IT

အရောင်းရဆုံး ဂိမ်းစက်အဖြစ် ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ Sony PlayStation

ဒီဇင်ဘာလ ၃ ရက်နေ့ဟာ Sony PlayStation ရဲ့ ပထမဆုံး မျိုးဆက်ဖြစ်တဲ့ PlayStation ကို စတင်ထုတ်ဝေတာ ၂၅ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်ရဲ့ ဒီဇင်ဘာလ ၃ ရက်နေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် PlayStation ဟာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး ဂိမ်းစက်အဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်စာအုပ်မှာ စာရင်းသွင်း ဖော်ပြခြင်း ခံခဲ့ရပါတယ်။

“ဒီလို သတ်မှတ်တဲ့အတွက် ကျနော်တို့အားလုံး အရမ်းကို ပျော်ရွှင်ရပါတယ်။ ကျနော်တို့ရဲ့ စက်တွေက ရောင်းအားအကောင်းဆုံး အိမ်သုံး ဂိမ်းစက်အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတာပါ။ ကျနော်တို့ရဲ့ PlayStation, PS2, PS3, PS4 ဂိမ်းစက်ပေါင်း သန်း ၄၅၀ ကျော် ရောင်းချခဲ့ရပါတယ်။ အဲဒီအတွက် ဝယ်ယူသူအားလုံးကို ကျေးဇူးတင်ပါတယ်”လို့ Sony PlayStation က သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားပါတယ်။

ရောင်းချနိုင်ခဲ့တဲ့ စာရင်းတွေမှာ PS2 နဲ့ PS4 တို့က အလုံးရေ ၁၅၅ သန်းနဲ့ ၁၀၂ ဒဿမ ၈ သန်း အသီးသီး ရောင်းချခဲ့ရပြီး ပထမမျိုးဆက်ဖြစ်တဲ့ PlayStation က အလုံးရေ ၁၀၂ ဒဿမ သန်းရောင်းချနိုင်ခဲ့ပါတယ်။ ရောင်းရတာတွေထဲကမှ PS3 က အနည်းဆုံးဖြစ်ပြီး အလုံးရေ ၈၇ ဒဿမ ၄ သန်းပဲ ရောင်းချနိုင်ခဲ့ပါတယ်။

“အားလုံးက အောက်ခြေကနေစပြီး ဒီလိုအချိန်ထိ ရောက်အောင် ကြိုးစားပေးခဲ့ကြတဲ့ Sony တည်ထောင်သူ Ken Kutaragi နဲ့ Sony ဝန်ထမ်းတွေ အားလုံးကို အမှန်တကယ် ကျေးဇူးတင်ပါတယ်။ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းတွေကြောင့် ကျနော်တို့က အမြဲ ရှေ့ရောက်နေတာဖြစ်တယ်”လို့ Sony ရဲ့ အမှုဆောင်အရာရှိချူပ် Ryan က သူ့ရဲ့ ဘလော့ဂ်မှာ Sony PlayStation ၂၅ နှစ်ပြည့်အတွက် ရေးသားခဲ့ပါတယ်။

Sony ဟာ PS5 ကို ၂၀၂၀ ပြည့်နှစ်မှာ ဆက်လက် ထုတ်လုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref. Cnet

You may also like these stories:

8K Graphics နဲ့ 120fps ရမယ့် မျိုးဆက်သစ် Xbox ကို Microsoft မိတ်ဆက်

Cloud Gaming နှင့် AI နည်းပညာအတွက် Microsoft နှင့် Sony တို့ ပူးပေါင်း

Loading