• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အမေရိကန်-အာဆီယံ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ရာ မြန်မာ ဘာကြောင့်ပါသင့်သနည်း

by Joe Kumbun
12 September 2019
in သူ့အတွေး သူ့အမြင်
A A
အမေရိကန်နှင့် အာဆီယံ တို့၏  ပထမဆုံးအကြိမ် ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့် မြန်မာ့တပ်မတော်(ရေ) မှ ကျန်စစ်သား စစ်သင်္ဘော

အမေရိကန်နှင့် အာဆီယံ တို့၏  ပထမဆုံးအကြိမ် ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည့် မြန်မာ့တပ်မတော်(ရေ) မှ ကျန်စစ်သား စစ်သင်္ဘော

91.4k
VIEWS
Share on FacebookShare on Twitter

အမေရိကန် ပြည်ထောင်စုနှင့် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) တို့သည် စက်တင်ဘာ ၂ ရက်မှ ၆ ရက်ထိ ထိုင်း ပင်လယ်ကွေ့နှင့် တောင်တရုတ် ပင်လယ်အပါအဝင် နိုင်ငံတကာ ရေပိုင်နက်တွင် ပထမဆုံးအကြိမ် ပူးတွဲရေကြောင်း စစ်ရေးလေ့ကျင့်မှု ပြုလုပ် ခဲ့သည်။

ဒုဗိုလ်မှူးကြီး ခွန်အောင်ကျော် ဦးဆောင်သော မြန်မာရေတပ်လည်း ထိုစစ်ရေး လေ့ကျင့်မှုတွင် ပါဝင်သည်။

မြန်မာနိုင်ငံကို ထည့်သွင်း လုပ်ဆောင်ရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို တချို့က အထူးသဖြင့် ရိုဟင်ဂျာ အကျပ်အတည်း၊ နိုင်ငံတွင်းတွင် ဆက်လက် ဖြစ်ပေါ်နေသော အခြားတိုင်းရင်းသား ပဋိပက္ခများနှင့် မြန်မာ့ တပ်မတော်၏ တခြား လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကိုးကားသော လူ့အခွင့်အရေး အဖွဲ့များက ဝေဖန်ကြသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.8k
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
650
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
3.8k

သို့သော် အမေရိကန် ပြည်ထောင်စုက ထိုရေကြောင်း စစ်ရေးလေ့ကျင့်မှုနှင့် အခြား ကိစ္စများကို တပ်မတော် တခုတည်းနှင့်သာ နှစ်ဖက် သဘောတူ လုပ်ခဲ့ခြင်းရှိမှသာလျှင် ထိုဝေဖန်ချက်ကို ချီးကျူးရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဆိုရပါက အမေရိကန် ပြည်ထောင်စုသည် တပ်မတော်သို့ လက်နက်ရောင်းခြင်း သို့မဟုတ် ဗိုလ်လောင်းများအတွက် သင်တန်းပေးခြင်း သို့မဟုတ် အလားတူကိစ္စများ ရှိမရှိ ကြည့်ရမည် ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုသည် ထိုသို့ ဆိုးရွားစွာ တပ်မတော်နှင့် မည်သည့်အခါမျှ အလုပ်လုပ်မည် မဟုတ်ဟု မျှော်လင့်ရပေသည်။

ထိုမကြာသေးမီက စစ်ရေးလေ့ကျင်မှုတွင် မြန်မာနိုင်ငံကို ပါဝင်စေခဲ့ခြင်းနှင့် ပတ်သက်သော အကြောင်းရင်း နှစ်ခုရှိသည်။

ပထမ အချက်မှာ အာဆီယံအဖွဲ့ဝင် နိုင်ငံတခုဖြစ်သော မြန်မာနိုင်ငံကို အာဆီယံ မိသားစုက ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတွင် ဖယ်ထုတ်ထားခြင်း မရှိနိုင်၊ မရှိသင့် ဟူသည့် အချက်ဖြစ်ပြီး ဒုတိယ အချက်မှာ အမေရိကန် – အာဆီယံ ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း လုံခြုံရေးနှင့် အကြမ်းဖက်မှု တားဆီးရေး အတွက် အရေးပါသည်ဟူသော အချက်ဖြစ်သည်။

ဒေသတခုလုံးသို့ အလားအလာ ရှိသော အကြမ်းဖက်ဝါဒ ခြိမ်းခြောက်မှု အန္တရာယ်သည် အကြမ်းဖက် သမားများက သီရိလင်္ကာရှိ ခရစ်ယာန် ဘုရားကျောင်းများနှင့် ဟိုတယ်များကို ၂၀၁၉ ခုနှစ် ဧပြီလက တိုက်ခိုက် ခဲ့ပြီးနောက် အဓိက လုံခြုံရေး ခြိမ်းခြောက်မှု ဖြစ်လာသည်။ အီရတ်နှင့် ဆီးရီးယားမှ အစ္စလမ်မစ်နိုင်ငံတော်အဖွဲ့ (ISIS) သည် ဒေသတွင်းမှ နိုင်ငံများတွင် လှုပ်ရှားနေပြီး ထိုကဲ့သို့ အရေးပါသော ဒေသတွင်း လုံခြုံရေး စိန်ခေါ်မှုများကို ကိုင်တွယ်ရန် ရေကြောင်း စစ်ရေးပူးတွဲ ဆောင်ရွက်မှုသည် အရေးပါနေသည်။

ထို့အပြင် အမေရိကန် – အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုသည် ရေကြောင်း သဘာ၀ ပတ်ဝန်းကျင် ကာကွယ်ရေးနှင့် တရားမဝင် ငါးခိုးဖမ်းခြင်း၏ ထိခိုက်မှုများမှ ရင်းမြစ်များကို ကာကွယ်ခြင်းတွင် အရေးပါသည်။

ကြိုတင် အကြောင်းမကြားဘဲ သို့မဟုတ် လုပ်ထုံးလုပ်နည်း မညီဘဲ ငါးဖမ်းခြင်းကို တားဆီးခြင်း၊ ဟန့်တားခြင်းနှင့် ပပျောက်ရေးကို အာဆီယံ တခုတည်း မလုပ်ဆောင်နိုင်သလို ထိုစိန်ခေါ်မှုကို ကိုင်တွယ်ရန် အမေရိကန် ပြည်ထောင်စု၏ နည်းပညာနှင့် ဘဏ္ဍာရေး အထောက်အကူသည် အရေးပါလှပေသည်။

မကြာသေးမီက ပြုလုပ်ခဲ့သော ရေကြောင်း စစ်ရေးလေ့ကျင့်မှုသည် အရှေ့တောင်အာရှ ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတွင် တူညီသော ကတိကဝတ်များကို အားပေးသည်။

ဒုတိယအချက်မှာ မြန်မာနိုင်ငံသည် စည်းမျဉ်း အခြေပြုစနစ် သဘောတရားများကို လေးစားလိုက်နာ တန်ဖိုးထားသော အမေရိကန် ပြည်ထောင်စုနှင့် အခြား အာဆီယံ နိုင်ငံများနှင့် တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်သင့်သည်။

အရှေ့တောင်အာရှသည် အင်အားကြီးနိုင်ငံများ သြဇာ လွှမ်းမိုးရေးအတွက် မည်သည့်နည်းဖြင့် မဆို အားပြိုင်နေသော အင်ဒို-ပိစိဖိတ် ဒေသ၏ ဗဟိုချက်ဖြစ်သည်။ အထူးသဖြင့် ဒေသတွင်း အင်အားကြီး နိုင်ငံဖြစ်သော တရုတ်နိုင်ငံသည် ၎င်း၏ စစ်ရေးနှင့် စီးပွားရေး ထိုးနှက်ချက်ဖြင့် သြဇာ လွှမ်းမိုးရန် ကြိုးစားနေပြီး ထိုသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံအားလုံး၏ အချုပ်အခြာ အာဏာကို စိန်ခေါ်နေသည်။

တရုတ်နိုင်ငံ၏ သြဇာသည် အရှေ့တောင်အာရှ နိုင်ငံများအတွက် မကြုံစဖူး ထူးကဲသော စိန်ခေါ်မှုကို ဖြစ်စေသည်။ တရုတ်နိုင်ငံသည် စီးပွားရေး ဆွဲဆောင်မှုနှင့် ဒဏ်ခတ်ခြင်းကို သုံးပြီး ၎င်း၏ အစီအစဉ်ကို အခြားနိုင်ငံများ လိုက်နာအောင် လုပ်ဆောင်နေသည်။ ဥပမာအားဖြင့် ဆိုရပါက တရုတ်နိုင်ငံသည် သီရိလင်္ကာ နိုင်ငံ၏ အမျိုးသားချေးငွေကိုသုံးပြီး သေနင်္ဂဗျူဟာ ကျသော ဆိပ်ကမ်းကို ၎င်းထံ ၉၉ နှစ် လွှဲပြောင်းပေးရန်
လုပ်ဆောင်ခဲ့သည်။

ထိုအချက်သည် အရှေ့တောင်အာရှနှင့် အခြားနိုင်ငံများ အနေဖြင့် အချုပ်အခြာ အာဏာနှင့် ပတ်သက်ပြီး ကြီးမားသော စိန်ခေါ်မှုဖြစ်သည်။

အမေရိကန် ပြည်ထောင်စုနှင့် အရှေ့တောင်အာရှ နိုင်ငံများအကြား ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု တည်ဆောက်ခြင်းသည် ဒေသတွင်း ရေကြောင်းလုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် မကြုံစဖူး အရေးပါသည်။

ထိုစစ်ရေး လေ့ကျင့်မှုတွင် မြန်မာနိုင်ငံ ပါဝင်ခြင်းကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ လုံခြုံရေးနှင့် အနာဂတ် ပထဝီနိုင်ငံရေးကို ရင်ဆိုင်ခြင်းအတွက် အမေရိကန်နှင့် အခြား အရှေ့တောင်အာရှ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ခြေလှမ်းကောင်း တခုအဖြစ် မြင်သင့်သည်။

ထိုရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် မြန်မာနိုင်ငံသည် လွတ်လပ်ပွင့်လင်းသော ဒေသတွင်းနှင့် နိုင်ငံတကာစနစ်နှင့် အမေရိကန် ဦးဆောင်သော စည်းမျဉ်းအခြေပြု စနစ်မှ အကျိုးကျေးဇူးများ ရရှိမည် ဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Joe Kumbun ၏ The US-ASEAN Maritime Exercise: Why Myanmar Matters  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

You may also like these stories:

မြန်မာ တည်ငြိမ် အေးချမ်းရေး တရုတ် နှင့် ဂျပန် အခန်းကဏ္ဍ

တပ်မတော် ကိုယ်ပိုင် စီးပွားရေး လုပ်သင့်သလား

တိုင်းရင်းသား လက်နက်ကိုင် တိုက်ခိုက်မှု က တရုတ် BRI စီမံကိန်းများအပေါ် အရိပ်မိုးနေ

Your Thoughts …
Tags: မြန်မာ့တပ်မတော်(ရေ)အမေရိကန် - အာဆီယံ ရေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်ရေး
Joe Kumbun

Joe Kumbun

Contributor

Similar Picks:

No Content Available
Next Post
အိန္ဒိယသို့ သွားသည့် မြန်မာဘုရားဖူး တချို့မှာ ရွှေနှင့် လက်ဝတ်ရတနာများ ဝတ်ဆင်ကာ ရွှေကုန်ကူးကြသည် / ဧရာဝတီ

ရွှေမှောင်ခိုလုပ်သည့် ခရီးသွားကုမ္ပဏီများ အရေးယူပေးရန် တင်ပြမည်

ရင်ကွဲနာ

ရင်ကွဲနာ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
1.8k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved