• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာစစ်တပ်နှင့် “ယူနီဖိုင်း” ပြဿနာ

by ဝေမင်းထွန်း
14 March 2023
in သူ့အတွေး သူ့အမြင်
A A
၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲအတွင်း လောက်ကိုင်မြို့ကို မြန်မာစစ်တပ်က ထိန်းချုပ်ထားစဉ် တွေ့ရသော စစ်သားတဦး / AFP

၂၀၁၅ ခုနှစ် ကိုးကန့်စစ်ပွဲအတွင်း လောက်ကိုင်မြို့ကို မြန်မာစစ်တပ်က ထိန်းချုပ်ထားစဉ် တွေ့ရသော စစ်သားတဦး / AFP

7.3k
VIEWS
Share on FacebookShare on Twitter

ယခုတလော ပြည်တွင်း၊ ပြည်ပ နိုင်ငံရေး လေ့လာသူအချို့သည် မြန်မာပြည်၏ ယူနီဖိုင်းပြဿနာနှင့် ပတ်သက်၍ ခေါင်းစီးတင်၍ ဆွေးနွေးနေသည်ကို ကြားသိရသည်။

“ယူနီဖိုင်း” ဆိုသည် ဝေါဟာရ၏ အနက်မှာ တစုတစည်းတည်း ပေါင်းစည်းသည်ဟူ၍ ဖြစ်သည်။သို့ဖြစ်ရာ ဆွေးနွေးကြသည့် ပြဿနာမှာ မြန်မာပြည်ကို မည်သူက၊ မည်သည့်အဖွဲ့အစည်းက ယူနီဖိုင်း လုပ်‌နိုင်မည်နည်း ဟူသည့် ပြဿနာ ဖြစ်သည်။

နိုင်ငံတွင်း၌ ဖရိုဖရဲ ဝရုန်းသုဉ်းကားဖြစ်နေချိန်တွင် မည်သူက ယူနီဖိုင်းလုပ်နိုင်မည်နည်းဆိုသည်ကို သုံးသပ်အဖြေထုတ်နိုင်လျင် လက်ရှိ မြန်မာပြည် ပြဿနာ ဖြေရှင်းရေးအတွက် သော့ချက်ကို ကိုင်နိုင်မည်ဟု ဆိုလိုချင်ပုံရသည်။

သို့သော် အဆိုပါ ပြဿနာကို အဖြေရှာရာတွင် မြန်မာပြည်၏ ပကတိဖြစ်အခြေအနေများပေါ်မှ အဖြေရှာရန် လိုအပ်သည်။

မိမိလိုချင်သည့် အဖြေအတွက် ခေါင်းစီးတခု တင်လာခြင်းမျိုး မဖြစ်ရန် လိုအပ်သည်။ ယူနီဖိုင်း ပြဿနာကို သဘောတရားရေး ရှုမြင်ချက်အရ အရေးပါသည့်ပြဿနာ၊ ထိုပြဿနာကို ပိုင်နိုင်စွာ ကြည့်မြင်ဆုပ်ကိုင်မှ မြန်မာပြည် ပြဿနာ ဖြေရှင်းနိုင်မည်ဟူသည့် ယူဆချက်နှင့် ယူနီဖိုင်း ပြဿနာကို ပွဲထုတ်လာခြင်း ဖြစ်ပုံရသည်။

မိမိလိုချင်သည့် အဖြေအတွက် ခေါင်းစီးတခု တင်လာခြင်းမျိုး မဖြစ်ရန် လိုအပ်သည်။ ယူနီဖိုင်း ပြဿနာကို သဘောတရားရေး ရှုမြင်ချက်အရ အရေးပါသည့်ပြဿနာ၊ ထိုပြဿနာကို ပိုင်နိုင်စွာ ကြည့်မြင်ဆုပ်ကိုင်မှ မြန်မာပြည် ပြဿနာ ဖြေရှင်းနိုင်မည်ဟူသည့် ယူဆချက်နှင့် ယူနီဖိုင်း ပြဿနာကို ပွဲထုတ်လာခြင်း ဖြစ်ပုံရသည်။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် တည်ငြိမ်မှု ကင်းမဲ့သွားသော တိုင်းပြည်အား မည်သူက၊ မည်သည့်အဖွဲ့ အစည်းက တစုတစည်းတည်း တည်ငြိမ်လုပ်နိုင်မည်နည်း၊ ယူနီဖိုင်းလုပ်နိုင်မည်နည်း ဆိုသည်ကို ထိပ်တင်လာပြီးနောက် ပကတိ မြန်မာ့အခြေအနေကို မျက်မှောက်မပြုဘဲ မြန်မာစစ်တပ်ကသာ တိုင်းပြည်ကို ယူနီဖိုင်း လုပ်နိုင်လိမ့်မည် ဟူသည့် အဖြေ သို့မဟုတ် ကောက်ချက်ကို လိုချင်၍ သက်သက်သာဆိုပါက တိုင်းပြည်အတွက် အကျိုးရှိလိမ့်မည် မဟုတ်ပေ။

အချို့က အလွယ်တူ ရည်ညွှန်းလိုသည်မှာ မြန်မာစစ်တပ်သည် မြန်မာပြည်တွင် တခုတည်းသော ခိုင်ခိုင်မာမာ ဖွဲ့စည်း ထားသည့် အင်စတီကျူးရှင်းဖြစ်၏၊ စုစုစည်းစည်းနှင့် အမိန့်ပေး ယန္တရား တည်ဆောက်ထားသည်။ အုပ်ချုပ်ရေး ယန္တရား ကောင်းစွာ လည်ပတ်နိုင်သည့် အင်စတီကျူးရှင်း ဖြစ်သည်။ NUG အပါအဝင် ကျန်အင်စတီကျူးရှင်း များသည် စစ်တပ်အင်စတီကျူးရှင်းကဲ့သို့ မတောင့်တင်းသည့်အပြင် အကွဲကွဲ အပြားပြား ဖြစ်နေသည် ဟု ဆိုလိုချင်ပုံ ရသည်။

သို့သော် မြန်မာစစ်တပ်ကို မြန်မာ့နိုင်ငံရေး ပြဿနာမှ ဖယ်ထုတ်၍ မရနိုင်၊ ဖယ်ထုတ်ပါက မြန်မာပြည်အား ယူနီဖိုင်းလုပ်နိုင်သူ မရှိဘဲ မြန်မာပြည်သည် ဘော်လကန်နိုက်ဇေးရှင်းဖြစ်သွားပြီး အိမ်နီးချင်းနိုင်ငံများနှင့်ဒေသတွင်း၌ပါ ဆိုးကျိုးများ သက်ရောက်လိမ့်မည်ဟူ၍ သုံးသပ်ရုံမျှနှင့် ပြဿနာကို မဖြေရှင်းနိုင်ပေ။

လက်ရှိ မြန်မာပြည်အခြေအနေတွင် မြန်မာစစ်တပ်သည် လူထုအား အင်အားသုံး ဖိနှိပ်ပြီး အကြောက်တရားနှင့် အုပ်ချုပ်ရန် ကြိုးစားနေသည်

ဤသို့ ကောက်ချက်ဆွဲပါက မြန်မာစစ်တပ်ဖက်က ရှေ့နေလိုက်ရန်အတွက် သက်သက်ဟု ဆိုရပါမည်။ အထက်တွင် ဖော်ပြထားသကဲ့သို့ ကိုယ်လိုချင်သည့်အဖြေအတွက် မေးခွန်းထုတ်ခြင်းမျှသာ ဖြစ်ပေလိမ့်မည်။

မြန်မာပြည် ပကတိ လက်တွေ့အခြေအနေများပေါ်မှ အဖြေရှာခြင်း မဟုတ်ပေ။ ဤသို့ဆို၍ ပြဿနာကို ရှောင်လွှဲလို၍ မဟုတ်ပေ။ ဤပြဿနာကို မှန်ကန်စွာ သုံးသပ်ကောက်ချက်ချရန် လိုအပ်၍ ဖြစ်သည်။

ဦးစွာအားဖြင့် လက်ရှိအချိန်တွင် မြန်မာစစ်တပ်သည် မြန်မာပြည်၏ အတောင့်တင်းဆုံး အင်စတီကျူးရှင်းတခု ဖြစ်နေဆဲ ဖြစ်သည်ကို ငြင်းပယ်ရန် မရှိသော်လည်း လက်တွေ့ ပကတိအခြေအနေများအရ မြန်မာပြည်ကို ယူနီဖိုင်းလုပ်နိုင်သည့် အခြေအနေတွင် မရှိပေ။

လက်ရှိအချိန်တွင် မြန်မာစစ်တပ်သည် မြန်မာပြည်၏ အတောင့်တင်းဆုံး အင်စတီကျူးရှင်းတခု ဖြစ်နေဆဲ ဖြစ်သည်ကို ငြင်းပယ်ရန် မရှိသော်လည်း လက်တွေ့ ပကတိအခြေအနေများအရ မြန်မာပြည်ကို ယူနီဖိုင်းလုပ်နိုင်သည့် အခြေအနေတွင် မရှိပေ။

ပထမအချက်က မြန်မာစစ်တပ်၏ နိုင်ငံရေးအရ ချဉ်းကပ်မှု ဖြစ်သည်။ လက်ရှိ မြန်မာပြည်အခြေအနေတွင် မြန်မာစစ်တပ်သည် လူထုအား အင်အားသုံး ဖိနှိပ်ပြီး အကြောက်တရားနှင့် အုပ်ချုပ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

မြန်မာစစ်တပ်၏ အင်အားသုံးမှုကြောင့် လူသုံးထောင်ကျော် သေဆုံးခဲ့၏။ ဖမ်းဆီးစစ်ကြောစဉ်မှာ သေဆုံးသူ ရာဂဏန်း ရှိသည်။ ညနေ ၆ နာရီတွင် လာဖမ်းပြီး ၃ နာရီအကြာ ည ၉ နာရီတွင် အလောင်းလာထုတ်ခိုင်းသည့် ဖြစ်စဉ်များ ရှိသည်။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှ ၂၀၂၃ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ထိ ဖမ်းဆီးခဲ့သူ နိုင်ငံရေးအကျဉ်းသား ၁၉၉၂၆ ဦးရှိသည်။

၃၈၃၇ ဦး ပြန်လွှတ်ပေးခဲ့ပြီး ၁၆၀၆၅ ဦး ဆက်လက်ဖမ်းဆီးထားပြီး အများစု ပြစ်ဒဏ်ချထား၏။ သေဒဏ်ပေးခံရသူနှင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူ ရာနှင့်ချီ၍ ရှိသည်။

လက်ရှိ စစ်အုပ်ချုပ်ရေး ကြေညာထားသော မြို့နယ်များတွင် တသက်တကျွန်း သာမက သုံးသက်သုံးကျွန်းဆိုသည့် ကြီးလေးသည့် ပြစ်ဒဏ်များချမှတ်သည်ကို တွေ့နေရသည်။

ထို့ပြင် နိုင်ငံရေး အကျဉ်းသားများ၏ အိုးအိမ်ပိုင်ဆိုင်မှု ၆၀၀ ခန့်အား ချိတ်ပိတ်သိမ်းဆည်းထား၏။ ချုပ်၍ ဆိုသော် ၎င်းတို့အား နိုင်ငံရေး အံတုသူများကို ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ဖိနှိပ်နေသည်။

လွတ်လပ်ရေးရပြီး အနှစ် ၇၀ ကျော်အတွင်း မကြုံခဲ့ဖူးသည့် ဖိနှိပ်မှုကို ပြုလုပ်နေသည့် မြန်မာစစ်တပ်သည် တိုင်းပြည်ကို ယူနီဖိုင်းနိုင်ပါမည်လော။

လွတ်လပ်ရေးရပြီး အနှစ် ၇၀ ကျော်အတွင်း မကြုံခဲ့ဖူးသည့် ဖိနှိပ်မှုကို ပြုလုပ်နေသည့် မြန်မာစစ်တပ်သည် တိုင်းပြည်ကို ယူနီဖိုင်းနိုင်ပါမည်လော။

တဖန် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အစိုးရ ဝန်ထမ်း ၄ သိန်းခန့် ရှိသည်။ ကျန်းမာရေး၊ ပညာရေးကဏ္ဍတို့မှ အများဆုံးဖြစ်သည်။ ကျန်းမာရေးဝန်ထမ်း တသိန်းကျော်အနက် တဝက်နီးပါး CDM ပြုလုပ်ခဲ့ကြသည်။

ထိုဝန်ထမ်းများနှင့်ပတ်သက်ပြီး မြန်မာစစ်တပ် မည်သို့ ကိုင်တွယ်ခဲ့ပါသနည်း။ CDM လှုပ်ရှားမှုကို ရှေ့ဆောင်ရှေ့ရွက်ပြုသူများကို ဖမ်းဆီးသည်။ ကျန်သူများကို မည်သည့်နေရာတွင်မှ ဆေးကုသခွင့်၊ အလုပ်လုပ်ခွင့် မရစေရန် ကန့်သတ်သည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး CDM လှုပ်ရှားမှုတွင် ပါဝင်သည့် အစိုးရ ဝန်ထမ်း ၄ သိန်းခန့် ရှိသည်

နိုင်ငံခြား ထွက်ခွာခွင့် ပိတ်ပင်သည်။ ပြန်လည်လုပ်ငန်းခွင် ဝင်ရန် ကမ်းလှမ်းခဲ့သော်လည်း ပြန်လည်ဝင်ရောက်သူများကို ဖိနှိပ်သည်။ မြန်မာစစ်တပ်သည် သူ့အား နိုင်ငံရေးအရ ဖီဆန်သူများကို သဘောထားကြီးကြီးထား၍ ခွင့်လွှတ်နိုင်ခြင်း မရှိ။

သူ့အား ဆန့်ကျင်သည့် CDM ဝန်ထမ်းများအား အညိုးအတေးထား၍ အလုပ်အကိုင်၊ နေထိုင်မှုဘဝအားလုံး ပျက်သုဉ်း အောင် ဖိနှိပ်နေသည်။ CDM အစိုးရ ဝန်ထမ်းဆိုသည်က ပညာတတ်များဖြစ်ရာ ပညာတတ်များအား နှိပ်ကွပ်မှု ပြုနေသည်ဟု ဆိုရမည်။

အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သူ မှန်သမျှကို ထွက်ပေါက်မပေးဘဲ နိုင်ငံရေးအရ ချောင်ပိတ်၍ အသေသတ်ရန် ကြိုးပမ်းနေသော မြန်မာစစ်တပ်သည် တိုင်းပြည်ကို ယူနီဖိုင်း ပြုလုပ်နိုင်ပါမည်လော။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် လူထု၏ လက်နက်ကိုင်ခုခံပုန်ကန်မှုအား မြန်မာစစ်တပ်က ပြန်လည်တုန့်ပြန်ရာတွင် စစ်ရေးအရ နိုင်ငံတကာကျင့်သုံးသည့် စစ်ဥပဒေများကို ကျင့်သုံးမရှိဘဲ အရပ်သားလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေသည်။

မြန်မာစစ်တပ်က နိုင်ငံတကာကျင့်သုံးသည့် စစ်ဥပဒေများကို ကျင့်သုံးမရှိဘဲ အရပ်သားလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေသည်

အရပ်သားပိုင် အိုးအိမ်အဆောက်အအုံများ၊ စပါး ဂိုဒေါင်များ၊ လယ်ထွန်စက်များ၊ ဆိုင်ကယ်နှင့်ကားများ၊ ယက္ကန်းစင်များ၊ ပုဂ္ဂလိက ရေနံတွင်းများ၊ ရွှေကျင်သည့်နေရာများ၊ ဘာသာရေးအဆောက်အအုံများကိုပါမကျန် ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်ကြောင်းများစေလွှတ်၍ မီးရှို့ခြင်းများ ပြုလုပ်နေသည်။

အရပ်သားပိုင် အိုးအိမ်အဆောက်အအုံများ၊ စပါး ဂိုဒေါင်များ၊ လယ်ထွန်စက်များ၊ ဆိုင်ကယ်နှင့်ကားများ၊ ယက္ကန်းစင်များ၊ ပုဂ္ဂလိက ရေနံတွင်းများ၊ ရွှေကျင်သည့်နေရာများ၊ ဘာသာရေးအဆောက်အအုံများကိုပါမကျန် ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ စစ်ကြောင်းများစေလွှတ်၍ မီးရှို့ခြင်းများ ပြုလုပ်နေသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ထိ Data for Myanmar ၏ အချက်အလက် ကောက်ယူမှုအရ တပြည်လုံးတွင် အိုးအိမ်အဆောက်အအုံ ၅၅၄၈၄ လုံး မီးရှို့ဖျက်ဆီးခံထားရသည်။

ချင်းပြည်နယ် ထန်တလန်၊ စစ်ကိုင်းတိုင်းမှ ပင်လယ်ဘူးမြို့၊ ကရင်နီမှ ဒီမောဆိုမြို့များသည် မြို့လုံးကျွတ် ဖျက်ဆီးခံထားရသကဲ့သို့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမှ ရွာများသည် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံထားရသည်။

ယခု ၂၀၂၃ ခုနှစ် ဖေဖော်ဝါရိလ အတွင်း၌လည်း နေ့စဉ်ရက်ဆက် ရွာများကို လိုက်လံမီးရှို့ဖျက်ဆီးနေရာ လက်ရှိ မတ်လဆန်းအထိ ဆိုပါက ဖျက်ဆီးခံရသည့် အိုးအိမ်ပေါင်း ၆၀၀၀၀ ခန့်ရှိမည်။ ရွာသူရွာသားများအား အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုများမှာလည်း တစတစ များပြားလာနေသည်။

ဤသို့ မိမိတိုင်းပြည်လူထု၏ အိုးအိမ်များစွာကို မြေလှန်စနစ်ကျင့်သုံးပြီး မီးလောင်တိုက်သွင်းနေသည့် အပြင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေသည့် မြန်မာစစ်တပ်သည် မြန်မာပြည်ကို ယူနီဖိုင်း မည်သို့ ပြုလုပ်နိုင်ပါမည်လော။

နွေဦးတော်လှန်ရေးအစကာလ မြန်မာစစ်တပ်က ၎င်းတို့တွင် ဟောင်ကောင်သပိတ်၊ ထိုင်းသပိတ်တို့အား ဖြိုခွဲသည့် အတွေ့အကြုံများကို လေ့လာထားသည်ဟု ဆိုခဲ့သော်လည်း လက်တွေ့တွင် သိမ်မွေ့စွာ ဖြေရှင်းနိုင်ခြင်း မရှိခဲ့။

ခပ်ကြမ်းကြမ်းလေး ပစ်လိုက်ရင် ငြိမ်သွားမှာပါဟု အကြောက်တရားသွင်းပြီး ဖြေရှင်းရန်သာ စဉ်းစားခဲ့၏။ “သေရဲတဲ့ ကောင်ထွက်ခဲ့”ဟုသာ ခပ်ကြမ်းကြမ်း ရင်ဆိုင်ခဲ့၏။ ရက်ရက်စက်စက်က်ဖိနှိပ်ခဲ့၏။

ဟောင်ကောင်၊ ထိုင်း ဆန္ဒပြပွဲတို့မှ အသေအပျောက်နှင့် များစွာကွာခြားသည်ကို တွေ့ရ၏။ထို့ကြောင့်လည်း လူထု၏ စိတ်နှလုံးအား သိမ်းသွင်းနိုင်ခြင်း မရှိခဲ့ပေ။

ထိုသို့ ရိုင်းစိုင်းကြမ်းကြုတ်စွာ ပြုမူခဲ့ခြင်းကြောင့် လူထုအား ကြောက်အောင် ရိုကျိုးအောင် မလုပ်ခဲ့သည်သာမက လူထု၏ အမုန်းတရားကို ပိုခံစားရသည်။ မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များသည် စစ်ယူနီဖေါင်း ကျော့အောင်ဝတ်၍ သေနတ်မပါဘဲ လူကြားလမ်းသလားပြပြီး မော်ကြွားနိုင်သည့် အခြေအနေမရှိတော့။ စစ်တပ် တပ်ဖွဲ့ဝင်များ သာမက ၎င်းတို့၏ မိသားစုဝင်များပင် လူကြားထဲ လုံခြုံရေးမပါဘဲ သွားလာရဲခြင်း မရှိတော့။

ရိုင်းစိုင်းကြမ်းကြုတ်စွာ ပြုမူခဲ့ခြင်းကြောင့် လူထုအား ကြောက်အောင် ရိုကျိုးအောင် မလုပ်ခဲ့သည်သာမက လူထု၏ အမုန်းတရားကို ပိုခံစားရသည်။ မြန်မာစစ်တပ်မှ အရာရှိ၊ စစ်သည်များသည် စစ်ယူနီဖေါင်း ကျော့အောင်ဝတ်၍ သေနတ်မပါဘဲ လူကြားလမ်းသလားပြပြီး မော်ကြွားနိုင်သည့် အခြေအနေမရှိတော့။

စစ်အာဏာသိမ်းသည့် ၂ နှစ်ပြည့် အသံတိတ်သပိတ်တွင် ရန်ကုန်၊ မန္တလေးမြို့ကြီးများအပါအဝင် လမ်းမပေါ် လူမထွက်ဘဲ လူထုသဘောထားကို ပြသခဲ့သည်။ ထို့နေ့က တန်ပြန်ပြုလုပ်ခဲ့သည့် စစ်တပ်ထောက်ခံပွဲတွင် ပါဝင်သည့် လူဦးရေမှာ လမ်းဘေးမျက်လှည့်ဝိုင်းလောက်ပင် လူမစည်။ ဤသို့ လူထုအား နှလုံးရည်ဖြင့် စည်းရုံးနိုင်စွမ်းမရှိသည့် မြန်မာစစ်တပ်အနေနှင့် မြန်မာနိုင်ငံကို မည်သို့ ယူနီဖိုင်း ပြုလုပ်နိုင်ပါမည်နည်း။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

ဒုတိယအချက်မှာ လက်ရှိ မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံ၊ ကြည်း၊ ရေ၊ လေတပ်ဖွဲ့များ စစ်ယန္တယားများ၊ ခေတ်မှီလက်နက်များကြောင့် မြန်မာစစ်တပ်အား တောင့်တင်းသည့် အင်စတီကျူးရှင်းဟု ဆိုနေကြ၏။ ထိုသို့ကြည့်ရုံသက်သက်ဆိုလျင် ဟုတ်သလိုလိုရှိ၏။

သို့သော် လက်တွေ့တွင် မြန်မာစစ်တပ်၏ စစ်အင်အား၊ စစ်ထွက်အင်အားမှာ တပ်ရင်းတပ်ဖွဲ့တခုချင်း အလွန်အမင်း ကျဆင်းနေသည်။ တပ်သားသစ် စုဆောင်းရန် မပြောနှင့် စစ်ဗိုလ်အသစ် စုဆောင်းရန်ပင် ခက်နေသည်။ တိုက်ရည်ခိုက်ရည်လည်း ကျဆင်းနေသည်။

တပြည်လုံးအနှံ့အပြားတွင် စစ်မျက်နှာဖွင့်နေရ၏။ နောက်တန်း တပ်ရင်း၊ တပ်ဖွဲ့ဌာနချုပ်များသည်ပင် လုံခြုံရေး ဂရုစိုက်နေရ၏။

လုံခြုံရေး မထိန်းချုပ်နိုင်သည့် မြို့နယ် ၁၃၀ ကျော်ရှိသည်ဟု စစ်ကောင်စီ ဥက္ကဌက ဝန်ခံထားရပြီး ၄၇ မြို့နယ် စစ်အုပ်ချုပ်ရေး ကြေညာထားရ၏။

လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်အင်အားနှင့် ပြည်မ ဒီမိုကရက်တစ်လက်နက်ကိုင်အင်အားတို့မှာ အင်အားအရ လည်း ကောင်း၊ လက်နက်တပ်ဆင်မှုအရ လည်းကောင်း တနေ့တခြား တိုးပွါးနေသည်။

မြန်မာစစ်တပ်မှ တပ်သားသစ် မဖြည့်နိုင်သည့်အပြင် နေ့စဉ်ကျဆုံး ဒဏ်ရာရသူများရှိနေခြင်း၊ CDM လုပ်သူများ၊ တပ်ပြေးများ၊ အမိန့်မနာခံသူများ ရှိနေခြင်းတို့ကြောင့် စစ်တပ်၏ ကြံခိုင်မှုမှာ တဖြေးဖြေးလျော့ကျ လာနေသည်။

မြန်မာစစ်တပ်သည် ရပ်တည်နေနိုင်သေးသည်ကို ငြင်းပယ်ရန် မရှိသော်လည်း သူ့အားဆန့်ကျင်သည့် ပြည်မ လက်နက်ကိုင် အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအား စစ်ရေးအနိုင်ရယူနိုင်ရန် မဖြစ်နိုင်တော့သည့် မြေပြင်အခြေအနေမှာ တနေ့တခြား ပိုမိုပေါ်လွင်လာနေသည်။

မြန်မာစစ်တပ်သည် ရပ်တည်နေနိုင်သေးသည်ကို ငြင်းပယ်ရန် မရှိသော်လည်း သူ့အားဆန့်ကျင်သည့် ပြည်မ လက်နက်ကိုင် အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများအား စစ်ရေးအနိုင်ရယူနိုင်ရန် မဖြစ်နိုင်တော့သည့် မြေပြင်အခြေအနေမှာ တနေ့တခြား ပိုမိုပေါ်လွင်လာနေသည်။

ဤသို့သောအခြေအနေအောက်တွင် မြန်မာစစ်တပ်ကသာ ယူနီဖိုင်းနိုင်မည်ဟု သုံးသပ်ပါက အဖက်ဖက်ဆုတ်ယုတ်နေသော မြန်မာစစ်တပ်၏အခြေအနေကို မျက်ကွယ်ပြုရာ ရောက်ပေသည်။

တတိယ အရေးကြီးသည့်အချက်က စီးပွားရေးအခြေအနေ ဖြစ်သည်။ စစ်တပ်အာဏာသိမ်းမှုအပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံများ ပြန်လည်ထွက်ခွာခြင်း၊ နိုင်ငံတာအကူအညီနှင့် ချေးငွေများ ရပ်ဆိုင်းသွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။ ၂ နှစ်အတွက် မြန်မာငွေကြေးတန်ဖိုး နှစ်ဆ ကျဆင်းသွား၏။

ကုန်ဈေးနှုန်း အားလုံး နှစ်ဆတက်သွားသည်။ ပြည်တွင်းရှိ လုပ်ငန်ငန်းရှင်များ၊ ပညာရှင်များ၊ ပညာတတ်များ၊ ငွေကြေး အရင်းအနှီးနှင့်စုဆောင်းငွေများ နိုင်ငံခြားသို့ မြောက်များစွာ စီးထွက်သွားသည်။

သာမန်လူထုသည်လည်း ပြည်တွင်းတွင် အလုပ်အကိုင်ရှားပါးမှုနှင့် မြန်မာစစ်တပ်အား အယုံအကြည်ကင်းမဲ့မှုကြောင့် ပြည်ပသို့ နေ့စဉ် ထောင်နှင့်ချီ၍ ထွက်ခွာနေသည်။ နိုင်ငံကူးလက်မှတ်ရုံးတွင် လူအပြည့်ဖြစ်နေသည်။

စစ်တပ်နှင့် ရဲသာမက မြန်မာစစ်ကောင်စီလက်အောက်ခံ ရုံးများ၊ ဝန်ထမ်းများ အားလုံး လာဘ်ပေးလာဘ်ယူမှုကို ဗြောင်အတိအလင်းပြုလုပ်နေသည်။ မြန်မာစစ်တပ်ကလည်း သူ့လက်အောက်တွင် ကျန်ရှိသည့် ဝန်ထမ်းများအား ချွေးသိပ်ထားနိုင်ရန် လာဘ်ပေးလာဘ်ယူမှုကို ခွင့်ပြုထားသည်။

ထို့ပြင် အနယ်နယ်အရပ်ရပ်တွင် လောင်းကစားနှင့် မူးယစ်ဆေးဝါးသုံးစွဲမှု ဗြောင်ကျကျဖွင့်လှစ်ထားပြီး လူထုကို အာရုံလွှဲရန် ကြိုးစားနေသည်။ 
ထူပြောလာသော ရာဇဝတ်မှုများကို ထိန်းသိမ်းကိုင်တွယ်နိုင်ခြင်း မရှိ။ ဤသို့ အုပ်ချုပ်ရပ်တည်နေသော မြန်မာစစ်တပ်သည် မြန်မာပြည်ကို မည်သို့ယူနီဖိုင်းနိုင်ပါမည်နည်း။

မြန်မာစစ်တပ်သည် တောင့်တင်းခဲ့သည့် အင်စတီကျူးရှင်းတခုဖြစ်ခဲ့သော်လည်း သူ၏ နိုင်ငံရေးအမှားနှင့် နှလုံးရည် ညံ့ဖျင်းခြင်းကြောင့် လည်းကောင်း၊ တိုင်းပြည်အာဏာနှင့် ကိုယ်ကျိုးစီးပွါးကို တွဲဖက်ထား၍ လည်းကောင်း လူထု၏ ထောက်ခံမှု ဆုံးရှုံးပြီး တိုင်းပြည်ကို ယူနီဖိုင်းလုပ်နိုင်သည့် အခြေအနေမှ လျှောကျသွားသည်။

၁၉၄၈ လွတ်လပ်ရေးရခါစ ပြည်တွင်းစစ် စတင်သည့်ကာလနှင့် ယခုကာလ မတူပေ။ ၏ လက်ရုံးရည် နှလုံးရည်နှင့် ယခု မြန်မာစစ်တပ်၏ အရည်အသွေး မတူတော့။ လူထုအမြင်သဘောထားများလည်း အပုံကြီးကွာခြားသွားပြီဖြစ်သည်။

၁၉၄၈ လွတ်လပ်ရေးရခါစ ပြည်တွင်းစစ် စတင်သည့်ကာလနှင့် ယခုကာလ မတူပေ။ ၏ လက်ရုံးရည် နှလုံးရည်နှင့် ယခု မြန်မာစစ်တပ်၏ အရည်အသွေး မတူတော့။ လူထုအမြင်သဘောထားများလည်း အပုံကြီးကွာခြားသွားပြီဖြစ်သည်။

ထို့ပြင် ၁၉၆၂ ခုနှစ် အာဏာသိမ်းယူခဲ့ပြီး အနှစ် ၆၀ ကျော် မြန်မာစစ်တပ်က အာဏာရယူထားခဲ့သည့် ကာလအတွင်း တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှုမရှိ၊ တည်ငြိမ်မှု မရှိသည့်အခြေအနေများ၊ တကြိမ်ပြီးတကြိမ် ပို၍ ဆိုးဝါးသော ပြဿနာများ ပေါ်ပေါက်နေခြင်းများသည် မြန်မာစစ်တပ်သည် မြန်မာပြည်ကို ယူနီဖိုင်းလုပ်နိုင်ခြင်း မရှိခဲ့သည့် အကောင်းဆုံး သက် သေများ ဖြစ်သည်။

လက်ရှိ မြန်မာစစ်တပ်သည်သာ မြန်မာပြည်ကို ယူနီဖိုင်းလုပ်နိုင်လိမ့်မည်ဟု ထင်လျှင် အမှားကြီးမှားမည်။ မြန်မာစစ်တပ်၏ ဖွဲ့စည်းပုံစနစ်သက်သက်ကိုသာကြည့်ပြီး လက်တွေ့ ပကတိအခြေအနေများကို မျက်ကွယ်ပြု သုံးသပ် ခြင်းသည် မှန်ကန်သည့် ကောက်ချက်ကို မရနိုင်ပေ။

အရေးကြီးသည့် အခြားအချက်မှာ မြန်မာပြည်တွင်း၌ အစိုးရကို ပုန်ကန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များစွာ ရှိနေခြင်းဖြစ်သည်

မြန်မာစစ်တပ်၏ ဖွဲ့စည်းမှု၊ စစ်လက်နက်အင်အား၊ အုပ်ချုပ်ရေး ယန္တရားကို ထိန်းချုပ်နိုင်မှု၊ မြန်မာပြည်၏ မြို့ကြီးပြကြီးနှင့် ဆက်သွယ်ရေးလမ်းကြောင်းများကို ထိန်းကြောင်းနိုင်မှုတို့အပြင် စစ်တပ်၏ ဖွဲ့စည်းမှု၊ တပ်တွင်း ညီညွတ်မှု၊ စည်းကမ်း၊ စစ်ရေးရင်းမြစ်နဲ့ စီးပွားရေးအင်အား အဆင့်တဆင့်အထိ ရောက်အောင် နှစ်ပေါင်းများစွာ တည်ဆောက်ထားမှု စသည့် အချက်များအရ မြန်မာစစ်တပ်ကို အထင်သေး၍မရ၊ လျှော့တွက်၍မရ၊ ပစ်ပယ်၍မရ ဟုဆိုက မှန်ကန်သော်လည်း ထိုအချက်များကြောင့် မြန်မာစစ်တပ်သည် မြန်မာပြည်ကို ယူနီဖိုင်းဖြစ်နိုင်သည်ဟု ကြည့်မြင်ပါက မှားပေလိမ့်မည်။

ဤပြသနာကို ဖေါ်ထုတ်သုံးသပ်သူများအဆိုအရ မြန်မာပြည်တွင်သာမက အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများတွင်လည်း အာဏာရှင်နိုင်ငံများရှိသည်ဖြစ်ရာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း၌ အာဏာရှင်များရှိနေခြင်းမှာ ပြဿနာကြီး မဟုတ်ဘဲ တိုင်းပြည်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်ရန်သာ အဓိကဖြစ်သည်ဟု ယူဆကြသည်။

ထိုသို့ယူဆချက်နှင့် မြန်မာပြည်အား ယူနီဖိုင်းလုပ်နိုင်သည်မှာ မြန်မာစစ်တပ်သာဖြစ်သည်ဟူသည့် အချက်ပေါင်းပြီး မြန်မာ စစ်တပ်ဘက်က မဲတင်းပေးရန် စဉ်းစားလာကြခြင်း ဖြစ်ပုံရ၏။

ဒေသတွင်း အာဏာရှင်နိုင်ငံများနှင့် မြန်မာစစ်အုပ်ချုပ်သူများကြား နိုင်ငံကို ထိန်းသိမ်းစီမံအုပ်ချုပ်နိုင်စွမ်း ကွာခြားချက်များအား အထက်တွင် တင်ပြခဲ့ပြီးပြီ။

ဒေသတွင်း အခြားနိုင်ငံများနှင့် မတူညီသည့်၊ ဒေသတွင်းအခြားနိုင်ငံများတွင် လုံးဝမရှိသည့် ထူးခြားသည့် အရေးကြီးသည့် အခြားအချက်မှာ မြန်မာပြည်တွင်း၌ အစိုးရကို ပုန်ကန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များစွာ ရှိနေခြင်းဖြစ်သည်။

ဒေသတွင်း အခြားနိုင်ငံများနှင့် မတူညီသည့်၊ ဒေသတွင်းအခြားနိုင်ငံများတွင် လုံးဝမရှိသည့် ထူးခြားသည့် အရေးကြီးသည့် အခြားအချက်မှာ မြန်မာပြည်တွင်း၌ အစိုးရကို ပုန်ကန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များစွာ ရှိနေခြင်းဖြစ်သည်။

မြန်မာပြည်တွင် အင်အားတောင့်တင်းသော၊ သံမဏိ သက်ရှည်ကြာသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဆယ်ဂဏန်းအထက်ရှိသည်။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေး အင်အားစုများ အချိန်တိုအတွင်း အားကောင်းလာခြင်းမှာ ထိုတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရှိသည့် အခြေခံပေါ်ကဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင် အများစုသည် မြန်မာစစ်တပ်ကို အယုံအကြည် မရှိကြသည့်အပြင် မြန်မာစစ်တပ်က ၎င်းတို့အပေါ် ဦးတည်ဖိနှိပ်မလာစေရေးအတွက် နွေဦးတော်လှန်ရေးအင်အားစုများကို ဗြောင်အတိအလင်းဖြစ်စေ၊ တိတ်တဆိတ်ဖြစ်စေ ကူညီကြသည်။

NUG ၊ PDF ၊ EAO များသည် အင်အားကောင်းသော်လည်း တစုတစည်းတည်း စည်းရုံး ခေါင်းဆောင်နိုင်မှု မရှိသဖြင့် မြန်မာစစ်တပ်ကို အနိုင်မတိုက်သေး

ထိုနွေဦးတော်လှန်ရေး လက်နက်ကိုင်အင်အားစုများ၊ တိုင်းရင်းသား လက်နက်ကိုင်အင်အားစုများမှာ လက်ရှိအချိန်တွင် စုစုပေါင်း ၂ သိန်းကျော်ရှိသည်။

တဖက်ကပြောလျှင် NUG ၊ PDF ၊ EAO များသည် အင်အားကောင်းသော်လည်း တစုတစည်းတည်း စည်းရုံး ခေါင်းဆောင်နိုင်မှု မရှိသဖြင့် မြန်မာစစ်တပ်ကို အနိုင်မတိုက်သေးဟု ကောက်ချက်ချ၍ရသည်။

သို့သော် တဖက်ကလည်း မြန်မာစစ်တပ်သည် ထိုလက်နက်ကိုင်အင်အားစုများကို အနိုင်တိုက်ရန် မဖြစ်နိုင်တော့ ဆိုသည်ကိုလည်း အသိအမှတ်ပြုရန် လိုသည်။

သို့ဖြစ်ရာ မြန်မာပြည်ကို မည်သူ ယူနီဖိုင်း ပြုလုပ်နိုင်မည်နည်းဆိုသည်သက်သက်ကို သုံးသပ်ပါက လက်တွေ့ကျစွာ မထောက်မညှာ ကောက်ချက်ချရမည်ကတော့ ယူနီဖိုင်း လုပ်နိုင်သူ မရှိသေး ဟူသည့်အချက်က ပိုမှန်ကန်ပေလိမ့်မည်။

မြန်မာပြည်ကို မည်သူ ယူနီဖိုင်း ပြုလုပ်နိုင်မည်နည်းဆိုသည်သက်သက်ကို သုံးသပ်ပါက လက်တွေ့ကျစွာ မထောက်မညှာ ကောက်ချက်ချရမည်ကတော့ ယူနီဖိုင်း လုပ်နိုင်သူ မရှိသေး ဟူသည့်အချက်က ပိုမှန်ကန်ပေလိမ့်မည်။

မြန်မာစစ်တပ်သည်သာ မြန်မာပြည်ကို ယူနီဖိုင်းလုပ်နိုင်လိမ့်မည်ဟု ကောက်ချက်ဆွဲယူခြင်းသည် အဖြေမှန် မဟုတ်ပေ။

မြန်မာစစ်တပ်သည်သာ မြန်မာပြည်ကို ယူနီဖိုင်းလုပ်နိုင်လိမ့်မည် သို့မဟုတ် တည်ငြိမ်အောင်လုပ်ဆောင်နိုင်လိမ့်မည်ဟူသော ကောက်ချက်ဖြင့် မြန်မာစစ်တပ်ဘက်က မဲတင်းရပ်တည်ရန် ကြိုးစားမှုများသည် မြန်မာပြည် ပြဿနာကို အမြန်လက်ပူတိုက်ဖြေရှင်းရန် ကြိုးပမ်းသက်သက်သာဖြစ်ပြီး လက်တွေ့ ဖြေရှင်းနိုင်လိမ့်မည် မဟုတ်သည့်အပြင် ပို၍ပြင်းထန်သည့် ပဋိပက္ခများနှင့် ဖရိုဖရဲဖြစ်မှုများကိုသာ ကြုံရပေလိမ့်မည်။

(ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။)

You may also like these stories :

အာဏာတည်မြဲရေး ဘနဖူး သိုက်တူးမည့် ရာဇဝတ်ကောင် စစ်ကောင်စီ

ယခုနှစ် မြန်မာ့စစ်ရေး ဖြစ်ပေါ်တိုးတက်မှုကို အကဲဖြတ်ခြင်း

“အဆုံးအဖြတ်ကျတဲ့ နှစ်တောင်မှ ဖြစ်နိုင်တယ်”

မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ

ဒိုင်ယာလော့၊ ဂိမ်းအိုဗာနှင့် နယူးအက်တာများ

ပုစွန်ဦးနှောက်နှင့် စစ်ဗိုလ်ချုပ်များ

Your Thoughts …
Tags: စစ်တပ်တိုင်းရင်းသား လက်နက်ကိုင်နိုင်ငံရေးယူနီဖိုင်း
ဝေမင်းထွန်း

ဝေမင်းထွန်း

ဝေမင်းထွန်းသည် နိုင်ငံရေးလေ့လာသုံးသပ်သူတဦး ဖြစ်သည်။

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

စစ်ကောင်စီ၏ တောင်းဆိုချက် တရုတ် သတိထား

by ဧရာဝတီ
9 December 2023
15.8k

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိနှင့် မြန်မာဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့ ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲတခု မတိုင်မီ ဘေဂျင်းတွင် တွေ့ဆုံသည့် ဒီဇင်ဘာလ ၆ ရက်နေ့တွင် တောင်းဆိုမှု ပြုလုပ်ခြင်းဖြစ်သည်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

Next Post
အာဏာသိမ်း စစ်ကောင်စီတပ်များ

ဖားကန့်တွင် KIO အရာရှိတဦး အပါအဝင် လူ ၄၀ ခန့် စစ်ကောင်စီဖမ်းထား

စစ်အာဏာသိမ်းမှုနောက်ပိုင်း မြစ်ဆုံဒေသအတွင်း ရွှေတူးဖော်နေမှုများကို တွေ့ရစဉ် / CJ

မြစ်ဆုံအပါအဝင် ကချင်ပြည်နယ် နေရာအနှံ့၌ ရွှေတူးဖော်မှုများ တိုးလာ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved