• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မန္တလေး၌ စစ်တပ်က ပစ်၍ သေသူ ၄ဦးမှာ PDF များမဟုတ်ဟု မိသားစုဝင်များပြော

by ဧရာဝတီ
23 June 2021
in သတင်း
A A
၂၀၂၁ခု ဇွန် ၂၂ရက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၆လမ်းနှင့် ၁၁၀လမ်းထောင့်တွင် စစ်တပ်ပစ်ခတ်မှု ကြောင့် ဓာတ်အားပေးတိုင် ထရန့်စ်ဖော်မာကို တိုက်မိရာ ယာဉ်ပေါ် ၄ဦးသေဆုံးသွားသည် / CJ

၂၀၂၁ခု ဇွန် ၂၂ရက် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၅၆လမ်းနှင့် ၁၁၀လမ်းထောင့်တွင် စစ်တပ်ပစ်ခတ်မှု ကြောင့် ဓာတ်အားပေးတိုင် ထရန့်စ်ဖော်မာကို တိုက်မိရာ ယာဉ်ပေါ် ၄ဦးသေဆုံးသွားသည် / CJ

53.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၅၆ လမ်းအနီး ယမန်နေ့က စစ်တပ်ပစ်ခတ်မှုကြောင့် ယာဉ်တိမ်းမှောက်၍ သေဆုံးသူ ၄ဦး မှာ စစ်ကောင်စီ ထုတ်ပြန်သကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဝင်များမဟုတ်ကြောင်း မိသားစုဝင်များက ဧရာဝတီသို့ ပြောသည်။

၎င်းတို့ ၄ဦးမှာ ကြက်ခြံလုပ်ငန်း လုပ်ကိုင်နေသည့် ရှမ်းပြည် မြောက်ပိုင်း ဇာတိ တအန်းလူမျိုး မိုင်းချစ်ဆွေ၊ မိုင်းနိုင်လိုင်း၊ ကိုနိုင်ထွန်းကြည်နှင့် တရုတ်လူမျိုး ကိုအားတီတို့ ဖြစ်ပြီး၊ လုပ်ငန်းခွင် သွားစဉ် လမ်းတွင် စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ယာဉ်တိမ်းမှောက်ကာ သေဆုံးခဲ့ကြခြင်း ဖြစ်သည်။

ကိုမိုင်းချစ်ဆွေ၏ အစ်မဖြစ်သူ မလွေးလွေးက “မောင်လေးက သာမန်အရပ်သားပါ။ အရင်က ဆန္ဒပြရင်တောင် သိပ်မပါခဲ့ ဘူး။ သူက PDF လည်း မဟုတ်ဘူး။ သာမန်အရပ်သားပဲ။ မနေ့တုန်းက သူတို့သူငယ်ချင်းတွေနဲ့ ကြက်ခြံသွားမယ်ဆိုပြီး ကားနဲ့ ထွက်သွားတာပါ။ စစ်ကောင်စီက သူတို့ကို သေနတ်ပါတယ်ဆိုပြီး လိုက်တာ သူတို့လည်း မြန်မြန်မောင်းရင်း ရှေ့က ဓါတ်တိုင်ကို တိုက်မိတာလို့ ကြားပါတယ်။ သူတို့ ရှေ့မှာလည်း အရပ်ဝတ်နဲ့ စစ်သားတွေရှိလို့ ပြန်ကွေ့မယ်အလုပ်မှာ စစ်ကောင်စီက သေနတ်နဲ့ ပစ်လိုက်တာပါ” ဟု ပြောသည်။

ကိုမိုင်းချစ်ဆွေ သေဆုံးချိန်တွင် အသက် ၂၄ နှစ် ရှိပြီဖြစ်ကြောင်း၊ မိသားစုဝင်များ စုံစမ်းထားချက်များအရ ကနဦးတွင် ကားနှင့် ဓါတ်တိုင် တိုက်မိစဉ်က ကိုမိုင်းချစ်ဆွေ၊ ကိုမိုင်းနိုင်လိုင်း၊ ကိုနိုင်ထွန်းကြည်နှင့် ကိုအားတီတို့မှာ သေဆုံးခြင်း မရှိသေးဘဲ စစ်ကောင်စီဘက်က လိုက်လံပစ်ခတ်ခြင်း၊ ဗုံးဖြင့်လှမ်းပစ်ခြင်းတို့ကြောင့် ကားနှင့် ထရန် စဖော်မာပါ ပျက်စီးသွားခြင်း ဖြစ်ကြောင်း သိထားသည်ဟုလည်း မလွေးလွေးက ပြောဆိုသည်။

၎င်းက “ဒီလူငယ် ၄ ဦးက PDF နဲ့လည်း ဘာမှပတ်သက်မှု မရှိဘူး။ သူတို့အလုပ်ကို နေ့စဉ်လုပ်ကိုင်နေတဲ့သူတွေ ဖြစ်တဲ့ အတွက် လက်နက်ပစ္စည်းတွေလည်း ပါလာစရာ အကြောင်းမရှိဘူး။ ပါလည်း မပါလာဘူး။ သူတို့ မှားယွင်းစွာ လုပ်ဆောင် တဲ့အတွက် တာဝန်ယူမှု တာဝန်ခံမှု အပြည့်ရှိရပါမယ်။ ဆုံရှုံးသွားတဲ့ ကျမတို့ မိသားစုဝင်၊ ကျမတို့ လူငယ်တွေအတွက် သူ တို့ တခုခုတော့ ပြန်ပေးဆပ်ရပါမယ်။ သူတို့ ပြန်ပေးဆပ်ဖို့အတွက်လည်း မေတ္တာရပ်ခံပါတယ်” ဟု ဆိုသည်။

စစ်ကောင်စီသည် ၎င်းတို့ ပစ်ခတ်မှုကြောင့် ယာဉ်မတော်တဆဖြစ်ကာ သေဆုံးသွားသည့် အဆိုပါ အရပ်သား ၄ ဦး၏ ရုပ် အလောင်းများကို သယ်ဆောင်သွားရာ ယနေ့အချိန်ထိ မိသားစုဝင်များက အလောင်းများ ပြန်ရခြင်း မရှိသေးပါ။

သေဆုံးသွားသူထဲတွင် တဦးအပါအဝင် ဖြစ်သည့် ကိုမိုင်းနိုင်လိုင်း၏ ဇနီးကလည်း “သူက PDF မဟုတ်ပါဘူး။ ကျမနဲ့ မင်္ဂလာဆောင်တာ ဒီလ ၆ ရက်နေ့မှာ ဆောင်တာပါ။ သူ ၁၂ ရက်နေ့မှာ လားရှိုးဆင်းတယ်။ ၁၃ ရက်နေ့မှာ သူငယ်ချင်း မင်္ဂလာဆောင် သွားတယ်။ ၁၄ ရက်နေ့မှာ မန္တလေးဆင်းပြီး ကြက်ခြံသွားတယ်။ ပြီးတော့ မန္တလေးက သူ့အစ်ကိုအိမ်မှာ ခဏလာနားတယ်။ မနေ့က ကြက်ခြံပြန်သွားတာ။ သူတို့ ၄ ယောက်လုံးက ကြက်ခြံမှာ လုပ်တဲ့သူတွေပါ” ဟု ပြောသည်။

ကိုမိုင်းနိုင်လိုင်းသည် ကြက်ခြံသွားသည့် လမ်းခုလတ်တွင် PDF နှင့် စစ်ကောင်စီကြား ပစ်ခတ်နေသည့်ကြား ပိတ်မိနေစဉ် ၎င်းတို့ကားသည် ရှေ့တိုးမရ၊ နောက်ဆုတ်မရဘဲ ပိတ်မိနေကြောင်းကို ဇနီးသည်အား ဖုန်းဖြင့် ဆက်သွယ် ပြောဆိုနေခဲ့ပြီး ပစ်ခတ်မခံရခင် ၈ နာရီကျော်အထိ ဖုန်းအဆက်အသွယ် ရှိခဲ့ကြောင်း၊ ပစ်ခတ်ခံရပြီးနောက်မှသာ အဆက်အသွယ် ပြတ်တောက်သွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၎င်းက “ကျမ ပုံလည်း မကြည့်ရဲဘူး။ လိုင်းလည်း မတက်ရဲဘူး။ သူတို့ပုံ တက်လာမှာ ကြောက်လို့ ကြည့်လည်းမကြည့်ရဲ ဘူး။ သူတို့ PDF လို့ စွပ်စွဲထားတာ ဟုတ်လည်း မဟုတ်ဘူး။ ကျမ အခု သူတို့အလောင်းပဲ ပြန်လိုချင်တယ်” ဟု ပြောသည်။

အဆိုပါ အရပ်သား ၄ ဦး သေဆုံးမှုနှင့် ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ရာတွင် Parjero အဖြူရောင်ကား သည် ၅၃ လမ်းတွင် လုံခြုံရေးတပ်ဖွဲ့အား လက်နက်ငယ်များဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွားခြင်းကြောင့် စစ်ကောင်စီ ဘက်က လိုက်လံပိတ်ဆို့ ဖမ်းဆီးရာ ထရန်စဖော်မာကို ဝင်တိုက်ပြီး ယာဉ်တိုက်မှုကြောင့် သေဆုံးသွားခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

စစ်ကောင်စီက ထိုသို့ သတင်းထုတ်ပြန်ထားသော်လည်း အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားရာအနီး ရှိနေသည့် ဒေသခံအချို့က ယာဉ်တိုက်မှု ဖြစ်ချိန်တွင် စစ်ကောင်စီဘက်က ယာဉ်ကို ဝိုင်းဝန်းပစ်ခတ်ပြီး လက်ပစ်ဗုံးဖြင့်ပါ ဖောက်ခွဲခဲ့သည်ဟု ဧရာဝတီ ကို ပြောသည်။

စစ်ကောင်စီသည် မန္တလေး PDF ရုံးကို ဝင်စီးပြီးနောက် ရုံးအတွင်းမှ ၈ ဦးကို ဖမ်းမိကာ ၄ ဦးကို ကားထဲတွင် သေဆုံးလျက် ဖမ်းမိသည်ဟု သတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သတင်းထုတ်ပြန်မှုနှင့် ပတ်သက်၍ မန္တလေး PDF တပ်ဖွဲ့၏ မြို့ပြပြောက်ကျားတာဝန်ခံ ဗိုလ်ထွန်းတောက်နိုင်က စစ်ကောင်စီ၏ ကြေညာချက်မှာ မှားယွင်းနေကြောင်း ဇွန် ၂၂ ရက်တည်းက ငြင်းဆိုထားပြီး ရုံးခန်းတွင်း အသက်ရှင်လျက် ဖမ်းမိသူ PDF တပ်ဖွဲ့ဝင် ၂ ဦးနှင့် သေဆုံးလျက် ဖမ်းမိသူ ၂ ဦး စုစုပေါင်း ၈ ဦးသာ ဖြစ်ကြောင်း ဧရာဝတီကို ပြောဆိုထား သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရိုက်ကူးထားသော လူမှုကွန်ရက်စာမျက်နှာပေါ် ပြန့်လာသည့် ဓာတ်ပုံတပုံထဲတွင် အမျိုးသား ၈ ဦး၏ အလောင်းများကို စစ်သုံး တာလပတ်စပေါ် တင်ထားသည်ကို မြင်တွေ့ရသည်။

အဆိုပါ အလောင်း ၈ လောင်းအနက် ၄ ဦးမှာ စစ်ကောင်စီ ပစ်ခတ်မှုကြောင့် ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားသည့် အရပ် သား ၄ ဦး၏ အလောင်းများ ပါဝင်နေကာ ဓာတ်ပုံမှတ်တမ်းအရ အရပ်သား ၄ ဦး၏ အလောင်းများတွင် ဦးခေါင်း၊ ပုခုံးတို့၌ ပစ်ခတ်ခံထားရခြင်းကြောင့် ဒဏ်ရာများ ရရှိနေသည်ကိုလည်း မြင်တွေ့ရသည်။

စစ်ကောင်စီ၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းထဲတွင် တိုက်ခိုက်ရေးနှင့် စစ်ဆင်ရေး ပြုလုပ်သည့် စစ်သည်များသည် အရပ်သားများကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း မပြုရကြောင်း စစ် သည်တော် ကျင့်ဝတ်ထဲတွင် ပါရှိသည်။

ထို့ပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများတွင် အရပ်သားများ၏ အသက်အန္တရာယ်ကို ရန်ပြုခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်း ပန်းနှိပ်စက်ခြင်းအပြင် လူမျိုး၊ အသားအရောင်၊ ဘာသာရေး၊ နိုင်ငံရေး အယူအဆများအပေါ် အခြေခံကာ ခွဲခြားဆက် ဆံခြင်း၊ အသက်အန္တရာယ်ပြုခြင်းများကို လက်နက်ကိုင်ထားသည့် တပ်ဖွဲ့များက မပြုလုပ်ရကြောင်း ဂျီနီဗာကွန်ဗန်းရှင်း ၏ ပြဋ္ဌာန်းချက် အမှတ် ၁၃ နှင့် ၃၂ တို့တွင် ပြဋ္ဌာန်းထားသည်။

ဂျီနီဗာကွန်ဗန်းရှင်းသည် နိုင်ငံတကာ စစ်ပွဲများ၊ ပြည်တွင်း၌ ဖြစ်သည့် တိုက်ပွဲများတွင် စစ်သည်တော်များ လိုက်နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများ မကျူးလွန်စေရန် လိုက်နာရမည့် အချက်များကို ပြဋ္ဌာန်းထားသည့် သဘောတူညီချက်တခု ဖြစ်သည်။

ဂျီနီဗာကွန်ဗန်းရှင်းတွင် မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၁၉၆ နိုင်ငံက ထိုသဘောတူညီချက်ပါ အချက်များကို လိုက်နာ ကျင့်သုံးပါမည်ဟု လက်မှတ်ရေးထိုးထားသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် လက်လွတ်စပယ် ပစ်ခတ်မှုများကို ပြုလုပ်နေရာ ပြီးခဲ့သည့် ဇွန် ၂၀ရက်ကလည်း မော်လမြိုင် မြို့ မောင်ငံရပ် ကျောက်မီးသွေးရုံ မီးပွိုင်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို ရဲတပ်ဖွဲ့က ပစ်ခတ်သတ်ဖြတ်ခဲ့ သေးသည်။

You may also like these stories:

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
127
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
143
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

စစ်ကောင်စီ ဒုဗိုလ်မှူးကြီး တဦးသေဆုံးရတဲ့ မန္တလေးဖြစ်စဉ်

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် မန္တလေး PDF ၂ ဦးသေဆုံး၊ ၆ ဦး ဖမ်းခံရ

မော်လမြိုင်တွင် လူငယ်၂ ဦး စစ်ကောင်စီတပ် ပစ်ခတ်၍ သေဆုံး

Your Thoughts …
Tags: PDFစစ်ကောင်စီမန္တလေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အဆိုတော် ရေမွန်  / Raymond Idiots Page

အဆိုတော် ရေမွန် ငှက်ဖျားကြောင့် ဆုံးပါးတာ မဟုတ်ဟုဆို

ကနီဒေသတွင် တွေ့ ရသည့် စစ်ကောင်စီ လက်နက်ကိုင်တပ်များ  / ကနီသတင်း

ကနီနှင့် ယင်းမာပင်ဒေသတွင် တိုက်ပွဲများ ပိုပြင်းထန်လာ၊ စစ်သား ၂၀ ကျော် သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved