• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

34 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဆယ်ကျော်သက်တဦးကို လည်ပင်းအထိမြေမြှုပ်ပြီး ညှင်းဆဲဟု HRW ပြော

by ဧရာဝတီ
24 June 2021
in သတင်း
A A
မတ်လ ၆ ရက် တာမွေမြို့နယ်အတွင်း စစ်တပ်နှင့် ရဲက ဆန္ဒပြသူတဦးအား အင်အားသုံး ဖမ်းဆီးလာစဉ် / ဧရာဝတီ

မတ်လ ၆ ရက် တာမွေမြို့နယ်အတွင်း စစ်တပ်နှင့် ရဲက ဆန္ဒပြသူတဦးအား အင်အားသုံး ဖမ်းဆီးလာစဉ် / ဧရာဝတီ

107.6k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီတပ်များသည် အသက် ၁၇ နှစ်ရွယ် လူငယ်အမျိုးသားတဦးကို ရိုက်နှက်ပြီး မြေမြှုပ်သတ်မည်ဟု ဆိုကာ ကျင်းတခုတွင် လည်ပင်းအထိ မြေမြှုပ်ခဲ့ကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ HRW ကပြောကြားလိုက်သည်။

ထိုဆယ်ကျော်သက်အရွယ် လူငယ်သည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မြန်မာစစ်တပ် အာဏာသိမ်းယူပြီးနောက် ညှင်းပမ်းနှိပ်စက်၊ ရိုက်နှက်စော်ကားခံရသူ အများအပြားအနက် တဦးသာဖြစ်ကြောင်း HRW ကပြောသည်ဟု အင်္ဂါနေ့က ထုတ်ပြန်သော အစီရင်ခံစာတွင် ဖေါ်ပြသည်။

RelatedPosts

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

နှစ် ၄၀ ကျော် မော်ကွီးလု စခန်းကို KNLA တရက်တည်းတိုက်ယူ (ရုပ်/သံ)

17 May 2025
2
စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

17 May 2025
645
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
209

ထိုလူငယ်ကို မေလအစောပိုင်း နေအိမ်များကို ညဖက် စီးနင်းမှုတခုတွင် ဖမ်းဆီးခဲ့ပြီး ဆန္ဒပြအဖွဲ့တခု၏ ခေါင်းဆောင်ဖြစ်သည်ဟု စွပ်စွဲခဲ့သည်။

ထိုသို့ ဖမ်းဆီးခံရစဉ်အတွင်း ဦးခေါင်းကို ရိုင်ဖယ်သေနတ်ဒင်ဖြင့် ရ်ိုက်နှက်ခံရပြီး မျက်နှာကို အဝတ်ဖြင့်အုပ်ကာ မည်သည့်နေရာမှန်း မသိသည့်နေရာတခုတွင် စစ်ကြောခံရကြောင်း ထိုလူငယ်က HRW သို့ပြောသည်။ ဖမ်းဆီးပြီးနောက် ၄ ရက်ကြာ စစ်ကြောခံရစဉ် စစ်တပ်မှ စစ်မေးသူများက သူ့ကို အင်္ဂတေထည့်ထားသည့် ဝါးလုံးဖြင့်ရိုက်နှက်ကာ စစ်မေးစဉ် ညို့သကျီးပေါ်တွင် ထို ဝါးလုံးဖြင့် လှိမ့်ကြိတ်ကြောင်းလည်း သူပြောသည်။

“တတိယနေ့မှာ သူတို့က ကျနော့်ကို စစ်မေးတဲ့နေရာကနေ နာရီဝက်လောက် မောင်းရတဲ့ တောထဲခေါ်သွားတယ်” ဟု ထိုလူငယ်ကပြောကြောင်း အစီရင်ခံစာက ဆိုသည်။

“ ကျနော့်မျက်နှာကို အဝတ်စည်း၊ လက်တွေကိုကြိုးနဲ့ချည် ပြီး ကျင်းတကျင်းမှာ လှဲနေခိုင်းတယ်။ ကျနော့် ဦးခေါင်းကို ပေါက်တူးနဲ့ပေါက်ဖို့လည်း သူတို့ကြံစည်ခဲ့တယ်။ သူတို့က ကျနော့်ကို မြေစဖို့တော့ ကျနော့်ကို အရှင်လတ်လတ်မြေမြှုပ်တော့မယ်လို့ ထင်မိတာ” ဟုလည်း သူပြောသည်။

သူနှင့် အခြားဖမ်းဆီးခံရသူများကို ရေနှင့် အစားအသောက်မပေးဘဲထားသောကြောင့် အသက်ဆက်ရေးအတွက် အိမ်သာမှရေကို သောက်ရကြောင်းလည်း သူပြောသည်။ သူ့ကို စစ်ကြောရေးစခန်းတွင် ၇ ရက်ထားပြီးနောက် ရန်ကုန်ရှိ အင်းစိန်ထောင်သို့ပို့ခဲ့သည်ဟု ဆိုသည်။ နောက်ဆုံးတွင် ခံဝန်တစောင်ကို လက်မှတ်ရေးထိုးစေပြီး ပြန်လွှတ်ပေးသည်ဟု ဆိုသည်။

စစ်ကောင်စီက ဖမ်းဆီးခံရသူအများအပြားသည်လည်း အလားတူပြောဆိုသောကြောင့် ထိုလူငယ်၏ ပြောဆိုချက်များကို လက်ခံယုံကြည်ကြောင်း HRW ကပြောသည်။

မြန်မာအာဏာပိုင်များသည် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် နောက်ဆက်တွဲ ပြဿနာများကို မကြောက်ဘဲ ညှင်းပမ်းနှိပ်စက်မှုများကို ကျင့်သုံးနေကြောင်း HRW မှ သုတေသီ မန်နီမောင်က ပြောသည်။

“ရိုက်နှက် လူ့အခွင့်အရေးချိုးဖေါက်မှုတွေရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက အာဏာသိမ်းမှု ဆန့်ကျင်တဲ့ဘယ်သူ့ကိုမဆို နှုတ်ပိတ်ဖို့ စစ်ကောင်စီရဲ့ လုပ်ရပ်အတိုင်းအတာကို ပြနေတယ်” ဟုလည်း သူပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ အဆိုအရ စစ်ကောင်စီတပ်များသည် အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများအတွင် လူအနည်းဆုံး ၈၇၃ ဦးကို သတ်ဖြတ်ခဲ့ပြီး အနည်ဆုံး ၆၂၃၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူအများအပြားကို ကျပ်သိပ်ပြီး ကျန်းမာရေးနှင့်မညီညွတ်သည့် စစ်ကြောရေးစခန်းများနှင့် ထောင်များတွင် ပိတ်လှောင်ထားပြီး ဆွေမျိုးများ၊ ဥပဒေအကျိုးဆောင်များနှင့် တွေ့ဆုံခွင့်မပေးကြောင်း HRW က ပြောသည်။ HRW ကတွေ့ဆုံမေးမြန်းခဲ့သည့် အခြားသတင်းရင်းမြစ်များ၏ အဆိုအရ စစ်ကောင်စီတပ်များသည် ဖမ်းဆီးထားသူများကို ရဲစစ်ကြောရေးစခန်းများသို့ ပို့ဆောင်ပြီး ရိုက်နှက်ကာ နာရီပေါင်းများစွာကြာအောင် အတင်းအကျပ် မတ်တပ်ရပ်နေစေခြင်း၊ ဒူးထောက်နေစေခြင်း စသည့် စိတ်ဖိစီးစေသည့် လုပ်ရပ်များကို လုပ်ကြောင်း သိရသည်။

HRW ၏ ယခု ထုတ်ပြန်ချက်သည် မြန်မာစစ်ကောင်စီတပ်များ၏ ညှင်းပမ်းနှိပ်စက်မှုများနှင့်ပတ်သက်သည့် နောက်ဆုံးသိရသည့် အချက်အလက်များဖြစ်သည်။

မြန်မာအာဏာပိုင်များသည် မတ်လက ကမာရွတ် မီဒီယာမှ သတင်းသမားနှစ်ဦးကို ရန်ကုန်ရှိ ရေကြည်အိုင် စစ်ကြောရေးတွင် ဖမ်းဆီးထားစဉ် ပထမ ၂ ပတ်အတွင်း ကိုယ်ထိလက်ရောက် ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း သတင်းသမားများ ကာကွယ်ရေး ကော်မတီ CPJ က မေလတွင် ထုတ်ပြန်ကြေညာသည်။

ထိုသတင်းသမားများ၏ မိသားစုများနှင့် စကားပြောခဲ့သည့် ကြားခံသတင်းရင်းမြစ်တခု၏ အဆိုအရ ဦးနေသန်မောင်နှင့် ဦးဟန်သာငြိမ်းတို့ကို စစ်မေးစဉ် ဦးခေါင်းများတွင် အပြင်းအထန်ရ်ိုက်နှက်ကာ ဝမ်းဗိုက်များ၊ ပေါင်များနှင့် တင်ပါးများကို စီးကရက်မီးဖြင့် တို့ကြောင်း၊ လက်ထိပ်ကိုနောက်ပြန်ခတ်ပြီး ရေခဲပေါ်တွင် ဒူးထောက်ထိုင် ခိုင်းကြောင်း သိရသည်ဟု CPJ က ဆိုသည်။

နောက်ပိုင်းတွင် ၎င်းတို့နှစ်ဦးကို အင်းစိန်ထောင်သို့ ပို့ဆောင်ပြီး သတင်းတုဖြန့်မှုဖြင့် စွဲချက်တင်သည်။ အမေရိကန်နိုင်ငံသားဖြစ်သော ဦးနေသန်မောင် ထိုနောက်တွင် ပြန်လွှတ်သော်လည်း ဦးဟန်သာငြိမ်းမှာ ဆက်လက်ဖမ်းဆီးခံထားရပြီး ထောင် ၃ နှစ်အထိကျမည့် အန္တရာယ်ကို ရင်ဆိုင်နေရသည်။

ဧပြီလအတွင်းကလည်း သူမသည် ရန်ကုန်ရွှေပြည်သာရှိ စစ်ကြောရေးစခန်းတွင် သံပိုက်နှင့် ရိုက်နှက်ခံရပြီး ဆီးစပ်ကို အကန်ခံရသော အမျိုးသမီးတဦးနှင့်တွေ့ခဲ့ကြောင်း အသက် ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တဦးက RFA သတင်းဌာနသို့ ပြောသည်။

“ စစ်ကြောရေးစခန်းကို သူရောက်လာတော့ လမ်းလဲမလျှောက်နိုင်ဘူး။ အစာလည်း မစားနိုင်ဘူး။ မျက်နှာတခုလုံး အရမ်းကို ဖူးရောင်နေတယ်။ နှုတ်ခမ်းတွေက ကွဲထွက်နေတယ်” ဟု ထိုမိန်းကလေးက ပြောသည်။

“မျက်လုံးတွေရောင်နေပေမယ့် မျက်စိတော့ မြင်ရသေးတယ်။ အကန်ခံထားရလို့ မအင်္ဂါက သွေးတွေ စီးထွက်နေတယ်။ ဆက်ပြီးရိုက်နှိပ်စစ်ဆေးနေရင် အသက်မှ ရှင်ပါတော့မလားမသိဘူး” ဟုလည်း သူပြောသည်။

ကိုးကား။ ။ Aljazeera

You may also like these stories:

မန္တလေး၌ စစ်တပ်က ပစ်၍ သေသူ ၄ဦးမှာ PDF များမဟုတ်ဟု မိသားစုဝင်များပြော

စစ်ကောင်စီကြောင့် ကိုယ်အင်္ဂါချို့ယွင်းရသူ ဆေးကုခွင့်ရရေး အာမခံလျှောက်ရန် ကြိုးပမ်း

စစ်ကောင်စီတပ်က ဓားပြလုပ်ရပ်များ ကျူးလွန်နေ

မြန်မာ့တပ်မတော်က KNU ကို ရှက်ပါ

Your Thoughts …
Tags: HRWစစ်ကြောရေးစစ်ဆေးမေးမြန်းဆယ်ကျော်သက်တဦးညှင်းဆဲလည်ပင်းအထိမြေမြှုပ်အာဏာသိမ်း စစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
51.3k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

ရေဘဝဲအဖွဲ့ဝင် အမျိုးသမီး ၂ ဦး အဖမ်းခံရပြီးနောက် ဆက်စပ်သူများ လိုက်လံရှာဖွေနေ

by ဧရာဝတီ
13 May 2024
8.7k

အဖွဲ့ဝင်အမျိုးသမီး ၂ ဦးထဲမှ ၁ ဦးအား မေလ ၉ ရက်နေ့ညက ရန်ကုန်မြို့ရှိ နေအိမ်အပြန်လမ်းတွင် ဖမ်းဆီးခဲ့ပြီးနောက် ၁ ဦးအား ယင်းနေ့ ညသန်းခေါင်အချိန် ၎င်းနေထိုင်ရာအဆောင်၌ ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း

၂၀၂၁ ခုနှစ်၊ မတ်လက ဗီဒီယိုကွန်ဖရင့်မှတဆင့် ကျင်းပသည့် ၁၈ ကြိမ်မြောက် အာဆီယံ စစ်ထောက်လှမ်းရေး အစည်းအဝေး တက်ရောက်နေသည့် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး  / Cincds

စစ်ကောင်စီ ငရဲခန်းများ တာဝန်ခံ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး

by ဧရာဝတီ
11 October 2022
19.8k

စစ်ထောက်လှမ်းအဖွဲ့ဝင်များကဲ့သို့ပင် စရခ အဖွဲ့ဝင်များသည် ဖမ်းဆီးထားသူများထံမှ သတင်းရယူရန် ညှဉ်းပန်းနှိပ်စက်သည့်နည်းကို အသုံးပြုရာတွင် ကျွမ်းကျင်ကြသည်။

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

ဆရာတော် ဦးသောဘိတ ပျောက်ဆုံးနေ (ရုပ်/သံ)

by ယဉ်မွန်
5 July 2024
6.4k

စစ်တပ်နဲ့ အမျိုးဘာသာ၊ သာသနာ ထိမ်းသိမ်းစောင့်ရှောက်ရေး (မဘသ) အဖွဲ့တွေကို ဝေဖန်မိန့်ကြားလေ့ရှိတဲ့ ဆရာတော် ဦးသောဘိတ (အင်္လကာကြယ်) ပျောက်ဆုံးနေတာ တနှစ်ကျော်ရှိနေပါပြီ။

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

ခွာစစ်၊ ပြေးစစ်၊ ပြေးမဟာဗျူဟာနဲ့ ပြေးနိုင်မှ လွတ်မယ်

by ကြိုးကြာ
7 July 2024
6.2k

ရန်ကုန်မှာလည်း စီးပွားရေးသမားတွေကြား၊ ခရိုနီတွေကြား စစ်ကြောရေးမှာ နေနည်း၊ ဖြေနည်း၊ ချော့နည်းများ အပြင် ပြေးပေါက် ရှာနေကြသည်။

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

မြန်မာ့တော်လှန်ရေး၏ မမြင်ရသော ရှေ့တန်းစစ်မျက်နှာ

by Vincent MacIsaac
20 August 2024
5k

"ထောင်ထဲမှာနေတုန်းက ကျမ လုပ်ချင်တဲ့ တခုတည်းသောအရာက ဆက်လက် ဆန့်ကျင်ဖို့အတွက် ထောင်ကနေ လွတ်မြောက်ရေးပဲ"

Next Post
အဆိုတော် ရေမွန်နဲ့ လပြည့်ကဗျာ   / Lapyae Gabyar's Facebook

အစ်ကို ရေမွန်အတွက် ယူကြုံးမရ ခံစားနေရတဲ့ ညီမ လပြည့်ကဗျာ

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ကို ၂၀၂၀ခု ဒီဇင်ဘာအတွင်းက တွေ့ရစဉ်  / ဧရာဝတီ

ကျောင်းမတက်ဘဲ ပညာတတ်အောင် ဘယ်လိုသင်မလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

1 week ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • စစ်တပ် အပစ်ရပ်သည်ဆိုသော်လည်း သတ်ဖြတ်မှု ပိုဆိုးလာ

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate