• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

ကလေးက အဖေ ကြောက်တယ်ဆိုပြီး ပြောတာကို ဘာကြောက်စရာ လိုလဲပြောပြီး ပစ်သွားတာ

by ဧရာဝတီ
24 March 2021
in အင်တာဗျူး
A A
စစ်ကောင်စီ၏ အဖွဲ့ဝင်များ အိမ်ပေါ်တက်၍ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် ကလေးငယ်

စစ်ကောင်စီ၏ အဖွဲ့ဝင်များ အိမ်ပေါ်တက်၍ ပစ်ခတ်မှုကြောင့် သေဆုံးသွားရသည့် ကလေးငယ်

68.4k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ထွန်တုံးရပ်ကွက်အတွင် စစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့ဝင်များက ပစ်ခတ်မှုကြောင့် ၇ နှစ်အရွယ် မိန်းကလေးငယ်တဦး သေဆုံးခဲ့ရသည်။

လက်နက်ကိုင် တပ်ဖွဲ့ဝင်များ သည် ထွန်တုံးရပ်ကွက်အတွင်း ပစ်ခတ်ရင်း မိန်းကလေးငယ်၏ နေအိမ်ကို ဝင်ရောက်လာစဉ် ကြောက်ရွံစိတ်ဖြင့် ဖခင် ဖြစ်သူ ရင်ထဲတိုးဝင်နေသည့် အဆိုပါ ကလေးငယ်ကိုပါ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ကလေးငယ်ကို လက်နက်ကိုင် အဖွဲ့ဝင်များက ပစ်ခတ်သတ်ဖြတ်ခဲ့သည့် အခြေအနေ၊ အလောင်းလုရန် ကြိုးပမ်းခံရမှုများကို သိရှိနိုင်ရန် ကလေးငယ်၏ အစ်မဖြစ်သူကို ဧရာဝတီသတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။ ။ မနေ့က ညနေပိုင်းက အစ်မတို့ အိမ်မှာ ဘယ်လိုဖြစ်သွားတာလဲ။ အဲဒီအခြေအနေကို အရင်ပြောပြပေးပါဦး။

ဖြေ။ ။ မနေ့က ၃ နာရီခွဲ၊ ၄ နာရီလောက်မှာ စစ်သားတွေ ဝင်လာတယ်။ ဆိုင်ကယ် ၁ စီးကို ၃ ယောက် သေနတ်တွေနဲ့ ဝင်လာတယ်။ ဟိုအိမ်ဝင် ဒီအိမ်ဝင် ဝင်လာပြီးတော့ အိမ်တွေကို တံခါးဖွင့် ဆိုပြီး ပြောတယ်။ သူတို့ကို ကြောက်တော့ အိမ်တွေက တံခါးတွေ အကုန်ပိတ်တာပေါ့။ အိမ်ကိုလည်း တံခါးပိတ်ပြီးတော့ အိမ်ပေါ်တက်ပြီး နေတာ။

အိမ်နားရောက်တော့ တံခါးဖွင့်မှာလား၊ မဖွင့်ဘူးလား ဆိုပြီး သေနတ် ထပ်ဖောက်တယ်။ မဖွင့်ရင် သေနတ်နဲ့ ပစ်မယ်တဲ့။ ကလေးတွေကလည်း ကြောက်လန့်ပြီးတော့ အဖေ့နားမှာ မိသားစု အကုန်ထိုင်နေလိုက်တာ။ ခြေထောက်နဲ့ ကန်လိုက် တော့ တံခါးက ပွင့်သွားတာ။ ကလေးလေးက အပါး (အဖေ) ရင်ခွင်ထဲမှာ ထိုင်နေတာ။ အဘိုးကြီးတဲ့ တံခါးဖွင့်ခိုင်းတာကို မဖွင့်ဘူးဆိုပြီး ပြောတော့ ကျနော်က ကလေးရှိနေလို့ပါ ဆိုပြီး ပြောတာ။ ဒါ လူကုန်ပဲလား အဘိုးကြီးတဲ့ ခင်ဗျား အသက် ကြီးပြီ ဗရမ်းပတာ မပြောနဲ့ဆိုပြီး ပြောတော့ ကျနော့် မိသားစု အကုန်ပါပဲ ဆိုပြီး အဖေက ပြောတဲ့ အချိန်ကျတော့ အိမ်ပေါ် တွေ ဘေးတွေရော ပတ်ကြည့်တယ်။ အပါး (အဖေ) ကို အဘိုးကြီး လိမ်တယ်ဆိုပြီးတော့ ပြောပြီးတော့ သေနတ်နဲ့ ပစ် သွားတာ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
101
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
56
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
164

ကလေးထိမှန် သွားတာကို သိတော့ ကလေးဘာမှ မဖြစ်ဘူး ကျုပ်ကို ကလေးပေးလိုက်တဲ့ အဲဒီလို ပြောတာ။ အဖေက ကလေးက ဘာဖြစ်မှန်း မသိသေးဘူး အခြေအနေ ကြည့်လိုက်ဦးမယ်။ ပြီးရင် ပေးမယ်ဆိုပြီး ပြောလိုက်တာ။ ခဏနေတော့ အောက်က ကလေးတွေကို လိုက်ဖမ်းနေတော့ ဒီကိစ္စကို မဲမသန်တော့ဘူး။ အပါး (အဖေ) ကနေ အိမ်သာနောက်ထဲ ကလေးကို ချီပြီး ပြေးတာ သွေးတွေကလည်း မတရား ရဲထွက်နေတာ။ အပါး (အဖေ) ပုဆိုးတွေရာ အင်္ကျီတွေရော ရွှဲနစ်နေ တာ။ သူတို့ဟိုဘက်လစ်နေတုန်း အသင်းကားနဲ့ ဆေးရုံပို့တဲ့ အချိန်ပဲ ဆေးရုံပေါ်တောင် မရောက်ပါဘူး။ လမ်းမှာတင် ဆုံး သွားတာ။

မေး ။ ။ သေဆုံးသွားတဲ့ ကလေးရဲ့ အသက်က ဘယ်လောက်လဲ။

ဖြေ ။ ။ ကလေးက သူ့မွေးသက္ကရာဇ်နဲ့ ပြန်တိုက်ကြည့်တော့ ၆ နှစ်နဲ့ ၃ လပဲ ရှိသေးတယ်။ မနေ့က အလွယ် ၇ နှစ်နဲ့ ပြော နေတော့လေ။ ဖမ်းသွားတဲ့လူကလည်း ဘာသတင်းမှ အစအန မရဘူး။ ကလေးရဲ့ အစ်ကို ပါသွားတာ။ ၂၁ နှစ်အရွယ် ပေါ့။ အဲဒီနေ့က ကလေးကို ဂုတ်ကနေ တရွတ်တိုက်ဆွဲခေါ်သွားတာ အိမ်ပေါ်ထပ်ကနေ။ ၂ ယောက် ၃ ယောက် နောက်က နေ ခြေထောက်နဲ့ ကန်တဲ့သူကကန်။ အဖေကလည်း လက်ထဲက ကလေးကို ကြည့်ရမလား။ သားအကြီးကို ကြည့်ရမလား သောကတွေနဲ့။ သောကတွေများပြီး ကလေးကိုကြည့်နေရတော့ ဟိုကလေးကို မသိလိုက်ဘူး။ အခုထိလည်း အခြေအနေ က ဘာမှ မထူးဘူး။

မေး။ ။ သေနတ်နဲ့ပစ်တဲ့ အချိန်မှာ အစ်မ အဖေရဲ့ ရင်ခွင်ထဲမှာ ကလေးရှိတာကို သူတို့ စစ်သားတွေ သိလား။

ဖြေ။ ။ သိတယ်၊ သိတယ်။ သိသိရဲ့နဲ့ ပစ်တာ ကလေးက အပါး (အဖေ) ကြောက်တယ်၊ ကြောက်တယ် ဆိုပြီး ပြောတာကို ဘာကြောက်စရာ လိုလဲပြောပြီး ပစ်သွားတာ။

မေး။ ။ အိမ်ထဲကို ဝင်လာတာ ဘယ်နှယောက်ရှိလဲ၊ ဘယ်လိုပုံစံတွေလဲ။

ဖြေ။ ။ ဝင်လာတဲ့လူတွေက ရဲဝတ်စုံတွေ ဝတ်ထားတယ်။ ၁ ယောက်က ကျတော့ စစ်သားဝတ်စုံ ဝတ်ထားတယ်။ ကလေး ကို ပစ်သွားတာကတော့ ရဲဝတ်စုံနဲ့က ပစ်တာ။ သူတို့ရဲ့ မျက်လုံးတွေက နီရဲပြီးတော့ ဘီလူးဝင်စီးနေတဲ့ ပုံစံမျိုးတွေနဲ့ လူ တွေကို ခြောက်လှန့်တာ ကြောက်စရာ ကောင်းလိုက်တဲ့ ကြည့်တဲ့ အကြည့်တွေနဲ့။ အိမ်ထဲကို ဝင်လာတာ ၅ ယောက် လောက် ရှိတယ်။ လှေကားတွေမှာ ရပ်နေတာတော့ မသိဘူးပေါ့။ အပေါ်ကိုတော့ ၅ ယောက်လောက် တက်လာတာ။ အပေါ်မှာ ကြောက်လို့ ယောက်ျားလေးတွေများ ဖမ်းမလားဆိုပြီး ဘယ်သူတွေကို ဘာလုပ်မလဲ ဆိုပြီး တယောက်နဲ့ တယောက် မောင်နှမတွေ ကြောက်စိတ်နဲ့ နေနေတာ။ အမေက ဖြစ်ချင်တော့ နောက်ဖေး အိမ်သာ သွားနေတာ။ အိမ်မှာ အဖေရယ် အမရယ် ကလေးတွေရယ် အားလုံး ၈ ယောက် ရှိနေတာပေါ့။

မေး။ ။ ဆေးရုံပို့ပြီး နောက်ပိုင်း ဘာတွေ ဆက်ဖြစ်သေးလဲ။

ဖြေ။ ။ ကလေး ဆေးရုံရောက်သွားတော့ ကလေးကို အသည်းအသန် ရှာတယ်။ ကျနော်တို့က ဆေးရုံရောက်ပြီးတော့ တ နေရာမှာ အိပ်နေတာ။ အိမ်ထဲကို ဆိုင်ကယ်တွေနဲ့ လာလာပြီးတော့ ရှာတာ။ အိမ်တံခါးကြီးကို ခြေထောက်နဲ့ တဝုန်းဝုန်း ကန်တာ ၂ ခါ ၃ ခါ ပတ်ပတ်ပြီးတော့ အိမ်တွေကို ဖွင့်ကြည့်တဲ့ အောက်ထပ်တွေကြည့်လိုက် အပေါ်ကို တက်ကြည့်လိုက်နဲ့ ကလေးကို ရှာတာပေါ့။ အဲဒါက ၆ နာရီခွဲလောက်က ရှာတာ။ ဆေးရုံက ၄ နာရီခွဲလောက်မှာ ရောက်တာ။ အကုန်လုံးက ကြောက်ပြီး ပြောင်းသွားကြတာ။

ဘေးပတ်ဝန်းကျင်က မရှိတဲ့ အချိန် သူတို့လာရှာတာပေါ့။ မြင်တဲ့လူက မလာခဲ့နဲ့ဦး ဒီမှာ အန္တရာယ်များတယ်။ ကလေး လာ ရှာနေတယ် ဆိုပြီး လှမ်းပြီး သတင်းပို့ပေးတာပေါ့။ ကျနော်တို့ကလည်း ကြောက်တော့ အခုထိ သူများအိမ်မှာ နေနေရတာ ပေါ့။ ကလေးကတော့ သဂြိုဟ်ပြီးပြီ။ အသည်းသန် သဂြိုဟ်လိုက်ရတာပေါ့။ လိုက်လုမှာစိုးလို့။

မေး။ ။ အခုလို မိသားစုဝင် တယောက်၊ ကလေးငယ်တယောက် ဆုံးရူံးလိုက်ရတဲ့ အပေါ် ဘာများပြောချင်လဲ။

ဖြေ။ ။ ဒီလိုမျိုး ကိုယ့်ညီမလေးကို နိုင်ထက်စီးနင်း လုပ်တယ်။ သားသမီးချင်း ကိုယ်ချင်းမစာဘူးပေါ့။ ဒီကလေးရယ်လို့ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းကို ဒီလိုမျိုး နိုင်ထက်စီးနင်း လုပ်ပြီး အနိုင်ကျင့် မတရား ဖိနှိပ်ချုပ်ချယ်မှုတွေ ဖြစ်နေတာကို ရပ်တန်းကနေ ရပ်စေချင်ပါပြီ။ ကျနော်တို့လည်း ပူပြင်းသောကတွေနဲ့ မအိပ်နိုင်မစားနိုင်နဲ့ စီးပွားရေး အဆင်မပြေရတဲ့ကြား ထဲ ဒါတွေဖြစ်တော့ ပိုဆိုးတာပေါ့။ ကျနော့် ညီမလေးအတွက်လည်း ဝမ်းနည်းရတာပေါ့။ ဆုံးရှုံးရတာပေါ့။ အမေနဲ့ အပါး (အဖေ) ကိုလည်း ကုသိုလ်နဲ့ ဖြေလိုက်လို့ ပြောရတာပေါ့။ အမေကလည်း သူ့သမီးသေတော့ ငိုတာပေါ့။ မိဘတယောက် သားသမီးကို ဆုံးရှုံးသွားရင် ဘယ်လိုခံစားရလဲ ဆိုတာ ကိုယ်ချင်းစာမှာပါ။ လက်ရှိတော့ အိမ်ကို မပြန်ရဲဘူး။ သူများအိမ်မှာ အကူအညီတောင်းပြီးတော့ နေနေရတာပေါ့။

မေး။ ။ ဖမ်းခေါ်ခံရတဲ့ မောင်လေးအတွက်ရော ဘာပြောချင်သေးလဲ။

ဖြေ။ ။ ဖမ်းသွားတဲ့ထဲမှာ ၂ ယောက်က အသည်းအသန် ဖြစ်နေတယ်။ သူတို့ရိုက်နှက်ထားတဲ့ ကလေးတွေက သေမလား၊ ရှင်မလားဆိုပြီး မသိရသေးဘူး အခုက သတင်းပဲ ကြားရတာပေါ့။ မောင်လေးအပါဆို လမ်းထဲက ကလေးတွေ ၉ ယောက် ပါသွားတာပေါ့။ ဆန္ဒပြပွဲတွေနဲ့ မဆိုင်တော့ဘူး။ အကြမ်းဖက်မှုကို ဖြစ်နေတာ။ ဒီတိုင်း အိမ်တွေကို ဝင်စီးပြီးတော့ ဟိုဘက် လမ်းထိပ်နဲ့ ဒီဘက်လမ်းထိပ်ကို ပိတ်ပြီးတော့ လူတွေကို ဒုက္ခပေးသွားတာ သွေးအိုင်တွေထဲမှာ ပင်လယ်မြောနေတယ်။

You may also like these stories:

စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြရင်း ဖမ်းဆီးခံရသူ ၆၀၀ ကျော် ပြန်လွတ်လာ

ရန်ကုန်မြို့နယ်အချို့ ခြိမ်းခြောက်ဖိအားပေး၍ ဧည့်စာရင်းစနစ် ပြန်စတင်

Your Thoughts …
Tags: ထွန်တုံးရပ်ကွက်ပစ်ခတ်မှုမန္တလေးလက်နက်ကိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

Next Post
ရက္ခိုင့်တပ်တော် (Arakan Army - AA) ၏ လက်မောင်းတံဆိပ် / ဧရာဝတီ

စစ်အာဏာသိမ်းမှုကို AA ရှုတ်ချ

ယနေ့ မတ်လ ၂၄ ရက် Silent Strike လို့ ခေါ်တဲ့ အသံတိတ်သပိတ် ပြုလုပ်ခဲ့သည့် ရန်ကုန်မြို့ မြင်ကွင်း

တိတ်ဆိတ် ဟစ်ကြွေး နှစ်ဆယ့်လေး

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

9 hours ago
2.9k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.5k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved