မှုထက် မြန်မာပြည်သူများကို ပိုမိုကြောက်လန့်သည်။

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

စီအိုင်အေ ဘာလုပ်နေလဲ စစ်ထောက်လှမ်းရေးဟောင်းများအား တရုတ် စူးစမ်း

by မောင်ကဝိ
15 November 2024
6.1k

"အမေရိကန်က လုပ်နေနိုင်တဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး တရုတ်က စိုးရိမ်တယ်။ CIA နဲ့ ထိုင်ဝမ် သူလျှိုတွေနဲ့ပတ်သက်ပြီး တရုတ်က သိချင်တယ်"

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

လုံးဝ လွဲခဲ့သော တရုတ် ဂလိုဘယ်တိုင်းမ် အယ်ဒီတာ့အာဘော်

by ဝတ်ရည်ခိုင်မာ
19 September 2023
5.7k

ဂလိုဘယ်တိုင်းမ် အယ်ဒီတာက မြန်မာလူထု လိုလားသည့် ဖက်ဒရယ်နှင့် ပါတီစုံဒီမိုကရေစီ ဆိုသည်မှာ မြန်မာနှင့် မကိုက်ညီသည့် အနောက်တိုင်းပုံစံဟု ကောက်ချက်ချထားသည်။

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

စစ်ကောင်စီက ဂမ်ဘီယာကို လိင်ခရီးသွားလုပ်ငန်း အချက်အချာအဖြစ် အသရေဖျက်

by ဧရာဝတီ
14 November 2023
5.4k

ဦးသိန်းစိန် အစိုးရတွင် ပညာရေးအကြံပေး လုပ်ခဲ့သည့် ရှမ်း-မွန် တိုင်းရင်းသူ ဒေါ်ရင်ရင်နွယ်က ဂမ်ဘီယာနိုင်ငံကို ထိုထက်ပင် ပိုမိုစော်ကားသည်။

Next Post
အလှမယ် ဟန်တီ / Han Thi's Facebook

“ကိုယ့်ပိုက်ဆံနဲ့ ကျောင်းတက်ချင်လို့ ကားရောင်းတာပါ”လို့ ပြောတဲ့ ဟန်တီ

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (SNLD)၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်

ဝန်ကြီးချုပ်နေရာမျိုး တိုင်းရင်းသားပါတီတွေ ပေးမယ်ဆိုရင် NLD အပေါ် ယုံကြည်လာလိမ့်မယ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
3.1k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.6k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved