၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းတွင် မြန်မာသည် ဖရိုဖရဲဖြစ်နေသည်။ ထိုစစ်အုပ်ချုပ်ရေးနိုင်ငံသည် ထိခိုက်လွယ်သော သို့မဟုတ် ကျဆုံးနေသော အခြေအနေမဟုတ်ဘဲ ကျဆုံးပြီး ဖြစ်နေသည်။ မည်မျှ တိုက်ခိုက်သည်ဖြစ်စေ၊ ညှိနှိုင်းဆွေးနွေးသည်ဖြစ်စေ နိုင်ငံကို တစုတစည်းတည်း ပြန်လည်ဖြစ်စေတော့မည် မဟုတ်ပေ။
အာဏာမသိမ်းမီက များပြားလှသော တိုင်းရင်းသားလူမျိုးစု နိုင်ငံသားများအတွက် နိုင်ငံတော်ကို ယုံကြည်အသိအမှတ်ပြုမှု သို့မဟုတ် တရားဝင်မှု မရှိသလောက်ပင်။ ၎င်းတို့က မြန်မာအစိုးရနှင့် စစ်တပ်သည် တိုင်းရင်းသားဇာတိမြေများကို အကြမ်းဖက် သိမ်းယူ ကျူးကျော်သူဖြစ်သည်ဟု မြင်ကြသည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတွင် တရားဝင်ဗဟိုအစိုးရ သို့မဟုတ် အနည်းငယ်မျှပင် ထိရောက်သော အစိုးရ မရှိတော့ပေ။
မြို့ကြီးမြို့ငယ်များမှ လူငယ်မျိုးဆက်သည် စစ်ကောင်စီကို ဆန့်ကျင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAOs သို့မဟုတ် EROs) အချို့နှင့် ပူးပေါင်းလိုက်သည်။ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များသည် ထူးထူးခြားခြား ခံနိုင်ရည်ရှိကြောင်း ပြသနေသည်။ ပဋိပက္ခ ရှည်ကြာလာသောအခါ EAO များနှင့် မဟာမိတ်ဖွဲ့ထားသည့် PDF များသည် ခံနိုင်ရည်အရှိဆုံး ဖြစ်ပုံရသည်။
အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသော ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) များသည် ထူးထူးခြားခြား ခံနိုင်ရည်ရှိကြောင်း ပြသနေသည်။ ပဋိပက္ခ ရှည်ကြာလာသောအခါ EAO များနှင့် မဟာမိတ်ဖွဲ့ထားသည့် PDF များသည် ခံနိုင်ရည်အရှိဆုံး ဖြစ်ပုံရသည်။
တိုက်ပွဲများသည် စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတွင် အထူးသဖြင့် အပြင်းထန်ဆုံး ဖြစ်သည်။ ထိုဒေသများတွင် PDF များနှင့် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့အစည်းများသည် စစ်တပ်၏ တိုက်ခိုက်မှုနှင့် စက်ဆုတ်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်မှုကို ရင်ဆိုင်တိုက်ခိုက်ကြသည်။ ၎င်းတို့အနက် အချို့သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ချိတ်ဆက်ထားကြသည်။
စစ်ကောင်စီသည် နိုင်ငံ၏ ဒေသအစိတ်အပိုင်း အများအပြားတွင် နှိုင်းယှဉ်ချက်အားဖြင့် ခုခံမှုမရှိသည့် စစ်အုပ်ချုပ်ရေး ချမှတ်ပြီး ယခင် နဝတ၊ နအဖ စစ်အုပ်စုများ၏ အောင်မြင်ခဲ့မှုမျိုးကို ထပ်မံရရှိရန် လုပ်ဆောင်နိုင်မည့် အလားအလာ လွန်စွာနည်းနေပုံရသည်။ နွေဦးတော်လှန်ရေးသည် ထူးထူးခြားခြား ခံနိုင်ရည် သို့မဟုတ် ခုခံမှုကို ပြသနေသည်။
သို့သော် ဝေဖန်ရှုတ်ချမှုများကို ခံစားနေရသော စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်လျှင်ပင် စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု မပေါ်ပေါက်ပါက EAO များနှင့် NUG တို့က တောင်းဆိုသကဲ့သို့ စစ်တပ်သည် နိုင်ငံရေးကို စွန့်လွှတ်ကာ စစ်တန်းလျားသို့ ပြန်မည်ဟု စိတ်ကူးယဉ်ရန် ခက်ခဲပြီး ပဋိပက္ခသည် ရှည်ကြာမည့် အလားအလာရှိသည်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဖယ်ရှားနိုင်လျှင်ပင် စစ်တပ်အတွင်း ပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှု မပေါ်ပေါက်ပါက EAO များနှင့် NUG တို့က တောင်းဆိုသကဲ့သို့ စစ်တပ်သည် နိုင်ငံရေးကို စွန့်လွှတ်ကာ စစ်တန်းလျားသို့ ပြန်မည်ဟု စိတ်ကူးယဉ်ရန် ခက်ခဲပြီး ပဋိပက္ခသည် ရှည်ကြာမည့် အလားအလာရှိသည်။
စစ်ကောင်စီသည် နောက်ဆုံးတွင် အောင်နိုင်ပြီး ထိန်းချုပ်မှု ခိုင်မာအောင် လုပ်နိုင်မည်ဆိုသည့် ယူဆချက်ကို အခြေခံပါက လက်တွေ့ကျကျ တုံ့ပြန်ရန် အားထုတ်မှုများသည် ကောင်းစွာ ခိုင်မာခြင်း မရှိပေ။ ဒေသတွင်း နိုင်ငံများက ဝန်ခံလိုခြင်း မရှိသော်လည်း မြန်မာသည် ပြိုကွဲမှုနှင့် ရင်ဆိုင်နေရပြီးဖြစ်သည်။ ထိုသို့ ဆက်လက် ငြင်းဆန်နေမည့်အစား မူဝါဒချမှတ်သူများသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ၏ ပကတိအခြေအနေများကို လက်ခံသင့်သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် သူ၏ လူရမ်းကားများသည် အင်အားချိနဲ့ ထိခိုက်လွယ်သော မြန်မာကို ဖျက်ဆီးလိုက်ပြီးဖြစ်သည်။ မြန်မာတွင် ဘော်လကန်နိုက်ဇေးရှင်း အစိတ်စိတ်အမွှာမွှာပြိုကွဲမှု ဖြစ်နေပြီးဖြစ်သည်။ ယခုရင်ဆိုင်နေရသည့် စိန်ခေါ်မှုမှာ နောက်ဆုံးတွင် ဗဟိုအစိုးရ ပုံစံတမျိုးမျိုးအောက်တွင် အခြေအနေ ပုံမှန်ပြန်ဖြစ်မည်ဟု ဟန်ဆောင်ယုံကြည်မည့်အစား လက်တွေ့ကျသည့် ပကတိအခြေအနေကို မည်သို့ကိုင်တွယ်မည်ဆိုသည့် ကိစ္စဖြစ်လာသည်။
ပကတိအခြေအနေများသည် ရှုပ်ထွေးသော်လည်း အခွင့်အလမ်းမရှိသည် မဟုတ်ပေ။ ကျဆုံးနိုင်ငံတခုကို ကျားကန်ပေးမည့်အစား စိန်ခေါ်မှုမှာ ထိုအခြေအနေသစ်ကို တီထွင်ဆန်းသစ်သော တုံ့ပြန်မှုများ ဖော်ထုတ်ထောက်ခံသင့်သည်။ ဒေသခံနှင့် ဒေသတွင်း နိုင်ငံရေးအဆောက်အအုံနှင့် ဇာတ်ဆောင်များသည် ဖရိုဖရဲ အခြေအနေအတွင်းမှ ထွက်ပေါ်လာနေစဉ် တည်ထောင်ထားသည်မှာ နှစ်ပေါင်းများစွာ ပိုမိုရှည်ကြာသည့် EAO များသည် ခေတ်နှင့်လိုက်လျောညီထွေ အသုံးဝင်မှုသစ်နှင့် ရှင်သန်မှုသစ်ကို တည်ထောင်ပြီးဖြစ်သည်။
ပကတိအခြေအနေများသည် ရှုပ်ထွေးသော်လည်း အခွင့်အလမ်းမရှိသည် မဟုတ်ပေ။ ကျဆုံးနိုင်ငံတခုကို ကျားကန်ပေးမည့်အစား စိန်ခေါ်မှုမှာ ထိုအခြေအနေသစ်ကို တီထွင်ဆန်းသစ်သော တုံ့ပြန်မှုများ ဖော်ထုတ်ထောက်ခံသင့်သည်။
ထိုအဖွဲ့များတွင် တရုတ်နှင့်နီးကပ်သော ဆက်ဆံရေး အဆင့်အမျိုးမျိုးရှိသည့် မြန်မာနိုင်ငံမြောက်ပိုင်းမှ EAO များ ပါဝင်သည်။ အဓိကကျသည့် မေးခွန်းတခုမှာ ၎င်းတို့၏ ကြီးမားသော နိုင်ငံရေးအရ ကိုယ်ပိုင်လွတ်လပ်မှုကို ပိုမို တောင့်တင်းစေရန် မြောက်ပိုင်းအင်အားကြီး အိမ်နီးချင်းတရုတ်ထံမှ အကူအညီများကို မည်သို့သော အခြေအနေအောက်တွင် ရရှိမည်နည်းဆိုသည့် မေးခွန်းဖြစ်သည်။ တရုတ်ထံမှအကူအညီ (လက်နက်၊ လမ်းတံတားနှင့် ကာကွယ်ဆေးများ) အတွက် အလဲအလှယ်အနေဖြင့် မြောက်ပိုင်း EAO များသည် စစ်ကောင်စီကို မတိုက်ရန်နှင့် မြန်မာမှ တရုတ်ပိုင်ဆိုင်မှုများကို ကာကွယ်ရန် ဖိအားပေးခံနေရသည်။
အခြားဇာတ်ဆောင်သစ်များတွင် ရာဇဝတ်ဂိုဏ်းများနှင့် နိုင်ငံ၏ကျယ်ပြန့်သော သဘာဝသယံဇာတများကို ခိုးယူပြီး အကျိုးအမြတ် အမြန်ရှာလိုသူများဖြစ်သည်။ သို့သော် တနိုင်ငံလုံးမှ လူပုဂ္ဂိုလ်များ၊ အုပ်စုများနှင့် ကွန်ရက်များသည် လေးစားမှုကို အခြေခံသည့် အခြေခံအခွင့်အရေးများကို အာမခံသော ပိုမိုကောင်းမွန် မျှတသည့် မြန်မာနိုင်ငံ တည်ဆောက်ရန် နက်ရှိုင်းစွာ ဆုံးဖြတ်ထားကြသည်။
ဖက်ဒရယ်မြန်မာနိုင်ငံသစ်တခု ပေါ်ပေါက်လာနေသော်လည်း ကြေကွဲစရာကောင်းသည်မှာ အောက်ဆုံးမှ ရုန်းထနေရခြင်း ဖြစ်သည်။
ဖက်ဒရယ်မြန်မာနိုင်ငံသစ်တခု ပေါ်ပေါက်လာနေသော်လည်း ကြေကွဲစရာကောင်းသည်မှာ အောက်ဆုံးမှ ရုန်းထနေရခြင်း ဖြစ်သည်။
မြန်မာ၏ ရှည်ကြာသော နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းကြား ပဋိပက္ခကို ဖြေရှင်းရေးနှင့် တိုင်းရင်းသားလူမျိုးစု နိုင်ငံများ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးအတွက် ဖက်ဒရယ်စနစ်သည် အရေးပါသော ကိရိယာတခုဖြစ်သည်ဟု ယူဆထားသည်မှာ ကာလကြာမြင့်ပြီဖြစ်သည်။ ဖက်ဒရယ်စနစ်သည် စနစ်တခုသက်သက်မဟုတ်ဘဲ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် ကိရိယာဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် သို့မဟုတ် အစားထိုးရန် ဖက်ဒရယ်စနစ်ကို ထုံးစံအားဖြင့် အထက်မှအောက်သို့ လာသောပုံစံဖြင့် (အထက်မှ အောက်သို့ချပေးသော စီမံချက်ပုံစံဖြင့်) ဆွေးနွေးခဲ့ကြသည်။ ဖွဲ့စည်းပုံအခြေခံအပြောင်းအလဲ လိုအပ်သည်မှာ သေချာသော်လည်း ဖက်ဒရယ်စနစ်ကို လူမှုအသိုက်အဝန်းများ၊ EAOs များ၊ လူမှုအခြေပြုအဖွဲ့အစည်းများ (CSOs) များနှင့် ကရင်နီ ပြည်နယ်အတိုင်ပင်ခံကောင်စီ ကဲ့သို့သော ပြည်နယ်အခြေစိုက် အဖွဲ့အစည်းများ၏ လက်ရှိအလေ့အထများမှ ပေါ်ပေါက်လာသော ထွန်းသစ်စ ဖြစ်ပေါ်တိုးတက်မှုအဖြစ် မြင်နိုင်သည်။
စစ်အာဏာမသိမ်းမီက မြန်မာအတွက် စိန်ခေါ်မှုမှာ ပြင်းထန်မှု နိမ့်သော ပြည်တွင်းစစ်ဆယ်စုနှစ် များစွာနောက်ပိုင်း ဖွဲ့စည်းပုံအရ ညီညွတ်အောင်လုပ်ထားသည့် (သို့သော် နက်ရှိုင်းစွာ ပဋိပက္ခဖြစ်နေသော) နိုင်ငံတော်ကို ဖက်ဒရယ်ပုံစံ သွင်းရေးဖြစ်သည်။ နောက်ဆုံး စစ်အာဏာသိမ်းချိန် နောက်ပိုင်းတွင်မူ စိန်ခေါ်မှုသည် အရေးပါသည့် ပါဝင်ပတ်သက်သူအသစ်များ ပါဝင်ပြီး ဖက်ဒရယ် လုပ်ငန်းစဉ်သစ်တခုမှတဆင့် မြန်မာကို ပြန်လည်တည်ဆောက်ရေး ဖြစ်သည်။
ထိုပြဿနာများသည် ကမ္ဘာတခုလုံးကို ထိခိုက်စေသည့် အကျပ်အတည်းတခုနှင့် အထူးသဖြင့် သက်ဆိုင်နေသည်။ ထိုအကျပ်အတည်းမှာ ရာသီဥတုပြောင်းလဲမှုဖြစ်ပြီး မြန်မာနိုင်ငံကို မကြာမီအနာဂတ်တွင် ပိုမိုမတည်မငြိမ်ဖြစ်စေမည် ဖြစ်သည်။ အဓိကကျသော EAO များနှင့် CSO များသည် ရာသီဥတုပြောင်းလဲမှု၏ စိန်ခေါ်မှုကို လျှော့ချပြီး လိုက်လျောညီထွေ ဖြစ်အောင်လုပ်ရေးတွင် တကမ္ဘာလုံးအရ အရေးပါသော အခန်းမှ ပါဝင်သည်။ ဥပမာတခုမှာ အရှေ့တောင်အာရှ၏ အကောင်းဆုံး လက်ကျန်သစ်တောများသည် ကချင်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ရှိနေသည်။ ထိုသစ်တောများသည် မြေဆီလွှာအတွင်းသို့ ကာဘွန်ကို စုပ်ယူခြင်းဖြင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရတွင် အဓိက ရင်းမြစ်များဖြစ်သကဲ့သို့ မယုံကြည်နိုင်လောက်အောင် များပြားသည့် ဇီဝမျိုးစုံမျိုးကွဲ စုံလင်မှုရှိသော နေရာများလည်း ဖြစ်သည်။
ပြဿနာများသည် ကမ္ဘာတခုလုံးကို ထိခိုက်စေသည့် အကျပ်အတည်းတခုနှင့် အထူးသဖြင့် သက်ဆိုင်နေသည်။ ထိုအကျပ်အတည်းမှာ ရာသီဥတုပြောင်းလဲမှုဖြစ်ပြီး မြန်မာနိုင်ငံကို မကြာမီအနာဂတ်တွင် ပိုမိုမတည်မငြိမ်ဖြစ်စေမည် ဖြစ်သည်။
EAO များနှင့် ဆက်စပ် CSO များက ပြုလုပ်သည့် စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုများတွင် သဘာဝသယံဇာတ စီမံခန့်ခွဲခြင်းနှင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ခြင်း၊ တရားမျှတမှု ရရှိအောင် လုပ်ဆောင်ပေးရေးနှင့် ထိခိုက်လွယ် လူမှုအသိုက်အဝန်းများသို့ ကောင်းမွန်သော ကျန်းမာရေးနှင့် ပညာရေးဝန်ဆောင်မှုများ ပေးခြင်းတို့ ပါဝင်သည်။ ထိုလုပ်ငန်းများသည် မြန်မာမှ ထွန်းသစ်စကွန်ရက်ပုံစံ ဖက်ဒရယ်စနစ်သစ်၏ အခြေခံများဖြစ်ပြီး လူမျိုးစုနိုင်ငံများ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သမိုင်းဆိုင်ရာ အချုပ်အခြာအာဏာပိုင်မှု၊ ၎င်းတို့၏ သဘာဝနှင့် လူသားရင်းမြစ်များကို အခြေခံသည်။
ရာသီဥတုပြောင်းလဲမှုနှင့် အခြားအကျပ်အတည်းများက စီးပွားရေး ရင်းမြစ်များနှင့် အကူအညီပေးရေး အစီအစဉ်များ၏ အဓိက အလှူရှင်များဖြစ်သော အနောက်နိုင်ငံများ၏ အကူအညီ ကတိကဝတ်များကို အင်အား ချိနဲ့စေသဖြင့် မြန်မာကဲ့သို့သော နိုင်ငံများသို့ နိုင်ငံတကာအကူအညီများ လျော့နည်းလာဖွယ်ရှိသောကြောင့် သဘာဝဘေးအန္တရာယ် တုံ့ပြန်ခြင်းကို ဒေသပုံစံဖြင့် ပြုလုပ်ခြင်းသည် အထူးသဖြင့်အရေးပါသည်။ စိန်ခေါ်မှုမှာ ထိုသို့သော ဒေသအလိုက် တုံ့ပြန်မှုလုပ်နေခြင်းကို အချိန်ရှိနေသေးချိန်တွင် ထောက်ပံ့ကူညီရန် ဖြစ်သည်။
မိမိတို့သိထားသည့်အတိုင်း မြန်မာသည် နာလန်ထရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။ မြန်မာသည် အကျပ်အတည်းများ ပိုမိုဆိုးရွားနေပြီး ကမ္ဘာတဝန်းမှ ထိခိုက်လွယ်နိုင်ငံတော်များ ကျဆုံးမှုတွင် ရှေ့ဆောင်လမ်းပြ ဖြစ်နိုင်သည်။
မိမိတို့သိထားသည့်အတိုင်း မြန်မာသည် နာလန်ထရန် ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူရမည်ဖြစ်သည်။ မြန်မာသည် အကျပ်အတည်းများ ပိုမိုဆိုးရွားနေပြီး ကမ္ဘာတဝန်းမှ ထိခိုက်လွယ်နိုင်ငံတော်များ ကျဆုံးမှုတွင် ရှေ့ဆောင်လမ်းပြ ဖြစ်နိုင်သည်။
မိမိတို့သည် ကျယ်ပြန့်သော စားနပ်ရိက္ခာ မလုံလောက်မှုကြောင့် ဖြစ်ဖွယ်ရှိသည့် ကမ္ဘာတဝန်း မလုံခြုံမှုနှင့် ဒုက္ခခံစားမှုခေတ်အတွင်း ချဉ်းနင်းဝင်ရောက်နေသည်။ ထိုသို့သော အခြေအနေကို အကြီးအကျယ် မတုန်လှုပ်သူများသည် အာရုံမစိုက်သောကြောင့်သာ ဖြစ်နိုင်သည်။ မည်သို့ဆိုစေ အကျပ်အတည်းများသည် အခွင့်အလမ်းများကိုလည်း ဆောင်ယူလာသည်။ မြန်မာတွင် ကျဆုံးနိုင်ငံတော်ကို စွန့်ပစ်ပြီး လိုက်လျောညီထွေ သို့မဟုတ် ထွန်းသစ်စ ဖက်ဒရယ်စနစ်သစ်ကို ထောက်ပံ့ခြင်းဖြစ်သည်။
လက်တွေ့ကျကျပြောရပါက အရေးအကြီးဆုံး လိုအပ်ချက်မှာ စစ်ကောင်စီဆန့်ကျင်ရေးအတွက် EAO များကို တိုက်ရိုက် ဘဏ္ဍာရေးနှင့် နည်းပညာ အကူအညီပေးခြင်း ဖြစ်နိုင်သည်။ ထိုအကူအညီတွင် စစ်ကောင်စီက အရပ်သားများကို လူအသေအပျောက်များသော လေကြောင်းတိုက်ခိုက်ခြင်းမှ EAO များက ကာကွယ်ပေးနိုင်စေမည့် စစ်လက်နက် ပစ္စည်းကိရိယာများ ပါဝင်သင့်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ashley South ၏ Myanmar, Beyond Balkanization ကို ဘာသာပြန်သည်။ Ashley South သည် လွတ်လပ်သော သုတေသီနှင့် ချင်းမိုင်တက္ကသိုလ်မှ မြန်မာနှင့် အရှေ့တောင်အာရှ နိုင်ငံရေးနှင့် လူသားချင်းစာနာမှု ပြဿနာများကို အထူးပြုသည့် သုတေသီဖြစ်သည်။ ယခုဆောင်းပါးသည် သူ၏အမြင်သာ ဖြစ်သည်။)
You may also like these stories:
ပြည်ထောင်စုတွေ ဖြေရလေ့ရှိတဲ့ စာမေးပွဲ
နိုင်ငံကို အုပ်ချုပ်ဖို့ NUG အဆင်သင့်ဖြစ်ပြီလား
မြန်မာစစ်တပ်နှင့် “ယူနီဖိုင်း” ပြဿနာ
ဘော့စနီးယားအတွေ့အကြုံမှ မြန်မာကို ကြည့်ခြင်း