• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အမြစ်တွယ်နေတဲ့ စနစ်ကြီးပြောင်းအောင် တော်လှန်တာ မာရသွန်ပြေးသလိုပါပဲ

by ဧရာဝတီ
6 September 2025
in အင်တာဗျူး
A A
အမြစ်တွယ်နေတဲ့ စနစ်ကြီးပြောင်းအောင် တော်လှန်တာ မာရသွန်ပြေးသလိုပါပဲ

ဩစတြေးလျနိုင်ငံတွင် ဩဂုတ်လ ၃၁ ရက်က ပြုလုပ်ခဲ့သော Sydney Marathon 2025 ပြိုင်ပွဲ၌ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ပြေးခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦးပုံရိပ်များ/ Heart Beams Rising’s Post

508
VIEWS
Share on FacebookShare on Twitter

ဩစတြေးလျနိုင်ငံတွင် ဩဂုတ်လ ၃၁ ရက်က ပြုလုပ်ခဲ့သော Sydney Marathon 2025 ပြိုင်ပွဲ၌ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ပြေးခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦးသည် ပြိုင်ပွဲပြီးဆုံးသည်အထိပါဝင်ပြီးနောက် ရိုးရာဝတ်စုံဖြင့် အမြန်ဆုံး မာရသွန်အချိန်ကို သတ်မှတ်နိုင်ခဲ့ကာ ကမ္ဘာ့ဂင်းနစ်စံချိန် မှတ်တမ်းတင်နိုင်ခဲ့သည်။

ဒေါက်တာ မြင့်မိုရ်ဦးသည် အားကစားဝတ်စုံအစား မြန်မာဝတ်စုံ အပြည့်အစုံဝတ်ဆင်ကာ ၄၂ ဒသမ၂ ကီလိုမီတာ (၂၆ မိုင်) အကွာအဝေးရှိ ပြိုင်ပွဲကို ၄ နာရီ ၁၂ မိနစ်နှင့် ၁၉ စက္ကန့်အတွင်း ပြေးခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာ မြင့်မိုရ်ဦးသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့၏ သမီး ဖြစ်ပြီး မာရသွန်ပြိုင်ပွဲတွင် မြန်မာဝတ်စုံဖြင့် ပါဝင်ခဲ့ပုံ၊ မာရသွန်ပြိုင်ပွဲဝင်ရင်း စစ်အာဏာရှင်ကို ဆန့်ကျင်မှုလှုပ်ရှားမှု ပြုလုပ်ခဲ့ပုံ တို့ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားသည်။

မေး။ ။ ဆစ်ဒနီ မာရသွန် ၂၀၂၅ ပြိုင်ပွဲမှာ မြန်မာဝတ်စုံနဲ့ ပြေးခဲ့တဲ့ ရည်ရွယ်ချက်လေး ပြောပြပေးပါ။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
3
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
9
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
388

ဖြေ။ ။ ဒီနှစ်ဆစ်ဒနီမာရသွန်က Abbott World Marathon Major အနေနဲ့ ပထဆုံးနှစ်အနေနဲ့ ကျင်းပတာပါ။ တကယ့်ကို ကြီးကျယ်တဲ့ မာရသွန်ပွဲကြီးပေါ့။ နိုင်ငံပေါင်းများစွာက လာပြိုင်မယ်။ အပြေးသမားတွေလည်း ၃သောင်းခွဲကျော် လာပြိုင်မယ့်ပွဲဖြစ်တော့ ကျမက စဉ်းစားမိ တာ ကမ္ဘာကလည်း မြန်မာကို ပြန်ပြီးစိတ်ဝင်စားလာအောင် ပြီးတော့ ပြည်တွင်းမှာဖြစ်နေတဲ့ အရှိအမှန်တရားတွေကို သိစေချင်တဲ့ ရည်ရွယ်ချက်ရယ် မာရသွန်ပြေးရင်း စစ်အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နေတဲ့ ပြည်သူတွေကို ဂုဏ်ပြု တဲ့အနေနဲ့ရော စစ်ဘေးရှောင်ဒုက္ခရောက်နေတဲ့ ပြည်သူတွေကိုလည်း ကျမက ကိုယ်ချင်းစာနားလည်ပေးတဲ့ ရည်ရွယ် ချက်နဲ့ မြန်မာဝတ်စုံနဲ့ ပြေးခဲ့တာ ဖြစ်ပါတယ်။

မေး။ ။ အခုလို မြန်မာဝတ်စုံထမီနဲ့ ၂၆ မိုင်ကျော် ပြေးနိုင်ဖို့အတွက် ဘယ်လောက်ထိ လေ့ကျင့်လိုက်ရလဲ။

ဖြေ။ ။ မြန်မာဝတ်စုံနဲ့ပြေးရတော့ အခက်အခဲတွေတော့ ရှိတာပေါ့။ မြန်မာဝတ်စုံနဲ့ မဟုတ်ရင်တောင် မာရသွန် အတွက်ဆိုရင်က တော်တော်ပြင်ဆင်လေ့ကျင့်ရတယ်။ ပုံမှန်ပြေးနေကျဆိုရင်တောင် အနည်းဆုံး ၁၂ ပတ်ကနေ ၁၆ ပတ်လောက်အထိ အချိန်ပေးပြီး ပြင်ဆင်ရတယ်။ ကျမက ကလေး ၃ယောက်အမေလည်းဖြစ်တယ်။ အလုပ်ကလည်း အချိန်ပြည့်အလုပ်လုပ်တော့ လေ့ကျင့်တဲ့လုပ်ငန်းစဉ်တွေကိုတော့ သေချာလိုက်နာပြီး မလုပ်နိုင်ဘူး။

ရတဲ့အချိန်လေးမှာ အပြေးလေ့ကျင့် မနက်အလုပ်မသွားခင်မှာပြေး ညဘက်အလုပ်ကပြန်လာ ညစာစားပြီးတော့ ပြေး အဲဒီလို လေ့ကျင့်ခဲ့ရတာပေါ့။ စနေ၊တနင်္ဂနွေဆိုရင်လည်း ကလေးတွေမထခင် ပြေးရတယ်။ မာရသွန်နားနီးတဲ့အချိန် တလအတွင်းလောက်ဆိုရင် ၃၆ ကီလိုမီတာ ၃၀ ကီလိုမီတာ အဲဒီလိုမျိုးပြေးတဲ့နေ့တွေဆို အမျိုးသားကို ကလေးတွေ ကြည့်ပေးဖို့၊ သင်တန်းတွေပို့ပေးဖို့ တာဝန်ပေးထားရတာပေါ့။ အမျိုးသားရဲ့ ထောက်ပံ့မှုတွေလည်းပါ ပါတယ်။

အပြေးကျင့်နေတဲ့အချိန်တွေ တချို့ရက်တွေမှာတော့ ထမီနဲ့လည်း ဝတ်ပြီးပြေးတာပေါ့။ ကျမက ပုံမှန်ဆိုရင် လူကောင်က သေးပြီး မိန်းမသာဖြစ်တာ ပြေးရင်ခြေလှမ်းကကျဲတယ်။ ထမီနဲ့ကျတော့ ခြေလှမ်းကျယ်ကျယ်က ပြေးလို့ အဆင်မပြေဘူး။ အဲဒီတော့ ခြေလှမ်းကိုကျဉ်းပြီး ခပ်သုတ်သုတ်နဲ့ မြန်မြန်လေးပြေးနိုင်ဖို့ လေ့ကျင့်ယူခဲ့ရတာတွေ၊ ကိုယ့်ရဲ့ပြေးတဲ့ပုံစံကို ပြောင်းခဲ့ရတာမျိုးတွေရှိပါတယ်။ အစအဆုံးကို ထမီနဲ့ အစအဆုံးပြေးခဲ့ရတာ။

ဩစတြေးလျနိုင်ငံတွင် ဩဂုတ်လ ၃၁ ရက်က ပြုလုပ်ခဲ့သော Sydney Marathon 2025 ပြိုင်ပွဲ၌ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ပြေးခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦးပုံရိပ်များ/ Heart Beams Rising’s Post

မေး။ ။ ဂင်းနစ်စံချိန်ဝင်အောင်လို့ ရည်ရွယ်ပြီး ပြေးခဲ့တာလား။

ဖြေ။ ။ ဟုတ်ကဲ့ ဂင်းနစ်စံချိန်လည်း ဝင်အောင်ပေါ့။ အရင်ဦးဆုံး လျှောက်လွှာတင်ရတယ်။ အဲဒီမှာ သူတို့ဘက်ကနေ ဘယ်ဝတ်စုံဝတ်မှာလဲ။ ဓာတ်ပုံတွေရိုက်ပြီး ပို့ရတယ်။ ကြည့်ပြီး ထောက်ခံတယ် သဘောတူတယ်ဆိုမှ အက်ပလီကေးရှင်း ကို လက်ခံတယ်။

တကယ်ပြေးတဲ့နေ့ကျတော့လည်း ပြိုင်ပွဲမစခင်မှာ ပွဲပြုလုပ်သူတွေနဲ့ ဓာတ်ပုံရိုက်မှတ်တမ်းတင်၊ သူတို့က ကိုယ့်ရဲ့ဝတ်စုံ ကိုကြည့်တယ်။ ပြေးတဲ့နေ့က စောင့်ကြည့်နေတဲ့သူ ရှိတယ်။ တလမ်းလုံးမှာ ဒီဝတ်စုံနဲ့ပဲ ချွတ်လို့မရဘူး။ ပဝါခြုံထားရင် ပဝါနဲ့ပဲ ပန်းတိုင်ဝင်ရမယ်။ တလမ်းလုံးမှာလည်း ပုဝါဝတ်ထားရမယ်။ တလမ်းလုံးမှာ လိုက်ကြည့်တဲ့သူရှိတယ်။ ပန်းတိုင်ဝင် တော့လည်း ကိုယ့်ကိုလိုက်ကြည့်ထားတာ တွေနဲ့ မှတ်တမ်းတင်တာပါ။

မေး။ ။ မြန်မာဝတ်စုံရွေးချယ်မှုအပိုင်းမှာရော ဘယ်လိုရွေးချယ်ခဲ့ရလဲ။

ဖြေ။ ။ ဒီဇိုင်းကတော့ ဘယ်လိုရယ်လို့ မဟုတ်ဘူး။ ၂၀၁၃ ဘွဲ့ယူတုန်းက ဝတ်တဲ့ထမီ၊ အဲဒီထမီက Zu Zu Collection က ချုပ်ပေးထားတာ။ အာဇာနည် ၉ ယောက်ထဲက မိုင်းမွန်စော်ဘွားကြီးစပ်စံထွန်းရဲ့ မြေး၊ သူက ဒီမှာ ကျမရဲ့အင်္ကျီကို ချုပ်ပေးထားတာ။

အဲဒီတုန်းက ချုပ်ထားတာက ဇာ ဆိုတော့ ဇာနဲ့က ပြေးရင် အဆင်မပြေလို့၊ ဒီဇိုင်းကိုသေချာလုပ်ပေးပြီးတော့ ပိတ်စ အသားက အားကစားလုပ်တဲ့ ပိတ်စသားလို ဆွဲသားလေး။ ဆွဲသားဆိုတော့ ပြေးရတာပိုပြီး အဆင်ပြေတယ်။ ဆွဲသားရင်ဖုံးကို အထဲမှာ ကြယ်သီးပြုတ်သွားရင်တောင် အတွင်းခံမပေါ်အောင် သေသေချာချာ ချုပ်ပေးထားတာ။

ပုဝါကကျတော့ ကျမရဲ့ တဦးတည်းသော အစ်ကိုရဲ့ မင်္ဂလာဆောင်မတိုင်ခင်က အပြေးအလွှားဝယ်ထားတဲ့ ပုဝါလေးပေါ့။ အဲဒီလို ၃ မျိုးနဲ့ဖြစ်သွားတာ ဘာရယ်လို့တော့ မဟုတ်ဘူး။ အကုန်လုံးက အမှတ်တရတန်ဖိုးရှိတာတွေ ပေါင်းစပ်လိုက် တာပါ။ ပန်းကတော့ ပိတောက်ရယ်လို့တော့ မဟုတ်ဘူး။ ပိတောက်နဲ့တူတဲ့ပန်းပေါ့။ နှင်းဆီအဖြူရောင်ရယ် ပိတောက်နဲ့ ခပ်ဆင်ဆင်ပန်းအဝါကို ပိတောက်လို့ ယူဆပြီး ပန်လိုက်တာပါ။

မေး။ ။ ဆုအနေနဲ့ရော ဘာတွေရခဲ့လဲ။

ဖြေ။ ။ ဆုလိုမျိုး ရတာတော့ မဟုတ်ဘူး။ ပန်းတိုင်ဝင်တဲ့ လူတိုင်းရတာမျိုးတော့ ရတယ်။ ပြေးတာ မြန်လွန်းလို့ ဆုရ တာတော့ မဟုတ်ပါဘူး။ မြန်မာဝတ်စုံနဲ့ ပြေးတာမှာ ဂင်းနစ်မှတ်တမ်းဝင်တာပါ။ တကယ့်ကို ပရော်ဖက်ရှင်နယ် ပြေးတဲ့သူ တွေဆို ၂ နာရီကျော်နဲ့ကို နိုင်သွားကြတာ။ ကျမက သူတို့ထက် ၂ ဆလောက် ကြာတာပါ။ ပရော်ဖက်ရှင်နယ် လိုမျိုးတော့ ပြိုင်တာ မဟုတ်ဘူး။ ဆုရအောင်လို့လည်း ပြိုင်တာ မဟုတ်ပါဘူး။

မေး။ ။ ဂင်းနစ်စံချိန်ဝင်ပြီးနောက်ရော ဘာပြောင်းလဲသွားလဲ။

ဖြေ။ ။ လူတွေစိတ်ဝင်တစားတော့ ရှိတယ်။ ကျမကတော့ ပုံမှန်ပြေးတာလေးကို ကြိုက်လို့ ပုံမှန်အားကစား ဆက်လုပ်မယ်ပေါ့။ ဒါပါပဲ။ ဘာမှတော့ ထပ်ပြီး ကျမဘက်က ထူးခြား မသွားပါဘူး။

မေး။ ။ ဘယ်တုန်းကတည်းကစပြီး အခုလို ပြေးလာခဲ့တာလဲ။

ဖြေ။ ။ ကျမက ၂၀၁၉ ကမှ စပြီးပြေးတာ၊ အဲဒီမတိုင်ခင်အထိ မပြေးဘူး။ တခြားအားကစားတွေ ရေကူးတာတို့ ကရာတေးတို့တော့ အရမ်းလုပ်ခဲ့တယ်။ ငယ်ငယ်ကဆို မျောက်ရှုံးအောင် အရမ်းဆော့တာ။ ပြေးတာတော့ ၂၀၁၉ မှာမှ စပြီး ပြေးတယ်။ ၂၀၂၁ မှာကျတော့ ကိုဗစ်တွေဖြစ်တော့ ပြေးတာ ခဏရပ်လိုက်ရတယ်။

အဲဒီအထိကို ပြေးတာ ဝါသနာမပါဘူး။ ပြေးရမယ်ဆိုစိတ်ကိုညစ်နေတာ၊ ကျန်းမာရေးအတွက်သာပြေးတာ၊ ပြေးတာက Gym ဖိုးတွေ ဘာတွေအတွက် ပိုက်ဆံပေးဖို့မလိုဘူး။ ဖိနပ်တရံရှိရင် အိမ်ကနေ အိမ်ပြင်ထွက်ပြီး ပြေးလို့ရတယ်။

ကျမဆို စပြေးတုန်းက အားကစားဝတ်စုံတွေဘာတွေ ဘာမှ မဝယ်ဘူး။ ဒီတိုင်းပဲရှိတာနဲ့ ဝတ်ပြီးပြေးတာ။ ၂၀၂၃ လောက်ရောက်တော့မှ ပြေးတာကို ဝါသနာပါပြီး ပုံမှန်ပြေးဖြစ်သွားတာပါ။ အဲဒီတုန်းကမှ အပြေးပြိုင်ပွဲတွေစပြီး ဝင်ခဲ့တာပေါ့။ စစချင်းကဆို ၅ ကီလိုမီတာပြေးဖို့ကို ၁နှစ်နီးပါးလောက်ကျင့်ယူခဲ့ရတာ။ တချို့လူတွေလို အပြေး Talent ပါမလာဘူး။ တော်တော်ကျင့်ယူခဲ့ရတာပါ။

မေး။ ။ မာရသွန်ပြိုင်ပွဲတွေထဲဝင်တာကရော ဘယ်နှပွဲလောက်ရှိပြီလဲ။

ဖြေ။ ။ ၂၀၂၃ မှာ ၂၁ ကီလိုမီတာ မာရသွန် တပွဲဝင်ခဲ့တယ်။ အဲဒီတုန်းက ပြိုင်ပွဲဝင်ရတာ တော်တော်ပျော်ဖို့ ကောင်း တာပဲဆိုပြီး တနှစ်တခါဝင်ခဲ့တယ်။ ဒီနှစ်နဲ့ဆို ၃ခုပေါ့။ ကျမက မာရသွန်ထက် မာရသွန်အလွန်ပွဲ မာရသွန်ထက် ပိုဝေးတဲ့ အကွာအဝေးကို ပြေးတဲ့ပွဲတွေ အဲဒါကတော့ ၄၊၅ ပွဲရှိပြီ အဝေးဆုံးပြေးခဲ့တဲ့ပြိုင်ပွဲဆို ၁၃၅ ကီလိုမီတာ နာရီ ၂၀ မနားတမ်းပြေးခဲ့တဲ့ပွဲပေါ့။

အဲဒါတွေလည်း လုပ်ခဲ့ပါတယ်။ ကျမက ကိုယ့်ဒုက္ခကိုယ်ရှာတာ ဝါသနာပါတယ်။ ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးတာပေါ့လေ။

မေး။ ။ ကိုယ်တိုင်က ကလေး ၃ယောက်ရဲ့ မိခင်တဦးလည်းဖြစ်တယ်။ မိခင်တယောက်အနေနဲ့ အပြေးအားကစားကို အချိန်ပေးပြီးတော့ လုပ်နေတာဆိုတော့ အားကစားလုပ်ဖို့ အမျိုးသမီးတွေကိုရော ဘယ်လိုစိတ်ဓာတ်ခွန်အားပေးချင်လဲ။

ဖြေ။ ။ အရင်တုန်းကဆို တချို့တွေက ပြောကြတယ်။ အိမ်အလုပ်လုပ်နေရမယ့် အချိန်မှာ သွားပြေးတယ်။ ဒါက တကိုယ်ကောင်းဆန်တယ်ဆိုပြီး တချို့တွေက မြင်ရင်မြင်ကြမယ်။ ကျမအနေနဲ့ကတော့ ကိုယ်ကျန်းမာမှ ကိုယ့်သားသမီး တွေကို စောင့်ရှောက်နိုင်မှာ။ သူတို့ကြီးလာတဲ့အထိ ကျန်းကျန်းမာမာရှိပေးရမယ်။ ကိုယ်အသက်ကြီးလာရင်လည်း ကျန်းမာသန်စွမ်းနိုင်မှ သူတို့ကိုမှီခိုနေဖို့မလိုအောင် ကိုယ့်ကျန်းမာရေးအတွက်ကို ရင်းနှီးမြှုပ်နှံပေးတာ။ သားသမီးတွေ အတွက်လည်းပါတယ်။

အားကစားဆိုတာက ကိုယ်လက်ကျန်းမာရေးတင် မဟုတ်ဘူး။ စိတ်ကျန်းမာရေးအတွက်လည်း အများကြီး အကျိုးရှိပါ တယ်။ ပိန်ဖို့မဟုတ်ဘူး။ လှဖို့မဟုတ်ဘူး။ ကျန်းမာသန်စွမ်းဖို့ဆိုတာက တကယ်ကိုအရေးပါတယ်။ မိခင်ပဲဖြစ်ဖြစ် မိခင် မဟုတ်ရင်ဖြစ်ဖြစ် အချိန်ြ ဖြစ်ဖြစ် အိမ်မှာနေတဲ့မိခင်ဆိုရင်လည်း အလုပ်တွေက တကယ့်ကိုများကြတာ။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ဖို့ ကိုယ့်အတွက်ကိုယ် အချိန်ပေးဖို့က တကယ်အရေးပါတယ်။

မေး။ ။ ဒီမာရသွန်ပြိုင်ပွဲမှာလည်း မြန်မာ့နိုင်ငံရေးအတွက် လှုပ်ရှားမှုပြုလုပ်သွားတာတွေ့ရတော့ လုပ်ဖြစ်သွား တာလည်း ပြောပြပေးပါဦး။

ဖြေ။ ။ အဲဒါကတော့ ကျမက ပြေးတာ အားကစားက ကိုယ်ဝါသနာပါလို့လုပ်နေတာပေါ့။ ဝါသနာပါတာ လုပ်နေ ပေမယ့် ကိုယ့်မြန်မာပြည်အတွက်လည်း လှုပ်ရှားမှုလေး ဖြစ်သွားအောင်လို့ဆိုပြီး လုပ်ဖြစ်လိုက်တာပါ။ မာရသွန်ပွဲအတွက်ကတော့။

ဩစတြေးလျနိုင်ငံတွင် ဩဂုတ်လ ၃၁ ရက်က ပြုလုပ်ခဲ့သော Sydney Marathon 2025 ပြိုင်ပွဲ၌ မြန်မာ့ရိုးရာဝတ်စုံ ဝတ်ဆင်ကာ ဝင်ရောက်ပြေးခဲ့သည့် ဒေါက်တာမြင့်မိုရ်ဦးပုံရိပ်များ/ Heart Beams Rising’s Post

မေး။ ။ လက်ရှိမြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲ။

ဖြေ။ ။ အမြင်ကတော့ လူအများစုလိုပါပဲ။ ကျမရဲ့မိဘတွေနဲ့လည်း ရင်ဘတ်တူတူပဲပေါ့။

မေး။ ။ နောက်ပိုင်းရော မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဘာတွေဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ။ ။ နောက်ပိုင်းလည်း ကိုယ်ဝါသနာပါလို့ လုပ်နေတဲ့ မာရသွန်တို့ အပြေးအားကစားတို့ အဲဒါတွေနဲ့ ဆက်စပ်ပြီး တော့ မြန်မာနိုင်ငံ မြန်မာလူမျိုးတွေအတွက် အကျိုးရှိမယ်လို့ ထင်တဲ့ဟာလေးတွေတော့ လုပ်ခွင့်ရမယ်ဆိုရင် လုပ်ဖြစ် မှာပါ။

မေး။ ။ အခုဆို သတင်းတွေမှာ မြန်မာလူမျိုး မမြင့်မိုရ်ဦးအနေနဲ့ရော ဦးကျော်သူသမီးအနေနဲ့ရော ဂုဏ်ယူနေကြတဲ့ အပေါ်မှာရော ဘယ်လိုခံစားရပါသလဲ။

ဖြေ။ ။ မေမေ ဖေဖေတို့ရဲ့ သားသမီးဖြစ်ခဲ့ရတော့ တသက်လုံးမှာတော့ မျက်နှာပွင့်ခဲ့ရတယ်။ ဂုဏ်တက်ခဲ့ရတယ်။ ကျမဘက်ကလည်း အခုတလှည့် မေမေ ဖေဖေတို့ကို ဂုဏ်ယူခွင့်ရအောင် ကျေးဇူးဆပ်နိုင်လို့ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ပြီးတော့ မြန်မာလူမျိုးအနေနဲ့လည်း ကိုယ့်စွမ်းရည်နဲ့ ဖော်ထုတ်ပေးနိုင်တာအတွက်လည်း ပီတိဖြစ်ရပါတယ်။

မေး။ ။ မိဘတွေကရော ဒီသတင်းကြားတော့ ဘာပြောကြတာရှိလဲ။

ဖြေ။ ။ သူတို့လည်း သတင်းတော့ ကြားပါတယ်။ ဝမ်းသာပီတိ ဖြစ်နေကြတာပေါ့။ အဆက်အသွယ်ကတော့ တချက် တချက်တော့ ရှိပါတယ်။ ဖေဖေ မေမေ သူတို့လည်း နေကောင်းကျန်းမာကြပါတယ်။ လုံခြုံတဲ့တနေရာ ကမ္ဘာတနေရာမှာ ရှိကြပါတယ်။

မေး။ ။ နောက်ပိုင်းဘာတွေဆက်လုပ်သွားဖို့ရှိမလဲ။

ဖြေ။ ။ ကျမကတော့ ပြေးတာကတော့ ဝါသနာပါလို့ ပြေးတာဆိုတော့ ဝါသနာပါသရွေ့တော့ ဆက်ပြေးနေမှာပါပဲ။ တခြားပွဲတွေလည်း ဆက်ပြီးတော့ ပြိုင်တာတွေလည်းရှိနေပါတယ်။ ဆုရဖို့ရယ်တော့မဟုတ်ပါဘူး။ ကြီးကြီးကျယ်ကျယ် ရည်မှန်းချက်တော့ မရှိပါဘူး။

နောက်ပိုင်းတော့ မြန်မာဝတ်စုံလေးနဲ့ ထပ်ပြေးရင် ကောင်းမလားလို့ စဉ်းတော့ စဉ်းစားထားတယ်။ ကျမက တောတောင် ထဲမှာ ပြေးရတာ ဝါသနာပါတယ်။ တောတောင်ထဲမှာပြေးရင်က ထမီနဲ့ ပြေးရတာက အဆင်မပြေဘူး။ သေချာတော့ မစဉ်းစားရသေးပါဘူး။ ဒီလောက်ကြီး စိတ်ဝင်စားမှုရသွားလိမ့်မယ်လို့လည်း မထင်မိဘူး။ ဒီအထိပဲစဉ်းစားပြီးတော့ ဒီနောက်ပိုင်း ဘာလုပ်မယ်ဆိုတာ မစဉ်းစားရသေးဘူး။ ဆက်ပြီးပြေးဖို့ပဲ ခေါင်းထဲမှာထည့်ထားတယ်။

မေး။ ။ ဘာများဖြည့်စွက်ပြီး ပြောချင်ပါသလဲ။

ဖြေ။ ။ အဓိက မာရသွန်ပြေးတာက မြန်မာပြည်သားတွေအားလုံး အထူးသဖြင့် စစ်အာဏာရှင်ကို တွန်းလှန်နေတဲ့ တော်လှန်ပြည်သူတွေကို ပြောချင်တာက နှစ်ပေါင်းများစွာ အမြစ်တွယ်နေတဲ့ စနစ်ကြီးကို ပြောင်းအောင် တော်လှန်ကြ တယ်ဆိုတာ တာတိုပြေးတာမဟုတ်ဘဲ မာရသွန်ပြေးသလို တာဝေးပြေးသလိုပါပဲ။

မာရသွန်ပြေးတဲ့အချိန်က ကြာတယ် ခက်ခဲပင်ပန်းတယ်။ အဲဒီလိုပဲကြာကြာပြေးနိုင်ဖို့ဆိုတာ သက်လုံကောင်းရမယ်။

အခက်အခဲတွေကို ကျော်လွှားဖို့ ဇွဲလုံ့လဝီရိယတွေကို လျှော့ချလို့မရဘူး။ အခုလို ၅နှစ်နီးပါးကြာလာတဲ့အထိ စစ်အာဏာရှင်ကို တော်လှန်နေကြတဲ့ပြည်သူတွေရဲ့ ကောင်းမွန်လှတဲ့သက်လုံ မလျော့ကျတဲ့ ဇွဲလုံ့လတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီမာရသွန်ကို ပန်းဝင်တဲ့အထိ ပြေးခဲ့တာပါ။ တော်လှန်ပြည်သူတွေအနေနဲ့ အောင်မြင်မှုပန်းတိုင် ရောက်တဲ့အထိ ဇွဲလုံ့လဝီရိယတွေ မလျှော့ကြပါနဲ့၊ ပန်းတိုင်ဝင်တဲ့အထိ ခံနိုင်ရည်ရှိ သက်လုံတွေ ကောင်းမွန်နေကြမယ်လို့ ယုံကြည်ပါတယ်

အားလုံးကို ကျေးဇူးတင်ပါတယ်။

You may also like these stories:

နောက်ဆုံးမှ ပန်းဝင်ပြီး အားလုံးကို စိတ်ခွန်အားပေးခဲ့သော ကမ္ဘောဒီးယား အပြေးမယ်

ဦးကျော်သူနှင့် ဇနီးအား မတရားစွပ်စွဲ အမှုဖွင့်ခြင်းကို ဝိုင်းဝန်း ကန့်ကွက်

ဦးကျော်သူနှင့် ဇနီး ကိုယ်ကျိုးအတွက် ငွေအလွဲသုံးစား မလုပ်ကြောင်း သမီးဖြစ်သူ ဖွင့်ဟ

Your Thoughts …
Tags: ကျော်သူဂင်းနစ်စံချိန်ဒေါက်တာမြင့်မိုရ်ဦးမာရသွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကျော်သူပါဝင်တဲ့ ရုပ်ရှင် ရုံတင်ခွင့်ပိတ်ခံရ (ရုပ်/သံ)

ကျော်သူပါဝင်တဲ့ ရုပ်ရှင် ရုံတင်ခွင့်ပိတ်ခံရ (ရုပ်/သံ)

by ဧရာဝတီ
23 January 2025
587

စစ်ကောင်စီ ဖမ်းဝရမ်းထုတ်ထားတဲ့ အကယ်ဒမီ ကျော်သူ ပါဝင်သရုပ်ဆောင် ထားတဲ့ ခြေဆယ့်တစ်လှမ်း ရုပ်ရှင်ဇာတ်ကားဟာ ရုံတင်ပြသခွင့် ပိတ်ပင်ခံလိုက်ရပါတယ်။

သရုပ်ဆောင် ကျော်သူ / Kyaw Thu's Facebook

“ကျော်သူ မရှိရင် ကျော်သူထက် သာတဲ့တယောက် ရှိရမယ်”

by ချစ်ပိုး
21 October 2020
23.6k

ကျနော်ကလည်း ဥက္ကဋ္ဌဆိုပြီး တတ်သိနေတဲ့သူလည်း မဟုတ်ဘူး။ မသာချတဲ့ တက္ကသိုလ်က ဘွဲ့ရလာတဲ့ ကောင်လည်း မဟုတ်ဘူး။

သရုပ်ဆောင် ကျော်သူ  / Kyaw Thu's Facebook

ပရဟိတအလုပ်ကို ခေတ္တရပ်နားကာ အဓိဋ္ဌာန်ဝင်မယ့် ကျော်သူ

by ချစ်ပိုး
17 July 2020
20.1k

ကျော်သူက သာသနာပြုလုပ်ငန်းတွေကို အဆက်မပြတ် လုပ်လေ့ရှိပြီး ကောင်းမှုအားလုံးကို အမျှပေးဝေသွားမယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ဆံပင်အရှည်ဆုံး အိန္ဒိယနိုင်ငံသူ

ဂင်းနစ်စံချိန် ထပ်မံချိုးခဲ့တဲ့ ကမ္ဘာ့ဆံပင်အရှည်ဆုံး အိန္ဒိယနိုင်ငံသူ

by ရေဗန်
23 January 2020
10.3k

ဂင်းနစ်စံချိန်တင်တာနဲ့ ပတ်သက်ပြီး Nilanshi Patel ကို သတင်းဌာနတွေက မေးမြန်းချိန်မှာတော့ "ဆံပင်ကို ထိန်းသိမ်းဖို့ အမေက ကူညီပေးပါတယ်။

ကမ္ဘာ့အသက်ကြီးဆုံး သက်ရှိထင်ရှားစုံတွဲ

ဂင်းနစ်စံချိန် မှတ်တမ်းဝင်သွားတဲ့ ကမ္ဘာ့အသက်အကြီးဆုံးစုံတွဲ

by ဟယ်လ်သင်
14 November 2019
5.4k

သူတို့စုံတွဲရဲ့ အိမ်ထောင်သက်ဟာ လာမယ့် ဒီဇင်ဘာလ ၁၅ ရက်ဆိုရင် နှစ်ပေါင်း ၈၀ ပြည့်တော့မှာ ဖြစ်တာကြောင့် အိမ်ထောင်သက်အရှည်ကြာဆုံး စုံတွဲတတွဲလို့လည်း ပြောလို့ရပါတယ်။

သရုပ်ဆောင် ကျော်သူနဲ့ ဇနီး ဒေါ်ရွှေဇီးကွက် / Kyaw Thu's Facebook

“ဘယ်အစိုးရကို မဲပေးရမယ်ဆိုတာ ကျနော်တို့က အဖြေရှိပြီးသား”လို့ ကျော်သူ ပြော

by ချစ်ပိုး
9 September 2020
21.1k

“မဲမပေးလို့တော့ မဖြစ်ဘူး။ ကျနော်တို့ အနာဂတ်ကို သာယာချင်တယ်။ ငြိမ်းငြိမ်းချမ်းဖြစ်ချင်တယ် ဆိုရင် ဘယ်အဖွဲ့ကို ပေးရမယ်ဆိုတာ ကိုယ့်ဟာကိုယ် ဆုံးဖြတ်ကြပေါ့”

Next Post
ရှီကျင့်ဖျင်၊ ပူတင်နဲ့ ကင်ဂျုံအွန်းတို့ ဘာတွေကြံနေသလဲ (ရုပ်/သံ)

ရှီကျင့်ဖျင်၊ ပူတင်နဲ့ ကင်ဂျုံအွန်းတို့ ဘာတွေကြံနေသလဲ (ရုပ်/သံ)

စကမရွေးကောက်ပွဲမှာ ‘တပ်တွင်းမဲရုံ’ မရှိလို့ ဆိုသော်လည်း

စကမရွေးကောက်ပွဲမှာ ‘တပ်တွင်းမဲရုံ’ မရှိလို့ ဆိုသော်လည်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved