၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် စစ်အာဏာသိမ်းမှုကို ပြည်သူအများ ညီညာစုရုံးစွာဖြင့် ရွတ်ရွတ်ချွံချွံ ခုခံတော်လှန်ခဲ့သည်မှာ နှစ်နှစ်ကျော်၍ သုံးနှစ်တာ ကာလထဲသို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။
အစပိုင်းတွင် ပြည်သူတို့သည် အကြမ်းမဖက်နည်းဖြင့် မိမိတို့၏ လိုအင်ဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြသော်လည်း စစ်တပ်က အကြမ်းဖက် တုံ့ပြန်လာသည့်အခါတွင် လူငယ်အများအပြားသည် လက်နက်မကိုင်မဖြစ် ကိုင်ခဲ့ကြရတော့သည်။ ယခုဖြစ်ပွားနေသည့် မြန်မာ့နွေဦးတော်လှန်ရေးသည် ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းသည့် အချိန်မှစ၍ မြန်မာပြည်ကို သံဖနောင့်ဖြင့် ဖိနှိပ်ချုပ်ချယ်ထားသည့် စစ်တပ်အား အကြီးအကျယ် ခြိမ်းခြောက်နေသည်လည်း ဖြစ်သည်။
အာဏာသိမ်းထားပြီး နှစ်နှစ်ကျော်လာပြီ ဖြစ်သော်လည်း စစ်တပ်သည် နယ်မြေအများစုကို ထိန်းချုပ်နိုင်ခြင်း မရှိသေးသည့်အပြင် အရေးပေါ်အခြေအနေ ကြေညာထားရဆဲ ဖြစ်လေသည်။ စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများ၊ ရဲအရာရှိများ၏ အသက်အန္တရာယ်မှာလည်း အကြီးအကျယ် ခြိမ်းခြောက်ခံနေရပြီး စစ်တပ်နှင့် ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်များအကြား ထိတွေ့တိုက်ခိုက်မှုတို့မှာလည်း နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိသည်။
လက်ရှိ စစ်တပ်ခေါင်းဆောင်မှု မည်သည့်အချိန် အပြောင်းအလဲဖြစ်မည်ကို မပြောနိုင်သေးသော်လည်း ယခု တော်လှန်ရေးသည် စစ်ကောင်စီကို ဖြုတ်ချရုံသာမက နောင်တွင် လက်နက်အားကိုးပြီး အာဏာသိမ်းမှုမျိုး ထပ်မံပေါ်ပေါက်လာခြင်း မရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန်လည်း လိုအပ်သည်။
လက်ရှိ စစ်တပ်ခေါင်းဆောင်မှု မည်သည့်အချိန် အပြောင်းအလဲဖြစ်မည်ကို မပြောနိုင်သေးသော်လည်း ယခု တော်လှန်ရေးသည် စစ်ကောင်စီကို ဖြုတ်ချရုံသာမက နောင်တွင် လက်နက်အားကိုးပြီး အာဏာသိမ်းမှုမျိုး ထပ်မံပေါ်ပေါက်လာခြင်း မရှိစေရန် ကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန်လည်း လိုအပ်သည်။ ငကန်းသေ၍ ငစွေထပ်ပေါ်လာလျှင် အသက်ပေးခဲ့ရသည့် ပြည်သူတို့၏ စတေးမှုသည် အချည်းအနှီးသာ ဖြစ်သွားပေလိမ့်မည်။
လက်နက်ရှိမှ လူရာဝင်သည်
လွတ်လပ်ရေးမရမီ ကာလမှစတင်၍ နှစ်ဆယ်ရာစုတစု ကာလပတ်လုံး မြန်မာနိုင်ငံတွင် နိုင်ငံရေးဂိုဏ်းဂဏကွဲမှုများကို ရင်ဆိုင်ခဲ့ရသည်။ အစပထမပိုင်းတွင် တဦးနှင့်တဦး ထုတ်ပယ်၍၊ စင်ပြိုင်အသင်းများ ထောင်၍ ပြိုင်ဆိုင်ခြင်းသာ ရှိသော်လည်း လွတ်လပ်ရေးရပြီး ကာလအတွင်း လက်နက်များ အပြိုင်အဆိုင် တပ်ဆင်လာသောအခါတွင်မူ ပဋိပက္ခမှာ ပို၍ ကြီးမားလာရတော့သည်။
စားပွဲပါ်တွင် တွေ့ဆုံညှိနှိုင်း၍ ပဋိပက္ခများကို ဖြေရှင်းကြရန် ကြိုးပမ်းကြသော်လည်း နောက်ဆုံးတွင် လက်နက်ကိုသာ အားကိုး၍ ရှင်းခဲ့ကြသည်သာ ဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင် စားပွဲပေါ် တွေ့ဆုံဆွေးနွေးရန် လက်ထဲတွင် သေနတ်ကိုင်ထားဖို့ လိုအပ်လာပြီး လက်နက်ရှိသူကိုသာ အဖက်လုပ်သည်အထိပင် ဖြစ်လာသည်။
အနီးစပ်ဆုံး ဥပမာမှာ ယခုကာလ မြန်မာနိုင်ငံ အနောက်ပိုင်းတွင် အားကောင်းနေသည့် ရက္ခိုင့်တပ်တော် (AA) သည် သာဓကတခုပင်ဖြစ်သည်။ AA သည် ၂၀၁၀ ပြည့်နှစ် ဝန်းကျင်မှသာ ဖွဲ့စည်းသော အဖွဲ့အစည်းဖြစ်ပြီး အခြားသက်တော်ရှည် လက်နက်ကိုင်အဖွဲ့ကြီးများနှင့် နှိုင်းယှဉ်လိုက်ပါက လူသူလက်နက် အင်အားတို့မှာ ကွာခြားလွန်းလှသည်။
ထို့ကြောင့်ပင် NLD အစိုးရ လက်ထက်ကာလက စစ်တပ်သည် AA အား ပန်းမပွင့်ခင် အဖူးဘဝမှာပင် အားကုန်သုံး၍ ခြေမှုန်းရန် ကြိုးပမ်းခဲ့သည်။ မအောင်မြင်ခဲ့။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် နှစ်လမျှအကြာတွင် အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လက်နက်ကိုင်တော်လှန်မှုများ အလျှိုအလျှို ပေါ်ပေါက်လာပြီး စစ်တပ်သည် စစ်မျက်နှာအများအပြားကို တပြိုင်နက်တည်းဖွင့်၍ တိုက်ခိုက်နေရသည့် အခြေအနေ ကြုံတွေ့လာရသောအခါ AA သည် လက်နက်လူသူအင်အား ချဲ့ကာ အုပ်ချုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရင်း ခြေကုပ်ရယူသွားခဲ့ကြသည်။
စစ်ကောင်စီသည် AA ကို အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားခြင်းအား ရုတ်သိမ်းခဲ့ရသလို AA နှင့် ဆွေးနွေးညှိနှိုင်းရသည်အထိ ဖြစ်လာခဲ့သည်။ လက်နက်ရှိမှ လူရာဝင်သည့် သာဓကကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်လည်း တွဲလေ့လာနိုင်သည်။
နောက်ဆုံးတွင် စစ်ကောင်စီသည် AA ကို အကြမ်းဖက်အဖွဲ့အစည်းဟု သတ်မှတ်ထားခြင်းအား ရုတ်သိမ်းခဲ့ရသလို AA နှင့် ဆွေးနွေးညှိနှိုင်းရသည်အထိ ဖြစ်လာခဲ့သည်။ လက်နက်ရှိမှ လူရာဝင်သည့် သာဓကကို တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်လည်း တွဲလေ့လာနိုင်သည်။
အန္တရာယ်များသည့် နိုင်ငံရေးယဉ်ကျေးမှု
ဤသို့ လက်နက်ကိုင် အစုအဖွဲ့များ နိုင်ငံရေး၊ စီးပွားရေးအရ အလိုမကျမှုတခုခု ရှိလာသည့်အခါ စားပွဲတွင် စကားပြော၍ ဖြေရှင်းသည်ထက် အကြမ်းနည်းဖြင့် ဖြေရှင်းဖို့ကိုသာ အားသန်လာကြသည်။
၇၅ နှစ်တာ မြန်မာ့နိုင်ငံရေးသမိုင်းကို ကြည့်ပါ။ ၁၉၆၂ အာဏာသိမ်းသည့်အခါ တပ်မတော်သည် ဆန္ဒပြသည့် ကျောင်းသားများနှင့် ဆွေးနွေးညှိနှိုင်းရန် မကြိုးပမ်းဘဲ သေနတ်ဖြင့်သာ ပြဿနာကို ဖြေရှင်းခဲ့သည်။
၁၉၈၈ အရေးတော်ပုံသည်လည်း ထို့အတူပင်ဖြစ်သည်။ မြန်မာနိုင်ငံသားတို့ကို ကာကွယ်ရမည့် တပ်မတော်သည် မြန်မာနိုင်ငံသားတို့ကိုပင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ယခု ၂၀၂၁ ခုနှစ်တွင်လည်း ထို့အတူပင်။ တိုင်းသူပြည်သားတို့ ခံစားနေရသည့် လိုအင်ဆန္ဒတို့ကို လိုက်လျောရန် မကြိုးစားဘဲ “ငါဖြစ်စေချင်တဲ့အတိုင်း နေရမည်” ဟုဆိုကာ အတင်းအကျပ် ဖိနှိပ်ချုပ်ချယ်မှုများကို ပြုလုပ်ခဲ့သည်။ မတူညီသည့် အမြင်တို့ကိုလည်း ပါးစပ်ပိတ်ကာ ပြောဆိုခွင့်မပေးပေ။
နိုင်ငံရေးယဉ်ကျေးမှု ရင့်ကျက်သည့် နိုင်ငံများတွင်မူ အဆင်မပြေမှုများ၊ ပဋိပက္ခများရှိပါက စားပွဲဝိုင်းတွင် ထိုင်၍ တရားဥပဒေဘောင်ထဲမှ ဖြေရှင်းခြင်းကို ပြုလုပ်ကြသည်။ အမြင်မတူသည်များကိုလည်း ပြောဆိုခွင့်ပေးသည်။ နားထောင်ပေးသည်။ ထိုသို့သော လုပ်ငန်းစဉ် process မျိုးသည် အေးလည်းအေးချမ်းသကဲ့သို့ မည်သူမျှလည်း အကျိုးမယုတ်ပေ။
နိုင်ငံရေးယဉ်ကျေးမှု ရင့်ကျက်သည့် နိုင်ငံများတွင်မူ အဆင်မပြေမှုများ၊ ပဋိပက္ခများရှိပါက စားပွဲဝိုင်းတွင် ထိုင်၍ တရားဥပဒေဘောင်ထဲမှ ဖြေရှင်းခြင်းကို ပြုလုပ်ကြသည်။ အမြင်မတူသည်များကိုလည်း ပြောဆိုခွင့်ပေးသည်။ နားထောင်ပေးသည်။
ထိုကဲ့သို့ စင်ပြိုင်အသံများ ထွက်ခွင့်မပေးလျှင် လက်နက်နှင့် စကားပြောသည့် ယဉ်ကျေးမှု အမြစ်တွယ်ကြီးထွားလာမည်။ မိမိ၏ ဆန္ဒအလိုမပြည့်တိုင်း လက်နက်နှင့်သာ ဖြေရှင်းရန် စိတ်အားထက်သန်လာကြသည်။ ထို့ကြောင့်ပင် ယခုကဲ့သို့ အာဏာသိမ်းမှုကြီး ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် စစ်တပ်ကြား မကျေလည်မှုများကို နိုင်ငံရေးနည်းအရ မဖြေရှင်းဘဲ လက်နက်အားကိုး အကြမ်းနည်းဖြင့် ဖြေရှင်းသောကြောင့် ယခုအခါ တိုင်းပြည်တပြည်လုံး ဒုက္ခပင်လယ် ဝေနေကြရပြီ ဖြစ်သည်။
မတူညီသော အမြင်များကို သည်းခံတတ်ခြင်း
မြန်မာနိုင်ငံတွင် မတူညီသောအမြင်များကို သည်းခံနားထောင်သည့် နိုင်ငံရေးယဉ်ကျေးမှု အမြစ်မတွယ်သေးပေ။ မိမိနှင့်မတူလျှင် ရန်သူဟုသဘောထားကာ မိမိအမြင်နှင့် မတူညီသော အမြင်များအား အတင်းအဓမ္မ တားမြစ်ပိတ်ပင်ခြင်း အလေ့အကျင့်များကြောင့် မြန်မာနိုင်ငံတွင် ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သတင်းစာလွတ်လပ်ခွင့် နည်းပါးခဲ့ပြီး အစိုးရကို အပြုသဘောဆောင် ဝေဖန်သည့်ဓလေ့ ပျောက်ဆုံးခဲ့ရသည်။
သတင်းမီဒီယာသည် နိုင်ငံတော်၏ စတုတ္ထမဏ္ဍိုင်ဟု တင်စားခေါ်ဝေါ်ကြသည်။ အုပ်ချုပ်သူအနေဖြင့် မူဝါဒအလွဲအချော်များ ချမှတ်မိသည့်အခါ ဝေဖန်ထောက်ပြသည့် အခန်းကဏ္ဍကို သတင်းစာများက ယူလေ့ရှိကြ၏။ မင်းလိုလိုက်၊ မင်းကြိုက်ဆောင် မြှောက်ပင့်မရေးတတ်သည့် သတင်းမီဒီယာများကို ပိတ်ပင်လိုက်ခြင်း၏ အကျိုးဆက်ကား ထောက်ပြဝေဖန်သူ မရှိသည့်အတွက် တိုင်းပြည် ဆင်းရဲတွင်းထဲ နစ်သွားခြင်းဖြစ်သည်။
ယခုကာလတွင်လည်း သမိုင်းတပတ်လည်လာကာ စစ်ကောင်စီနှင့် ပလဲပနံသင့်သော သတင်းစာများသာ ထုတ်ဝေခွင့် ရရှိလာကြလေသည်။ ဝေဖန်ထောက်ပြ ငြင်းခုန်မှုမရှိသည့်အတွက် သတင်းစာဖတ်ရသည်မှာ ပျင်းရိစရာ ကောင်းလာသည်။ ဝေဖန်ထောက်ပြသည့် သတင်းမီဒီယာများ မရှိတော့သည့်အတွက် အကျင့်ပျက်ခြစားမှုများ ပို၍ပင် များပြားလာသည်။
ဝေဖန်ထောက်ပြ ငြင်းခုန်မှုမရှိသည့်အတွက် သတင်းစာဖတ်ရသည်မှာ ပျင်းရိစရာ ကောင်းလာသည်။ ဝေဖန်ထောက်ပြသည့် သတင်းမီဒီယာများ မရှိတော့သည့်အတွက် အကျင့်ပျက်ခြစားမှုများ ပို၍ပင် များပြားလာသည်။
တိုင်းပြည်အတွင်း ဖြစ်ပျက်နေသည့် အဖြစ်အပျက်တို့ကို စစ်ကောင်စီဘက်ယိမ်းသည့် သတင်းစာတို့က ချန်လှပ်၍ ရေးသားလာကြပြီး စစ်ကောင်စီပြုလုပ်သည့် အမှုကိစ္စတို့ကို ချဲ့ကား ရေးသားကြသည့်အတွက် ပြည်သူတို့အဖို့ ဟာသသဖွယ် ဖြစ်နေလေတော့သည်။
မတူကွဲပြားမှုကို လက်ခံသည့် လူ့အဖွဲ့အစည်းတခုဆီသို့
ယခုတော်လှန်ရေးတွင် အမြစ်ဖြတ်ရမည်မှာ စစ်ကောင်စီတခုတည်းသာ မဟုတ်။ မတူကွဲပြားမှုကို လက်မခံ၊ ဖိနှိပ်သည့် အမူအကျင့်တို့ကိုလည်း တိုက်ဖျက်ပစ်ရမည်ဖြစ်သည်။ တနည်းအားဖြင့် ဆိုရလျှင် မတူကွဲပြားမှုကို လက်မခံတတ်သော အကျင့်ကြောင့် ယခုကဲ့သို့ အာဏာသိမ်းမှု၊ ဘာသာမတူ၊ အတွေးအခေါ်မတူသူများကို ဖိနှိပ်ခြင်းမျိုး ဖြစ်လာသည်ဟုလည်း ဆိုနိုင်ပါသည်။
စစ်ကောင်စီက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအား ပစားပေးကာ ခရစ်ယာန်၊ အစ္စလာမ် ဘာသာဝင်တို့အား မျက်နှာသာမပေးခြင်း၊ ခွဲခြားဆက်ဆံခြင်းတို့သည်လည်း ဤကဲ့သို့သော အကျင့်စရိုက်မှ မြစ်ဖျားခံလာခြင်း ဖြစ်သည်။ ဤမတူကွဲပြားမှုကို လက်မခံတတ်သော အကျင့်စရိုက်အား ဖျောက်ဖျက်နိုင်ခြင်း မရှိပါက အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ခြင်းသည် သက်ဆိုးရှည်နေမည်။
(ဖီးနစ်သည် ရန်ကုန်တက္ကသိုလ်မှ CDM လုပ်ထားသော ကျောင်းသားတဦးဖြစ်သည်။)
You may also like these stories:
မြန်မာနိုင်ငံမှာ အရပ်ဘက်နိုင်ငံရေး ပျောက်ဆုံးသွားပြီ
တိုင်းပြည်ပြိုကွဲမယ်တဲ့လား၊ ပြိုကွဲပြီးသွားလို့ လွန်တောင်နေပြီ
ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ