• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အခြေအနေ ယခုထက် ဆိုးစရာ မရှိတော့ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားပြော

by ဧရာဝတီ
15 September 2025
in အင်တာဗျူး
A A
အခြေအနေ ယခုထက် ဆိုးစရာ မရှိတော့ဟု ဒေါ်အောင်ဆန်းစုကြည်၏ သားပြော

ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်မ်အဲရစ်တို့ကို ရန်ကုန်မြို့ အာဇာနည်ကုန်းတွင် အတူတကွမြင်ခဲ့ရစဉ်/YouTube

825
VIEWS
Share on FacebookShare on Twitter

ဖမ်းဆီးခံ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သား ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်က လွန်ခဲ့သောတပတ်တွင် သူ့မိခင်သည် နှလုံးရောဂါ အပြင်းအထန်ခံစားနေရပြီး နှလုံးအထူးကုနှင့် တွေ့ဆုံရန် သူ၏ တောင်းဆိုမှုကိုလိုက်လျောခြင်း ရှိ မရှိ မသိရကြောင်းပြောသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် မြန်မာစစ်အုပ်စုက သူ့အစိုးရကို ဖြုတ်ချပြီးနောက် သူ့ကို တရားစွဲဆိုသည်။ ဆူပူရန်လှုံ့ဆော်မှု၊ အဂတိလိုက်စားမှု၊ ရွေးကောက်ပွဲမသမာမှု လုပ်ကြံစွပ်စွဲချက်များဖြင့် သူ့ကို ထောင် ၂၇ နှစ်ချထားသည်။ သူ့ကို မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို စစ်အုပ်စုပြင်ပမှ မည်သူမျှမသိပေ။

ဧရာဝတီသတင်းဌာနသည် ကိုထိန်လင်းနှင့် စကားပြောခဲ့သည်။

မေး။ မိခင်ကြီးရဲ့ကျန်းမာရေးမကောင်းကြောင်း ပြောခဲ့တာ တပတ်နီးပါးရှိပြီ။ နောက်ဆုံးသတင်း ဘာတွေရထားလဲ။

ဖြေ။ နောက်ဆုံးသတင်းရတယ်လို့ ကျနော်မပြောနိုင်ဘူး။ ကျနော်တို့ကြားသိသမျှ အရာရာကို အတည်ပြုဖို့ အရမ်းခက်ခဲတယ်။ ပြီးတော့ ကျနော်တို့သိရတာ အရမ်းနည်းတယ်။

ကျနော်တို့သိရတာက သူနှလုံးနာကျင်မှု အပြင်းအထန်ခံစားနေရတယ်လို့ သူပြောပြီး သွေးပေါင်ချိန်ကျတယ်၊ ထောင်ပြင်ပက နှလုံးအထူးကုဆရာဝန်နဲ့ တွေ့ဖို့ တောင်းဆိုတယ်လို့ကျနော်တို့ ကြားသိရတယ်။ အဲဒါကို ခွင့်ပြု မပြု ကျနော်တို့မသိရပေမဲ့ စနစ်တကျ ကျန်းမာရေးစစ်ဆေးမှုမရှိရင် နှလုံးအခြေအနေကို မှန်မှန်ကန်ကန် ရောဂါရှာဖို့ ခက်ခဲတယ်လို့ ကျနော်သိတယ်။ အဲဒီနာကျင်မှုဟာ နှလုံးအကြီးအကျယ် ပုံမှန်မဟုတ်တဲ့ လက္ခဏာလို့ ကျနော်သိတယ်။

အခြေအနေအမှန်ကို နားလည်ဖို့ သူ့ကို MRI စကန် ရိုက်ဖို့နဲ့ အခြား စနစ်တကျစစ်ဆေးဖို့ လိုတယ်။

ကျနော်တို့သိရတာက သူနှလုံးနာကျင်မှု အပြင်းအထန်ခံစားနေရတယ်လို့ သူပြောပြီး သွေးပေါင်ချိန်ကျတယ်၊ ထောင်ပြင်ပက နှလုံးအထူးကုဆရာဝန်နဲ့ တွေ့ဖို့ တောင်းဆိုတယ်လို့ကျနော်တို့ ကြားသိရတယ်။ အဲဒါကို ခွင့်ပြု မပြု ကျနော်တို့မသိရပေမဲ့ စနစ်တကျ ကျန်းမာရေးစစ်ဆေးမှုမရှိရင် နှလုံးအခြေအနေကို မှန်မှန်ကန်ကန် ရောဂါရှာဖို့ ခက်ခဲတယ်လို့ ကျနော်သိတယ်။ အဲဒီနာကျင်မှုဟာ နှလုံးအကြီးအကျယ် ပုံမှန်မဟုတ်တဲ့ လက္ခဏာလို့ ကျနော်သိတယ်။

မေး။ စစ်အုပ်စုဆီက ဘာမှမကြားရဘူးလား။

ဖြေ။ မကြားရဘူး။ ဒီသတင်းက ကောလာဟလလို့ စစ်အုပ်စုကပြောပေမဲ့ အရင်ကတည်းက စစ်တပ်က အလိမ်အညာတွေ အများကြီးပြောခဲ့တော့ သူတို့ပြောတဲ့ ဘယ်ကိစ္စမဆို ယုံကြည်ဖို့ ခက်တယ်။ စစ်တပ် ပြောခွင့်ရသူ ပါးစပ်က ထွက်တဲ့စကားတွေကို မယုံရဘူးဆိုတာကို လူတိုင်းသိသင့်တယ်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ကင်မ်အဲရစ်တို့ကို ရွှေတိဂုံစေတီပေါ်တွင် အတူတကွမြင်ခဲ့ရစဉ်/AP

မေး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဆိုးရွားနေလို့ စစ်အုပ်စုကို တိုက်ရိုက်ဆက်သွယ်လား။

ဖြေ။ စစ်အုပ်စုကို ကျနော်ဆက်သွယ်တိုင်း ကျနော့် တောင်းဆိုမှုတွေ ဘာပဲဖြစ်ဖြစ် မတုန့်ပြန်ဘူး။ ဟုတ်တယ် မပြောဘူး။ မဟုတ်ဘူး မပြောဘူး။ ပြန်မဖြေတာ။ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း အမေနဲ့အဆက်အသွယ်ရဖို့ ကျနော်အများကြီး တောင်းဆိုပေမဲ့ လွန်ခဲ့တဲ့ ၂ နှစ်က စာတစောင်ပဲရတယ်။ ကျန်အဆက်အသွယ်အားလုံး ငြင်းပယ်ခံရတယ်။

မေး။ ခင်များ မိခင်ကြီးကျန်းမာတယ်လို့ စစ်တပ်ပြောခွင့်ရသူက ပြောတယ်။ သူပြောတာကို ယုံလား။

ဖြေ။ ကောင်းပါပြီ။ အဲဒီလိုဖြစ်ပါစေလို့ ကျနော်မျှော်လင့်ပေမဲ့ အမေကျန်းမာတယ်ဆိုတာပြသတဲ့ အထောက်အထား မရှိဘူး။

ဘာမှ ကျနော့်ကို သူ မပြသဘူး။ အမေကျန်းမာတယ်ဆိုရင် ကျန်းမာကြောင်း ကျနော်သိအောင် ကျနော့်ကို အမေနဲ့ စကားပြောခွင့် ပေးရမယ် ဒါမှမဟုတ် အခြား တိုက်ရိုက်အဆက်အသွယ်တမျိုးမျိုးပေးရမယ်။ ဒါဟာ အမေ့ရဲ့ အခြေခံ အခွင့်အရေးဖြစ်တယ်။ မြန်မာနိုင်ငံက လူအများအပြား အခြေခံလူ့အခွင့်အရေး ငြင်းပယ်ခံရတာ ကျနော်သိပေမဲ့ သူက ကျနော့်အမေ၊ ကျနော် စိုးရိမ်ရတဲ့သူဖြစ်ပြီး ကျနော် အမေနဲ့ စကားပြောချင်တယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ်ထားတယ်။ ဒါကြောင့် သူ အပြင်းအထန်နေမကောင်းတာကို ဘယ်လိုသိတာလဲ။

ဖြေ။ ကျနော့်ရဲ့သတင်းရင်းမြစ်တွေ အန္တရာယ်ရှိလို့ ထုတ်ဖေါ်ပြောဆိုလို့ မရပါဘူး။ ဒါပေမဲ့ ဒီသတင်းက ကျနော့်ဆီကို လမ်းကြောင်းအမျိုးမျိုးကနေ ရောက်လာတယ်။

အမေကျန်းမာတယ်ဆိုရင် ကျန်းမာကြောင်း ကျနော်သိအောင် ကျနော့်ကို အမေနဲ့ စကားပြောခွင့် ပေးရမယ် ဒါမှမဟုတ် အခြား တိုက်ရိုက်အဆက်အသွယ်တမျိုးမျိုးပေးရမယ်။ ဒါဟာ အမေ့ရဲ့ အခြေခံ အခွင့်အရေးဖြစ်တယ်။ မြန်မာနိုင်ငံက လူအများအပြား အခြေခံလူ့အခွင့်အရေး ငြင်းပယ်ခံရတာ ကျနော်သိပေမဲ့ သူက ကျနော့်အမေ၊ ကျနော် စိုးရိမ်ရတဲ့သူဖြစ်ပြီး ကျနော် အမေနဲ့ စကားပြောချင်တယ်။

မတူညီတဲ့ သတင်းရင်းမြစ်တွေက တခုတည်းသော သတင်းကိုပဲ ပေးတဲ့အခါ ကျနော်ယုံကြည်လာတယ်။ ဒီနှစ်တွေအတွင်း အမေ့ ကျန်းမာရေးအခြေအနေ ဆိုးနေတယ်၊ ကွယ်လွန်သွားပြီဆိုတဲ့ ကောလာဟလတွေ ရှိပေမဲ့ ဘာအထောက်အထားမှ မရှိလို့ ကျနော်မယုံဘူး။ သတင်းအချက်အလက်တွေက တခုနဲ့တခု မကိုက်ညီဘူး။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
65
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
39
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
159

ဒါပေမဲ့ အခုကျတော့ အထောက်အထားရှိတယ်။ အရင်က ကျနော်ပြောတာတွေကို စစ်တပ်က ဘယ်တုန်းကမှ မတုန့်ပြန်ပေမဲ့ အခုတော့ သူတို့တုန့်ပြန်ပြီး အဲဒီကောလာဟလနောက်ကွယ်မှာ တခုခုရှိတယ်လို့ ကျနော့်ကို ထင်စေတယ်။

မေး။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်ဆံပုံနဲ့ပတ်သက်ပြီး တွန်းအားပေးဖို့ အမေရိကန် ပြည်ထောင်စု သို့မဟုတ် တရုတ်နိုင်ငံလို အခြားနိုင်ငံတွေကို တောင်းဆိုခဲ့လား။

ဖြေ။ နိုင်ငံတကာ အသိုက်အဝန်းကို ကျနော်အမြဲတမ်းဆက်သွယ်ခဲ့တယ်။ ဘာရလဒ်မှ မတွေ့သေးဘူး။

အမေအခု အသက် ၈၀ ရှိပြီ။ သူ နှလုံးရောဂါကိုသာ ခံစားနေရတာ မဟုတ်ဘူး။ အရိုးရောဂါလည်း ခံစားနေရတယ်။ သွားကြောင့် စားရတာလည်း ဒုက္ခရောက်တယ်။ သူ့ကို အခု မြန်မာက အရမ်းဆိုးတဲ့ နေရာတခုမှာ ဖမ်းထားတယ်။ ဘယ်နေရာလဲ ဘယ်သူမှ မသိဘူးပေမဲ့ ကျနော်တို့သိတာက သူ့ကို တဦးတည်းချုပ်နှောင်ထားပုံရတယ်။ အဲဒါကလည်း ညှင်းပမ်းနှိပ်စက်မှုတမျိုးပဲ။

မေး။ လက်ရှိအချိန်အထိ သူတို့ရဲ့တုန့်ပြန်မှုနဲ့ပတ်သက်ပြီး ဘာပြောနိုင်လဲ။

ဖြေ။ နိုင်ငံတကာ အသိုက်အဝန်းက အများကြီးပြောပေမဲ့ လုပ်တာ အရမ်းနည်းပုံရတယ်။ အခုလောလောဆယ် သူတို့ ပြောသင့်တာပြောနေပေမဲ့ ဖြစ်သင့်တဲ့ ရလဒ်ဖြစ်မလာဘူး။ အမေလွတ်မြောက်တာကို ကျနော်မြင်ချင်တယ်။

အမေအခု အသက် ၈၀ ရှိပြီ။ သူ နှလုံးရောဂါကိုသာ ခံစားနေရတာ မဟုတ်ဘူး။ အရိုးရောဂါလည်း ခံစားနေရတယ်။ သွားကြောင့် စားရတာလည်း ဒုက္ခရောက်တယ်။ သူ့ကို အခု မြန်မာက အရမ်းဆိုးတဲ့ နေရာတခုမှာ ဖမ်းထားတယ်။ ဘယ်နေရာလဲ ဘယ်သူမှ မသိဘူးပေမဲ့ ကျနော်တို့သိတာက သူ့ကို တဦးတည်းချုပ်နှောင်ထားပုံရတယ်။ အဲဒါကလည်း ညှင်းပမ်းနှိပ်စက်မှုတမျိုးပဲ။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ဟာ အသက် ၈၀ အရွယ်အမျိုးသမီးတယောက်ကို ညှင်းပမ်းနှိပ်စက်မှုအတွက် တိုက်ရိုက်တာဝန်ရှိတယ်။

မြန်မာနိုင်ငံက ဒုက္ခတွေကို ကျန်တကမ္ဘာလုံးက မေ့နေပုံရပေမဲ့ အဲဒီလိုမဟုတ်ဘူးလို့ ကျနော်ပြောနိုင်တယ်။ မြန်မာနိုင်ငံအတွက် အချိန်တိုင်းမှာ တတ်နိုင်တာအားလုံး လုပ်နေတဲ့သူ ထောင်ပေါင်းများစွာရှိတယ်။ ဒါကို မြင်ရဖို့ ခက်ခဲတော့ ခင်များတို့ သိချင်မှသိမယ်။ ဒီကိစ္စက တိတ်ဆိတ်စွာ လုပ်ဖို့လိုလို့ မီဒီယာမှာ အမြဲတမ်းမပါပေမဲ့ သူတို့ တတ်နိုင်တာအရာရာ လုပ်နေတဲ့သူတွေရှိတယ်။

မေး။ နောက်ထပ်မေးခွန်းတခုက ဒေါ်အောင်ဆန်းစုကြည်အတွက် အခြေအနေအမှန်တကယ် ဆိုးရွားနေရင် ဘာလုပ်မလဲ။

ဖြေ။ အမေ မသေသေးဘူးဆိုရင်တောင်မှ အခြေအနေက အခုထက် ပိုမဆိုးနိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံကို ကူညီဖို့ အပြည့်အဝပြင်ဆင်ထားတယ်။

မေး။ အာရက္ခတပ်တော် အကြီးအကဲနဲ့ တွေ့ဆုံစဉ် သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကို စိုးရိမ်ကြောင်းပြောတယ်လို့ မကြာသေးမီက ပို့စ်တခုမှာ ခင်များပြောတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအကြောင်း ခင်များကိုပြောတဲ့ အခြားအဖွဲ့အစည်း လူပုဂ္ဂိုလ်တွေရှိလား။

ဖြေ။ အများကြီးရှိတယ်။ အခုလောလောဆယ် အသေးစိတ်တွေ ပြောလို့မရသေးပေမဲ့ ကျနော်နဲ့ဆက်သွယ်ပြီး စာနာမှုပေးတဲ့သူတွေ အများကြီးရှိတယ်။

မြန်မာနိုင်ငံက ဒုက္ခတွေကို ကျန်တကမ္ဘာလုံးက မေ့နေပုံရပေမဲ့ အဲဒီလိုမဟုတ်ဘူးလို့ ကျနော်ပြောနိုင်တယ်။ မြန်မာနိုင်ငံအတွက် အချိန်တိုင်းမှာ တတ်နိုင်တာအားလုံး လုပ်နေတဲ့သူ ထောင်ပေါင်းများစွာရှိတယ်။ ဒါကို မြင်ရဖို့ ခက်ခဲတော့ ခင်များတို့ သိချင်မှသိမယ်။ ဒီကိစ္စက တိတ်ဆိတ်စွာ လုပ်ဖို့လိုလို့ မီဒီယာမှာ အမြဲတမ်းမပါပေမဲ့ သူတို့ တတ်နိုင်တာအရာရာ လုပ်နေတဲ့သူတွေရှိတယ်။

မြန်မာနိုင်ငံဟာ လွတ်လပ်မှု ရမယ်။ တောက်ပတဲ့အနာဂတ်ကို ကျနော်တို့ မြင်ရမယ်။ ဒီကိစ္စက ကြာသင့်တာထက် ပိုကြာနေတယ်။ တလျှောက်လုံးမှာ သွေးချောင်းစီးမှု အရမ်းများတယ်။ မကြာခင်ရပ်သွားမယ်လို့ မျှော်လင့်တယ်။ တနေ့မှာ မြန်မာနိုင်ငံကို အားလုံး ပြန်သွားနိုင်မယ်။ ငြိမ်းချမ်းရေးရမယ်လို့ မျှော်လင့်တယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ‘It Couldn’t Get Much Worse,’ Daw Aung San Suu Kyi’s Son Says ကို ဘာသာပြန်ဆိုသည်။)

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး တရုတ်က ကြည့်ပေးမလား

အသက် ၈၀ ပြည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်သောလမ်း

ကျနော်ကြုံခဲ့သည့် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည် အကျဉ်းစံဘဝ ဗီဒီယိုနှင့် ထောင်မှတ်တမ်း ထွက်ပေါ်

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေးရင် စိတ်မကောင်းဖြစ်ရတယ် (ရုပ်/သံ)

Your Thoughts …
Tags: ကိုထိန်လင်း ခေါ် ကင်မ် အဲရစ်ကျန်းမာရေးစစ်အာဏာသိမ်းဒေါ်အောင်ဆန်းစုကြည်နှလုံးရောဂါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

အတွက်မှားခဲ့ကြတဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်များ

by ဥသြ
1 February 2025
26.8k

စစ်အာဏာသိမ်းတာကို ပါဝင်အကောင်အထည်ဖော် ဦးဆောင်ခဲ့ကြတဲ့ အရာရှိ ၂၀ လောက်မှာ ခြောက်ဦးသာ နေရာမြဲခဲ့ပါတယ်။

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

နွေဦးတော်လှန်ရေး လုံးပါးပါးသွားနိုင်သည့် အန္တရာယ် ရှိသည်

by ဇုန်းရိန်
27 July 2023
22.9k

စစ်ကောင်စီတွင် နွေဦးတော်လှန်ရေးကို အင်အားချိနဲ့သွားစေနိုင်လောက်သော လှည့်ကွက်ဗျူဟာ ရှိနေသည်ကို သတိထားသင့်ပါသည်။

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

စစ်ခေါင်းဆောင်ပိုင်းကို ဆန့်ကျင်ပြီး စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လိုသည်

by ဝေမင်းထွန်း
12 July 2024
20.2k

ယခုအခါ သူတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် စစ်တပ်ခေါင်းဆောင်ပိုင်းကို ပုန်ကန်ရန် လိုအပ်လာပြီ ဖြစ်၏။

Next Post
ထိုင်း-အမေရိကန် ချစ်ကြည်ရေးပွဲတော်(ရုပ်/သံ)

ထိုင်း-အမေရိကန် ချစ်ကြည်ရေးပွဲတော်(ရုပ်/သံ)

ယူကရိန်းကို ဦးစားပေးရန် မြန်မာသို့ ဖွံ့ဖြိုးရေးအကူအညီများ ဆွီဒင် ရပ်ဆိုင်းမည်

ယူကရိန်းကို ဦးစားပေးရန် မြန်မာသို့ ဖွံ့ဖြိုးရေးအကူအညီများ ဆွီဒင် ရပ်ဆိုင်းမည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved