Trend

ဂင်းနစ်စံချိန် ထပ်မံချိုးခဲ့တဲ့ ကမ္ဘာ့ဆံပင်အရှည်ဆုံး အိန္ဒိယနိုင်ငံသူ

Want create site? Find Free WordPress Themes and plugins.

Nilanshi Patel လို့ အမည်ရတဲ့ အိန္ဒိယနိုင်ငံသူဟာ ဆယ်ကျော်သက်များကြား ကမ္ဘာ့ဆံပင် အရှည်ဆုံးသူအဖြစ် ဂင်းနစ်စံချိန် တင်ခဲ့ပါတယ်။ သူဟာ ၂၀၁၈ ခုနှစ်ကလည်း ဆံပင် ၁၇၀ စင်တီမီတာအရှည်နဲ့ ဂင်းနစ်စံချိန်တင်ဖူးသူ ဖြစ်ပြီး အခုအချိန်မှာတော့ သူ့ရဲ့ စံချိန်ဟောင်းကို ကျော်လွန်ပြီး ၁၉၀ စင်တီမီတာနဲ့ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ “ဆယ်ကျော်သက် လူငယ်များကြားမှာ ဆံပင်အရှည်ဆုံးအဖြစ် ဂင်းနစ်စံချိန် မှတ်တမ်းဝင်သွားတာကတော့ ဆံပင် ၁၉၀ စင်တီမီတာရှည်တဲ့ အသက် ၁၇နှစ်အရွယ် Nilanshi Patel ပဲ ဖြစ်ပါတယ်”လို့ တင်ပြီး ကြေညာခဲ့ပါတယ်။

ဂင်းနစ်စံချိန်တင်တာနဲ့ ပတ်သက်ပြီး Nilanshi Patel ကို သတင်းဌာနတွေက မေးမြန်းချိန်မှာတော့ “ဆံပင်ကို ထိန်းသိမ်းဖို့ အမေက ကူညီပေးပါတယ်။ ကျမအနေနဲ့ တခါမှ ဆံပင်ကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရတာမျိုး မရှိပါဘူး”လို့ ဖြေကြားခဲ့ပါတယ်။

အင်တာဗျူးမှာ သူဟာ ဆံပင်ကို ထိန်းသိမ်းရာမှာ အသုံးပြုတဲ့ ဆီနဲ့ အဲဒီဆီအတွင်း ထည့်လေ့ရှိတဲ့ ပါဝင် ပစ္စည်းတွေကိုပါ ဖော်ထုတ် ပြောဆိုခဲ့ပါသေးတယ်။ သူ့အနေနဲ့ ဆံပင်ဟာ ၆ ပေကျော် ရှည်နေပေမယ့် အဲဒီဆံပင်ကြောင့် နေ့စဉ် လုပ်ဆောင်နေတဲ့ လုပ်ငန်းဆောင်တာတွေမှာ ထိခိုက်မှု မရှိဘူးလို့ ဆိုပါတယ်။

Ref. news18.com

You may also like these stories:

Bubble Tea ထဲက Boba အလုံး အူထဲပိတ်နေလို့ ဆေးရုံတက်ခဲ့ရတဲ့ ကောင်လေး

ဦးနှောက်ကင်ဆာ ဖြစ်နေတဲ့အချိန်အတွင်း သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော် စိုက်ခဲ့တဲ့ အမျိုးသမီး

တရုတ်နှစ်သစ်ကူး ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ နေရာများ

Did you find apk for android? You can find new Free Android Games and apps.
Loading