• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

တိုင်းမ်မဂ္ဂဇင်း၏ ဆိုးရွား မှားယွင်းသော အကဲဖြတ်ချက်

by Sawangwongse Yawnghwe
20 April 2023
in သူ့အတွေး သူ့အမြင်
A A
မင်းအောင်လှိုင်ကို TIME100 ဟုခေါ်သည့် ဧပြီလအတွင်း ထုတ်ပြန်သည့် "၂၀၂၃ ခုနှစ်အတွက် သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀" တွင် ထည့်သွင်းထားသည်

မင်းအောင်လှိုင်ကို TIME100 ဟုခေါ်သည့် ဧပြီလအတွင်း ထုတ်ပြန်သည့် "၂၀၂၃ ခုနှစ်အတွက် သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀" တွင် ထည့်သွင်းထားသည်

9.1k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို TIME100 ဟုခေါ်သည့် ဧပြီလအတွင်း ထုတ်ပြန်သည့် “၂၀၂၃ ခုနှစ်အတွက် သြဇာအကြီးမားဆုံး ပုဂ္ဂိုလ် ၁၀၀” တွင် ထည့်သွင်းထားသည်မှာ လက်ခံနိုင်ဖွယ် လုံးဝမရှိသော လုပ်ရပ်ဖြစ်သည်။

လူအစုလိုက်အပြုံလိုက် သတ်နေသည့် စစ်ရာဇဝတ်ကောင်ကို ထိုသို့သော ဂုဏ်ထူးဝိသေသပေးရန် “သြဇာ” ဆိုသည့်စကားလုံး၏ မည်သည့်အဓိပ္ပာယ်က တိုင်းမ် အယ်ဒီတာများကို ဖမ်းစားလိုက်သနည်း။ မအောင်မြင်သော တရားမဝင် အာဏာသိမ်းရန် ကြိုးစား စီစဉ်သူကို “ခေါင်းဆောင်များ” အတွက် သီးခြားထားသော ကဏ္ဍတွင် ထည့်သွင်းရန် တိုင်းမ်က မည်သို့ ဆုံးဖြတ်လိုက်သနည်း။ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင် သို့မဟုတ် ယူကရိန်း သမ္မတကတော် အိုလန်နာ ဇယ်လန်စကာတို့သည် အာဏာကို ပြည်တွင်းပြည်ပတွင် အသိအမှတ်မပြုသည့် ထိုအရှက်မဲ့သူနှင့်အတူ “ဂုဏ်ပြုခံရခြင်း” ကို မည်သို့ခံစားမိမည်နည်းဟု မှန်းဆကြည့်သောအခါ စိတ်ကသိကအောက် ဖြစ်ရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သူ့စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းသည့် စစ်ကောင်စီတွင် သူ့ဖာသာသူ ခန့်ထားသည့် ခေါင်းဆောင်ဖြစ်သည်။ ထိုအချိန်မှ စတင်ပြီး သူ၏တပ်များသည် အရပ်သားပေါင်း ၃,၂၀၀ ကျော်ကို သတ်ထားကြောင်း အတည်ပြုထားပြီးဖြစ်သည်။ အမှန်တကယ် သေဆုံးရသည့် အရပ်သား အရေအတွက်သည် ထိုထက်များစွာ ပိုမိုများပြားမည်ဟု အခြေအနေကို လေ့လာစောင့်ကြည့်နေသူများက ယုံကြည်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲ ရလဒ်များကို ပယ်ဖျက်ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သူ့စစ်တပ်က အာဏာသိမ်းပြီးနောက် ဖွဲ့စည်းသည့် စစ်ကောင်စီတွင် သူ့ဖာသာသူ ခန့်ထားသည့် ခေါင်းဆောင်ဖြစ်သည်။

လူပေါင်း ၁ ဒသမ ၇ သန်းခန့်သည် ပြည်တွင်း ရွှေ့ပြောင်းနေထိုင်ရသူများ ဖြစ်နေသည်။ အိမ်ပေါင်း ၆ သောင်းကျော် ဖျက်ဆီးခံရသည်။ အမြဲလိုလို အရပ်သားများကို စနစ်တကျ ပစ်မှတ်ထားသည့် လေကြောင်း၊ အမြောက်များဖြင့် သိမ်းကြုံးပစ်ခတ်ခြင်း၊ မီးရှို့တိုက်ခိုက်မှု၊ လက်နက်ကြီးများဖြင့် ပစ်အား အလုံးအရင်းသုံးခြင်းနှင့် မြေမြှုပ်မိုင်းထောင်ခြင်းတို့သည် သိသိသာသာ တိုးလာသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်ကောင်စီသည် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းဆရာ၊ ဆရာမများ၊ အစိုးရဝန်ထမ်းများနှင့် သတင်းသမား ဒါဇင်ပေါင်းများစွာ (တိုင်းမ်က ထိုအချက်ကို စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်သည်) အပါအဝင် လူပေါင်း ၁၇,၅၀၀ ဦး နီးပါးကို ထောင်သွင်းအကျဉ်းချထားသည်။ တက်ကြွ လှုပ်ရှားသူ နောက်ထပ် ထောင်ပေါင်းများစွာသည် နိုင်ငံမှ ထွက်ပြေးပြီး အဝေးတွင် နေထိုင်ကြရ၊ ပုန်းအောင်းနေကြရသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၁၇၀ ကျော်ကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ပြီး ရက်ပိုင်းအတွင်း တိုင်းမ်က ထိုစာရင်းကို ထုတ်ပြန်လိုက်ခြင်းသည် မြန်မာပြည်သူများကို ပြင်းပြင်းထန်ထန် စော်ကားလိုက်ခြင်း ဖြစ်သည်။ ဧပြီလ ၁၁ ရက်နေ့ နံနက်တွင် စစ်ကောင်စီကို ဆန့်ကျင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒေသဆိုင်ရာ ရုံးတခုဖွင့်ပွဲ တက်ရောက်ရန် လူ ၂၀၀ ခန့် ရောက်လာသည်။ တိုက်လေယာဉ်တစင်းက ထိုအခမ်းအနားသို့ ဗုံးနှစ်လုံးကြဲချပြီး မကြာမီ ရဟတ်ယာဉ်တစင်း ရောက်လာကာ အနိမ့်ပျံ ပစ်ခတ်သည်။ မင်းအောင်လှိုင် စစ်ကောင်စီ ပြောခွင့်ရသူက ထိုတိုက်ခိုက်မှုကို ကျူးလွန်ကြောင်း ဝန်ခံသည်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် အမျိုးသား၊ အမျိုးသမီးနှင့် ကလေး ၁၇၀ ကျော်ကို အစုလိုက် အပြုံလိုက်သတ်ဖြတ်ပြီး ရက်ပိုင်းအတွင်း တိုင်းမ်က ထိုစာရင်းကို ထုတ်ပြန်လိုက်ခြင်းသည် မြန်မာပြည်သူများကို ပြင်းပြင်းထန်ထန် စော်ကားလိုက်ခြင်း ဖြစ်သည်။

မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများအနက် တခုဟု သမိုင်းတွင်မည်မှာ သံသယဖြစ်စရာ မလိုသည့် ထိုတုန်လှုပ်ခြောက်ခြားဖွယ် လုပ်ရပ်အပြီး “သြဇာကြီးသော” ခေါင်းဆောင်တဦးအဖြစ် တိုင်းမ်က အသိအမှတ်ပြုခံရခြင်းကို မင်းအောင်လှိုင် အောင်ပွဲခံရန် အခွင့်အလမ်းပေးလိုက်သည်ဆိုသည့် အချက်က ခွင့်လွှတ်စရာ အကြောင်းမရှိသည့် အချက်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများ မတိုင်မီ ဆယ်စုနှစ်တခုကြာ စစ်ခေါင်းဆောင်အဖြစ် လုပ်ကိုင်စဉ်ကလည်း မင်းအောင်လှိုင်သည် နယ်မြေနှင့် သယံဇာတများအား ထိန်းချုပ်ရန်နှင့် တိုင်းရင်းသားပြည်သူများအား ကျွန်ပြုရန် ထိုးစစ်များအတွင်း ပြည်သူထောင်ပေါင်းများစွာ သေဆုံးမှုအတွက်လည်း တာဝန်ရှိသည်။ အထူးသဖြင့် တိုင်းရင်းသားပြည်သူများ သေဆုံးရခြင်းအတွက် တာဝန်ရှိသည်။ ထို့ကြောင့် ထိုတိုင်းရင်းသားပြည်သူများသည် သူနှင့် သူ့စစ်သားများ၏ အကျင့်သိက္ခာ ကင်းမဲ့မှုကို ကောင်းစွာသိကြသည်။

တိုင်းမ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုလိုက်ခြင်းသည် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများ၊ အရာရှိများက မြန်မာအပေါ် အဓိပ္ပာယ်ပြည့်ဝသည့် သြဇာသက်ရောက်မှု မရှိကြောင်း ထပ်မံ သတိပေးလိုက်သည့် လုပ်ရပ်သာဖြစ်သည်။ ကုလသမဂ္ဂနှင့် ၎င်း၏ ခေါင်းဆောင်များသာမက အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) သည် စစ်တပ်၏ အကြမ်းဖက်မှုများကို ရပ်တန့်စေရန် သို့မဟုတ် နှေးကွေးသွားစေရန် လုပ်ရာတွင် လုံးဝ မအောင်မြင်ပေ။

တိုင်းမ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်ပြုလိုက်ခြင်းသည် နိုင်ငံတကာ အဖွဲ့အစည်းများ၊ အစိုးရများ၊ အရာရှိများက မြန်မာအပေါ် အဓိပ္ပာယ်ပြည့်ဝသည့် သြဇာသက်ရောက်မှု မရှိကြောင်း ထပ်မံ သတိပေးလိုက်သည့် လုပ်ရပ်သာဖြစ်သည်။

မြန်မာတွင် လုပ်ကိုင်နေသည့် နိုင်ငံတကာအေဂျင်စီ အများအပြားသည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည်ဟု သိရသည်။ စစ်ကောင်စီသည် ပြည်သူများ၏ အခြေခံအခွင့်အရေးများနှင့် လိုအပ်ချက်များကို ဆက်လက်သိမ်းယူနေစဉ်မှာပင် စစ်ကောင်စီနှင့် ပုံမှန်ဆက်ဆံရေး ထူထောင်သည့် ဗျူဟာဖြစ်သည်ကို မငြင်းနိုင်တော့ပေ။ ပြည်ပနိုင်ငံများ အထူးသဖြင့် အနောက်နိုင်ငံများသည် မြန်မာပြည်သူများနှင့် သယံဇာတများ အမြတ်ထုတ်ရေး ရင်းနှီးမြှုပ်နှံသူများ စေလွှတ်ရန် ယခုတိုက်ပွဲတွင် ပြတ်ပြတ်သားသား “အနိုင်ရသူ” ပေါ်လာမည့်အချိန်ကို စောင့်ကြည့်နေမည်ကို စိုးရိမ်ရသည်။

မြန်မာပြည်သူများကမူ နိုင်ငံတကာအသိုက်အဝန်းက လျစ်လျူရှုထားသော်လည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ့စစ်တပ်ကို နိုင်ငံအစိတ်အပိုင်း အားလုံးနီးပါးတွင် အပြင်းအထန် ဆက်လက်ခုခံနေကြသည်။ တိုင်းမ်၏ ရည်ရွယ်ချက်မှာ မြန်မာမှ လူ့အခွင့်အရေးအတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲကို အာရုံစိုက်စေရန် လုပ်ဆောင်ခြင်း ဖြစ်သည်ဆိုလျှင် ဖိနှိပ်သူကို တိုင်းမ်၏ သြဇာအကြီးမားဆုံး သူများစာရင်းတွင် ထည့်သွင်းမည့်အစား ထိုရဲရင့်သည့် ပြည်သူများကိုသာ ထည့်သွင်းရမည်ဖြစ်သည်။

မြန်မာမှဖြစ်ရပ်များအား တိုင်းမ်က သတင်းတင်ပြပုံသည် ရေရေရာရာ မရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သောကြောင့် ထိုစာစောင်မှ အယ်ဒီတာများသည် ယခုကဲ့သို့သော ယုတ်မာရိုင်းစိုင်းမှုတွင် ပါဝင်ပတ်သက်သည်ကို အံ့သြစရာတော့ မဟုတ်တော့ပေ။ တိုင်းမ်၏ ၂၀၁၃ ခုနှစ် မျက်နှာဖုံး ဆောင်းပါးတပုဒ်ဖြစ်သည့် “The Face of Buddhist Terror” သည် အမျိုးသားရေးအစွန်းရောက် ဘုန်းကြီး ဦးဝီရသူကို နိုင်ငံတကာတွင် ကျော်ကြားမှု မြှင့်တင်ပေးပြီး မွတ်ဆလင် လူနည်းစုများ၊ အထူးသဖြင့် ရိုဟင်ဂျာလူမျိုးစုများကို ဦးတည်သည့် အမုန်းလှုပ်ရှားမှုအတွက် ပြည်တွင်းထောက်ခံမှုကို အားပေးခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
69
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
52

မြန်မာမှဖြစ်ရပ်များအား တိုင်းမ်က သတင်းတင်ပြပုံသည် ရေရေရာရာ မရှိသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သောကြောင့် ထိုစာစောင်မှ အယ်ဒီတာများသည် ယခုကဲ့သို့သော ယုတ်မာရိုင်းစိုင်းမှုတွင် ပါဝင်ပတ်သက်သည်ကို အံ့သြစရာတော့ မဟုတ်တော့ပေ။

ယခုအခါတွင်လည်း တိုင်းမ်က မြန်မာ့ရေးရာများ၌ ပေါ့ပေါ့တန်တန် ဝင်ရောက်စွက်ဖက်ခြင်းသည် ပြည်တွင်းပကတိ အခြေအနေကို သရုပ်ဖျက်ပြီး တကမ္ဘာလုံးအတိုင်းအတာရှိသည့် လူထုကို သတင်းမှားပေးခြင်းသာ။

တိုင်းမ်အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုရှက်စရာကောင်းသည့် စာရင်းမှ ပယ်ဖျက်ပေးရမည်။ စစ်ရာဇဝတ်ကောင်ကို မကောင်းသည့်ဘက်မှ အာရုံစိုက်မိစေခြင်းသည်ပင် တရားလွန်နေပြီဖြစ်သည်။ ပြန်လည်ရုတ်သိမ်းပြီး အပြည့်အဝ တောင်းပန်ခြင်းကို ထုတ်ပြန်သည့်အချိန်အထိ တိုင်းမ် မဂ္ဂဇင်းကို သပိတ်မှောက်ကြရန် မြန်မာပြည်သူများကို စာရေးသူ တောင်းဆိုသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Sawangwongse Yawnghwe ၏ TIME Magazine’s Deplorable Misjudgment on Myanmar’s Min Aung Hlaing ကို ဘာသာပြန်သည်။ Sawangwongse Yawnghwe သည် နယ်သာလန်တွင် နေထိုင်လုပ်ကိုင်သည့် အဝေးရောက် ရှမ်းပန်းချီအနုပညာရှင် ဖြစ်ပြီး ၎င်း၏ အဖိုးဖြစ်သူသည် လွတ်လပ်သော မြန်မာပြည်၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက် ဖြစ်သည်။)

You may also like these stories:

အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး

ပဒေသရာဇ် စစ်ဘုရင်စိတ်ပေါက်နေသည့် မြန်မာဗိုလ်ချုပ်များ

အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ

Your Thoughts …
Tags: NUGTiMETIME100စစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်းမ်မဂ္ဂဇင်းပဇီကြီးကျေးရွာမင်းအောင်လှိုင်မီဒီယာမီးရှို့တိုက်ခိုက်မှုရိုဟင်ဂျာရွေးကောက်ပွဲလက်နက်ကြီးပစ်ခတ်မှုလူ့အခွင့်အရေးချိုးဖောက်မှုလေကြောင်းတိုက်ခိုက်မှု
Sawangwongse Yawnghwe

Sawangwongse Yawnghwe

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အပူဒဏ် ခံနိုင်ကြစေဖို့

အပူဒဏ် ခံနိုင်ကြစေဖို့

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရန်ကုန်မြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲ / AFP

နွေဦးတော်လှန်ရေးသည် စစ်ကောင်စီ ပြုတ်ကျရေး သက်သက်သာမဟုတ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved