• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Entertainment

iflix ကုမ္ပဏီကို တရားစွဲဖို့ ရှေ့နေနဲ့ တိုင်ပင်နေတဲ့ ဖွေးဖွေး

by ယုဖြူဟန်
23 January 2020
in Entertainment
A A
သရုပ်ဆောင် ဖွေးဖွေး / ဝေဝေနှင်း / ဧရာဝတီ

သရုပ်ဆောင် ဖွေးဖွေး / ဝေဝေနှင်း / ဧရာဝတီ

9.5k
VIEWS
Share on FacebookShare on Twitter

ဖွေးဖွေး အပါအဝင် မြန်မာနိုင်ငံမှ အနုပညာရှင်တော်တော်များများကို အနုပညာကြေးများ မပေးချေဘဲ ကုမ္ပဏီ ဖျက်သိမ်းခဲ့တဲ့ iflix ကုမ္ပဏီကို တရားစွဲဆိုရန် ရှေ့နေနဲ့ တိုင်ပင်နေတယ်လို့ ဖွေးဖွေးက ပြောပါတယ်။

“တရားစွဲဆိုဖို့က စာချုပ်တွေ အကုန်လုံးကို ဖွေးရဲ့ရှေ့နေဆီ ပို့ထားတယ်။ သူနဲ့တိုင်ပင်ပြီးမှ လုပ်ပါမယ်။ ကိုယ်လုပ်စရာလေးတွေလည်း ရှိသေးတယ်ဆိုတော့ သူတို့ကိစ္စပဲတော့ မလုပ်နိုင်ဘူးပေါ့။ အဲ့တုန်းကလည်း တခြား ၄ နိုင်ငံ၊ ၅ နိုင်ငံမှာ ကုမ္ပဏီရှိပြီးသားဆိုတော့ ယုံကြည်လိုက်တဲ့ သဘောပါ” လို့ ဖွေးဖွေးက ပြောပါတယ်။

အဆိုပါ ကိစ္စရပ်နဲ့ပတ်သက်ပြီး ဖွေးဖွေးက သူ့ရဲ့ Facebook Page မှာ ဇန်နဝါရီလ ၁၈ ရက်နေ့က တင်ဖြစ်ခဲ့တာကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“iflix နဲ့က ဖွေးရဲ့ပရိသတ်တွေရော တခြားပြည်သူတွေရော သိသင့်တယ်ထင်လို့ ပြောပြတာပေါ့နော်။ ကိုယ်တိုင်ရော မြန်မာနိုင်ငံက အနုပညာရှင် တော်တော်များများကရော အနုပညာကြေး မရလိုက်ဘူးပေါ့။ ဖွေးတသက်လုံးမှာလည်း International Brand တွေကို ကိုယ်ယုံကြည်တဲ့ Brand တွေနဲ့ အလုပ်လုပ်ခဲ့တယ်။ ဒါပထမဆုံး ခံရတာကို။ တချို့ကတော့ မပြောပြချင်ဘူး။ ဖွေးကတော့ အကုန်လုံးသိအောင် ပြောပြလိုက်တာပါ”လို့ ဖွေးဖွေးက ပြောပါတယ်။

ဖွေးဖွေးက International Brand တော်တော်များများနဲ့ အလုပ်တွဲလုပ်ဖူးခဲ့သော်လည်း အခုလုပ်ရပ်ကတော့ ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့နဲ့ လက်တွဲခဲ့တာ ၂ နှစ် ရှိပါပြီ။ တကယ်တမ်း စာချုပ်ထဲမှာ ၃ နှစ် လက်တွဲဖို့။ ဒါပေမဲ့ သူတို့က ၂နှစ်မှာတင် မြန်မာနိုင်ငံက iflix ရုံးကလူတွေ အလုပ်ထွက်သွားမှန်းလည်း မသိရဘူး။ ဒီထက်ပိုပြီးတော့ ယုံကြည်ရတဲ့ Ethic ပိုရှိတဲ့သူတွေနဲ့ ပိုပြီး သတိထားလုပ်ဖို့အတွက် သင်ခန်းစာ ရသွားတာပေါ့” လို့ ဖွေးဖွေးက ပြောပါတယ်။

ဖွေးဖွေးဟာ iflix နဲ့အတူ ၂၀၁၇ ခုနှစ်ကစတင်ကာ Brand Ambassador တယောက်အနေနဲ့ လက်တွဲခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်း ၃ နှစ် ချုပ်ဆိုထားခဲ့တာ ဖြစ်ပါတယ်။ ရရှိရန် ကျန်ရှိနေတဲ့ ငွေကြေးပမာဏကိုတော့ ပြောပြခဲ့ခြင်း မရှိခဲ့ပါဘူး။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
128
သဇင်ပန်း

သဇင်ပန်း

10 January 2026
143
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
315

ဖွေးဖွေးကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ပိုင်တံခွန်နဲ့အတူ ရိုက်ကူးထားတဲ့ Bella သနပ်ခါး မိတ်ကပ် ကြော်ငြာမှာ မြန်မာပြည်ရောက် ကိုရီးယားမလေးအနေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာကို ပရိသတ်များက သဘောကျ နှစ်သက်လျက် ရှိပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဖွေးဖွေးက အခုလိုပဲ ပြောပြပါတယ်။

“သိပ်ပြီးတော့ လေ့ကျင့်ချိန် မရှိလိုက်ဘူး။ Bella က မဝေသစ်က ကိုရီးယားမလေးအနေနဲ့ သရုပ်ဆောင်ပေးတဲ့။ အဲဒါများ ကိုရီးယားတယောက် ငှားလိုက်ပေါ့လို့ ပြောတော့ မဟုတ်ဘူးတဲ့။ မြန်မာပြည်က စတားပါဝါကို လိုချင်တယ်တဲ့။ ကိုရီးယားတယောက်အနေနဲ့ သရုပ်ဆောင်ပေးဆိုတော့ ကိုရီးယားစကားတွေလည်း အမြန် ကျင့်လိုက်ရတယ်” လို့ ဖွေးဖွေးက ပြောပါတယ်။

မြန်မာစကားကို ကိုရီးယားသံဝဲကာ ပြောဆိုရပြီး ကိုရီးယားလိုလည်း ပြောရတာကြောင့် ပြင်ဆင်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း အခုလို ပြောပြခဲ့ပါတယ်။

“အရင်တုန်းကလည်း ကျောင်းတက်ဖူးတော့ ကိုရီးယားမတွေ မြန်မာစကားပြောတဲ့ လေသံကို ဖွေးက ဖမ်းမိထားတယ်။ ကိုယ်တိုင်လည်း ကိုရီးယားစကားပြောတဲ့ လေသံနဲ့ ပြောလိုက်တာပါ”လို့ ဖွေးဖွေးက ဆိုပါတယ်။

You may also like these stories:

“အသက် ၃၁ နှစ်ပြည့်သွားပေမယ့် Forever 21 ပါပဲ”လို့ ပြောတဲ့ သရုပ်ဆောင် ဖွေးဖွေး

The Flash ဇာတ်လမ်းတွဲ အပိုင်းသစ် iflix မှာ ကြည့်ရှုနိုင်

iflix ကို လစဉ်ကြေး ပေးသွင်းစရာ မလိုဘဲ အခမဲ့ ကြည့်ရှုနိုင်

Your Thoughts …
Tags: iflixတရားစွဲဖွေးဖွေး
ယုဖြူဟန်

ယုဖြူဟန်

ဧရာဝတီ

Similar Picks:

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

စစ်ကောင်စီကို မြန်မာနိုင်ငံသားများ ဖိလစ်ပိုင်တွင် တရားစွဲ

by ဧရာဝတီ
26 October 2023
1.3k

ထန်တလန်မြို့ကို မီးရှို့တိုက်ခိုက်ခြင်း ဒုတိယနှစ်ပတ်လည်နေ့တွင် မနီလာရှိ တရားရေးဌာနသို့ ထိုသို့တိုင်ကြားခြင်းဖြစ်သည်။

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

ရန်ကုန်မှ တက်ကြွလှုပ်ရှားသူ လူငယ် ၂ဦး စစ်ကြောရေး၌ နှိပ်စက်ခံနေရ

by ဧရာဝတီ
18 October 2024
730

ဖမ်းဆီးခံလိုက်ရသည့် သပိတ်အဖွဲ့ဝင် ကိုရှိန်းဝေအောင်နှင့် ကိုပိုင်ဖြိုးမင်းတို့ ၂ ဦးတို့ကို လက်ရှိအချိန်ထိ စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်နေဆဲဖြစ်ပြီး ကိုရှိန်းဝေအောင်၏ မိသားစုဝင် ၃ဦးလည်း ဖမ်းဆီးခံထားရကြောင်း

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

စစ်ခေါင်းဆောင်ကို ဆန္ဒပြ၍ ထိုင်း၌ အဖမ်းခံရသူ နှစ်ဦး ကျန်းမာရေး မိသားစုစိုးရိမ်

by ဧရာဝတီ
10 October 2025
649

ထိုင်းရဲတပ်ဖွဲ့မှ ကိုဖြိုးပိုင်နှင့် ကိုနိုင်နိုင်စိုးတို့ကို နှစ်နိုင်ငံချစ်ကြည်ရေးပျက်ပြားစေမှု၊ ထိုင်းနိုင်ငံတည်တံ့ခိုင်မြဲရေးကို ထိပါးစေမှု၊ ထိုင်းလူမှုအသိုင်းအဝိုင်းကို မငြိမ်မသက်နှင့် အန္တရာယ်ဖြစ်စေမှု၊ ထိုင်းနိုင်ငံသားများ၏လုံခြုံမှုကို အန္တရာယ်ဖြစ်စေမှုစသည်တို့ဖြင့် တရားစွဲထားသည်။

ဥပဒေအရ ကာကွယ်ဖို့ ပြင်နေတယ်လို့ Yoma ပြော (ရုပ်/သံ)

ဥပဒေအရ ကာကွယ်ဖို့ ပြင်နေတယ်လို့ Yoma ပြော (ရုပ်/သံ)

by ဧရာဝတီ
22 August 2024
371

စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings အနေနဲ့ ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ အကြံဉာဏ်တောင်းခံနေတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီနိုင်ငံကြီးရဲ့ လုပ်ရပ်က ယူကျုံးမရ ဖြစ်မိပါတယ် (ရုပ်/သံ)

ဒီမိုကရေစီနိုင်ငံကြီးရဲ့ လုပ်ရပ်က ယူကျုံးမရ ဖြစ်မိပါတယ် (ရုပ်/သံ)

by ဧရာဝတီ
27 March 2025
353

ကမ္ဘာ့သတင်းမီဒီယာအေဂျင်စီ (USGAM) ရပ်ဆိုင်းခံရတာကြောင့် မြန်မာပြည်သူတွေ အားထားနေကြရတဲ့ သတင်းဌာနကြီးဖြစ်တဲ့ အမေရိကန်အသံ (Voice of America – VOA) အသံလွှင့်ဌာနဟာ လုပ်ငန်းတွေရပ်ဆိုင်းထားရပြီး အပြီးတိုင် ပိတ်သိမ်းခံရနိုင်တဲ့ အခြေအနေကို ရောက်ရှိနေတာပါ။

သရုပ်ဆောင် ဖွေးဖွေး / Phway Phway's Facebook

“မုဒိမ်း ကျင့်တာမပြောနဲ့၊ Bully လုပ်ပြီး အနိုင်ကျင့်ရင်တောင် လွန်လှပြီ”လို့ ဖွေးဖွေး ပြော

by ယုဖြူဟန်
1 July 2019
13.8k

“တရား မျှမျှတတနဲ့ အမှန်ကို အမှန် ပေါ်ပေါက်စေချင်တယ်။ ပြီးတော့ ကိုယ်လုပ်တဲ့အပြစ်ကို ကိုယ်ခံရမှာပဲလေ။ မခံနိုင်ရင် အစကတည်းက မလုပ်နဲ့ပေါ့။ ရှင်းရှင်းလေးပဲ။

Next Post
အဆိုတော် ဘန်နီဖြိုး  /  ချစ်ပိုး / ဧရာဝတီ

ဖေဖော်ဝါရီမှာ ပြုလုပ်မယ့် အဆိုတော် ဘန်နီဖြိုးရဲ့ ဒုတိယမြောက် တကိုယ်တော် ဖျော်ဖြေပွဲ

အဆိုတော် G Fatt / ချစ်ပိုး / ဧရာဝတီ

တယောက်တည်း နေရတဲ့ ခံစားချက်တွေကို သီချင်းရေးထားတဲ့ အဆိုတော် G Fatt

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved