• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ၊ အကြမ်းဖက်ဝါဒနှင့် အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များ

by Andrew Selth
26 June 2021
in သူ့အတွေး သူ့အမြင်
A A
မြန်မာပြည် တာချီလိတ်ဘက် ခိုးသွင်းမည့် လက်ပစ်ဗုံးများကို မတ်လအတွင်း ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့တွင် ဖမ်းမိစဉ် / Chiang Rai Times

မြန်မာပြည် တာချီလိတ်ဘက် ခိုးသွင်းမည့် လက်ပစ်ဗုံးများကို မတ်လအတွင်း ထိုင်းဘက်ခြမ်း မယ်ဆိုင်မြို့တွင် ဖမ်းမိစဉ် / Chiang Rai Times

96k
VIEWS
Share on FacebookShare on Twitter

၁၉၇၀ နှင့် ၁၉၈၀ ခုနှစ်များက နိုင်ငံတကာ သတင်းခေါင်းစဉ်များနှင့် အစိုးရများနှင့် လုံခြုံရေး ကျွမ်းကျင်သူများကို အကြမ်းဖက်ဝါဒက အကြီးအကျယ် လွှမ်းမိုးနေချိန်တွင် နိုင်ငံရေးအကြမ်းဖက်မှုကို မည်သို့ဖွင့်ဆိုမည်နှင့်ပတ်သက်ပြီး အပြင်းအထန်ငြင်းခုန်ခဲ့ကြသည်။ သံတမန်ရေးနှင့် ပညာရပ်ဆိုင်ရာ ဆွေးနွေးမှုတွင် ပိုမိုရှင်းလင်းစေရန်သာမက ထိုထူးခြားသော ခြိမ်းခြောက်မှုကို တုံ့ပြန်သည့် မူဝါဒများနှင့် ဥပဒေများ ချမှတ်ရန်အတွက်ပါ အကြမ်းဖက်ဝါဒကို တိကျစွာ အဓိပ္ပါယ်ဖွင့်ဆိုရန် လိုနေသောကြောင့် ထိုသို့ အပြင်းအထန်ငြင်းခုန်ခြင်းမှာ သဘောတရားအရ ဆွေးနွေခြင်းသက်သက် မဟုတ်ပေ။

မရေတွက်နိုင်လောက်အောင် များပြားသည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များကို ပေးကြသော်လည်း အနည်းငယ်သာ အထောက်အကူပြုသည်။ အချို့သော ပညာရပ်ဆ်ိုင်ရာ အားထုတ်မှုများသည် ရှည်လျားပြီး အသေးစိတ်ကျလွန်းသောကြောင့် လက်တွေ့မကျတော့ပေ။ နောက်ဆုံးတွင် တရားဝင်ဥပဒေများ ဖြစ်လာသည့် ဖွင့်ဆိုချက်များအပါအဝင် အခြားဖွင့်ဆိုချက်များသည်လည်း ကျယ်ပြန့်ပြီး ဒွိဟပွားစရာ များလွန်းသောကြောင့် မည်သည့် နိုင်ငံရေးဆန့်ကျင်မှု ပုံစံနှင့်မဆို သက်ဆိုင်နေပြန်သည်။ နောက်ဆုံးတွင် အကြွင်းမဲ့ အသုံးပြုနိုင်သော အဓိပ္ပါယ်ဖွင့်ဆိုချက် မရှိနိုင်ဟု ထိုနယ်ပယ်တွင် လုပ်ကိုင်နေသည့် ပညာရှင်များလက်ခံလိုက်ကြသည်။

ထိုသို့ဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းတခုမှာ တစုံတရာသော အကြမ်းဖက်မှုလုပ်ရပ်များကို ဖေါ်ပြရန် တီထွင်ထားသော အမည်တခုဖြစ်သည့် “အကြမ်းဖက်ဝါဒ”ဟူသော ဝေါဟာရကို နိုင်ငံရေးဆန်အောင် လွန်စွာပြုလုပ်ထားသောကြောင့် ဓမ္မဓိဋ္ဌာန်ကျကျ အသုံးမပြုနိုင်တော့ခြင်းကြောင့်ဖြစ်သည်။ တချိန်တည်းတွင် အများပြည်သူအမြင်တွင်လည်း ကျင့်ဝတ်နှင့် စိတ်ခံစားမှုဆိုင်ရာ သုံးသပ်ချက်များ အကြီးအကျယ် ဖုံးလွှမ်းလာသည်။ “လူတယောက်အတွက် အကြမ်းဖက်သမားသည် အခြားလူတယောက်အတွက် လွတ်မြောက်ရေးတိုက်ပွဲဝင်သူဖြစ်သည်” သို့မဟုတ် ပိုမိုရှင်းလင်းစွာဆိုရပါက “အကြမ်းဖက်မှုသည် လူဆိုးများ လုပ်သောအရာဖြစ်သည်” ဆိုသည့် အဆိုအမ်ိန့်များတွင် ထိုပြဿနာများကို ဖေါ်ပြနေသည်။

မြန်မာနိုင်ငံ၏ လက်ရှိ ပဋိပက္ခအခြေအနေတွင် ထိုဆွေးနွေးငြင်းခုန်မှုသည် ထပ်မံပေါ်ပေါက်လာသည်။ ထိုပဋိပက္ခသည် ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လမ်းမများပေါ်မှ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲအဆင့်မှ တနိုင်ငံလုံးကို ဝါးမြိုရန် ခြိမ်းခြောက်နေသည့် ပြည်တွင်းစစ် အသစ်တမျိုး ဖြစ်လာနေသည်။

ဝေါဟာရအရ လူသုံးများသည့် အဓိပ္ပါယ်ကို အသုံးချကာ တနိုင်ငံလုံး ကျယ်ပြန့်သည့် အတိုက်အခံ လှုပ်ရှားမှု၊ ထိုလှုပ်ရှားမှု၏ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ၎င်းတို့ဖာသာ ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်များကို စစ်ကောင်စီက အကြမ်းဖက်သမားများဟု တံဆိပ်ကပ်သည်။ အတိုက်အခံ လှုပ်ရှားမှုကလည်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် တံဆိပ်ပြန်ကပ်သည်။ ဒီမိုကရေစီ လိုလားသော လှုပ်ရှားမှုကို စစ်ကောင်စီက ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းခြင်းကို နိုင်ငံတော် အကြမ်းဖက်မှုဟု သတ်မှတ်သည်။ ထိုသို့ အပြန်အလှန် တံဆိပ်ကပ်နေခြင်းသည် အဓိကအားဖြင့် နှစ်ဖက်လုံးက ထောက်ခံမှုရရန် ကြိုးစားနေသည့် န်ိုင်ငံတကာပရိသတ်အတွက် ရည်ရွယ်ပုံရသည်။

သို့သော် စစ်ကောင်စီနှင့် စစ်ကောင်စီထောက်ခံသူများကို အကြမ်းဖက်သမားပုံစံဖြင့် တိုက်ခ်ိုက်နေသော လျှို့ဝှက်အဖွဲ့အစည်းအများအပြား ပေါ်ပေါက်လာခြင်းသည် အတိုက်အခံလှုပ်ရှားမှု၏ အနေအထားကို ပိုမိုရှုပ်ထွေးစေသည်။ ၎င်းတို့သည် စစ်ကောင်စီတပ်များ၏ စိတ်ဓါတ်နှင့် ရင်းမြစ်များဆုံးရှုံးနေစဉ် အရပ်သားများအကြား စစ်ကောင်စီဆန့်ကျင်ရေးအတွက် ထောက်ခံမှု ဆက်လက်ရယူနိုင်ရန် ရည်မှန်းကြောင်း ထင်ရှားသည်။

RelatedPosts

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606
ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

10 January 2026
2.6k
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
6.1k

အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း အတိုက်အခံအင်အားစုများက မြို့ကြီးမြို့ငယ်များမှ စစ်စခန်း၊ ရဲစခန်းနှင့် ဒီမိုကရေစီရေးကို သစ္စာဖေါက်သူဟု သတ်မှတ်ထားသူများ၏ အိမ်များ၊ ရုံးများကို ဗုံးဖေါက်ခွဲမှု အကြိမ် ၃၀၀ ကျော် လုပ်ဆောင်ခဲ့သည်။ အချို့ဖေါက်ခွဲမှုများသည် မရည်ရွယ်သော ထိခိုက်သေကြေမှုများကို ဖြစ်စေသည်။ ဥပမာဆိုရပါက ထင်ရှားသည့် အမျိုးသားရေးဝါဒီဆိုသူထံ ပေးပို့သည့် မင်္ဂလာဆောင် လက်ဖွဲ့ဗုံးပေါက်ကွဲမှုကြောင့် သူ၏ ဇနီးအသစ်စက်စက်နှင့် ဧည့်သည် ၂ ဦး သေဆုံးသည်။

အတ်ိုက်အခံအင်အားစုဝင်များက ပြုလုပ်သည့် လုပ်ကြံသတ်ဖြတ်မှုများလည်းရှိသည်။ အတည်မပြု နိုင်သေးသော သတင်းများအရ ပစ်မှတ်များတွင် စစ်သားများ၊ ရဲများ၊ ဒလန်ဟု သံသယရှိသူများ၊ စစ်ကောင်စီကို ထောက်ခံသူအဖြစ် သိထားသူများပါသည်ဟု သိရသည်။ အချို့သတ်ဖြတ်ခံသူများသည် သေနတ်ဖြင့် ပစ် သို့မဟုတ် ဒါးဖြင့် ထိုးသတ်ခံကြရပြီး အချို့မှာ ဗုံးဖေါက်ခွဲမှုများတွင် သတ်ဖြတ်ခံရသည်။ အနည်းဆုံးတဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး နောင်တွင် သတ်ဖြတ်လိုက်သည်။

ထိုတိုက်ခိုက်မှုများသည် ကာလကြာမြင့်စွာကပင် တည်ထောင်ထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAO) နှင့် လွန်ခဲ့သောလ အနည်းငယ်က တည်ထောင်ခဲ့သည့် ဒေသခံပြည်သူ့စစ်များ၏ ကျေးလက်ဒေသစစ်ဆင်ရေးများနှင့် ပတ်သက်သော်လည်း သီးခြားဖြစ်ရပ်များဖြစ်သည်။

စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်သော ဖိနှိပ်မှုများအပေါ် ဒီမိုကရေစီလှုပ်ရှားမှု၏ ဒေါသကို နားလည်နိုင်သည်။ အတိုက်အခံသတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကောင်စီသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့နောက်ပိုင်းတွင် လူ ၈၄၅ ဦးကျော်ကို သတ်ဖြတ်ခဲ့ပြီး အနည်းဆုံးလူ ၄၅၀၀ ကို ဖမ်းဆီးထားသည်။ အများအပြားသည် ညှင်းပမ်းနှိပ်စက်ခံရသည့် သဘောရှိသည်။ စစ်ကောင်စီ ခေါင်းဆောင်ပိုင်းသည် ဒေါ်အောင်ဆန်းစု၏ လူထုထောက်ခံမှုဖြင့် ရွေးကောက်ခံရသော အစိုးရကို ဖြုတ်ချခြင်းနှင့်ပတ်သက်ပြီး ပြန်လည်စဉ်းစားသုံးသပ်သည့် လက္ခဏာ မတွေ့ရပေ။

နိုင်ငံတကာအသိုက်အဝန်းက တုံ့ပြန်ဆောင်ရွက်မှု အထင်အရှား ကင်းမဲ့ခြင်းနှင့်ပတ်သက်ပြီးလည်း အကြီးအကျယ် စိတ်ပျက်မှုများ ရှိနေသည်။ ကုလသမဂ္ဂအနေဖြင့် ကြားဝင်ရန် အကြိမ်ကြိမ်တောင်းဆိုမှု ဥပမာ ကာကွယ်စောင့်ရှောက်ရန် တာဝန်အရ ကြားဝင်ပေးရန် တောင်းဆိုမှုကိုလည်း ဖြည့်ဆည်းပေးခြင်းမရှိပေ။ မေတ္တာရပ်ခံမှုများ ရှိသော်လည်း မည်သည့် ပြည်ပအစိုးရကမျှ NUG ကို အသိအမှတ်ပြုရန် လုပ်ဆောင်ခြင်းလည်း မရှိပေ။ အစိုးရအများအပြားတို့သည် မြန်မာနိုင်ငံတွင်း ဖြစ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ်မှုများကို ဖေါ်ပြကြသော်လည်း အနည်းငယ်ကသာ အရေးယူပိတ်ဆို့မှု ချမှတ်သည်။ သို့သော်ထိုလုပ်ရပ်များသည် အားနည်းလွန်း၊ နောက်ကျလွန်းနေသည်ဟု အတိုက်အခံလှုပ်ရှားမှုက မြင်သည်။

ထိုသို့သော အခြေအနေများတွင် အတိုက်အခံအဖွဲ့ဝင်များသည် ဒေါ်အောင်ဆန်းစုကြည်၏ အကြမ်းမဖက်ရေးနည်းလမ်းကို ရှောင်ရှားပြီး ပိုမိုအစွန်းရောက်သော နည်းလမ်းများ သုံးလာသည်မှာ အံ့သြစရာတော့ မဟုတ်ပေ။ ဆန္ဒပြသူအများအပြားသည် ၎င်းတို့ကိုယ်၎င်းတို့ အိမ်လုပ်လက်နက်များ တပ်ဆင်လာကြသည်။ ဘေ့ဂျင်းက ဗ်ိုလ်ချုပ်များကို ထောက်ခံသောကြောင့် တရုတ်စီးပွားရေးလုပ်ငန်းများ တိုက်ခိုက်ခံရသည်။ ဒီမိုကရေစီလိုလားသော တက်ကြွလှုပ်ရှားသူ ၁၀၀၀ ကျော်သည် တောခိုပြီး EAOs များထံတွင် စစ်သင်တန်းတက်ကြသည်။ အချို့က ကျေးလက်ပြောက်ကျားစစ်ဆင်ရေးလုပ်ရန် ရည်ရွယ်သော်လည်း အချို့တွင် အခြားရည်ရွယ်ချက် ရှိနေကြောင်း ထင်ရှားသည်။

တက်ကြွလှုပ်ရှားသူ အနည်းငယ်ကသာ မြို့ပြများတွင် ဗုံးခွဲတိုက်ခိုက်မှုနှင့် လုပ်ကြံသတ်ဖြတ်မှုများ ပြုလုပ်စေကာမူ ထိုသို့လုပ်ခြင်းသည် အတိုက်အခံအင်အားစုအားလုံးကို ကိုယ်စားပြုသည်ဟု မြင်နိုင်သည်။ ထို့ကြောင့် ပိုမိုခက်ခဲသော နိုင်ငံရေးနှင့် ကျင့်ဝတ်ဆိုင်ရာ မေးခွန်းများ ပေါ်ထွက်လာသည်။

အကြမ်းဖက်ဆန့်ကျင်မှု ပုံစံအမျိုးမျိုးကို အမျိုးအစားခွဲခြားရာတွင် နိုင်ငံရေးသည် အရေးပါသော အခန်းမှ အမြဲတမ်းပါဝင်သော်လည်း နိုင်ငံရေး ရည်မှန်းချက် အောင်မြင်ရေးအတွက် မြို့ပြတွင် လျှို့ဝှက် ဗုံးခွဲ လုပ်ကြံသတ်ဖြတ်မှုများ လုပ်ခြင်းသည် အကြမ်းဖက်မှု၏ အများလက်ခံထားသော အဓိပ္ပါယ် ဖွင့်ဆိုမှုတွင် အကျုံးဝင်နေသည်။ ထို့ကြောင့် စစ်ကောင်စီကို ဝါဒဖြန့်ချိရေး လက်ဆောင်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။ အထူးသဖြင့် အပြစ်မဲ့သူများ ထိခိုက်သေဆုံးသောအခါ ထိုသို့ ပိုမိုဖြစ်စေသည်။ ထိုသို့သော တိုက်ခိုက်မှုများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် သို့မဟုတ် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုတခုလုံး၏ ရည်ရွယ်ချက်များကို ပိုမိုကျယ်ပြန့်စွာ မေးခွန်းထုတ်ရန် ဗ်ိုလ်ချုပ်များ အခွင့်အလမ်းရသွားစေသည်။

ထိုသို့သော နည်းလမ်းများကို သုံးခြင်းသည် အတိုက်အခံလှုပ်ရှားမှုကို ကူညီရန် ပြည်ပအစိုးရများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများအတွက် နယ်ပယ်ကိုလည်း ကျဉ်းမြောင်းအောင် ကန့်သတ်လိုက်သည်။ ဥပမာအားဖြင့်ဆိုရပါက ရည်မှန်းချက် မည်မျှမြင့်မားသည်ဖြစ်စေ၊ ရန်ညှိုးရန်စက မည်မျှကြီးမားသည်ဖြစ်စေ အနောက်ဒီမိုကရေစီများနှင့် ကုလသမဂ္ဂတို့သည် အကြမ်းဖက်လှုပ်ရှားမှုများကို လူသိရှင်ကြား ထောက်ခံနိုင်ခြင်း မရှိကြပေ။ ၎င်းတို့သည် ကမ္ဘာ့အကြမ်းဖက်မှု ပြဿနာကို ကိုင်တွယ်ရန် လွန်ခဲ့သော နှစ် ၅၀ ကာလလုံး ဖေါ်ထုတ်ထားသည့် ကျယ်ပြန့်သော ဥပဒေမူဘောင်ကိုသာ ဆုပ်ကိုင်ကြရမည်၊ ဆုပ်ကိုင်နေသည်ဟု အထင်ခံအောင် လုပ်ကြမည်သာ ဖြစ်သည်။

မြန်မာ့အတိုက်အခံလှုပ်ရှားမှုသည် မျှော်လင့်ချက်ကင်းမဲ့နေပြီး အရပ်သား ပြည်သူများအား တန်ဖိုးကြီးကြီး ပေး၍ တဖြည်ဖြည်း အတင်းအကျပ် လွှမ်းမိုးချုပ်ကိုင်လာနေသည့် အင်အားကြီးမားပြီး ညှာတာမှုကင်းမဲ့သည့် စစ်ယန္တရားကို တိုက်ခိုက်ရန် နည်းလမ်း အနည်းငယ်သာ ရွေးစရာရှိသည်ဟု သံသယမရှိ ခံယူနေသည်။ သို့သော် အဖွဲ့ဝင်အချို့က လျှို့ဝှက် အကြမ်းဖက်သည့် တိုက်ခိုက်မှုများကို ရွေးချယ်ခြင်းအားဖြင့် အတိုက်အခံလှုပ်ရှားမှုအတွက် ရေရှည်နိုင်ငံရေး ပြဿနာများကို ပိုမိုဆိုးရွားစေမည်ဖြစ်သည်။

(The Interpreter တွင် ဖော်ပြထားသော Andrew Selth ၏ Myanmar, terrorism and the demands of international politics ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ Andrew Selth သည် သြစတြေးလျ Griffith တက္ကသိုလ်ရှိ Griffith Asia Institute မှ ပါမောက္ခ တဦး ဖြစ်ပါသည်။ )

You may also like these stories:

အရှိန်မြင့်လာသော ဗုံးခွဲတိုက်ခိုက်မှုများကြောင့် အရပ်သားထိခိုက်သေဆုံးမှု ရှိလာ

ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

လူထုအနေဖြင့် စစ်ရေး နိုင်ငံရေး သတိထားနားစွင့်ကြရန် KIA တိုက်တွန်း

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

Your Thoughts …
Tags: NUGမြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအကြမ်းဖက်ဝါဒအပြည်ပြည်ဆိုင်ရာ နိုင်ငံရေးမှ တောင်းဆိုချက်များအာဏာသိမ်း စစ်ကောင်စီ
Andrew Selth

Andrew Selth

Andrew Selth သည် သြစတြေးလျနိုင်ငံ၊ ဂရစ်ဖစ်တက္ကသိုလ်၊ ဂရစ်ဖစ်အေးရှား အင်စတီကျုမှ တွဲဖက် ပါမောက္ခဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

Next Post
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး  / ထက်နိုင်ဇော် /  ဧရာဝတီ

သမ္မတရုံး ပြောခွင့်ရှိသူ ဦးဇော်ဌေး ပြန်လည်လွတ်မြောက်

အဆိုတော် နိုဗန်ထူး  / သံလွင်ခက် News

“Raymond Tree” ကမ်ပိန်းမှာ ပါဝင်ဖို့ နိုဗန်ထူး ဖိတ်ခေါ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved