မြန်မာ့လူမျိုးစုနှင့် လူမှုအကျပ်အတည်းများ၏ ဗဟိုချက်တွင် မေးခွန်း နှစ်ခုရှိသည်။ ထိုမေးခွန်းများသည် ပဟေဠိများဟု အချို့က ဆိုကောင်းဆိုနိုင်သည်။ မေးခွန်းတခုမှာ နိုင်ငံတွင် အင်အားအကြီးမားဆုံး အင်စတီကျူးရှင်းဖြစ်သည့် စစ်တပ်သည် မည်သည့်အတွက် အလုပ်ဖြစ်သည့်နိုင်ငံတခုကို မတည်ဆောက်နိုင်သနည်းဆိုသည့် မေးခွန်းဖြစ်သည်။
နောက်ထပ်မေးခွန်းတခုမှာ စစ်အာဏာရှင်စနစ်ကို မုန်းတီးနေသည်မှာ ထင်ရှားသော ပြည်သူများအပေါ် စက်ဆုပ်ဖွယ်အကောင်းဆုံး ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ရန် စိတ်အားထက်သန်လောက်အောင် စစ်သားများက စစ်အရာရှိများကို မည်သည့်အတွက် သစ္စာခံနေသနည်း ဆိုသည့် မေးခွန်းဖြစ်သည်။
မြန်မာမှ ပြည်တွင်းစစ်များသည် ကမ္ဘာ့သက်တမ်းအရှည်ဆုံးဖြစ်ပြီး စစ်အရာရှိများအကြား ပြင်းထန်သည့် အုပ်စုဖွဲ့မှုမရှိသလို အောက်ခြေစစ်သားများကလည်း ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်ကို ပုန်ကန်ခြင်းမရှိပေ။ အဖြေကို နေပြည်တော်ရှိ စစ်ရေးပြကွင်းတွင် တွေ့နိုင်သည်။ နိုင်ငံသမိုင်းတွင် အထင်ရှားဆုံး စစ်ဘုရင် သုံးပါးဖြစ်သည့် အနော်ရထာ၊ ဘုရင့်နောင်နှင့် အလောင်းဘုရားတို့၏ အဆမတန်ကြီးမားသည့် ရုပ်တု သုံးခု ဖြစ်သည်။
တော်လှန်ရေးနေ့ကို နေပြည်တော်တွင် စတင်ကျင်းပပြီး ထိုမြို့၏ အမည်သည် နေပြည်တော်ဖြစ်ကြောင်း ပြည်သူကို ကြေညာသည့် ၂၀၀၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ငါတို့ တပ်မတော်ဟာ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ ထူထောင်ခဲ့တဲ့ စွမ်းဆောင်ရည်မြင့်တဲ့ တပ်မတော်တွေရဲ့ အစဉ်အလာကို ဆက်ခံနိုင်တဲ့ တပ်မတော်ဖြစ်ရမယ်” ဟု ပြောခဲ့သည်။
စစ်မှန်သော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးသည် ဗိုလ်ချုပ်များ၏ စိတ်တွင် မည်သည့်အခါကမျှ မပေါ်ပေါက်ဖူးပေ။ ၎င်းတို့သည် ကိုလိုခေတ်မတိုင်မီက စစ်ဘုရင်များကို ဆက်ခံသူများအဖြစ် ၎င်းတို့ကိုယ် ၎င်းတို့ မြင်ကြသည်။ မြို့တော်အမည်ကို ရှေးဟောင်း အသုံးအနှုန်းဖြင့် နေပြည်တော်ဟု ပေးထားခြင်းကပင် ထိုအချက်ကို ထင်ဟပ်နေသည်။
တော်လှန်ရေးနေ့ကို နေပြည်တော်တွင် စတင်ကျင်းပပြီး ထိုမြို့၏ အမည်သည် နေပြည်တော်ဖြစ်ကြောင်း ပြည်သူကို ကြေညာသည့် ၂၀၀၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “ငါတို့ တပ်မတော်ဟာ အနော်ရထာ၊ ဘုရင့်နောင်နဲ့ အလောင်းဘုရားတို့ ထူထောင်ခဲ့တဲ့ စွမ်းဆောင်ရည်မြင့်တဲ့ တပ်မတော်တွေရဲ့ အစဉ်အလာကို ဆက်ခံနိုင်တဲ့ တပ်မတော်ဖြစ်ရမယ်” ဟု ပြောခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စစ်သားများနှင့် မိသားစုများ၊ အစိုးရအရာရှိများနှင့် ဝန်ထမ်းများသာ သီးခြားနီးပါး နေထိုင်သည့် နေပြည်တော် တည်ဆောက်ခြင်းကို ကြီးကြပ်ခဲ့သည်။ သို့သော် မြန်မာ့သမိုင်းကို လေးနက်သော လေ့လာမှုများတွင် တွေ့ရသည့်အတိုင်း ယနေ့စစ်ခေါင်းဆောင်များက စံပြအဖြစ်သတ်မှတ်ထားသည့် ထိုစစ်ဘုရင်များသည် အကောင်းဆုံး စစ်သည်တော်များနှင့် သိမ်းပိုက်အောင်နိုင်သူများ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း လွန်စွာညံ့ဖျင်းသည့် နိုင်ငံတည်ဆောက်သူများ ဖြစ်သည်။
၎င်းတို့ထူထောင်ခဲ့သော အင်ပါယာများသည် စုစည်းညီညွတ်မှု မရှိဘဲ အင်အားနည်းသော ဆက်ခံသူ နှစ်ဆက်ထက် ပိုမိုတည်တံ့ခဲ့ခြင်း မရှိပေ။ ထိုဘုရင်များသည် အခွန်ကောက်သည့် ရုံးမှအပ အုပ်ချုပ်ရေး အင်စတီကျူးရှင်း တည်ဆောက်ခြင်းမရှိဘဲ ၎င်းတို့ သိမ်းပိုက်ထားသော ပြည်သူများကို ထိန်းချုပ်ရန် စစ်အင်အား သက်သက်ကိုသာ အားကိုးသောကြောင့် သိမ်းပိုက်နယ်မြေများကို ပြန်လည်ဆုံးရှုံးခဲ့သည်။
အနော်ရထာသည် ဧရာဝတီမြစ်ကမ်းမှ ထိုစဉ်က သေးငယ်သောနိုင်ငံဖြစ်သည့် ပုဂံတွင် ဘုရင်ဖြစ်လာပြီး ပထမ မြန်မာနိုင်ငံတော်ကို ၁၀၅၇ ခုနှစ်က သထုံမြို့ပြနိုင်ငံကို သိမ်းပိုက်ပြီးနောက် တည်ထောင်သည်။ စစ်နိုင်သည့် ဆုကြေးအဖြစ် မွန်စစ်သုံ့ပန်း ၃၀,၀၀၀ ကို ဖမ်းဆီးခေါ်ဆောင်လာပြီး ထိုသူများကို အနော်ရထာနှင့် သူ့ကို ဆက်ခံသူများက ဘုရားများတည်ဆောက်ရာတွင် အသုံးပြုသည်။
ဗမာများသည် မွန်စာပေရေးသားမှုစနစ်ကိုလည်း ပြုပြင်လက်ခံပြီး မွန်လူမျိုးများ ရှိနေသောကြောင့် နိုင်ငံကို ထေရဝါဒဗုဒ္ဓဘာသာ သြဇာအောက်တွင် ပိုမိုခိုင်မာစေသည်။ ပုဂံကို မွန်ဂိုတို့က ၁၂၈၇ ခုနှစ်တွင် ဝင်ရောက်တိုက်ခိုက်သည်ဟု သမိုင်းပညာရှင်များက ယေဘုယျ ယူဆကြသည်။ ထို့ကြောင့်ပင် ပထမမြန်မာနိုင်ငံတော် ကျဆုံးသွားသည်။
ပထမ မြန်မာနိုင်ငံတော် တပ်များနှင့် မွန်ဂိုတို့အကြား တိုက်ခိုက်ခဲ့သည်ကို သံသယဖြစ်စရာ မရှိသော်လည်း နန်းတော်ကို ဖျက်ဆီးသလို အပျက်အစီးများကို ဘုရားကျောင်းကန်များတွင် မတွေ့ရပေ။ အချို့ဘုရားကျောင်းကန်များ ပျက်စီးမှုသည် ငလျင်များကြောင့်လည်း ဖြစ်နိုင်သလို ထိုစဉ်ကတည်ရှိခဲ့သည့် မည်သည့်အဖွဲ့အစည်းမဆို၏ လျစ်လျူရှုမှုကြောင့်လည်း ဖြစ်နိုင်သည်။ ၁၃ ရာစုသို့ ရောက်သောအခါ ပုဂံသည် ဘုရားကျောင်းကန်များ တည်ဆောက်ရန် ငွေကြေး အလွန်အကျွံသုံးပြီး နိုင်ငံတည်ဆောက်ရေး မရှိသောကြောင့် ကျဆုံးအင်ပါယာဖြစ်လာသည်။
၁၃ ရာစုသို့ ရောက်သောအခါ ပုဂံသည် ဘုရားကျောင်းကန်များ တည်ဆောက်ရန် ငွေကြေး အလွန်အကျွံသုံးပြီး နိုင်ငံတည်ဆောက်ရေး မရှိသောကြောင့် ကျဆုံးအင်ပါယာဖြစ်လာသည်။
ဒုတိယ မြန်မာနိုင်ငံတော်ကို တောင်ငူမင်းဆက်က ၁၅၃၁ ခုနှစ်တွင် တည်ထောင်ပြီး ၁၅၅၁ ခုနှစ်မှ ၁၅၈၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော ဘုရင့်နောင်သည် အကျော်ကြားဆုံး စစ်ဘုရင်ဖြစ်သည်။ သူသည် ၁၅၅၁ ခုနှစ်မှ ၁၅၈၁ ခုနှစ်အထိ အလယ်ပိုင်း ပဲခူးလွင်ပြင်ရှိ နန်းတော်မှ နိုင်ငံကို အုပ်ချုပ်ပြီး ပုဂံ၏ မြောက်ဘက်ဒေသများ၊ အရှေ့ဘက်တွင် ရှမ်းကုန်းမြေမြင့် အစိတ်အပိုင်းများ၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံမြောက်ပိုင်းမှ ချင်းမိုင်နှင့် လာအိုမှ ဗီယန်ကျင်းအထိ တိုက်ခိုက်သိမ်းပိုက်သည်။
ချက်-မြန်မာသမိုင်းပညာရှင် ဂျန်ဘက်ကာက “သို့သော် ဘုရင့်နောင်သည် ထိရောက်သော အုပ်ချုပ်ရေး ထူထောင်ရန် ပျက်ကွက်ပြီး သူ့အင်ပါယာ၏ တည်ငြိမ်မှုသည် စစ်အင်အားနှင့် သစ္စာခံမှုတွင်သာ မူတည်နေသည်။ အဆက်မပြတ် စစ်တိုက်နေသောကြောင့် နိုင်ငံ၏ လူသားရင်းမြစ်များ ဆုံးရှုံးစေသည်။ ဘုရင့်နောင် နတ်ရွာစံသောအခါ သူကျွန်ပြုသိမ်းပိုက်ထားသူမျာက လွတ်လပ်ရေးများ ပြန်လည် ထူထောင်ကြသည်” ဟု ရေးသားခဲ့သည်။ ဒုတိယ မြန်မာနိုင်ငံတော်သည် ၁၆၃၄ ခုနှစ်တွင် မြို့တော်သစ်ကို အင်းဝတွင် ထူထောင်ပြီး အတက်အကျများဖြင့် ရင်ဆိုင်ရကာ အုပ်ချုပ်သူ အထက်လွှာများအကြား အားပြိုင်မှုကြီးမားလာပြီး စတင်ပြိုကွဲသည်။
ဒုတိယ မြန်မာနိုင်ငံတော်သည် အင်းဝကျဆုံးပြီးနောက် ကုန်းဘောင်မင်းဆက်က အုပ်ချုပ်သည့် တတိယ မြန်မာနိုင်ငံတော်ကို အလောင်းဘုရားက ၁၇၅၅ ခုနှစ်တွင် တည်ထောင်သည်။ သူသည် မွန်များကို စစ်ဆင်ပြီး ၁၇၅၇ ခုနှစ်တွင် ပဲခူးကို လုံးဝ ဖျက်ဆီးလိုက်သည်။
အမည်မသိ အင်္ဂလိပ်လူမျိုးတဦးက ၁၇၅၀ ပြည့်နှစ်ဝန်းကျင်တွင် ပဲခူးနယ်က အင်းဝနန်းတော်ကို ပုန်ကန်ခြားနားမှုအကြောင်း မှတ်တမ်းတင်ခဲ့သည်။ “ပြည်သူများသည် ရက်စက်ကြမ်းကြုတ်သော အာဏာရှင်အစိုးရအောက်တွင် နေမည့်အစား သားရိုင်းတိရစ္ဆာန်များနှင့် နေထိုင်ရန် ရွေးချယ်ကြသည်။ ထိုအစိုးရတွင် ဘုရင်တပါးရှိသော်လည်း မည်သည့် အတွေ့အကြုံမျှ မရှိသောကြောင့် ကိုယ်ကျိုးသက်သက်ကိုသာသိပြီး အခြားမည်သည်ကိုမှ မသိသည့် ဝန်ကြီးများက အုပ်ချုပ်ကြသည်။ နယ်စားပယ်စားများသည် နန်းတော်မှဝန်ကြီးများ ကျေနပ်အောင် လုပ်ပေးနိုင်သည်နှင့် သူအောက်မှလူများကို စိတ်တိုင်းကျ ဖိနှိပ်နိုင်ပြီး အပြစ်ပေးခံရခြင်း မရှိသောကြောင့် နိုင်ငံက အပြောင်းအလဲ လိုလားသည်။ ထို့ကြောင့် အကြွယ်ဝ အချမ်းသာဆုံးနှင့် အကျယ်ဆုံးပြည်နယ်ဖြစ်သည့် ပဲခူးက ပုန်ကန်သည်။ လွန်ခဲ့သော ၁၀ နှစ်အတွင်း ပဲခူးသည် ဘုရင့်တပ်များက ၎င်းတို့ကို တိုက်ခိုက်သိမ်းပိုက်ရန် အားထုတ်မှုများအားလုံးကို မအောင်မမြင်ဖြစ်စေသည်။ ညံ့ဖျင်းသော အစိုးရကြောင့် ထိုကိစ္စအောင်မြင်ရန် မျှော်လင့်ချက်မရှိဘဲ ဆက်တိုက်ရှုံးနေပြီး စိတ်ပျက်လာကြသည်” ဟု သူကရေးသားသည်။
ထိုစာကို ၁၈ ရာစုတွင် ရေးသားပြီး အင်းဝကို မွန်သူပုန်များက ၁၇၅၂ တွင် ဖြုတ်ချသော်လည်း ထိုဖြစ်ရပ်များသည် ယနေ့ခေတ် မြန်မာနိုင်ငံအခြေအနေနှင့် အံ့သြစရာကောင်းလောက်အောင် တူညီနေသည်။ ထိုစစ်ဘုရင်များနောက်ပိုင်း အပြောင်းအလဲ မရှိသလောက်ပင် ဖြစ်နေသည်။ လက်ရှိအခြေအနေနှင့် ကွဲပြားမှုမှာ ပုန်ကန်မှုများသည် “အကြီးမားဆုံးနှင့် အချမ်းသာဆုံး ပြည်နယ်” တွင်သာ ဖြစ်ပွားနေခြင်း မဟုတ်ဘဲ တနိုင်ငံလုံးတွင် ဖြစ်ပွားနေပြီး လက်ရှိ အာဏာရှင်စနစ်ကို ဖြုတ်ချရန် “အောင်မြင်နိုင်သည့် မျှော်လင့်ချက်များ” ရှိနေခြင်းဖြစ်သည်။
ဒုတိယ မြန်မာနိုင်ငံတော်သည် အင်းဝကျဆုံးပြီးနောက် ကုန်းဘောင်မင်းဆက်က အုပ်ချုပ်သည့် တတိယ မြန်မာနိုင်ငံတော်ကို အလောင်းဘုရားက ၁၇၅၅ ခုနှစ်တွင် တည်ထောင်သည်။ သူသည် မွန်များကို စစ်ဆင်ပြီး ၁၇၅၇ ခုနှစ်တွင် ပဲခူးကို လုံးဝ ဖျက်ဆီးလိုက်သည်။
မြန်မာနိုင်ငံမှ ရှေ့တန်းအရောက်ဆုံး သမိုင်းပညာရှင်များအနက် တဦးဖြစ်သော ဒေါက်တာ သန်းထွန်းက သူ၏ “ခေတ်သစ်မြန်မာနိုင်ငံသမိုင်း (၁၇၅၂-၁၉၄၈)” တွင် “(ပဲခူးမှ) အဆောက်အအုံ အများစုကို မီးတင်ရှို့သည်။ အများအပြားသည် ချင်းမိုင်နှင့် ထိုင်းသို့ ထွက်ပြေးကြသည်။ တိုက်ပွဲများအတွင်း လူသိန်းချီသေဆုံးသည်” ဟုရေးသားခဲ့သည်။
အလောင်းဘုရား၏သားတော် ဆင်ဖြူရှင်သည် ၁၇၆၇ ခုနှစ်တွင် ထိုင်းမြို့တော် အယုဒ္ဓယကို တိုက်ခိုက်ဖျက်ဆီးသည်။ ထိုလုပ်ရပ်ကြောင့် မြန်မာများကို ထိုင်းများက မည်သည့်အခါမှ ခွင့်မလွှတ်ပေ။ တချိန်တည်းတွင် သူသည် တရုတ်ကိုလည်း တိုက်ခိုက်ပြီး ထိုင်းနှင့် တရုတ်စစ်ပွဲ နှစ်ပွဲကို တပြိုင်နက် တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ကြောင့် ထိုင်းမှ ပြန်လည်ဆုတ်ခွာရသည်။ ကုန်းဘောင်မင်းဆက်ကို ဗြိတိသျှတို့က ၁၈၂၄-၁၈၂၆ နှင့် ၁၈၈၅ ခုနှစ် အင်္ဂလိပ်-မြန်မာစစ်ပွဲများတွင် ဖြုတ်ချလိုက်သည်။
ထိုစစ်ပွဲများ မတိုင်မီက ဖြစ်ရပ်များကို ဒေါက်တာ သန်းထွန်းက “သူ (ဘကြီးတော်ဘုရား ခေါ် စစ်ကိုင်းမင်း) သည် ကြီးမားသော အင်ပါယာကို အမွေရပြီး ထိုအင်ပါယာခိုင်မာစေရန်နှင့် ပြည်သူများကို ကောင်းမွန်သော အုပ်ချုပ်ရေး ပြုလုပ်ပေးရန်မှာ သူ၏တာဝန်ဖြစ်လာသည်။ သို့သော် သူ လုံးဝ အောင်မြင်ခြင်း မရှိပေ” ဟု ရေးသားခဲ့သည်။ ဒေါက်တာ သန်းထွန်းက ဘကြီးတော်ဘုရားသည် အတိတ်အင်ပါယာ၏ အောင်မြင်မှုများတွင် သာယာနေပြီး အင်္ဂလိပ်တို့၏ အင်အားကို နားမလည်ကြောင်း ရေးသားသည်။
၁၈၅၃ ခုနှစ်တွင် မင်းတုန်းမင်း ဘုရင် မဖြစ်မီအထိ မြန်မာတွင် အဓိပ္ပာယ်ရှိသည့် ပြုပြင်ပြောင်းလဲရေး မရှိပေ။ မင်းတုန်းမင်းသည် အခွန်စနစ်သစ်ကို အကောင်အထည်ဖော်သည်။ စက်မှုလုပ်ငန်းနှင့် ကူးသန်းရောင်းဝယ်ရေးကို အားပေးသည်။ စစ်တပ်ကို ပိုမိုစည်းကမ်းရှိပြီး စစ်တပ်ပီသအောင် ပြုပြင်ပြောင်းလဲရေးများ စတင်သည်။ သူ၏ခေတ်တွင် ရတနာပုံနေပြည်တော် သတင်းစာဟု ခေါ်သည့် သတင်းစာတစောင်ကို မြို့တော်သစ် မန္တလေးတွင် ထုတ်ဝေသည်။ ပညာဉာဏ်ရှိသော မင်းတုန်းမင်းသည့် အရှေ့တောင်အာရှတွင် ပထမဆုံးသော သတင်းစာလွတ်လပ်ခွင့် ဥပဒေကိုပင် ပြဋ္ဌာန်းခဲ့သည်။
သို့သော် လွန်စွာ အချိန်နှောင်းခဲ့ပြီဖြစ်သည်။ မင်းတုန်းမင်းသည် ၁၈၇၈ ခုနှစ်တွင် နတ်ရွာစံသည်။ ၁၈၈၅ ခုနှစ်တွင် သူ့ကိုဆက်ခံသူ သီပေါမင်းကို အင်္ဂလိပ်တို့က မြန်မာ့နောက်ဆုံးဘုရင်ကို ဖူးတွေ့ရန်လာရောက်သူများ ရှေ့မှောက်မှာပင် ဖမ်းဆီးခေါ်ဆောင်သွားသည်။ သီပေါမင်း၊ မိဖုရား စုဖုရားလတ်နှင့် သားတော်၊ သမီးတော်များကို အိန္ဒိယနိုင်ငံ၊ ရတနာဂီရိသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး သီပေါမင်းသည် ရတနာဂီရိတွင် ၁၉၁၆ ခုနှစ်၌ ကံကုန်သည်။
ရှေးခေတ်ဟောင်း မြန်မာမှ အင်ပါယာများနှင့် ဘုရင့်နိုင်ငံများကို ဖိနှိပ်ချမ်းသာလာသည့် အုပ်ချုပ်သူများက ဗရမ်းဗတာ အုပ်ချုပ်ခဲ့ပြီး ၎င်းတို့၏ရင်းမြစ်များမှာ အကုန်အကျများသော စစ်ပွဲများကြောင့် ကုန်ခန်းကုန်သည် သို့မဟုတ် ဒေါက်တာ သန်းထွန်း၏ အဆိုအရ “မြန်မာတွင် ဘုရင်ဖြစ်ခြင်း သဘောတရားသည် ဥရောပမှ မြင့်မြတ်သောဘုရင် ဖြစ်ခြင်းသဘောတရားနှင့် အတော်အတန် ကွဲပြားခြားနားသည်။ မြန်မာတွင် တိုက်ခိုက်သိမ်းပိုက်ခြင်းဖြင့် အာဏာရယူသည်” ဟုပင် ဆိုရမည်ဖြစ်သည်။
ရှေးခေတ်ဟောင်း မြန်မာမှ အင်ပါယာများနှင့် ဘုရင့်နိုင်ငံများကို ဖိနှိပ်ချမ်းသာလာသည့် အုပ်ချုပ်သူများက ဗရမ်းဗတာ အုပ်ချုပ်ခဲ့ပြီး ၎င်းတို့၏ရင်းမြစ်များမှာ အကုန်အကျများသော စစ်ပွဲများကြောင့် ကုန်ခန်းကုန်သည်
ဘုရင်များ၏ နန်းတော်တွင် ခိုင်မာသော ဗဟိုချက် ရှိကောင်းရှိနိုင်ခဲ့သော်လည်း ထိုဗဟိုချက်မှ ဝေးလေလေ အုပ်ချုပ်ရေး အားနည်းလေလေပင် ဖြစ်သည်။ မြန်မာအင်ပါယာများနှင့် ဘုရင့်နိုင်ငံများ၏ ဖရိုဖရဲ အုပ်ချုပ်ရေးများအကြောင်း အသေးစိတ်ကို ဗစ်တာ လိုက်ဘာမင်၏ Burmese Administrative Circles: Anarchy and Conquest, c. 1580-1760 တွင် သရုပ်ခွဲ လေ့လာခဲ့သည်။
ခိုင်မာသော မြန်မာနိုင်ငံတော်ဆိုသည့် ဒဏ္ဍာရီကို ဖြန့်ချိသူမှာ ဗြိတိန်-အမေရိကန် ပညာရှင် ရောဘတ်တေလာ ဖြစ်သည်။ သူ၏ အဓိကလက်ရာမှာ “ဗမာမှနိုင်ငံတော်” (The State in Burma) ဟု သင့်လျော်သော အမည်ပေးထားပြီး ထိုစာအုပ် ပထမအကြိမ်ကို ၁၉၈၇ ခုနှစ်က ထုတ်ဝေသည်။ ထိုစာအုပ်တွင် တေလာ၏ အဓိက ရည်ရွယ်ချက်မှာ သူနှင့် အခြားအနောက်တိုင်း ပညာရှင်အချို့၏ အယူအဆကို မြေတောင်မြှောက်ပေးရန် ဖြစ်သည်။ အစဉ်အလာအားဖြင့် မြန်မာသည် ခိုင်မာသော ဗဟိုချက်ရှိပြီး တိုင်းရင်းသားများ နေထိုင်သည့် ဝေးကွာသောဒေသများမှ မြန်မာမဟုတ်သူများကို တဖြည်းဖြည်း ပေါင်းစည်းဝါးမြိုသည့် အာဏာရှင်နိုင်ငံ ဖြစ်သည်။
ထို့ကြောင့် ဗြိတိသျှ ကိုလိုနီခေတ် ၁၉ နှင့် ၂၀ ရာစု လစ်ဘရယ်ဝါဒနှင့် ၁၉၄၈ ခုနှစ်လွတ်လပ်ရေးနောက်ပိုင်း ထိုဝါဒ တိုးချဲ့လာခြင်းသည် နိုင်ငံ၏ သမိုင်းတွင် တိုတောင်းဆန်းပြားသော ကြားကာလမျှသာဖြစ်သည်။ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာသည် ကိုလိုနီနယ်ချဲ့များနှင့် လစ်ဘရယ်များက ဖျက်ဆီးခဲ့သည့် သမိုင်းကိုပြန်လည် ထူထောင်သည်။ ထို့ကြောင့် အထက်ပါစာအုပ်၏ နောက်ဆုံးအခန်း ခေါင်းစဉ်မှာ နိုင်ငံတော်ပြန်လည်ထူထောင်ခြင်း ၁၉၆၂-၁၉၈၇ (Reasserting the State 1962-1987) ဖြစ်သည်။
ထိုစဉ်က အာဏာရှင် ဗိုလ်ချုပ်နေဝင်းသည် သနားကြင်နာမှု အထိုက်အလျောက် ရှိသည်ဟု တေလာက ရေးသားသည်။ ထိုစာအုပ်ကို ခေတ်သစ်အာရှသမိုင်းတွင် အကြီးမားဆုံး အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှုများ မြန်မာတွင် မဖြစ်ပွားမီ အချိန်အနည်းငယ်အလိုက ထုတ်ဝေခြင်းဖြစ်သည်။ ၁၉၈၈ ခုနှစ်၊ သြဂုတ်လနှင့် စက်တင်ဘာလတွင် ယခု ၂၀၂၁ ခုနှစ်က ဖြစ်ပွားသည့်အတိုင်း သန်းနှင့်ချီသော ပြည်သူများ လမ်းမများပေါ် ထွက်လာကြပြီး ၎င်းတို့ကို ဆယ်စုနှစ် နှစ်ခုကျော်ကြာ မွန်းကျပ်အောင် ချုပ်ကိုင်ထားသည့် ဖိနှိပ်သော အစိုးရကို ဆန့်ကျင်ကြသည်။
ဗိုလ်ချုပ်ကြီး နေဝင်း၏ သနားကြင်နာမှုဟူသည့် တေလာ၏ အယူအဆမှာ နေဝင်း၏ စစ်တပ်က လက်နက်မဲ့ဆန္ဒပြသူများကို ပစ်သတ်ပြီး ယောကျ်ား၊ မိန်းမ၊ ကလေး လူထောင်ပေါင်းများစွာ သေဆုံးသောအခါ ပက်ပက်စက်စက် ကြေမွသွားသည်။ အနည်းငယ် ပြုပြင်သန့်စင် တည်းဖြတ်ထားသည့် တေလာ၏ The State in Myanmar ဟု နိုင်ငံအမည်ပြောင်းထားသော စာအုပ်ကို ၂၀၀၉ ခုနှစ်တွင် ထပ်မံထုတ်ဝေသည်။
ဗိုလ်ချုပ်ကြီး နေဝင်း၏ သနားကြင်နာမှုဟူသည့် တေလာ၏ အယူအဆမှာ နေဝင်း၏ စစ်တပ်က လက်နက်မဲ့ဆန္ဒပြသူများကို ပစ်သတ်ပြီး ယောကျ်ား၊ မိန်းမ၊ ကလေး လူထောင်ပေါင်းများစွာ သေဆုံးသောအခါ ပက်ပက်စက်စက် ကြေမွသွားသည်။
တေလာ ရေးသားခဲ့သည်များနှင့် ဆန့်ကျင်သည့် နောက်ဆက်တွဲဖြစ်ရပ် အများအပြားရှိသော်လည်း သူ၏ သဘောတရားများကြောင့် သူနှင့် စိတ်တူကိုယ်တူ အနောက်တိုင်းပညာရှင် အချို့အကြား ယုံကြည်ချက်တခု ဖြစ်စေသည်။ ထိုယုံကြည်ချက်မှာ စစ်တပ်သည် “ခိုင်မာသော နိုင်ငံတော်” ကို ထိန်းသိမ်းထားနိုင်စွမ်း ရှိသည်ဆိုသည့် အယူအဆဖြစ်သည်။
ထိုသို့သော စိတ်ကူးယဉ်မှုကို လန်ဒန်အခြေစိုက် ပညာရှင် မာရီ လဲလ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တိုကျိုရှိ ကုလသမဂ္ဂတက္ကသိုလ်နှင့် ဗီဒီယိုဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ “တပ်မတော်က နိုင်ငံတော်ရဲ့ ကော်ဖြစ်ပြီး မြန်မာကို တစုတစည်းတည်းရှိစေတဲ့ ခံတပ်ဖြစ်တယ်လို့ လူအများအပြားက ယူဆတယ်ဆိုတာကို နားလည်ထားဖို့ လိုတယ်” ဟု ပြောသည်။ မြန်မာတွင် အာဏာသိမ်းပြီး သုံးပတ်မျှပင် မပြည့်မီ လဲလ်က အံ့အားသင့်ဖွယ် ထိုမှတ်ချက်ကို ပြောကြားခြင်းဖြစ်သည်။ တနိုင်ငံလုံးမှ မြို့ကြီးမြို့ငယ် ကျေးရွာအားလုံးနီးပါးတွင် သန်းနှင့်ချီသော ပြည်သူများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်နေချိန်တွင် ထိုသို့ပြောကြားခြင်းဖြစ်သည်။
ထို့ကြောင့် သူပြောသည့် ‘လူအများအပြား’ ဆိုသည်မှာ မည်သူများဖြစ်သနည်း။ ထိုသူများသည် မြန်မာပြည်သူများ မဟုတ်သည်မှာ သေချာသည်။ လဲလ်သည် “မြန်မာမှ ပြုပြင်ပြောင်းလဲရေးကို နားလည်ခြင်း-စစ်အုပ်ချုပ်ရေးအပြီး ပြည်သူများနှင့် လူ့အဖွဲ့အစည်း” (Understanding Reform in Myanmar: People and Society in the Wake of Military Rule) အမည်ရှိစာအုပ်ကိုလည်း ရေးသားသူဖြစ်သည်။ မည်သည့် စစ်အုပ်ချုပ်ရေးအပြီး ဖြစ်သနည်း။ စစ်တပ်သည် နှိုင်းယှဉ်ချက်အားဖြင့် ပွင့်လင်းလွတ်လပ်သည့် ဆယ်စုနှစ်ဖြစ်သော ၂၀၁၁-၂၀၂၁ ကာလတွင်ပင် နိုင်ငံတွင် အင်အားအကြီးမားဆုံး အင်စတီကျူးရှင်း ဖြစ်ခဲ့သည်။
လဲလ်ရေးသားသည့် စာအုပ်ကိုဖတ်မိပြီး သူ အွန်လိုင်းမှပြောကြားသည့် အနှစ်သာရမရှိသော စကားကို နားထောင်ပြီးနောက် မြန်မာ့နိုင်ငံရေးကို ကာလကြာမြင့်စွာ လေ့လာစောင့်ကြည့်ခဲ့သူတဦးက “ပြုပြင်ပြောင်းလဲရေး အစောပိုင်းအဆင့်တွေမှာ သူ့ရဲ့ အလွန်အကျွံ အကောင်းမြင်တဲ့ အကဲဖြတ်ချက်တွေကို နောက်ပိုင်းဖြစ်ရပ်တွေက မှားယွင်းကြောင်း ပြသနေတယ်။ နက်ရှိုင်းပြီး စနစ်တကျ တည်ဆောက်ထားတဲ့ စစ်တပ်အကျိုးစီးပွားနဲ့ အခွင့်အရေးချိုးဖောက်တဲ့ အပြုအမူတွေကို သူ နားမလည်ခြင်းဟာ သူ့ရဲ့အမြင်ကို အကန့်အသတ်ဖြစ်စေတယ်” ဟု ပြောသည်။
ဗိုလ်ချုပ် နေဝင်း ထူထောင်ခဲ့သော စစ်တပ်သည် ၁၉၄၀ ပြည့်နှစ်များက ဗိုလ်ချုပ် အောင်ဆန်း၏ စစ်တပ်နှင့် လုံးဝကွဲပြားသည် ဆိုသည့်အချက်ကိုလည်း မကြာခဏ မေ့နေတတ်ကြသည်။
ထို့အပြင် ဗိုလ်ချုပ် နေဝင်း ထူထောင်ခဲ့သော စစ်တပ်သည် ၁၉၄၀ ပြည့်နှစ်များက ဗိုလ်ချုပ် အောင်ဆန်း၏ စစ်တပ်နှင့် လုံးဝကွဲပြားသည် ဆိုသည့်အချက်ကိုလည်း မကြာခဏ မေ့နေတတ်ကြသည်။ ၁၉၄၂ ခုနှစ်တွင် ဂျပန်က မြန်မာကို မသိမ်းပိုက်မီက ဂျပန်သို့ စစ်ပညာသင်ရန် သွားရောက်ခဲ့သော ရဲဘော်သုံးကျိပ်မှ နှစ်ဦးဖြစ်သူ ဗိုလ်လရောင်နှင့် ဗိုလ်တာရာသည် လွတ်လပ်ရေးရပြီးနောက် ပြည်သူ့ရဲဘော်အဖွဲ့ကို ဦးဆောင် ပုန်ကန်သည်။ အခြား သုံးဦးဖြစ်သော ဗိုလ်ဇေယျ၊ ဗိုလ်ရဲထွဋ်နှင့် ဗိုလ်ရန်အောင်တို့က ထိုအချိန်နီးပါးတွင်ပင် ဖြစ်ပွားသည့် ဗမာပြည်ကွန်မြူနစ်ပါတီ ဦးဆောင်သော ပုန်ကန်မှုနှင့် ပူးပေါင်းသည်။
၁၉၅၀ ပြည့်နှစ်များသို့ ရောက်သောအခါ ရဲဘော်သုံးကျိပ်အနက် ဗိုလ်ကျော်ဇော၊ ဗိုလ်နေဝင်းနှင့် ဗိုလ်ဗလ တို့သာ တပ်တွင်းတွင် ကျန်ရစ်သည်။ ဗိုလ်လကျ်ာ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်မှူးအောင်နှင့် ဗိုလ်စင်္ကြာတို့ ဝန်ကြီးချုပ်ဟောင်းဦးနု ဦးဆောင်သည့် ထိုင်းနယ်စပ်မှ လက်ယာခုခံပုန်ကန်မှုတွင် ဝန်းရံကြသည်။ ထို့နောက် ၁၉၇၆ ခုနှစ်သို့ ရောက်သောအခါ ၁၉၅၇ ခုနှစ်တွင် နေဝင်းက စစ်တပ်မှဖယ်ထုတ်ထားသည့် လူကြိုက်အများဆုံးတပ်မှူး ဗိုလ်ချုပ် ကျော်ဇောသည် မြေအောက်မှတဆင့် ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ပူးပေါင်းလိုက်သည်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့သို့ ရောက်သောအခါ သက်ရှိထင်ရှားရှိသော ရဲဘော်သုံးကျိပ်ဝင် ၁၁ ဦးအနက် ကိုးဦးက ဗိုလ်ချုပ်ကြီး နေဝင်းကို ရှုတ်ချပြီး ထိုနှစ်တွင်ဖြစ်ပွားသည့် ဒီမိုကရေစီ အရေးတော်ပုံတွင် ပူးပေါင်းရန် စစ်တပ်ကို တောင်းဆိုသည်။ ထိုစဉ်က ကွန်မြူနစ်ပါတီနှင့် အတူရှိနေသည့် ဗိုလ်ချုပ် ကျော်ဇောသည် ထိုတောင်းဆိုမှုတွင် မပူးပေါင်းနိုင်ခဲ့သော်လည်း ဒီမိုကရေစီလှုပ်ရှားမှုကို ထောက်ခံကြောင်း ပြောခဲ့သည်။
၁၉၆၂ ခုနှစ်တွင် အာဏာသိမ်းသော စစ်အုပ်စု၏ အာဏာအခြေခံမှာ အင်မတန်ကျဉ်းမြောင်းသည်။ ထိုအဖွဲ့တွင် ဗိုလ်ချုပ် နေဝင်း၏ တပ်ရင်းဟောင်းဖြစ်သည့် ဗမာ့သေနတ်ကိုင်တပ်ရင်း ၄ မှ အရာရှိများသာပါပြီး အာဏာသိမ်းပြီးနောက် ထင်ရှားလာသည့် စစ်အရာရှိ အားလုံးနီးပါးသည် ထိုတပ်ရင်းမှ လာသူများဖြစ်သည်။ တော်လှန်ရေးကောင်စီဟု ခေါ်သည့် ပထမဆုံး စစ်အုပ်စုကို ၁၉၆၂ ခုနှစ်တွင် ထူထောင်သောအခါ ထိုအစိုးရကို ‘တပ်ရင်း ၄ အစိုးရ’ ဟု လူအများအပြား ခေါ်ခဲ့ကြသည်။
စစ်တပ်ကို ထိန်းချုပ်ပြီးသောအခါ ဗိုလ်ချုပ် နေဝင်း ထူထောင်သည့်အရာသည် ခေတ်မီ စစ်တပ်ပီသသော စစ်တပ်မဟုတ်ပေ။ ရှေးခေတ် စစ်ဘုရင်ဟောင်းများ၏ ပဒေသရာဇ်နှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အာဏာရှင်တန်ဖိုးများကို အကောင်းဆုံးအကျိုးဆောင်ရန် လုပ်ဆောင်သည့် စစ်တပ်ဟုသာ ဖော်ပြနိုင်သည်။
စစ်တပ်ကို ထိန်းချုပ်ပြီးသောအခါ ဗိုလ်ချုပ် နေဝင်း ထူထောင်သည့်အရာသည် ခေတ်မီ စစ်တပ်ပီသသော စစ်တပ်မဟုတ်ပေ။ ရှေးခေတ် စစ်ဘုရင်ဟောင်းများ၏ ပဒေသရာဇ်နှင့် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် အာဏာရှင်တန်ဖိုးများကို အကောင်းဆုံးအကျိုးဆောင်ရန် လုပ်ဆောင်သည့် စစ်တပ်ဟုသာ ဖော်ပြနိုင်သည်။ ယခင်ဘုရင်များ၊ ယနေ့ခေတ်အခေါ်အားဖြင့် စစ်အာဏာရှင်သည် ဘုရားဖြစ်ပြီး ထို့ကြောင့်ပင် သူသည် သစ္စာခံမှုကို တောင်းဆိုသည်၊ ချီးမြှောက်သည်။ သူသည် သူနှင့်မတူသူများကို ဖယ်ရှားပြီး ဒဏ်ခတ်ကာ သူ့စစ်သားများ၏ မျက်ကန်းသစ္စာခံမှုကို ရရှိသည်။
မြန်မာအမွေအနှစ်များ၏ အခြားမျက်နှာစာတခုကို ခိုင်မာသော အသိပညာနှင့် တီထွင်ဆန်းသစ်ဖန်တီးမှု အစဉ်အလာက ကိုယ်စားပြုသည်။ မြန်မာကျေးလက်အစဉ်အလာ ရာသီစက်ဝန်းတွင် ပွဲတော်အများအပြား ပါဝင်ပြီး ထိုပွဲများသည် ပွဲတော်သက်သက် မဟုတ်ပေ။ မှတ်သားစရာကောင်းသော အချက်မှာ ပွဲလမ်းသဘင်များ ပါဝင်ခြင်းဖြစ်ပြီး မြန်မာလူမျိုးလောက် ယဉ်ကျေးမှုနှင့် ဇာတ်ပွဲကြိုက်သည့်လူမျိုး မရှိသလောက်ပင် ဖြစ်သည်။
၁၉ ရာစုက ရွှေရိုးဆိုသော ကလောင်အမည်ဖြင့် မြန်မာအကြောင်းရေးသားသည့် စကော့လူမျိုး ဆာ ဂျေ ဂျီ စကော့က “မသန်စွမ်းသူ မဟုတ်ပါက ဘဝ၏ တချိန်တွင် ဇာတ်ပွဲများ သို့မဟုတ် ရုပ်သေးပွဲများတွင် သရုပ်မဆောင်ဖူးသူ မြန်မာတွင် မည်သူမှမရှိပေ။ ထိုသို့သောပွဲများတွင် သရုပ်မဆောင်ဖူးလျှင် သံပြိုင်အကတွင် ပါဝင်ဖူးသည်” ဟုရေးသားခဲ့သည်။
မြန်မာတွင် စာတတ်မြောက်မှုနှုန်း မြင့်မားပြီး ကိုလိုနီခေတ် မတိုင်မီကပင် ပညာရေးသည် နိုင်ငံအတွက် ဂုဏ်ယူစရာ ဖြစ်သည်။ ငယ်စဉ်ဘဝတွင် မြန်မာယောကျ်ားကလေးများကို ရပ်ရွာရှိ ဘုန်းကြီးကျောင်းများသို့ စာရေး စာဖတ်သင်ရန်၊ ဗုဒ္ဓဘာသာဘုရားစာများ၊ ဘုရာရှိခိုးပါဠိများ ကျက်ရန် စေလွှတ်ကြသည်။ မိန်းကလေးများအတွက် ပညာရေးကို ယောကျ်ားလေးများလောက် အလေးမထားသော်လည်း ၁၈၇၂ ခုနှစ် ဗြိတိသျှမြန်မာ သန်းခေါင်စာရင်းတွင် “အမျိုးသမီးများအတွက် ပညာရေးကို အောက်စဖို့တက္ကသိုလ် မတည်ထောင်မီကပင် ရှိနေပြီးဖြစ်သည်” ဟု ဖော်ပြထားသည်။
စာတတ်မြောက်မှု ရှည်လျားခိုင်မာသော အစဉ်အလာကို ကိုလိုနီခေတ်အတွင်း ဗြိတိန်ပုံစံပညာရေး စတင်မိတ်ဆက်ခြင်းက ပိုမိုမြင့်မားသွားစေသည်။ ကိုလိုနီအာဏာပိုင်များသည် အုပ်ချုပ်ရေးတွင် အင်္ဂလိပ် စကားပြောသည့် ဝန်ထမ်းများနှင့် နိုင်ငံခြား ကုမ္ပဏီများအတွက် ကျွမ်းကျင်သော စာရေးများ ရရှိရေးကိုသာ စိတ်ဝင်စားကြောင်း ပြောရန်လိုမည် မဟုတ်သော်လည်း မလွှဲမရှောင်သာ ဖြစ်ပေါ်လာသောရလဒ်မှာ စာအုပ်ဆိုင်များနှင့် သတင်းစာများ အများအပြား ပေါ်ပေါက်လာခြင်းဖြစ်သည်။
စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဒုက္ခမျိုးစုံဖြစ်စေသည့် အာဏာသိမ်းမှု လုပ်သောအခါ ချေမှုန်းဖိနှိပ် ငြိမ်သက်အောင်လုပ်သည့် ပဒေသရာဇ် စစ်ဘုရင်စိတ်ဓာတ်သည် ဗိုလ်ချုပ်များအတွက် လမ်းညွှန်သဘောတရားအဖြစ် ဆက်လက်ရှိနေသည်။
ရုပ်ရှင်လုပ်ငန်းလည်း ထွန်းကားလာပြီး ရုပ်ရုင်ရုံများ နိုင်ငံအနှံအပြားတွင် ပေါ်ပေါက်လာသည်။ လွန်စွာဖန်တီးနိုင်စွမ်း မြင့်မာသည့် မြန်မာ့စိတ်သဘောထားသည်လည်း နိုင်ငံရေးပိုမိုဆန်လာပြီး လှုပ်ရှားတက်ကြွသည့် လွတ်လပ်ရေးလှုပ်ရှားမှုသို့ ဦးတည်သွားသည်။ ၁၉၄၈ ခုနှစ်တွင် ကိုလိုနီအုပ်ချုပ်ရေးမှ လွတ်လပ်ရေးရပြီးနောက် မြန်မာတွင် မြန်မာဘာသာဖြင့် သတင်းစာ ၂၁ စောင်၊ အင်္ဂလိပ်သတင်းစာ ၇ စောင်၊ တရုတ်သတင်းစာ ၅ စောင်၊ ဟင်ဒီသတင်းစာ ၂ စောင်နှင့် ဂူဂျာရတီ၊ အူရဒူ၊ တမီလ်နှင့် တေလဂူသတင်းစာ တစောင်စီရှိသည်။
၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ် နေဝင်း အာဏာသိမ်းလိုက်သောအခါ ထိုလွတ်လပ်မှုများ နိဂုံးချုပ်သွားပြီး ရှေးခေတ်ဟောင်းသမိုင်းပုံစံ ဖြစ်သည်ဟု မြန်မာ အများစုယုံကြည်သည့် အာဏာရှင်စနစ်မှအပ မည်သည်မှ ပြန်လည်ထူထောင်နိုင်ခြင်း မရှိတော့ပေ။ ၂၀၁၁ ခုနှစ် နောက်ပိုင်းဆယ်စုနှစ်အတွင်း နှိုင်းယှဉ်ချက်အားဖြင့် လွတ်လပ်မှုအတွင်း ရှင်သန်လှုပ်ရှားသော သတင်းလုပ်ငန်း၊ တက်ကြွသော နိုင်ငံရေးပါတီများနှင့် အစိုးရမဟုတ်သောအဖွဲ့အစည်း အများအပြား ပေါ်ပေါက်လာသည်။
ယခင်ကထက် လွတ်လပ်သည့် ထိုကာလသည် နိဂုံးချုပ်သွားပြီး လွန်ခဲ့သော ၂ နှစ် ဖေဖော်ဝါရီလတွင် စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံရေးအရ၊ စီးပွားရေးအရ၊ လူမှုရေးအရ ဒုက္ခမျိုးစုံဖြစ်စေသည့် အာဏာသိမ်းမှု လုပ်သောအခါ ချေမှုန်းဖိနှိပ် ငြိမ်သက်အောင်လုပ်သည့် ပဒေသရာဇ် စစ်ဘုရင်စိတ်ဓာတ်သည် ဗိုလ်ချုပ်များအတွက် လမ်းညွှန်သဘောတရားအဖြစ် ဆက်လက်ရှိနေသည်။
ယခုအခါ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ရက်စွဲတပ်ထားပြီး ပေါက်ကြားလာသော ဒီမိုကရက်တစ် မြန်မာ့အသံက ထုတ်လွှင့်လိုက်သည့် စာတစောင်အရ စစ်ကောင်စီသည် “အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုများ” သင်ကြားသည့် ပုဂ္ဂလိကကျောင်းများကို အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပိုမိုတိကျစွာဖော်ပြရပါက ယခု သို့မဟုတ် လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပမည့် ကတိနှင့်အတူ မင်းအောင်လှိုင်နှင့် အပေါင်းပါများက “မြန်မာ့ပုံစံ ဒီမိုကရေစီ” ဟုခေါ်သည့်အရာသည် မြန်မာကို ချောက်အတွင်း ပိုမိုကျသွားစေရန် တွန်းချသည့် အာဏာရှင်စနစ်၏ အခြားအမည်တခု ဖြစ်သည်။
စစ်တပ်သည် “တိုင်းပြည်ကို စွဲမြဲစေသည့်ကော်” မဟုတ်ဘဲ မြန်မာမှ တိုင်းရင်းသားအမျိုးမျိုး လိုအပ်နေသည့်အရာမှာ ၎င်းတို့ဖာသာ ၎င်းတို့၏ ဖန်တီးမှုအစဉ်အလာဖြင့် တည်ထောင်လာသည့် ခိုင်မာသော လူမှုအခြေပြု အဖွဲ့အစည်းများသာ ဖြစ်သည်။ အလယ်ခေတ်သို့ ပြန်သွားပြီး ဘုရင့်နိုင်ငံအဆက်ဆက်က ကိုယ့်ပြည်သူကို ကိုယ်ပြန်ဖိနှိပ်ကာ အိမ်နီးချင်းများကို အဓိပ္ပာယ်ကင်းမဲ့သည့် စစ်များဆင်နွှဲသည့် စစ်ဘုရင်များကို မလိုအပ်ပေ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းမှ Bertil Lintner ၏ Myanmar’s Ruling Generals Trapped in Warrior King Mentality ကို ဘာသာပြန် ဖော်ပြသည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် ၄ ခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
“အဆံချောင် မိစ္ဆာ” မြန်မာစစ်ဗိုလ်ချုပ်များ
အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ
ဆွေမျိုး မိတ်ဆွေ ကောင်းစားရေးနှင့် စစ်ဗိုလ်ချုပ်များ
ရက်စက်ကြမ်းကြုတ်သော စစ်တပ် အက်ကြောင်း မထတော့ပြီလော
စစ်ကောင်စီ၏ နောက်ဆုံးခံတပ် သို့မဟုတ် နေပြည်တော်