စင်္ကာပူစတော့အိတ်ချိန်းစာရင်းဝင် Yoma Strategic Holdings အနေနဲ့ ဧရာဝတီသတင်းဌာနက ရေးသား ဖော်ပြခဲ့တဲ့ သတင်းတပုဒ်နဲ့ ပတ်သက်ပြီး ဥပဒေကြောင်းအရ အကြံဉာဏ်တောင်းခံနေတယ်လို့ ဆိုပါတယ်။
အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ Yoma Strategic Holdings အမှုဆောင်ဥက္ကဋ္ဌဟောင်း ဖြစ်တဲ့ ဆာ့ဂျ်ပန်း ခေါ် ဦးသိန်းဝေ ကိုစစ်ကောင်စီက လနဲ့ချီ ထိန်းသိမ်းထားပြီးတဲ့နောက် တရားစွဲဆိုခဲ့ကြောင်း ဧရာဝတီက ဩဂုတ်လ ၁၆ ရက်နေ့မှာ ရေးသားဖော်ပြခဲ့တာပါ။
ဦးသိမ်းဝေကို စစ်ကောင်စီက ပြည်သူ့ငွေတွေကို အလွဲသုံးခြင်း၊ အွန်လိုင်း ငွေကြေးလိမ်လည်မှုက ရရှိတဲ့ အကျိုးအမြတ်တွေကတဆင့် ရန်ကုန်တိုင်း သံလျင်မြို့နယ်က အိမ်ခြံမြေလုပ်ငန်းဖြစ်တဲ့ Star City ချဲ့ထွင်ရာမှာအသုံးပြုခြင်းဟာ နိုင်ငံတော်အကျိုးစီးပွား ထိခိုက်စေတာကြောင့် တရားစွဲဆိုခံရတာဖြစ်တယ်လို့ အမှုကို သိရှိထားတဲ့ သတင်းအရင်းအမြစ်တွေက ဧရာဝတီကို ထုတ်ဖော်ပြောဆိုထားပါတယ်။
#မြန်မာ #ဧရာဝတီ #ဆာ့ဂျ်ပန်း #ဦးသိမ်းဝေ #Yoma #StarCity













