• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အမေရိကန်၏ မြန်မာအရေး ဝိရောဓိ သတင်းစကားများ

by Than N Oo
2 August 2025
in သူ့အတွေး သူ့အမြင်
A A
အမေရိကန်၏ မြန်မာအရေး ဝိရောဓိ သတင်းစကားများ

မြန်မာနှင့်ပတ်သက်၍ အမေရိကန်က ပြောလိုသည့် သတင်းစကားများမှာ ဝိရောဓိဖြစ်နေသည်

2.9k
VIEWS
Share on FacebookShare on Twitter

ဇူလိုင်လ ၂၂ ရက်နေ့တွင် မြန်မာပြဿနာများကို ကိုင်တွယ်သည် ဥပဒေကြမ်း သုံးခုကို အမေရိကန် အောက်လွှတ်တော်ကော်မတီ အသီးသီက အတည်ပြုခဲ့ပြီး ဥပဒေဖြစ်လာရန် လမ်းပွင့်သွားသည်။ ထိုဥပဒေကြမ်းများ အမှန်တကယ် ဥပဒေဖြစ်လာရန် များစွာလိုသေးသော်လည်း ၎င်းတို့၏ တိုးတက်မှုသည် မြန်မာပြည်သူများအတွက် မျှော်လင့်ချက် မှိန်ပြပြပေးနိုင်သည်။

ပြည်ပအကူအညီ ဖြတ်တောက်ရန် ရည်ရွယ်ထားသည့် အစိုးရတခုအကြားတွင် ထိုအစီအမံများသည် ထူးခြားသည်။ ထိုဥပဒေများသည် စစ်ကောင်စီ၏ စီးပွားရေး အသက်သွေးကြောကို ဖြတ်တောက်ပြီး အရပ်သားများကို ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ်မှုများအတွက် တရားမျှတမှုပေးကာ အမေရိကန်နိုင်ငံခြားရေးမူဝါဒကို မြန်မာဒီမိုကရက်တစ် အင်အားစုများနှင့် ပိုမိုကိုက်ညီစေရန် ချိန်ညှိပေးသည်။

ဘားမားအက် (Burma Act) ကို အကောင်အထည်ဖော်ခြင်းဖြင့် စစ်မှန်သော တာဝန်ခံမှု ဖော်ဆောင်ရေးဥပဒေ သို့မဟုတ် BRAVE Burma Act သည် စစ်ကောင်စီ၏ ဘဏ္ဍာရေးစီးကြောင်းများကို ပိတ်ဆို့ရန် အာရုံစိုက်သည်။

ဘားမားအက် (Burma Act) ကို အကောင်အထည်ဖော်ခြင်းဖြင့် စစ်မှန်သော တာဝန်ခံမှု ဖော်ဆောင်ရေးဥပဒေ သို့မဟုတ် BRAVE Burma Act သည် စစ်ကောင်စီ၏ ဘဏ္ဍာရေးစီးကြောင်းများကို ပိတ်ဆို့ရန် အာရုံစိုက်သည်။

ထိုဥပဒေက အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံပိုင်လုပ်ငန်းများ၊ ဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် လေယာဉ်ဆီ ထောက်ပံ့နေသည့် မည်သည့် နိုင်ငံခြားအဖွဲ့အစည်းမဆိုကို နှစ်စဉ် ပြန်လည်သုံးသပ်ရန်နှင့် အရေးယူပိတ်ဆို့မှု မြှင့်တင်ရန် လုပ်ပိုင်ခွင့်ပေးသည်။ လေယာဉ်ဆီသည် စစ်ကောင်စီက အရပ်သားများကို ပုံမှန် လေကြောင်းတိုက်ခိုက်မှုလုပ်ရန် အသုံးပြုသည့် လောင်စာဖြစ်သည်။

မြန်မာမှ လူမျိုးတုံးသတ်ဖြတ်မှု တာဝန်ခံရေးနှင့် ကာကွယ်ရေးအက်ဥပဒေ သို့မဟုတ် Burma GAP အက်ဥပဒေသည် ရိုဟင်ဂျာ ဒုက္ခသည်များနှင့် ပြည်တွင်းနေရပ်စွန့်ခွာများအတွက် လူသားချင်းစာနာမှု အကူအညီပေးရေးကို ခွင့်ပြုပြီး နယ်စပ်ဖြတ်ကျော် တရားစီရင်ရေးယန္တရားများကို ခွင့်ပြုကာ အနာဂတ် ဒီမိုကရက်တစ် ဖက်ဒရယ်စနစ်တွင် ရိုဟင်ဂျာများ ထည့်သွင်းရေးကို ထောက်ခံသည်။

ထိုဥပဒေသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများ စသည့် ဒီမိုကရက်တစ် အင်အားစုများနှင့် အမေရိကန် ပိုမို နက်ရှိုင်းစွာ ထိတွေ့ဆက်ဆံရေးကို အားပေးသည်။ ထိုဥပဒေကြမ်းက မြန်မာနှင့်ပတ်သက်သည့် အမေရိကန် အထူးကိုယ်စားလှယ်နှင့် မူဝါဒညှိနှိုင်းရေးမှူး ခန့်အပ်ခြင်းကို တောင်းဆိုသည်။

တတိယ ဥပဒေကြမ်းဖြစ်သည့် မြန်မာသို့ ရန်ပုံငွေသစ်များ မပေးရေးဥပဒေသည် ကမ္ဘာ့ဘဏ်မှ မြန်မာစစ်ကောင်စီသို့ မည်သည့် ဘဏ္ဍာရေးအကူအညီမဆိုကို အမေရိကန်ထောက်ခံမှု တားမြစ်ရန် ကြိုးစားသည်။

ထိုဥပဒေကြမ်း သုံးခုလုံးသည် အထက်လွှတ်တော်သို့မတင်မီ အောက်လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရမည်ဖြစ်ပြီး အထက်လွှတ်တော်တွင် ထပ်မံ မဲခွဲရမည်ဖြစ်သည်။ အရေးကြီးသည့်အချက်မှာ ထိုဥပဒေကြမ်းများသည် အလားအလာရှိသော ရန်ပုံငွေထောက်ပံ့ခြင်း သို့မဟုတ် အရေးယူမှုများကို ခွင့်ပြုသော်လည်း မည်သည့် ဥပဒေမှ ဘဏ္ဍာငွေခွဲဝေပေးခြင်း မရှိပေ။

ဘဏ္ဍာငွေခွဲဝေပေးသည့်အခါတွင်လည်း ခွင့်ပြုသည့် လုပ်ရပ်များကို အုပ်ချုပ်ရေးပိုင်းက အကောင်အထည်ဖော်ရန် မည်သည့်အာမခံချက်မှ မရှိပေ။ ဥပမာအားဖြင့် ဘားမားအက် ၂၀၂၂ ကို ပြဋ္ဌာန်းထားသော်လည်း အပြည့်အဝ အကောင်အထည်ဖော်မှု စိတ်ပျက်စရာကောင်းလောက်အောင် ကင်းမဲ့ခြင်းကို မြန်မာ့အရေးလေ့လာသူများ သတိရစေသည်။

မြန်မာနှင့်ပတ်သက်သည် ဥပဒေကြမ်း သုံးခုကို တပြိုင်နက်တည်း အဆိုပြုပြီး ထိုဥပဒေတခုစီကို နှစ်ပါတီလုံးက ကမကထပြုကာ ကော်မတီတွင် ထောက်ခံမဲရခြင်းသည် ရှားပါးလှသည်။ ထိုအချက်က ကွန်ဂရက်၌ မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးနှင့် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှုများအတွက် စစ်တပ်အား အရေးယူရေးကို နှစ်ပါတီလုံး၏ ကတိကဝတ် ဆက်လက်ရှိနေကြောင်း ဖော်ပြနေသည်။

သို့သော် မြန်မာနှင့်ပတ်သက်သည် ဥပဒေကြမ်း သုံးခုကို တပြိုင်နက်တည်း အဆိုပြုပြီး ထိုဥပဒေတခုစီကို နှစ်ပါတီလုံးက ကမကထပြုကာ ကော်မတီတွင် ထောက်ခံမဲရခြင်းသည် ရှားပါးလှသည်။ ထိုအချက်က ကွန်ဂရက်၌ မြန်မာတွင် ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရေးနှင့် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် ရာဇဝတ်မှုများအတွက် စစ်တပ်အား အရေးယူရေးကို နှစ်ပါတီလုံး၏ ကတိကဝတ် ဆက်လက်ရှိနေကြောင်း ဖော်ပြနေသည်။

သို့သော် နောက် နှစ်ရက်အကြာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့တွင် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ပပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံးက မြန်မာမှ လုပ်ငန်း သုံးခုနှင့် လူပုဂ္ဂိုလ် လေးဦးကို အထူးသတ်မှတ် နိုင်ငံသားများစာရင်းမှ ပယ်ဖျက်ကြောင်း ကြေညာသည်။ ထိုလုပ်ငန်းများနှင့် လူပုဂ္ဂိုလ်များသည် စစ်ကောင်စီလုပ်ရပ်များနှင့် နီးကပ်သောဆက်ဆံရေးကြောင့် ယခင်က အရေးယူခံထားရသူများ ဖြစ်သည်။

ထိုဆုံးဖြတ်ချက်ကြောင့် အများအပြား အငိုက်မိသည်။ မည်သို့ဆိုစေ ကွန်ဂရက်က စစ်ကောင်စီ၊ ၎င်းနှင့် ပတ်သက်သူများကို အရေးယူပိတ်ဆို့မှု တိုးမြှင့်ရန် တက်ကြွစွာ ကြိုးစားနေသောကြောင့် ထိုလုပ်ရပ်သည် အစိုးရက အာခံသည့်လုပ်ရပ်ဖြစ်ပါသလား။ ကျယ်ပြန့်သော ဗျူရိုကရေစီအတွင်း ဘယ်ဘက်လက် လုပ်သည်ကို ညာဘက်လက်က မသိသည့် ကိစ္စဖြစ်ပါသလား။ ပိတ်ထားသော တံခါးများနောက်ကွယ်မှ အင်အားကြီးမားသည့် လော်ဘီလုပ်ခြင်းကြောင့်လား။

လော်ဘီလုပ်ငန်း Ferrari & Associates မှ ဝန်ထမ်းတဦး၏ LinkedIn မှ ဂုဏ်ယူဝမ်းမြောက်ကြောင်းပို့စ်အရ လော်ဘီလုပ်ခြင်းသည် အခန်းကဏ္ဍတခုမှ ပါဝင်ကြောင်း ပြသနေသည်။ အမှန်တရားမှာ အထက်ပါ အကြောင်းအားလုံး ပါဝင်နေသည်။

လက်ရှိအခြေအနေကို နားလည်ရန် ထိုဖြစ်ရပ်များကို အခြားဖြစ်ရပ်များနှင့် ယှဉ်တွဲရှုမြင်ရန် လိုသည်။ မြန်မာစစ်ကောင်စီသည် နိုင်ငံတကာ တရားဝင်မှုနှင့် အသိအမှတ်ပြုမှုကို အာသာငမ်းငမ်း လိုချင်နေသည်မှာ လျှို့ဝှက်ချက် မဟုတ်ပေ။

ထိုသို့ဖြစ်ရန် လော်ဘီလုပ်ငန်းများအတွက် စစ်ကောင်စီက ဒေါ်လာသန်းပေါင်းများစွာ သုံးသည်။ ချက်ချင်း အသိအမှတ်ပြုခြင်းကို လက်လှမ်းမမီသော်လည်း စစ်ကောင်စီ၏ ရေရှည် စီမံကိန်းသည် ရှင်းလင်းသည်။ သူ၏ လက်ဝေခံပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) အနိုင်ရရန် မဲလိမ်သည့် ရွေးကောက်ပွဲအတုပြုလုပ်ပြီး ဒီမိုကရေစီ တရားဝင်မှုရရန်ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခေါင်းဆောင်များထံ စံပုံစံ အခွန်မူဝါဒသစ် ကြေညာသည့်စာ ပေးပို့သည်။ ထိုစာရသူများတွင် အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်လည်း ပါဝင်သည်။ ထိုကိစ္စသည် သံတမန်ရေးအမှား သို့မဟုတ် နိုင်ငံချင်း တရားဝင်ဆက်ဆံရေးအမှားဖြစ်သည်ကို ရှင်းလင်းစွာ မသိရသော်လည်း မင်းအောင်လှိုင်က အခွင့်ကောင်းယူသည်။

နှစ်ရက်အတွင်း သူက တရားဝင်ပြန်စာတွင် သမ္မတ ထရမ့်၏ ပေးစာသည် သူ၏တရားမဝင် အာဏာသိမ်း စစ်ကောင်စီကို သွယ်ဝိုက် အသိအမှတ်ပြုခြင်းအဖြစ် သတ်မှတ်သည်။ ထိုစာတွင် မင်းအောင်လှိုင်က သမ္မတ ထရမ့်ကို ကျေးဇူးတင်ပြီး အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရန် တောင်းဆိုကာ ဝါရှင်တန် ဒီစီသို့ အဆင့်မြင့်ညှိနှိုင်းရေးအဖွဲ့ စေလွှတ်ရန် အဆိုပြုသည်။

မင်းအောင်လှိုင်၏ အကြောင်းပြန်စာမှ ချောမွေ့ သေနင်္ဂဗျူဟာကျသည့် ဘာသာစကားကို အနောက်တိုင်း လော်ဘီလုပ်ငန်းတခုမှ ရေးပေးကြောင်း ဝါရင့်မြန်မာ့အရေးလေ့လာသူများက သဘောပေါက်သည်။

မင်းအောင်လှိုင်၏ အကြောင်းပြန်စာမှ ချောမွေ့ သေနင်္ဂဗျူဟာကျသည့် ဘာသာစကားကို အနောက်တိုင်း လော်ဘီလုပ်ငန်းတခုမှ ရေးပေးကြောင်း ဝါရင့်မြန်မာ့အရေးလေ့လာသူများက သဘောပေါက်သည်။

စစ်ကောင်စီသည် အခွန်ကိစ္စညှိနှိုင်းရန် ကိုယ်စားလှယ်အဖွဲ့တဖွဲ့စေလွှတ်ရေး စီစဉ်နေကြောင်း ဇူလိုင်လ ၁၉ ရက်နေ့တွင် ဧရာဝတီသတင်းဌာနက X လူမှုကွန်ရက်တွင် ဖော်ပြပြီး အဖွဲ့ဝင်များ၏ အမည်ကိုပင် ဖော်ပြသည်။ စီးပွားရေးအမြင်အရ မြန်မာသည် ထိုမျှအာရုံစိုက်မှုနှင့် မထိုက်တန်ပေ။

သို့သော် အမေရိကန် ပြည်ထောင်စုက အုပ်ချုပ်ရေးအမှားကြောင့်ဖြစ်စေ၊ တိတ်တဆိတ် လော်ဘီလုပ်ခြင်းကြောင့်ဖြစ်စေ ပြည်ဝင်ခွင့်ပေးပါက စစ်ကောင်စီ၏ နိုင်ငံတကာ အသိအမှတ်ပြုမှုရရန် ကြိုးစားခြင်းအတွက် အဓိကကျသည့် ဝါဒဖြန့်ချိရေး အောင်မြင်မှုဖြစ်မည်။ လူထုဝေဖန်မှုများ ဖြစ်လာပြီးနောက် Myanmar Now က နောက်ဆက်တွဲသတင်းကို ဇူလိုင်လ ၂၁ ရက်နေ့တွင် ဖော်ပြပြီး ထိုကိုယ်စားလှယ်အဖွဲ့ဝင်များက ထိုသို့သော အစီအစဉ်ရှိသည်ကို ငြင်းဆန်ကြောင်း ဖော်ပြသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့တွင် သမ္မတ ထရမ့်က ခရီးသွားလာမှုပိတ်ပင်သည့် နိုင်ငံများစာရင်းကို လက်မှတ်ထိုးပြီး ထိုကန့်သတ်ခံ နိုင်ငံများတွင် မြန်မာလည်းပါဝင်သည်။ သဘောတရားအရ ဆိုပါက မြန်မာနိုင်ငံသားများ၊ အထူးသဖြင့် စစ်ကောင်စီကို ကိုယ်စားပြုသူများအား အမေရိကန် ပြည်ထောင်စုသို့ ဝင်ခွင့်မပေးသင့်ပေ။

သို့သော် လွတ်ကွက်ဟာကွက်များ ရှိနေသည်။ စစ်ကောင်စီနှင့် ပတ်သက်နေပြီး အထက်ပါ ကိုယ်စားလှယ်အဖွဲ့ဝင် ဖြစ်သည်ဟုဆိုသည့် ဒေါက်တာ ဇော်ဦးသည် အမေရိကန် ပြည်ထောင်စုတွင် အမြဲတမ်းနေထိုင်ခွင့်ရှိပြီး အမေရိကန် အင်စတီကျူးရှင်းများတွင် ပညာသင်ယူခဲ့သူဖြစ်သည်။ သူသည် အမေရိကန် အခြေစိုက် အတိုင်ပင်ခံလုပ်ငန်းများနှင့်လည်း ဆက်ဆံရေးရှိသည်။

ထို့ပြင် အထူးလော်ဘီအုပ်စုတခုက သြဇာလွှမ်းမိုးသည်ဟု ယူဆရသည့် ကွန်ဂရက် ကြားနာပွဲတခုတွင် မြန်မာကို အရေးယူပိတ်ဆို့မှု လျှော့ချရေး လွန်ခဲ့သောလအနည်းငယ်က ဆွေးနွေးသည်။ ၂၀၂၅ ခုနှစ်၊ မတ်လက ဖျက်အားပြင်း ငလျင်နောက်ပိုင်း ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ထိုသို့ ဖြေလျှော့ရန်လိုသည်ဟု ပြောသည်။

အညှာအတာကင်းမဲ့ပြီး ငွေကြေးတောင့်တင်းသော စစ်ကောင်စီကိုယ်စား လုပ်ကိုင်နေပြီး ဝင်ငွေကောင်းနေသည့် လော်ဘီသမားများ၏ နောက်ကွယ်မှ လှုပ်ရှားမှုများကို ဒီမိုကရေစီ လိုလားသူများ သတိထားရမည်ဖြစ်သည်။

ထိုသို့သော ဖရိုဖရဲနှင့် လျှို့ဝှက်သော နိုင်ငံရေးပတ်ဝန်းကျင်တွင် မြန်မာ၏ အောက်ခြေလူတန်းစား ဒီမိုကရေစီ လိုလားသူများသည် လက်တွေ့လုပ်ဆောင်နိုင်သည့် အမေရိကန်ဥပဒေပြုခြင်းနှင့် အကောင်အထည်ဖော်ခြင်းကို ဖိအားပေးရာတွင် စိတ်ရှည်ဇွဲရှိရုံသာမက နိုးကြားရန်လည်း လိုအပ်သည်။ အညှာအတာကင်းမဲ့ပြီး ငွေကြေးတောင့်တင်းသော စစ်ကောင်စီကိုယ်စား လုပ်ကိုင်နေပြီး ဝင်ငွေကောင်းနေသည့် လော်ဘီသမားများ၏ နောက်ကွယ်မှ လှုပ်ရှားမှုများကို ဒီမိုကရေစီ လိုလားသူများ သတိထားရမည်ဖြစ်သည်။

ထိုသို့သော နိုးကြားမှု၊ ဆုံးဖြတ်ချက်ပြတ်သားမှုနှင့်သာ အမေရိကန် သွားနေသောလမ်းကြောင်းမှ မြန်မာနှင့်ပတ်သက်သည့် မူဝါဒတွင် နားလည်ရခက်သည့် မကြာခဏ အပြောင်းအလဲများကို ဖွင့်ဆိုနိုင်ပြီး အမေရိကန်ထောက်ခံမှုသည် မြန်မာပြည်သူများ၏ ဒီမိုကရေစီ ရည်မှန်းချက်များနှင့် ကိုက်ညီကာ ၎င်းတို့ကို ဖိနှိပ်သူများ၏ ရည်မှန်းချက်နှင့် မကိုက်ညီအောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

(Asia Times ပါ Than N Oo ၏ Deciphering America’s mixed messaging on Myanmar ကို ဘာသာပြန်သည်။ Than N Oo သည် တက်ကြွလှုပ်ရှားသူနှင့် Free Myanmar စည်းရုံးလှုံ့ဆော်ရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူဖြစ်သည်။)

You may also like these stories:

စစ်ခရိုနီများ ဆန်ရှင်လွတ်အောင် အမေရိကန် လော်ဘီလုပ်ငန်း ကူညီ

မြန်မာ့မြေရှားအပေါ် အမေရိကန်သဘောထားက စိတ်ပျက်ဖွယ်ဖြစ်သည်

RelatedPosts

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
1.7k
မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

မန္တလေး၌ မဲကတ်ထုတ်ရန် ပျူစောထီးများ နှိုးဆော်

7 January 2026
209

စစ်ခေါင်းဆောင် ဆိုးမွေ ဘယ်သူတွေ ဆက်ခံမလဲ

မင်းအောင်လှိုင်နဲ့ အာဏာသိမ်း စစ်ဗိုလ်ချုပ်တွေ ယူနီဖောင်း လဲတော့မလား

လူယုံများ အားပြုပြီး အုပ်ချုပ်မှုသစ် စစ်ခေါင်းဆောင် ဖွဲ့စည်း

ဝါရင့်အမေရိကန် သံတမန်နှင့် စစ်ကောင်စီ ရေတပ်အရာရှိ ဗီယက်နမ်တွင် တွေ့ဆုံ

Your Thoughts …
Tags: Burma ActNUCCNUGSliderစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းဒုက္ခသည်ရိုဟင်ဂျာရွေးကောက်ပွဲလူမျိုးတုံးသတ်ဖြတ်မှုလေကြောင်းတိုက်ခိုက်မှုအမေရိကန်အရေးယူပိတ်ဆို့မှု
Than N Oo

Than N Oo

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာ့မြေရှားအပေါ် အမေရိကန်သဘောထားက စိတ်ပျက်ဖွယ်ဖြစ်သည် (ရုပ်/သံ)

မြန်မာ့မြေရှားအပေါ် အမေရိကန်သဘောထားက စိတ်ပျက်ဖွယ်ဖြစ်သည် (ရုပ်/သံ)

ထရမ့် ရဲ့ ဥရောပထုတ် ကားတွေ အပေါ် အခွန်တိုးမှု BMW မထိခိုက်နိုင်လို့ ဆို

ထရမ့် ရဲ့ ဥရောပထုတ် ကားတွေ အပေါ် အခွန်တိုးမှု BMW မထိခိုက်နိုင်လို့ ဆို

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved