သစ်ပင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သစ်ပင် Covering Burma and Southeast Asia Sun, 08 Mar 2026 01:03:18 +0000 en-US hourly 1 https://wordpress.org/?v=7.0.7 https://burma.irrawaddy.com/wp-content/uploads/2023/03/cropped-The-Irrawaddy-Favicon-32x32.png သစ်ပင် Archives - ဧရာဝတီ https://burma.irrawaddy.com/tag/သစ်ပင် 32 32 ရှက်တော့လည်း ရှက်ပါရဲ့ https://burma.irrawaddy.com/article/2026/03/08/411608.html Sun, 08 Mar 2026 01:00:59 +0000 https://burma.irrawaddy.com/?p=411608 မျိုးဆက်ဟောင်း လူကြီးတွေရဲ့ ညံ့တဲ့ အမွေတွေကို “တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ” လုပ်မနေကြနဲ့။]]>

ရှက်ရှက်နဲ့ ပြောလိုက်ရပါဦးတော့မယ်။

ငါတို့နေတဲ့ လမ်းကလေးက စမ်းချောင်းဘက်မှာ ရှိပါတယ်။ လမ်းကလည်းတို၊ တဘက်ပိတ် လမ်းကလေးပါ။ သစ်ပင် ဝါးပင်ကလေးတွေ အုပ်အုပ် ဆိုင်းဆိုင်းနဲ့မို့ တောကျေးလက် ရှုခင်းကလေးလိုပါပဲ။

နောက်ပြီး အနားမှာ ဇေယျဝတီ ကျောင်းတိုက်၊ ဝေဠုဝန် ကျောင်းတိုက် ဆိုတဲ့ ဘုန်းတော်ကြီး ကျောင်းတိုက်တွေကလည်း ရှိနေပြန်ပါသေးတယ်။

ဒီကျောင်းကြီးတွေက စစ်မဖြစ်မီက ဆိုရင် တောရ ကျောင်းကြီးတွေပေါ့။ အဲဒီခေတ် အခါက လူသူဝေးတဲ့ ဒေသမို့ တောရ ကျောင်းလို့ ခေါ်ခဲ့တာပေါ့။

လူဦးရေး ပါးပြီး၊ မြေနေရာ ပေါတဲ့ခေတ်က တည်ထောင်ခဲ့တာ ဖြစ်လေတော့ ကျောင်းဝင်းကြီးတွေကလည်း ကျယ်တဲ့ အပြင် သစ်ရိပ်ဝါးရိပ် ကလည်း ကောင်းပါတယ်။

ဒါကြောင့် ချိုးကူသံလေးတွေကိုလည်း ကြားရတတ်ပါတယ်။ ငှက်မျိုးစုံ မြည်သံ၊ တွန်သံလေးတွေကိုလည်း ကြားရတတ်ပါတယ်။

ခုတလောမှာ ငါတို့ အိမ်နားက ငှက်ကလေး တကောင်ဟာ တယ်မြည်တာကိုး။ အသံကလည်း တကယ့်ကို ချစ်စရာ ကောင်းပါတယ်။

သူ့အသံကို စာနဲ့ ရေးပြလို့ မဖြစ်နိုင်ပါဘူး။ အနီးစပ်ဆုံးကို ရေးပြရမယ် ဆိုရင်တော့-

“တွီ…တွစ်တွစ်…တွစ်…တွီ” ဆိုတာမျိုး ပါပဲ။

မနက် ၅ နာရီလောက်မှာ အိပ်ရာထဲက ကြားနေရတာမျိုးပါ။ ဆက်တိုက် မရပ်မနားလို့ ဆိုလောက်အောင်ကို မြည်နေတာပါ။

သူကိုယ်တိုင် သူ့အသံကို နှစ်သက်လို့ မြည်တမ်း ကစားနေတယ် လို့တောင် အောက်မေ့မိပါတယ်။ အသံကြားတာနဲ့ကိုပဲ ဒီငှက်ကလေးကို ချစ်နေမိလောက်အောင် သာယာပါတယ်။

ဒါပေမယ့် သူ့ကို မြင်ဖို့တော့ သိပ်ကိုခက်ပါတယ်။ အလွန် ရှက်တတ်တဲ့ ငှက်ကလေးတွေ လို့ပဲ ဆိုရမလား မသိဘူး။

ရှာပြီး ကြည့်လိုက်ရင် ရိပ်ခနဲဆို သစ်ရွက်တွေကြား ပျောက်သွားတော့တာပဲ။ လှုပ်ရှားပုံကလည်း သိပ်မြန်တာပဲ။ သေချာ မြင်လိုက်ရတယ်လို့ကို မရှိပါဘူး။

စာကလေး ပေါက်စနဲ့ ခပ်ဆင်ဆင်ကလေး တူတယ်။ အကောင်လေး သွယ်သွယ်၊ အရွယ်က လူကြီး လက်မသာသာ လောက်ကလေးပဲ ရှိတယ်။

“ငှက်လက်မ” လို့ ခေါ်တဲ့ ငှက်ကလေးများလား လို့လည်း ထင်မိတယ်။

အဲဒီမှာတင် အားမလိုအားမရ ဖြစ်မိတာ မကြာခဏပါပဲ။

ငါတို့တတွေဟာ ကိုယ်နေတဲ့ ရေမြေ တောတောင် သားကောင်၊ ကျေးငှက်၊ သစ်ပင် ပန်းမန် ဆိုတာမျိုးတွေကို လေ့လာ မှတ်သားမှု နည်းလွန်းလှတယ်လို့ အောက်မေ့မိတယ်။

ရန်ကုန် မြို့ပေါ်က လူတွေကတော့ ပိုတောင် နည်းသေးတယ်လို့ ဆိုရမယ် ထင်တယ်။

သတိရလို့ပ ပြောလိုက်ရဦးမယ်။

ရေသည် ပြဇာတ်မှ “ဆံထုံးတော်ကြီး၊ တမာသီးနဲ့” ဆိုတာ ပါလာလို့ ကျောင်းသားတွေကို “တမာသီးကို မြင်ဖူးသလား” လို့ မေးလိုက်တော့ ကျောင်းသား တယောက်က “မြင်ဖူးတယ်” တဲ့။

“ဘယ်လောက် ကြီသလဲ” လို့ မေးလိုက်တော့ လက်ဝိုင်းပြလိုက်တာ ပန်းသီးလောက် ရှိတယ်။

ဆံထုံးတော်ကြီး လို့ ဆိုလိုက်တာကြောင့် စွတ်ဖြီးလိုက်တာ ဖြစ်မှာပေါ့။ ဒါနဲ့…

“ဟကောင်ရ တမာသီး ဆိုတာ တက်ထရာ ဆိုက်ကလင်း ဆေးတောင့်လောက်ပဲ ရှိတာဟ” လို့ ပြန်ပြောလိုက်တော့ တတန်းလုံး ပွဲကျသွားတယ်။

ပြောချင်တာက ငါတို့က ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်မြေ ကိုယ့်ရေကို၊ ကိုယ့်ပတ်ဝန်းကျင်ကို သေသေချာချာ လေ့လာရကောင်းမှန်း မသိကြဘူး။

တိုင်းတပါးသား ဖြစ်တဲ့ အင်္ဂလိပ်၊ အမေရိကန်၊ ဂျာမန် စတဲ့ လူမျိုးတွေဟာ မြန်မာပြည်က သားကောင်တွေ အကြောင်း၊ ငှက်တွေ အကြောင်း၊ ပန်းတွေ အကြောင်း၊ ဆင်တွေ အကြောင်း၊ တောင်ပေါ်သားတွေ အကြောင်း စသည်ဖြင့် ရေးသွားလိုက်တာ စုံတကာစေ့နေတာပဲ။

ဖတ်လို့လည်း အလွန်ကောင်းပါတယ်။ တကယ့်ကို ဗဟုသုတ ဖြစ်ပါတယ်။

သူတို့ကို ကျေးဇူး တင်နေရင်းက ရှက်သလိုလို ဖြစ်နေမိတာလည်း အမှန်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်မြေ ကိုယ့်ရေ အကြောင်းကို သူတို့ပြောမှ သိရသလို ဖြစ်နေတာကိုး။

ရေးနေရင်းက သွားလေသူ ဆရာကြီး ဦးဘဂျမ်း ရဲ့ ကာတွန်း တခုကို သွားပြီး သတိရမိပြန်တယ်။

ဟောပြောပွဲ အခမ်းအနား တခုမှာ အင်္ဂလိပ် လူမျိုး တယောက်က မြန်မာ စာပေ အကြောင်း ဟောပြောတယ်။ နောက် အိန္ဒိယ လူမျိုး တယောက်က မြန်မာ့သမိုင်း အကြောင်းကို ဟောပြောတယ်။ နောက် တရုတ် လူမျိုး တယောက်က မြန်မာ့ ယဉ်ကျေးမှု အကြောင်းကို ဟောပြောတယ်။

နောက်ဆုံးပိတ်ကျမှ မြန်မာ အမျိုးသားက “အခုလို ဟောပြောပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်” တဲ့။

ငါတို့ ဖြစ်နေတဲ့ အခြေအနေက အဲဒီလို ဟာမျိုးပဲ ကွယ်တို့ရေ။

ဒီတော့ မင်းတို့ကို ပြောချင်တာက မျိုးဆက်ဟောင်း လူကြီးတွေရဲ့ ညံ့တဲ့ အမွေတွေကို “တို့ဘိုးဘွား အမွေစစ်မို့ ချစ်မြတ်နိုးပေ” လုပ်မနေကြနဲ့။

လူကြီးတွေ မလုပ်နိုင်ခဲ့ပေမယ့် ငါတို့ခေတ်မှာ ငါတို့မြေ ငါတို့ရေကို သိအောင် လုပ်ရမယ် ဆိုတဲ့ စိတ်မျိုး ထားကြဖို့ လိုပြီလို့ ပြောလိုက်ချင်ပါတယ်။

တကယ်ဆိုတော့ လူငယ်တွေ လုပ်စရာ၊ လေ့လာစရာ လုပ်ငန်းတွေဟာ တပုံတပင်ကြီး ရှိနေပါတယ်။

ပန်းအကြောင်း၊ ငှက်တွေ အကြောင်း၊ သားကောင်တွေ အကြောင်း၊ ငါးတွေ အကြောင်း စသည်အားဖြင့် သိစရာတွေကို လေ့လာဖို့၊ လူငယ် အသင်းတွေ ရှိကြဖို့ ကောင်းတယ်။

ငါတို့ခေတ်မှာ မဖြစ်ခဲ့တာတွေကို မင်းတို့ခေတ်မှာ ဖြစ်အောင် လုပ်ကြဖို့ ကောင်းပါတယ်။ ။

ဈေးကွက် ဂျာနယ်၊ ဇွန်၊ ၁၉၉၉။

(စာရေး ဆရာကြီး အောင်သင်း ရေးသားခဲ့သည့် ဤဆောင်းပါးကို အိမ်ချမ်းမြေ့ စာအုပ်တိုက်က ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ လတွင် ထုတ်ဝေသော “ခေါင်းဆောင်လား၊ ဆရာကြီးလား နှင့် အခြားဆောင်းပါးများ” ပထမအကြိမ် စာအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၅ ရက် အသက် ၈၈ နှစ် အရွယ်တွင် ကွယ်လွန် သွားခဲ့ပါသည်။)

]]>
သစ်ပင်များ https://burma.irrawaddy.com/article/2025/08/23/404857.html Sat, 23 Aug 2025 01:30:35 +0000 https://burma.irrawaddy.com/?p=404857 အဘိုးများသည် သူ့မြေးများ အသီးစားရန် အတွက် သစ်ပင်များကို စိုက်ခဲ့ကြ… ကျနော်သည် သစ်ပင် စိုက်သော အဘိုး တယောက် ဖြစ်ချင်… သူတို့ အသီးကို စားနေသော မြေးတယောက် ဖြစ်ချင်…]]>

ကျနော်တို့ အတွက် ထူးခြားသော အိမ်သစ် တဆောင်ကို တွေ့ခဲ့ကြပါသည်။

ထူးခြားသော ဟု ကျနော် ပြောခဲ့ပါသည်။

သို့ရာတွင် အမှန်အားဖြင့်မူ မြင်ဖူးနေသည်ဟု ထင်ပါသည်။ ကလေးဘဝတုန်းက ကျနော် မကြာခဏ ရောက်ဖူးသည့် နေရာ တခုနှင့် တူပါသည်။

ထို့ကြောင့် “ငါ့ အိမ်ဟောင်းကို ပြန်ရောက်ရပြန်ပြီ” ဟု တွေးမိသည့် အခါတွင် ကျနော် စိတ်ပျက်သလိုလို ဖြစ်သွားပါသည်။

ဝတ်ကျောင်းအို တဆောင်၏ တန်ဆောင်းများရှိ ချောင်းကလေးများမှသည် လက်ဝဲဘက်အထိ နှစ်သက်စဖွယ် ရယ်သံသည် ပေါ်ထွက်နေပါသည်။

ထိုရယ်သံကို နားထောင်ရန် ကျနော် ဖြည်းညင်းစွာ ခြေဖျားထောက် လာခဲ့ပါသည်။ နားမထောင်သည့် အခါတွင်လည်း ထိုရယ်သံကို ကျနော် ကြားနေပါသည်။

သို့ရာတွင် နားစွင့်၍ ထောင်လိုက်သည့် အခါတွင် အတိတ်ကြီး တိတ်နေပါသည်။ တံစက်မြိတ်များကိုး တိုးဝှေ့ တိုက်ခတ်နေသော လေတိုးသံကိုသာ ကြားရပါသည်။

ထိုလေသည် တံစက်မြိတ်ထောင့်များတွင် တပ်ဆင်ထားသော သတ္တု အပြောက်အမွမ်း တို့မှ ချွင်ချွင်မြည်သံများကို ဖြစ်စေပါသည်။

မြောက်ဘက် တောင်စောင်း တခု အပေါ် အဆောင်အအုံ တခု ဆောက်ထားပါသည်။ ဘုရားကျောင်း တဆောင် ဖြစ်လိမ့်မည်ဟု ကျနော် ထင်ပါသည်။

သို့ရာတွင် ကျနော်တို့ နေရန် ထိုနေရာကို ရွေးခဲ့ပါသည်။

ဘာကြောင့်မှန်း မသိ၊ ထိုနေရာ ကလေးကို ကျနော် သဘောကျပါသည်။ အပြင်အဆင် အမွမ်းအမံတွေကြောင့် မဟုတ်ပါ။ ဘေး နှစ်ဘက်စလုံးတွင် ဟာလာ ဟင်းလင်း ဖြစ်နေသော ကွင်းပြင်ကြီးကြောင့် ဖြစ်ပါသည်။

အကောင်းဆုံးမှာ အောက်ခြေတွင် စမ်းချောင်းကလေး တခု စီးဆင်းနေခြင်း ဖြစ်ပါသည်။ ချောင်းရေမှာ လွန်စွာ ကြည်လင် နေသဖြင့် ရေထဲက စိမ်းလဲ့သော ရေမှော်ပင်ကလေးများနှင့် ငွေငါးကလေးများကိုပင် ရေတွက်၍ ရပါသည်။

“ရေစီးဆင်းနေတဲ့ နေရာ မှန်သမျှဟာ ကောင်းတာချည်းပဲ” ဟု ကျနော် တွေးမိပါသည်။

သို့ရာတွင် ထိုနေရာကလေးမှာ ချွတ်ယွင်းချက် တခုလည်း ရှိပါသည်။

ကျနော်သည် သစ်ပင်များကို ချစ်မြတ်နိုးပါသည်။ သို့ရာတွင် ကျနော်၏ ရိပ်မြုံ တဝိုက်တွင် သစ်ပင်ဆို၍ တပင်မျှ မရှိပါ။

အမြဲစိမ်း သစ်ပင် ဖြစ်စေ၊ ရွက်ကြွေပင် ဖြစ်စေ၊ သစ်ပင် မှန်သမျှကို ကျနော် မြတ်နိုးပါသည်။ သစ်ပင် စိုက်ဖို့ စိတ်ကူး ရသည်ကို ကျနော် ပျော်ပါသည်။

သူတို့၏ မွန်းတည့်ချိန် အရိပ်အာဝါသသည် ထီးရွက် တရွက်နှယ် ဝိုင်းစက်နေပါသည်။

ကျနော်သည် သစ်ပင် စိုက်ခြင်းကို သဘောကျပါသည်။ သူတို့ အရိပ်တွင် အပန်းဖြေ ချွေးသိပ် ရပ်နားသည့် ခရီးသွား တယောက် သဘောကျသကဲ့သို့ သဘောကျပါသည်။

အဘိုးများသည် သူ့မြေးများ အသီးစားရန် အတွက် သစ်ပင်များကို စိုက်ခဲ့ကြပါသည်။

ကျနော်သည် သစ်ပင် စိုက်သော အဘိုး တယောက် ဖြစ်ချင်ပါသည်။ သူတို့ အသီးကို စားနေသော မြေးတယောက် ဖြစ်ချင်ပါသည်။

အိမ်ရှေ့တွင် မက်မုံပင်များနှင့် ဆီးတော်ပင်များ၊ တံစက်မြိတ် အစွန်းတွင် သစ်တိုပင်များနှင့် မိုးမခပင်များ အုပ်ဆိုင်း နေသော နေရာမျိုးကို ကျနော် အကြိုက်ဆုံး ဖြစ်ပါသည်။

ယခု ကျနော်တို့ နေထိုင်သည့် အဆောက်အအုံ၏ အနီးတဝိုက်တွင်မူ စိမ်းစိမ်းစိုစို ဆို၍ တပင်မျှ မရှိပါ။

ကျနော်သည် သစ်ပင်များကို စိုက်ချင်ပါသည်။

အဝေးမှ ငှက်တကောင်သည် ထူးဆန်းသော နေရာမှ အမျိုးကောင်းသော သစ်စေ့ တစေ့ကို ချီလာလေမည်လော ဟုပင် ကျနော် မျှော်လင့်မိပါသည်။ ကျနော်တို့ နေရာ သစ်တွင် ချပစ်ခဲ့ပါမည်လောဟု ဆုတောင်းမိပါသည်။

လေက မြေဖို့ပေးပြီး မိုးစက် နှင့် နှင်းပေါက် တို့က ရေလောင်းပေးလိုက်သည့် အခါတွင် မျိုးစေ့ကလေးသည် အပင်ပေါက်လာကာ ရှင်သန်လာပြီးနောက် ကျနော့် ပတ်ဝန်းကျင်ရှိ မြေကို အရိပ် ဝေပေးပါလိမ့်မည်။

ထိုအခါမျိုးတွင် “ဘုရား သခင်က အလင်း ဖြစ်စေသတည်းဟု မိန့်သည့်အခါ အလင်း ဖြစ်လေ၏” ဆိုသည့် စကား ကဲ့သို့ သစ်ပင်တို့ ပေါက်စေသတည်းဟု ကျနော်က ဆိုသည့် အခါတွင် သစ်ပင်တို့ ပေါက်လာလျှင် မည်မျှ ကောင်းမည်နည်းဟု ကျနော် တွေးမိပါသည်။

သစ်ပင်များ မည်သို့ ပေါက်လာသည်ကို ကျနော် မသိပါ။ သို့ရာတွင် ကျနော့်အိမ် အနီးတဝိုက်တွင်မူ သစ်ပင်တို့ ကျိုးတိုး ကျဲတဲသာ ရှိပါသည်။

ကျနော်တို့သည် မည်သို့မျှ မပြောမိကြပါ။ အံ့သြမှု၊ ဝမ်းသာမှု တို့ကိုလည်း မပြမိကြပါ။ တရိပ်ရိပ် ကြီးလာသော သစ်ပင်များကို တည်ငြိမ်သော အပြုံးဖြင့်သာ ကြည့်နေကြပါသည်။

သစ်ပင်တို့သည် ကြီးထွားလာကြပါသည်။ သစ်ရွက်များ ပြူထွက်လာသံကိုပင် ကြားရသည်ဟု ထင်ပါသည်။

ထိုသစ်ပင်တို့၏ အမည်ကို ကျနော်တို့ မသိကြပါ။ မည်သည့် အပွင့်ကို ပွင့်၍ မည်သည့် အသီး သီးမည်ကိုလည်း ကျနော်တို့ မသိကြပါ။

သို့ရာတွင် သစ်ကိုင်းများမှာ များစွာ မမြင့်လှဘဲ ပြတင်း အစွန်းပေါင် အထက် စွန်းကို ရောက်ရုံသာ ရှိပါသည်။

ဆောင်းနှောင်းတွင် နီကြင်ကြင်ရောင် သမ်းသွားတတ်သည့် လိပ်ပြာပုံ အရွက်များ ရှိသော သစ်စေးပင်များ နှင့် တူပါသည်။ သို့ရာတွင် ယခု အချိန်၌မူ စိမ်းမြသော ရွက်နုကလေးများသာ ဖြစ်ကြပါသည်။

သစ်ပင်များသည် ထို့ထက် ပို၍ မကြီးစေချင်ဘဲ ဤအဆင့်တွင် အကြီး ရပ်သွားစေချင်ပါသည်။ သို့ဆိုလျှင် သူတို့ သစ်ကိုင်းများ ပေါ်တွင် နွေဦးကို အမြဲ တွေ့နိုင်မည် ဖြစ်ပါသည်။

ကျနော်၏ ကြည်နူးမှု နှင့် ကျေးဇူး တရား တို့ကို ထုတ်ဖော် ပြောဆိုမည် အပြုတွင် အရာ အားလုံးသည် မှုန်ဝါးသော အိပ်မက်ထဲတွင် ပျောက်ကွယ် သွားကြပါတော့သည်။ ။

(တရုတ် စာရေးဆရာ Li Guangtian ၏ The Trees)
(စာရေးဆရာကြီး မြသန်းတင့် မြန်မာပြန် ရေးသားသည့် ဤ ရသစာတမ်း (Literary Essay) ကို နှစ်ကာလများ စာပေက ၂၀၁၇ ခုနှစ် သြဂုတ်လတွင် ထုတ်ဝေသော “နိုင်ငံတကာ ရသစာတမ်းငယ်များ ပထမအကြိမ်” ပထမအုပ်မှ ကူးယူ ဖော်ပြခြင်း ဖြစ်ပါသည်။ ဆရာကြီးသည် ၁၉၉၈ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်သွားခဲ့ပါသည်။)

]]>
ပုဂံဒေသစိမ်းလန်းစိုပြည်ရေး အမွေအနှစ် ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်သင့် https://burma.irrawaddy.com/news/2020/10/21/232108.html Wed, 21 Oct 2020 12:09:21 +0000 https://burma.irrawaddy.com/lytbox/?p=232108 နေဝင်ဆည်းဆာတွင် မြင်ရသည့် ပုဂံအလှ  / ဇော်ဇော် /  ဧရာဝတီပုဂံကို မြန်မာနိုင်ငံရှိ တခြားနေရာများနှင့် ထပ်တူ စဉ်းစားပြီး စီမံခန့်ခွဲ ဆုံးဖြတ်၍ မရကြောင်း၊ ကမ္ဘာ့ အဆင့် ထိုက်တန်သော၊ တန်ဖိုးရှိသော အမွေအနှစ်များ တည်ရှိသည့် နေရာတိုင်း အမွေအနှစ်များ မပျက်စီး၊ မပျောက်ဆုံးစေရေး ကာကွယ်ထိန်းသိမ်းရမည့် စည်းမျဉ်းများ၊ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ စံနှုန်းများကို နားလည်ပြီး အတိအကျ လိုက်နာရန် လိုအပ်ကြောင်း]]> နေဝင်ဆည်းဆာတွင် မြင်ရသည့် ပုဂံအလှ  / ဇော်ဇော် /  ဧရာဝတီ

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း စိမ်းလန်း စိုပြည်ရေး စီမံကိန်းနှင့် ပတ်သက်၍ အမွေအနှစ် ထိခိုက်နိုင်မှုအပေါ် လေ့လာဆန်းစစ်ချက် (HIA) ပြုလုပ်ခြင်း မရှိဘဲ ဆောင်ရွက်နေမှုအား ရှေးဟောင်း အမွေအနှစ် ချစ် မြတ်နိုးသူများ၊ ထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ဝေဖန်လျက် ရှိသည်။

ပုဂံသည် ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်ရာ စိမ်းလန်း စိုပြည်မည့် အပင်အမျိုးအစားများ ရွေးချယ်ပြီး အပင် ၃၀၀၀ ခန့် စိုက်ပျိုးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမည့် အပင်များမှာ ခရေ၊ စိန်ပန်း၊ ငုရွှေဝါ၊ တရုတ်စကားပင်များ ပါဝင်ကာ တချို့အပင်များ ကို ထိုင်းနိုင်ငံအထိ မှာယူစိုက်ပျိုးရကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင်က အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြောဆိုထားသည်။

ကမ္ဘာ့အမွေအနှစ် ဒေသပုဂံတွင် ဒေသမျိုးရင်း အပင် မဟုတ်ဘဲ နိုင်ငံခြားက အပင်များ မှာယူစိုက်ပျိုးခြင်း၊ စိုက်ပျိုးရာ၌ လည်း အမွေအနှစ်ဇုန် (Property Zone) အတွင်း စက်ယန္တရား (မြေတူးစက်၊ မြေကော်စက်) များဖြင့် ဆောင်ရွက်နေခြင်း တို့သည် စီမံကိန်း မလုပ်မီ HIA ဆောင်ရွက်ထားခြင်း မရှိသည်မှာ ပေါ်လွင်နေသလို၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ဘက်စုံ စီမံခန့် ခွဲရေး မူဘောင်ကိုပါ ချိုးဖောက်နေကြောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက ဝေဖန်လျက် ရှိ သည်။

မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ပညာအသင်း (MAA) ဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးက “ဒီအမွေအနှစ်ဇုန်ထဲမှာ လုံးဝ စိမ်းလန်းစို ပြေရေး ဆိုတာ မလုပ်ရဘူး။ သစ်ပင်စိမ်းရင် စိုရင် မကောင်းဘူးလားဆို ယေဘူယျအားဖြင့် ကောင်းတယ်။ ဒါပေမယ့် ဒီ အမွေအနှစ်တွေ အများကြီး ရှိနေတဲ့ နေရာမှာကျတော့ ဒီသစ်ပင်ရဲ့အမြစ်က ဘယ်လောက်ထိ ထိုးမလဲ။ သစ်ပင်တွေများ လာလို့ မိုးရေချိန် များလာမလား။ သူ့ရဲ့ သဘာဝ ပတ်ဝန်းကျင် ပြောင်းသွားမလား ဆိုတာ ပြန်ပြီး ဆန်းစစ်ရတယ်။ အဲဒီလို မလုပ်ဘဲနဲ့ သစ်ပင်စိုက်တာ ကောင်းတာပဲ ဆိုတဲ့ General Concept တခုတည်းနဲ့ စိုက်လို့မရဘူး” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ပုဂံကို မြန်မာနိုင်ငံရှိ တခြားနေရာများနှင့် ထပ်တူ စဉ်းစားပြီး စီမံခန့်ခွဲ ဆုံးဖြတ်၍ မရကြောင်း၊ ကမ္ဘာ့ အဆင့် ထိုက်တန်သော၊ တန်ဖိုးရှိသော အမွေအနှစ်များ တည်ရှိသည့် နေရာတိုင်း အမွေအနှစ်များ မပျက်စီး၊ မပျောက် ဆုံးစေရေး ကာကွယ်ထိန်းသိမ်းရမည့် စည်းမျဉ်းများ၊ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ စံနှုန်းများကို နားလည်ပြီး အတိအကျ လိုက်နာရန် လိုအပ်ကြောင်း ပြောဆိုသည်။

အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် တဦးလည်းဖြစ်သူ ဒေါ်ဥမ္မာမျိုးက “ပုဂံဒေသ စိမ်းလန်းစိုပြည်ရေး စီမံကိန်းဆိုတာ ဘာ အတွက် လုပ်ရတာလဲ။ ဘယ်အချက်တွေက လိုအပ်နေပြီလို့ ပြနေလို့၊ ဘယ်လို သုတေသနတွေ လုပ်ထားလို့၊ ဘယ်လို စံနှုန်သတ်မှတ်ချက် (Criteria)တွေနဲ့ ဒီစီမံကိန်း ပေါ်ပေါက်လာတာလဲ” ဟုလည်း မေးခွန်း ထုတ်သည်။

စက်ယန္တရားဖြင့် သစ်ပင်စိုက်ရန် မြေတူးနေစဉ်(ဦးမောင်မောင်သန်း facebook မှ ကူးယူဖော်ပြသည်။

ယင်းစီမံကိန်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် တင်ဒါခေါ် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပြီး သက်ဆိုင်ရာဌာ နများ ပါဝင်သော ညှိနှိုင်းရေး အဖွဲ့ဖွဲ့ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က ပြောဆိုထားသော်လည်း စီမံကိန်းနှင့် ပတ်သက်၍ HIA ဆောင်ရွက်ထားခြင်း ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရပါ။

ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (စီမံခန့်ခွဲမှုအစီအစဉ်) သည် မြန်မာအစိုးရက ပုဂံကို မည်သို့ ထိန်း သိမ်း စီမံမည်ဟူ၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းစဉ်ကတည်းက ကမ္ဘာ့အမွေအနှစ်ကော်မတီကို ကတိပြုထားသော ကတိကဝတ်တခု ဖြစ်သည်။

ယင်း စီမံခန့်ခွဲရေး မူဘောင်ပါ ဖွံ့ဖြိုးရေး လမ်းညွှန်ချက်များ အပိုဒ်(၃၄)တွင် အမွေအနှစ်ဒေသအတွင်း သစ်ပင်နှင့် ခြုံနွယ် ပင်များ စိုက်ပျိုးခြင်းကို ရှိပြီးသား သစ်ပင်များနှင့် ခြုံနွယ်ပင်များနေရာတွင် အစားထိုးခြင်း သို့မဟုတ် မြေကွက် ကန်သင်း တလျှောက် ထန်းပင် စိုက်ပျိုးခြင်းတို့ကိုသာ ခွင့်ပြုနိုင်သည်ဟု ဖော်ပြထားသည်။

ဆက်လက်၍ သစ်ပင်စိုက်ပျိုးခြင်းကို အဆောက်အအုံနှင့် မြေအောက်ရှိ ရှေးဟောင်းသုတေသန အထောက်အထားများကို ထိခိုက်နိုင်သဖြင့် အသေးစိတ် စစ်ဆေးပြီးမှသာ ခွင့်ပြုနိုင်ကြောင်း၊ ပုံမှန် စိမ်းလန်းစိုပြည်ရေး စီမံချက်များအတွက် ခွင့်မပြု နိုင်၊ ကြားခံဇုန် အတွင်း၌ သင့်လျှော်သော စိုက်ပျိုးမှုကို ခွင့်ပြုနိုင်ကြောင်း၊ ဒေသမျိုးရင်း မဟုတ်သော အခြားဒေသမှ မျိုး စိတ် သစ်ပင် စိုက်ပျိုးခြင်းကို ခွင့်မပြုကြောင်း အတိအလင်း ဖော်ပြထားသည်။

ထို့ပြင် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၉)၊ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ)နှင့်(ဃ)တွင် လည်း လယ်၊ ယာမြေများပေါ်၌ သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်မြင်ကွင်းကို ထိခိုက်စေသော နှစ်ရှည်ပင်များ စိုက် ပျိုးခြင်း၊ လက်ရှိ ပေါက်ရောက်နေသည့် ဒေသမျိုးရင်း သဘာဝ သစ်ပင်များကို ခုတ်ထွင်ခြင်း၊ ခင်တန်းများကို ဖျက်ဆီးခြင်း၊ ဒေသမျိုး မဟုတ်သော မျိုးစိတ်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းကို တိုင်း/ပြည်နယ် (သို့) ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီ၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ မပြုလုပ်ရ ဟု တားမြစ် ပြဋ္ဌာန်းထားသည်။

အဆိုပါ တားမြစ်ချက် တရပ် ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ၁ နှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဆိုသည်။

ယင်းဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(ခ)အရ ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီသည် ကမ္ဘာ့အမွေအနှစ် ဒေသများအတွက် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းစဉ်က အတည်ပြုထားသည့် ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေး လုပ်ငန်းများစဉ်များနှင့် အညီ ဆောင်ရွက်ရမည် ဟုလည်း ပြဋ္ဌာန်းထားသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းဇုန် လမ်းနေရာများတွင် အရိပ်ရ အလှပန်းပင်များ စိုက်ပျိုးနေရာများ သို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးစဉ်(MOI)

ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်လာပါပြီ ဆိုပါက သက်ဆိုင်ရာ နိုင်ငံ၏ အမွေအနှစ်ဒေသ စီမံခန့်ခွဲမှု ဥပဒေ၊ မူဝါဒများ သာမက နိုင်ငံတကာ စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များနှင့်လည်း ချိတ်ဆက်ထားခြင်း ဖြစ်ရာ ထိုအချက်များကို ကျော်လွန်ပြီး လုပ်၍ မရကြောင်း ကမ္ဘာ့အမွေအနှစ် ဒေသများ ဌာနခွဲ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သရေခေတ္တရာ ဌာနစုမှ ဒု- ညွှန်မှူး ဦးကျော်မျိုးဝင်းက ပြောသည်။

“အကြံပြုချင်တာက ဘာပဲလုပ်လုပ် ပညာရှင်တွေရဲ့ အကြံပြု ထောက်ခံချက် ယူသင့်တယ်။ ပညာရှင်တွေရဲ့ သုံးသပ်မှု၊ ဝေ ဖန် အကြံပေးမှုတွေကို တလေးတစား ဆောင်ရွက်သင့်တယ်။ ဒီလိုမျိုး တလေးတစား မဆောင်ရွက်တဲ့အခါကျရင် မှားနေ ဦးမှာပဲ” ဟု ၎င်းက ဆိုသည်။

ဒေါ်ဥမ္မာမျိုးက “အခု ဓာတ်ပုံတွေက ကြည့်လိုက်မယ်ဆိုရင် ဘုရားတွေနဲ့ နီးကပ်စွာ နေရာမှာပဲ ကျင်းကြီးတွေ တူးထားတာ တွေ တွေ့ရတယ်။ အဲဒီကျင်းကြီးတွေ ဆိုတာလည်း မြန်မြန်ပြီးချင်တော့ ဘတ်ဟိုးကြီးတွေနဲ့ သုံးပြီး တူးတယ်။ အဲဒါကြီးက လေ ကမ္ဘာ့အမွေအနှစ် ကိုယ့်ရဲ့ဒေသကို ကိုယ်တိုင်က ဖျက်ဆီးနေတာကြီးကို တကမ္ဘာလုံးကို ပြလိုက်သလိုပဲ။ တကယ့်ကို အင်မတန်မှ ထိတ်လန့် တုန်လှုပ်စရာ၊ ရှက်စရာလည်း ကောင်းတယ်။ အမွေအနှစ်တွေကို ဖျက်ဆီးနေတာကိုလည်း ကမ္ဘာ သိအောင် လုပ်နေသလိုမျိုး ဖြစ်နေတယ်” ဟု မှတ်ချက်ပြုသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)က ယဉ်ကျေးမှု အမွေအနှစ် တည်ရှိရာဇုန် (Property Zone) ထဲတွင် မလုပ်ရန် ကန့်ကွက်ထားပြီး ဇုန်နှင့် လွတ်ကင်းသည့် နေရာများ၌သာ စိုက်ပျိုးရန် အကြံပြုထားကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ပြောဆိုထားသည်။

ပုဂံဒေသ စိမ်းလန်း စိုပြည်ရေး စီမံကိန်းသည် အမွေအနှစ် ထိခိုက်နိုင်မှုအပေါ် လေ့လာ ဆန်းစစ်ချက်(HIA) ပြုလုပ်ခြင်း မရှိ ဘဲ ဆောင်ရွက်ခြင်း၊ စက်ယန္တရားကြီးများဖြင့် တူးဆွမှုများပြုလုပ်ခြင်း၊ ဥပဒေ၊ မူဘောင်များကို လိုက်နာမှု မရှိခြင်းတို့ အပေါ် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာ အသင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းတို့က ကန့်ကွက်စာ များ တရားဝင် ထုတ်ပြန်ထားသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ကော်မတီဝင်များ(ပုဂံ)ကလည်း အဆိုပါ စီမံကိန်းအား ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို လိုက်နာ ဆောင်ရွက်မှု မရှိသည့်အပေါ် စိစစ်ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်သို့ တင်ပြထားကြောင်း သိရသည်။

You may also like these stories:

အမွေအနှစ်ပေါ် ထိခိုက်တာ၊ တရားမဝင်တာ မှန်သမျှ လူတန်းစားမရွေး အရေးယူတာပဲ

ကမ္ဘာ့အမွေ ပုဂံဒေသအတွင်း ဥပဒေမဲ့ အဆောက်အအုံ တိုးချဲ့မှုများ ပြုလုပ်နေ

]]>
ရန်ကုန်တက္ကသိုလ် ပတ်လမ်းဖောက်လုပ်ခြင်းနှင့် သစ်ပင်ခုတ်ခြင်းကို ယာယီရပ်ဆိုင်း https://burma.irrawaddy.com/news/2019/11/04/207682.html Mon, 04 Nov 2019 13:14:12 +0000 https://burma.irrawaddy.com/lytbox/?p=207682 ရန်ကုန်တက္ကသိုလ် ပတ်လမ်းဖောက်လုပ်ရာတွင် သစ်ပင်များ ခုတ်လှဲသည့် မြင်ကွင်း / ထက်ဝေ / ဧရာဝတီ ရန်ကုန်တက္ကသိုလ်သည် သမိုင်းဝင်အဆောက်အဦးဖြစ်သည့်အတွက် ဖြတ်သန်းသွာသော ကားများ ၏ တုန်ခါမှု ဒါဏ်မခံရစေရန်နှင့် ကျောင်းသားများ အဆင်ပြေပြေ လွတ်လပ်စွာ လှုပ်ရှားမှုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပတ်လမ်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေါက်တာထွန်းထွန်းနိုင်က ရှင်းပြသည်။]]> ရန်ကုန်တက္ကသိုလ် ပတ်လမ်းဖောက်လုပ်ရာတွင် သစ်ပင်များ ခုတ်လှဲသည့် မြင်ကွင်း / ထက်ဝေ / ဧရာဝတီ

ရန်ကုန်တက္ကသိုလ်အတွင်း သစ်ပင်များ ခုတ်ခြင်းနှင့် ပတ်လမ်းဖောက်ခြင်းကို ယာယီရပ်ဆိုင်းထားရန် ယနေ့ အဆင့်မြင်ပညာ ဦးစီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့များ ဆွေးနွေးမှုက သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ဆောင်ရွက်နေသော Ring Road၊ Landscaping စီမံကိန်းနှင့် အခြားဖွံ့ဖြိုးရေး လုပ်ငန်းများ နှင့် ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမ များသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် University of Yangon Environmental Clubတို့ ယနေ့ တွေ့ဆုံဆွေးနွေးအပြီး သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မီပုံစံတက္ကသိုလ်တခု ဖြစ်လာစေရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဦးဆောင်ပြီး Master plan တခုကို လွန်ခဲ့သည့် ၂နှစ်ခန့်မှ စတင်ကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာန ကထိက၊ဒေါက်တာထွန်းထွန်းနိုင်က ” တက္ကသိုလ်ထဲမှာ သစ်ပင်တွေ အခုတ်ခံရတဲ့ကိစ္စမှာ တာဝန်အရှိဆုံးက ရန်ကုန်တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဖြစ်တယ်။ သူတို့က ဘာတွေလုပ်နေတယ် ဆိုတာမျိုး ပြည်သူကို ထုတ်ပြန်တာမရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ရန်ကုန်တက္ကသိုလ်သည် သမိုင်းဝင်အဆောက်အဦးဖြစ်သည့်အတွက် ဖြတ်သန်းသွာသေား ကားများ၏ တုန်ခါမှု ဒါဏ်မခံရစေရန်နှင့် ကျောင်းသားများ အဆင်ပြေပြေ လွတ်လပ်စွာ လှုပ်ရှားမှုဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး ပတ်လမ်းလုပ်ဆောင်ခြင်းဖြစ်သည်ဟု ဒေါက်တာထွန်းထွန်းနိုင်က ရှင်းပြသည်။

ပတ်လမ်းဖောက်လုပ်မှု အတွက် သစ်ပင်အများအပြားအခုတ်ခံရမှုနှင့် ပတ်သက်၍ ရန်ကုန်တက္ကသိုလ် ကျောင်း သားများသမဂ္ဂမှ ဦးဆောင်ကာ ၂ကြိမ်တိုင်တိုင်ဆန္ဒပြခဲ့ပြီး “သစ်ပင် များလုံးဝ မခုတ်ရန်”စာများပါသော စာရွက်များကပ်သည့် လှုပ်ရှားမှုများ လည်း ပြုလုပ်ခဲ့သည်။

ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက အောက်တိုဘာ ၂ရက်နေ့တွင် ပထမအကြိမ် ဆန္ဒပြခဲ့ပြီး ၃ရက် နေ့တွင် ခုတ်ရန် မှတ်သားထားသည့် သစ်ပင်များတွင် “သစ်ပင်များလုံးဝ မခုတ်ရန်”စာများပါသည့် လှုပ်ရှားမှု တခုပြုလုပ်ခဲ့သကဲ့သို့ အောက်တိုဘာ ၄ရက်နေ့တွင်လည်း သစ်ပင်ခုတ်မှုနှင့်ပတ်သက်ပြီး ထပ်မံ ဆန္ဒပြခဲ့ပြီး ကြေငြာချက်တစောင်ထုတ်ပြန်ခဲ့သည်။

သစ်ပင်ခုတ်မှုနှင့် ပတ်သက်ပြီး ကျောင်းသားထု အခွင့်အရေး ကော်မတီ တာဝန်ခံ ကိုလေပြေစိုးမိုးက “ကျောင်းနဲ့ တွေ့ဆုံပြီး မေးတော့ ခုတ်ဖို့ရာထားတဲ့ အပင်က ၇၆ပင်၊ ခုတ်ပြီးတာက ၂၅ပင်ရှိတယ်၊ သူတို့က အပင်အမျိုးအစားနဲ့ လုံးပတ်စတဲ့ စာရင်းကို ပြတယ်၊ ကျနော်တို့ မနေ့က ခုတ်မယ့်အပင်တွေမှာ စာလိုက်ကပ်တယ်၊ သူတို့ ပြောတဲ့ ခုတ်ပြီးသား ၂၅ပင် ဆိုတာက မဖြစ်နိုင်ဘူး ထင်တယ်။အနည်းဆုံးတော့ ၅၀လောက်ရှိမယ်။ နောက် သူတို့က ၇၆ပင်ခုတ်မယ်ပြောတယ်။ သူတို့ခုတ်ဖို့ အမှတ်အသား လုပ်ထားတဲ့အပင်ချည်း ပဲအပင်၁၀၀ နီးပါးရှိ တယ်” ဟု ပြောသည်။

ယနေ့တွေ့ဆုံဆွေးနွေးသည့် သဘောတူညီချက်တွင် ရန်ကုန်တက္ကသိုလ်အတွင်းရှိ သစ်ပင်များအား သစ်တောဦးစီးဌာန၏ သဘောထား မှတ်ချက်နှင့် ကျောင်းသား/ကျောင်းသူများ၊ ဆရာ၊ဆရာမများ၏ သဘောတူညီချက် မပါပဲ ဆက်လက်မခုတ်ရန်၊ အကယ်၍ ခုတ်ရန် လိုအပ်ပါက ကျောင်းသား/ကျောင်း သူများ၊ ဆရာ၊ ဆရာမများ အား အကြောင်းကြားပြီး လိုက်လံစစ်ဆေးကာ သစ်တောဦးစီးဌာန၏ အကြုံပြု ညွန်ကြားချက်ဖြင့်သာ ဆောင် ရန်စသည့် အချက် ၃ချက်ပါကို ဆောင်ရွက်နေစဉ်ကာလအတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ Ring Road၊ Landscape နှင့်သက်ဆိုင်သော လှုပ်ရှားမှု ယာယီရပ်ဆိုင်းထားရန် အချက်များ ပါဝင်သည်။

ရန်ကုန်တက္ကသိုလ် ဆရာ၊ ဆရာမများ သမဂ္ဂမှ ဥက္ကဋ္ဌ ဒေါက်တာအာကာမိုးသူက “ဒီလိုမျိုး ခုတ်ချင်ရာ ခုတ်တာကို ကျနော်တို့က သဘောတူခဲ့တာ မဟုတ်ပါဘူး။ ဒါကို တက္ကသိုလ်အာဏာပိုင်တွေက ချက်ခြင်း တားရမယ့် ကိစ္စ။ တချို့ တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က မျက်စိမှိတ်နေတာ” ဟု ဧရာဝတီသို့ ပြောသည်။

]]>
လေထုညစ်ညမ်းမှုကို လျှော့ချဖို့ သစ်ပင် ၂၇၅ ပင်နဲ့ ညီမျှတဲ့ ဥယျာဉ်ငယ် လန်ဒန်မြို့မှာ ထားရှိ  https://burma.irrawaddy.com/news/environment/2019/07/17/198215.html Wed, 17 Jul 2019 11:43:46 +0000 https://burma.irrawaddy.com/lytbox/?p=198215 သစ်ပင် ၂၇၅ ပင်နဲ့ ညီမျှတဲ့ ဒေါင်လိုက် ဥယျာဉ်ငယ်ဒေါင်လိုက် ဥယျာဉ်မှာရှိတဲ့ ဒီအပင်ငယ်တွေဟာ ပတ်ဝန်းကျင် လေထုထဲက ရောဂါပိုးမွှား ဘက်တီးရီးယားတွေကို လျော့နည်းစေနိုင်တဲ့အပြင် စက်တပ်ယာဉ်တွေက ထွက်တဲ့ မီးခိုးငွေ့တွေကိုပါ စုပ်ယူနိုင်ပါတယ်။ ]]> သစ်ပင် ၂၇၅ ပင်နဲ့ ညီမျှတဲ့ ဒေါင်လိုက် ဥယျာဉ်ငယ်

တကမ္ဘာလုံး အတိုင်းအတာနဲ့ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှု ပြဿနာကို လန်ဒန်မှာတော့ သစ်ပင် ၂၇၅ ပင်နဲ့ညီမျှတဲ့ ဒေါင်လိုက် ဥယျာဉ်ငယ်တွေ ထားရှိပြီး ဖြေရှင်းနေပြီ ဖြစ်ပါတယ်။ ဒီဥယျာဉ်ငယ်တွေဟာ ပတ်ဝန်းကျင်က မီးခိုးငွေ့တွေ၊ စက်ခိုးစက်ငွေ့တွေကြောင့် ဖြစ်တဲ့ လေထုညစ်ညမ်းမှုကို လျှော့ချပေးနိုင်တဲ့အပြင် လတ်ဆတ် သန့်ရှင်းတဲ့ လေကောင်းလေသန့်တွေကိုလည်း ပြန်လည် ထုတ်လုပ်ပေးနိုင်ပါတယ်။

ဒီဒေါင်လိုက် ဥယျာဉ်ငယ်မှာဆိုရင် ၄ မီတာအမြင့်ရှိပြီး လေထုကို သန့်စင်ပေးနိုင်တဲ့ အပင်ငယ်ပေါင်း ၁,၆၈၂ ပင်ခန့် ပါဝင်ပါတယ်။ ဒေါင်လိုက် ဥယျာဉ်မှာရှိတဲ့ ဒီအပင်ငယ်တွေဟာ ပတ်ဝန်းကျင် လေထုထဲက ရောဂါပိုးမွှား ဘက်တီးရီးယားတွေကို လျော့နည်းစေနိုင်တဲ့အပြင် စက်တပ်ယာဉ်တွေက ထွက်တဲ့ မီးခိုးငွေ့တွေကိုပါ စုပ်ယူနိုင်ပါတယ်။

ဂျာမနီနိုင်ငံ၊ Dresden မြို့အခြေစိုက် Green City Solutions ဆိုတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အကြံပေး ကုမ္ပဏီကနေ ထုတ်လုပ်လိုက်တဲ့ ဒီဒေါင်လိုက် ဥယျာဉ်ငယ်တွေကို လန်ဒန် အပါအဝင် ဘာလင်၊ ပဲရစ်၊ အမ်စတာဒမ်နဲ့ အော်စလိုမြို့တွေမှာပါ တပ်ဆင်ထားပြီး ဖြစ်ပါတယ်။

“လေထုညစ်ညမ်းမှုဟာ တကမ္ဘာလုံးကို ခြိမ်းခြောက်နေတဲ့ အကြီးစား ပြဿနာ တခုလည်း ဖြစ်ပါတယ်။ ဒီအခြေအနေကို ဖြေရှင်းနိုင်ဖို့အတွက် လက်ရှိမှာတော့ ဒီဒေါင်လိုက် ဥယျာဉ်ငယ်တွေက တဖက် တလမ်းကနေ ကူညီပေးနိုင်မှာ ဖြစ်ပါတယ်” လို့ Green City Solutions ရဲ့ CEO ဖြစ်သူ Dénes Honus က ပြောပါတယ်။

လေထုကို ညစ်ညမ်းစေတဲ့ အခိုးအငွေ့တွေဟာ သာမန် မျက်စိနဲ့ မမြင်နိုင်ပေမယ့် လူ့ခန္ဓာကိုယ်တွင်းက အဆုတ်နဲ့ သွေးကြောတွေအထိ ဝင်ရောက် ပျံ့နှံ့နိုင်တာကြောင့် ရေရှည်မှာ အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။

အခု တီထွင် ဖန်တီးလိုက်တဲ့ ဒေါင်လိုက် ဥယျာဉ်ငယ်တွေဟာ သစ်ပင်တွေ အမြောက်အများ စိုက်ပျိုးဖို့ လိုအပ်တဲ့ မြေနေရာ အကျယ်အဝန်းကို သက်သာစေနိုင်တဲ့အပြင် ထိန်းသိမ်း စောင့်ရှောက်ဖို့လည်း မလိုအပ်တဲ့အတွက် အနာဂတ်ကာလမှာ အသုံးတည့်တဲ့ အဆင့်မြင့်ပစ္စည်းတခု ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့လည်း ဆိုကြပါတယ်။

Ref. moon-child.net

You may also like these stories:

လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ်နှစ်တိုင်း လူ ၇ သန်းနီးပါး သေဆုံးနေရ

ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ

ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်ဖြေရှင်းနေတဲ့ ထိပ်တန်း ၃ နိုင်ငံ

တရုတ်နိုင်ငံမှာ ဆောက်လုပ်နေတဲ့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်

]]>
ရန်ကုန်၌ ခုတ်သမျှ သစ်ပင်၏ နှစ်ဆကို စည်ပင်က ပြန်စိုက်နေဟု ဆို https://burma.irrawaddy.com/news/2019/07/16/198088.html Tue, 16 Jul 2019 02:15:33 +0000 https://burma.irrawaddy.com/lytbox/?p=198088 ဇွန် ၂၁ ရက်နေ့က လှော်ကားရေဝေရေလဲဒေသတွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်စိုက်နေသည့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး / Maung Maung Soe- Yangon Mayor / facebookရန်ကုန်မြို့အတွင်း ခွင့်ပြုချက်မရဘဲ မည်သည့်အဖွဲ့အစည်းကမှ သစ်ပင်ခုတ်ခွင့် မရှိ ကြောင်း၊ ၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေ အရ အရေးယူနိုင်ကြောင်း ပန်းဥယျာဉ် နှင့် အားကစားကွင်းများဌာနမှ သိရသည်။ ]]> ဇွန် ၂၁ ရက်နေ့က လှော်ကားရေဝေရေလဲဒေသတွင် ပြုလုပ်သည့် သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်ပင်စိုက်နေသည့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး / Maung Maung Soe- Yangon Mayor / facebook

ရန်ကုန်မြို့တွင်းတွင် ခုတ်ခဲ့သမျှ သစ်ပင်များကို နှစ်ဆ ပြန်လည်စိုက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများဌာန၊ ဒုဌာနမှူး ဦးမင်းအောင် က ပြောသည်။

“နှစ်စဉ် ၄ သိန်းခန့် စိုက်ပါတယ်။ စိုက်လို့ရတဲ့ နေရာမှန်သမျှတော့ စိုက်ပါတယ်။ ဘုရားဝင်းတို့၊ ရေကန် ပတ်ချာလည်တို့မှာ စိုက်ပါတယ်။ လိုအပ်မှ ခုတ်ထွင်တယ်။ ခုတ်ထွင်သလောက်လည်း နှစ်ဆ စိုက်ပါတယ်။ မိုင် ၃၀ ပတ်လည် စိမ်းလန်းစိုပြေ ရေး စီမံချက်တွေ ဘာတွေ ရေးဆွဲထားတာ ရှိပါတယ်။ အဲဒီအတိုင်းပဲ ဆောင်ရွက်လျက်ရှိပါတယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မီဒီယာများ ယမန်နေ့က မြို့တော်ခန်းမ၌ တွေ့ဆုံပွဲတွင် ပြောသည်။

အများအားဖြင့် မိုးရာသီရောက်တိုင်း ရန်ကုန်မြို့၊ လှော်ကားဥယျာဉ်တွင် သစ်ပင်စိုက်ပွဲတော် ပြုလုပ်ပြီး ရန်ကုန်မြို့တွင်း သစ်ပင် တပင်ခုတ်လျှင် လှော်ကားတွင် နှစ်ပင်စိုက်သည့် ပုံစံမျိုးဖြင့် စိုက်ပျိုးလေ့ရှိကြောင်း သိရသည်။

မိုးလေဝသနှင့် ဇလဗေဒပညာရှင် ဦးထွန်းလွင်က “ရန်ကုန်မြို့မှာ လှော်ကားဘက် သွားပြီး စိုက်တယ် ဆိုရင် လှော်ကားဘက်မှာ သစ်ပင်ရှိလာတယ်ဆိုရင် လှော်ကားဝန်းကျင်မှာတော့ အဆင်ပြေတာပေါ့။ ဒါပေမယ့် လှော်ကားမဟုတ်တဲ့ နေရာ ဥပမာ- မြို့ထဲလို နေရာမျိုးမှာကျတော့ မရဘူးလေ။ အားလုံး ခြုံကြည့်ရင်တော့ မျှတအောင် စိုက်နိုင်တာ အကောင်းဆုံး ပေါ့။ သို့သော် မစိုက်တဲ့ထဲမှာတော့ စိုက် နိုင်တဲ့ နေရာကို များများစိုက်တာတော့ ပိုကောင်းတာပေါ့” ဟု ပြောသည်။

ဆက်လက်ပြီး ဦးထွန်းလွင်က “မြို့ထဲမှာ အခုဆို လူနေထူထပ်လာမယ်။ တိုက်တွေများလာမယ်။ မြေကြီးပေါ်မှာ သမံသလင်းတို့ ကျောက်စရစ် ခင်းတာတို့ ဖြစ်ကုန်တယ်ဆိုရင် ရာသီဥတု အရရော၊ အပူချိန်အရရော မြင့်တက်လာမှာ ပဲလေ။ ပူနွေးတဲ့ ဒေသတွေလည်း ဖြစ်လာမှာပဲ။ စိုက်တာ ကောင်းပါ တယ်။ စိုက်တဲ့နေရာမှာ ကောင်းမယ်။ ဒါပေမယ့် မစိုက်တဲ့နေရာကျတော့ ပြဿနာရှိမှာပဲလေ” ဟု ရှင်းပြသည်။

ရန်ကုန်မြို့အတွင်း ခွင့်ပြုချက်မရဘဲ မည်သည့်အဖွဲ့အစည်းကမှ သစ်ပင်ခုတ်ခွင့်မရှိကြောင်း၊၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေအရ အရေးယူနိုင်ကြောင်း ပန်းဥယျာဉ်နှင့် အားကစား ကွင်းများ ဌာနမှ သိရသည်။

ထိုဌာနမှ ဒုတိယဌာနမှူး ဦးမင်းအောင် က “မလိုအပ်ဘဲ ခုတ်ထွင်ခြင်း မပြုဖို့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်ထားပါတယ်။ သို့သော်လည်း သစ်ပင်ကြီးတွေဟာ သက်တမ်းကြာလာတာနဲ့အမျှ အန္တရာယ်ရှိလာတယ်။ ကျိုးကျတယ်။ လေပြင်းမုန်တိုင်း တွေကြောင့် လူတွေ၊ ကားတွေ၊ အဆောက် အဦတွေကို အန္တရာယ်ပြုလာနိုင်တယ်ဆိုရင် ဒါဟာ လိုအပ်သလို ပြုပြင် ထိန်းသိမ်းတဲ့ ပုံစံနဲ့ ဆောင်ရွက်ပါတယ်” ဟုဆိုသည်။

သစ်တော ဖုံးလွှမ်းမှု ဧရိယာအနေဖြင့် လက်ရှိတွင် မြန်မာနိုင်ငံ ဧရိယာ၏  ၄၂ ဒသမ ၉၂ ရာခိုင်နှုန်းသာ ရှိကြောင်း ၅ နှစ် တကြိမ် စစ်တမ်း ကောက်ယူသည့် ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့၏ ကမ္ဘာ့သစ်တော ရင်းမြစ်ဆိုင်ရာ အကဲခတ် ဆန်းစစ်ချက် အစီရင်ခံစာအရ သိရသည်။

You may also like these stories:

ပြောင်းလဲလာတဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လို ထိန်းသိမ်း စောင့်ရှောက်မလဲ

မိုးခေါင်ရေရှား ပြဿနာကို ရင်ဆိုင်နေရတဲ့ အိန္ဒိယနိုင်ငံက ကျေးရွာများ

တရုတ်နိုင်ငံမှာ ဆောက်လုပ်နေတဲ့ ကမ္ဘာ့ပထမဆုံး သစ်တောမြို့တော်

ကမ္ဘာကြီးပူနွေးလာမှုကို သတိရှိရှိ ရင်ဆိုင်ဖြေရှင်းနေတဲ့ ထိပ်တန်း ၃ နိုင်ငံ

]]>
ဖိလစ်ပိုင် ကျောင်းသားတိုင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ရမယ့် ဥပဒေသစ် ပြဌာန်း https://burma.irrawaddy.com/news/environment/2019/05/30/193029.html Thu, 30 May 2019 03:48:49 +0000 https://burma.irrawaddy.com/lytbox/?p=193029 ကျောင်းသားတိုင်းဟာ သက်ဆိုင်ရာ အတန်းအသီးသီးမှာ ပြီးဆုံးကြောင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ပျိုးပေးရမှာပါသတင်းတွေမှာ ဖော်ပြချက်အရ စိုက်ပျိုးမယ့် အပင်တွေဟာ မိမိစိုက်ပျိုးမယ့် နေရာဒေသနဲ့ သဟဇာတဖြစ်နိုင်တဲ့ မျိုးစိတ်တွေကိုပဲ ရွေးချယ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။]]> ကျောင်းသားတိုင်းဟာ သက်ဆိုင်ရာ အတန်းအသီးသီးမှာ ပြီးဆုံးကြောင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ပျိုးပေးရမှာပါ

အခြေခံပညာ ကျောင်းသားတွေနဲ့ တက္ကသိုလ်အဆင့် ကျောင်းသားတွေဟာ ဘွဲ့မယူခင်မှာ တယောက်ကို သစ်ပင် ၁၀ ပင် စိုက်ပျိုးရမယ့် ဥပဒေသစ်ကို ဖိလစ်ပိုင် လွှတ်တော်က အတည်ပြုလိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ မေလ ၁၅ ရက်နေ့က အတည်ပြုလိုက်တဲ့ ဥပဒေသစ်ကြောင့် မူလတန်း၊ အထက်တန်း၊ ကောလိပ် ကျောင်းသားတိုင်းဟာ သက်ဆိုင်ရာ အတန်းအသီးသီးမှာ ပြီးဆုံးကြောင်း ဘွဲ့မယူခင် တယောက်ကို အပင် ၁၀ ပင် စိုက်ပျိုးပေးရတော့မှာပါ။

တနှစ်ကို အပင်ပေါင်း ၁၇၅ သန်း ပြန်လည် စိုက်ပျိုးနိုင်မယ့် စီမံကိန်းမှာ လူငယ်တွေ ပါဝင်လာဖို့ဆိုရင် ဒီဥပဒေသစ်က အထိရောက်ဆုံး ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။ အပင် ၁၀ ပင်ကို သစ်တော၊ ဒီရေတော၊ မြို့တွင်း၊ သတ်မှတ် ဧရိယာအတွင်း စတဲ့နေရာတွေမှာ ကိုယ်နဲ့ လက်လမ်းမှီသလောက် စိုက်ပျိုးပေးရမှာပါ။

“အခြေခံအဆင့်ဆိုရင် တနှစ်ကို ကျောင်းသား ၁၂ သန်းလောက် ပြီးဆုံးကြောင်း ဘွဲ့ယူကြပါတယ်။ အထက်တန်းအဆင့်ဆိုရင် အနည်းဆုံး ၅ သန်းနီးပါးလောက် ရှိပြီး ကောလိပ်အဆင့်မှာတော့ ၅ သိန်းကျော်လောက်ရှိလို့ စုစုပေါင်း ၁၇၅ သန်းလောက် တနှစ်ကို ပြန်လည်စိုက်ပျိုးနိုင်မယ့် အနေအထားပါ” လို့ ဥပဒေသစ်ကို ရေးဆွဲခဲ့သူတွေထဲက တယောက်က ဆိုပါတယ်။

သတင်းတွေမှာ ဖော်ပြချက်အရ စိုက်ပျိုးမယ့် အပင်တွေဟာ မိမိစိုက်ပျိုးမယ့် နေရာဒေသနဲ့ သဟဇာတဖြစ်နိုင်တဲ့ မျိုးစိတ်တွေကိုပဲ ရွေးချယ်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ ဘွဲ့မယူခင် အပင်စိုက်ပျိုးတဲ့ အလေ့အထဟာ အရင်တည်းက ဖိလစ်ပိုင်နိုင်ငံမှာ လုပ်လေ့ရှိကြပေမယ့် ခုနောက်ပိုင်း ရာသီဥတု ဖောက်ပြန်မှုတွေကို လူငယ်တွေ သတိထားမိပြီး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်အောင် တရားဝင် ဥပဒေအသစ် ထုတ်ပြန်ကြေညာခဲ့ရတာပါ။

ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်သာ အောင်မြင်ခဲ့မယ်ဆိုရင် မျိုးဆက်တခုမှာ အနည်းဆုံး အပင် ၅၂၅ ဘီလီယံကျော်လောက် စိုက်ပျိုးလာနိုင်ပြီး ပြန်လည် စိမ်းလန်းစိုပြည်လာနိုင်တယ်လို့ မျှော်မှန်းထားကြပါတယ်။ အပင်စိုက်တဲ့နေရာမှာ ကျောင်းသားတွေ စနစ်တကျ စိုက်ပျိုးနိုင်အောင် ပညာရေးဝန်ကြီးဌာနနဲ့ ပတ်ဝန်းကျင်နဲ့ သဘာဝ အရင်းအမြစ်ဝန်ကြီးဌာနတို့ အတူပူးပေါင်း ကူညီဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ကမ္ဘာမှာ သစ်တောခုတ်ယူမှု အများဆုံးနိုင်ငံတွေထဲက တနိုင်ငံဖြစ်ပြီး ၂၀ ရာစုအတွင်းမှာပဲ တနိုင်ငံလုံးရဲ့ သစ်တောနယ်မြေဟာ ၇၀ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းကို အလျင်အမြန် ကျဆင်းသွားခဲ့ပါတယ်။ တရားမဝင် သစ်ခုတ်မှုတွေကြောင့် သစ်တောပြုန်းတီးကာ ရာသီဥတု ဖောက်ပြန်ပြီး ရေကြီး၊ မြေပြိုမှုတွေ မကြာခဏ ဖြစ်ပွားနေရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

Ref: UNILAD

You may also like these stories:

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချနေကြတဲ့ နိုင်ငံတကာက ခေတ်မီ နည်းလမ်းများ

ကမ္ဘာတဝန်း စံချိန်တင် ရာသီဥတု ဆိုးရွား

အမှိုက်တွေကနေ ကျွန်းတကျွန်းဖြစ်အောင် တည်ဆောက်ပြလိုက်တဲ့ စင်ကာပူ

ငလျင်နဲ့ ပတ်သက်ပြီး လူသိနည်းတဲ့ အကြောင်းအရာ ၅ ချက်

]]>