• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဂံဒေသစိမ်းလန်းစိုပြည်ရေး အမွေအနှစ် ထိခိုက်နိုင်မှု ရှိမရှိ လေ့လာဆန်းစစ်ပြီးမှ ဆောင်ရွက်သင့်

by ဇူးဇူး
21 October 2020
in သတင်း
A A
နေဝင်ဆည်းဆာတွင် မြင်ရသည့် ပုဂံအလှ  / ဇော်ဇော် /  ဧရာဝတီ

နေဝင်ဆည်းဆာတွင် မြင်ရသည့် ပုဂံအလှ / ဇော်ဇော် / ဧရာဝတီ

9.7k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း စိမ်းလန်း စိုပြည်ရေး စီမံကိန်းနှင့် ပတ်သက်၍ အမွေအနှစ် ထိခိုက်နိုင်မှုအပေါ် လေ့လာဆန်းစစ်ချက် (HIA) ပြုလုပ်ခြင်း မရှိဘဲ ဆောင်ရွက်နေမှုအား ရှေးဟောင်း အမွေအနှစ် ချစ် မြတ်နိုးသူများ၊ ထိန်းသိမ်းရေး ဆောင်ရွက်နေသူများက ဝေဖန်လျက် ရှိသည်။

ပုဂံသည် ပူပြင်းခြောက်သွေ့သည့် ဒေသဖြစ်ရာ စိမ်းလန်း စိုပြည်မည့် အပင်အမျိုးအစားများ ရွေးချယ်ပြီး အပင် ၃၀၀၀ ခန့် စိုက်ပျိုးမည် ဖြစ်ကြောင်း၊ စိုက်ပျိုးမည့် အပင်များမှာ ခရေ၊ စိန်ပန်း၊ ငုရွှေဝါ၊ တရုတ်စကားပင်များ ပါဝင်ကာ တချို့အပင်များ ကို ထိုင်းနိုင်ငံအထိ မှာယူစိုက်ပျိုးရကြောင်း စိုက်ပျိုးရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဌေးနိုင်က အောက်တိုဘာ ၁၉ ရက်ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပြောဆိုထားသည်။

ကမ္ဘာ့အမွေအနှစ် ဒေသပုဂံတွင် ဒေသမျိုးရင်း အပင် မဟုတ်ဘဲ နိုင်ငံခြားက အပင်များ မှာယူစိုက်ပျိုးခြင်း၊ စိုက်ပျိုးရာ၌ လည်း အမွေအနှစ်ဇုန် (Property Zone) အတွင်း စက်ယန္တရား (မြေတူးစက်၊ မြေကော်စက်) များဖြင့် ဆောင်ရွက်နေခြင်း တို့သည် စီမံကိန်း မလုပ်မီ HIA ဆောင်ရွက်ထားခြင်း မရှိသည်မှာ ပေါ်လွင်နေသလို၊ ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသ ဘက်စုံ စီမံခန့် ခွဲရေး မူဘောင်ကိုပါ ချိုးဖောက်နေကြောင်း အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင်များက ဝေဖန်လျက် ရှိ သည်။

မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန ပညာအသင်း (MAA) ဥက္ကဋ္ဌ ဒေါ်ဥမ္မာမျိုးက “ဒီအမွေအနှစ်ဇုန်ထဲမှာ လုံးဝ စိမ်းလန်းစို ပြေရေး ဆိုတာ မလုပ်ရဘူး။ သစ်ပင်စိမ်းရင် စိုရင် မကောင်းဘူးလားဆို ယေဘူယျအားဖြင့် ကောင်းတယ်။ ဒါပေမယ့် ဒီ အမွေအနှစ်တွေ အများကြီး ရှိနေတဲ့ နေရာမှာကျတော့ ဒီသစ်ပင်ရဲ့အမြစ်က ဘယ်လောက်ထိ ထိုးမလဲ။ သစ်ပင်တွေများ လာလို့ မိုးရေချိန် များလာမလား။ သူ့ရဲ့ သဘာဝ ပတ်ဝန်းကျင် ပြောင်းသွားမလား ဆိုတာ ပြန်ပြီး ဆန်းစစ်ရတယ်။ အဲဒီလို မလုပ်ဘဲနဲ့ သစ်ပင်စိုက်တာ ကောင်းတာပဲ ဆိုတဲ့ General Concept တခုတည်းနဲ့ စိုက်လို့မရဘူး” ဟု ပြောသည်။

ဆက်လက်၍ ၎င်းက ပုဂံကို မြန်မာနိုင်ငံရှိ တခြားနေရာများနှင့် ထပ်တူ စဉ်းစားပြီး စီမံခန့်ခွဲ ဆုံးဖြတ်၍ မရကြောင်း၊ ကမ္ဘာ့ အဆင့် ထိုက်တန်သော၊ တန်ဖိုးရှိသော အမွေအနှစ်များ တည်ရှိသည့် နေရာတိုင်း အမွေအနှစ်များ မပျက်စီး၊ မပျောက် ဆုံးစေရေး ကာကွယ်ထိန်းသိမ်းရမည့် စည်းမျဉ်းများ၊ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးဆိုင်ရာ စံနှုန်းများကို နားလည်ပြီး အတိအကျ လိုက်နာရန် လိုအပ်ကြောင်း ပြောဆိုသည်။

အမွေအနှစ် ထိန်းသိမ်းရေး ပညာရှင် တဦးလည်းဖြစ်သူ ဒေါ်ဥမ္မာမျိုးက “ပုဂံဒေသ စိမ်းလန်းစိုပြည်ရေး စီမံကိန်းဆိုတာ ဘာ အတွက် လုပ်ရတာလဲ။ ဘယ်အချက်တွေက လိုအပ်နေပြီလို့ ပြနေလို့၊ ဘယ်လို သုတေသနတွေ လုပ်ထားလို့၊ ဘယ်လို စံနှုန်သတ်မှတ်ချက် (Criteria)တွေနဲ့ ဒီစီမံကိန်း ပေါ်ပေါက်လာတာလဲ” ဟုလည်း မေးခွန်း ထုတ်သည်။

https://burma.irrawaddy.com/wp-content/uploads/2020/10/2-1.mp4

စက်ယန္တရားဖြင့် သစ်ပင်စိုက်ရန် မြေတူးနေစဉ်(ဦးမောင်မောင်သန်း facebook မှ ကူးယူဖော်ပြသည်။

ယင်းစီမံကိန်းသည် တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် တင်ဒါခေါ် ဆောင်ရွက်သည့်လုပ်ငန်းဖြစ်ပြီး သက်ဆိုင်ရာဌာ နများ ပါဝင်သော ညှိနှိုင်းရေး အဖွဲ့ဖွဲ့ကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်း က ပြောဆိုထားသော်လည်း စီမံကိန်းနှင့် ပတ်သက်၍ HIA ဆောင်ရွက်ထားခြင်း ရှိမရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရပါ။

ပုဂံဒေသ ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေးမူဘောင် (စီမံခန့်ခွဲမှုအစီအစဉ်) သည် မြန်မာအစိုးရက ပုဂံကို မည်သို့ ထိန်း သိမ်း စီမံမည်ဟူ၍ ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းစဉ်ကတည်းက ကမ္ဘာ့အမွေအနှစ်ကော်မတီကို ကတိပြုထားသော ကတိကဝတ်တခု ဖြစ်သည်။

ယင်း စီမံခန့်ခွဲရေး မူဘောင်ပါ ဖွံ့ဖြိုးရေး လမ်းညွှန်ချက်များ အပိုဒ်(၃၄)တွင် အမွေအနှစ်ဒေသအတွင်း သစ်ပင်နှင့် ခြုံနွယ် ပင်များ စိုက်ပျိုးခြင်းကို ရှိပြီးသား သစ်ပင်များနှင့် ခြုံနွယ်ပင်များနေရာတွင် အစားထိုးခြင်း သို့မဟုတ် မြေကွက် ကန်သင်း တလျှောက် ထန်းပင် စိုက်ပျိုးခြင်းတို့ကိုသာ ခွင့်ပြုနိုင်သည်ဟု ဖော်ပြထားသည်။

ဆက်လက်၍ သစ်ပင်စိုက်ပျိုးခြင်းကို အဆောက်အအုံနှင့် မြေအောက်ရှိ ရှေးဟောင်းသုတေသန အထောက်အထားများကို ထိခိုက်နိုင်သဖြင့် အသေးစိတ် စစ်ဆေးပြီးမှသာ ခွင့်ပြုနိုင်ကြောင်း၊ ပုံမှန် စိမ်းလန်းစိုပြည်ရေး စီမံချက်များအတွက် ခွင့်မပြု နိုင်၊ ကြားခံဇုန် အတွင်း၌ သင့်လျှော်သော စိုက်ပျိုးမှုကို ခွင့်ပြုနိုင်ကြောင်း၊ ဒေသမျိုးရင်း မဟုတ်သော အခြားဒေသမှ မျိုး စိတ် သစ်ပင် စိုက်ပျိုးခြင်းကို ခွင့်မပြုကြောင်း အတိအလင်း ဖော်ပြထားသည်။

ထို့ပြင် ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ (၂၀၁၉)၊ ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ခ)နှင့်(ဃ)တွင် လည်း လယ်၊ ယာမြေများပေါ်၌ သဘာဝပတ်ဝန်းကျင်နှင့် ပတ်ဝန်းကျင်မြင်ကွင်းကို ထိခိုက်စေသော နှစ်ရှည်ပင်များ စိုက် ပျိုးခြင်း၊ လက်ရှိ ပေါက်ရောက်နေသည့် ဒေသမျိုးရင်း သဘာဝ သစ်ပင်များကို ခုတ်ထွင်ခြင်း၊ ခင်တန်းများကို ဖျက်ဆီးခြင်း၊ ဒေသမျိုး မဟုတ်သော မျိုးစိတ်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်းကို တိုင်း/ပြည်နယ် (သို့) ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီ၏ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ မပြုလုပ်ရ ဟု တားမြစ် ပြဋ္ဌာန်းထားသည်။

အဆိုပါ တားမြစ်ချက် တရပ် ရပ်ကို ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ၁ နှစ်ထိ ထောင်ဒဏ် ဖြစ်စေ၊ ကျပ်သိန်း ၃၀ အထိ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ဆိုသည်။

ယင်းဥပဒေ ပုဒ်မ ၁၇၊ ပုဒ်မခွဲ(ခ)အရ ဒေသဆိုင်ရာ ထိန်းသိမ်းရေး ကော်မတီသည် ကမ္ဘာ့အမွေအနှစ် ဒေသများအတွက် ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းစဉ်က အတည်ပြုထားသည့် ဘက်စုံလွှမ်းခြုံသော စီမံခန့်ခွဲရေး လုပ်ငန်းများစဉ်များနှင့် အညီ ဆောင်ရွက်ရမည် ဟုလည်း ပြဋ္ဌာန်းထားသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းဇုန် လမ်းနေရာများတွင် အရိပ်ရ အလှပန်းပင်များ စိုက်ပျိုးနေရာများ သို့ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးစဉ်(MOI)

ကမ္ဘာ့အမွေအနှစ်ဒေသ ဖြစ်လာပါပြီ ဆိုပါက သက်ဆိုင်ရာ နိုင်ငံ၏ အမွေအနှစ်ဒေသ စီမံခန့်ခွဲမှု ဥပဒေ၊ မူဝါဒများ သာမက နိုင်ငံတကာ စံချိန်စံညွှန်း၊ လမ်းညွှန်ချက်များနှင့်လည်း ချိတ်ဆက်ထားခြင်း ဖြစ်ရာ ထိုအချက်များကို ကျော်လွန်ပြီး လုပ်၍ မရကြောင်း ကမ္ဘာ့အမွေအနှစ် ဒေသများ ဌာနခွဲ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ သရေခေတ္တရာ ဌာနစုမှ ဒု- ညွှန်မှူး ဦးကျော်မျိုးဝင်းက ပြောသည်။

“အကြံပြုချင်တာက ဘာပဲလုပ်လုပ် ပညာရှင်တွေရဲ့ အကြံပြု ထောက်ခံချက် ယူသင့်တယ်။ ပညာရှင်တွေရဲ့ သုံးသပ်မှု၊ ဝေ ဖန် အကြံပေးမှုတွေကို တလေးတစား ဆောင်ရွက်သင့်တယ်။ ဒီလိုမျိုး တလေးတစား မဆောင်ရွက်တဲ့အခါကျရင် မှားနေ ဦးမှာပဲ” ဟု ၎င်းက ဆိုသည်။

ဒေါ်ဥမ္မာမျိုးက “အခု ဓာတ်ပုံတွေက ကြည့်လိုက်မယ်ဆိုရင် ဘုရားတွေနဲ့ နီးကပ်စွာ နေရာမှာပဲ ကျင်းကြီးတွေ တူးထားတာ တွေ တွေ့ရတယ်။ အဲဒီကျင်းကြီးတွေ ဆိုတာလည်း မြန်မြန်ပြီးချင်တော့ ဘတ်ဟိုးကြီးတွေနဲ့ သုံးပြီး တူးတယ်။ အဲဒါကြီးက လေ ကမ္ဘာ့အမွေအနှစ် ကိုယ့်ရဲ့ဒေသကို ကိုယ်တိုင်က ဖျက်ဆီးနေတာကြီးကို တကမ္ဘာလုံးကို ပြလိုက်သလိုပဲ။ တကယ့်ကို အင်မတန်မှ ထိတ်လန့် တုန်လှုပ်စရာ၊ ရှက်စရာလည်း ကောင်းတယ်။ အမွေအနှစ်တွေကို ဖျက်ဆီးနေတာကိုလည်း ကမ္ဘာ သိအောင် လုပ်နေသလိုမျိုး ဖြစ်နေတယ်” ဟု မှတ်ချက်ပြုသည်။

အဆိုပါ စီမံကိန်းနှင့် ပတ်သက်၍ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)က ယဉ်ကျေးမှု အမွေအနှစ် တည်ရှိရာဇုန် (Property Zone) ထဲတွင် မလုပ်ရန် ကန့်ကွက်ထားပြီး ဇုန်နှင့် လွတ်ကင်းသည့် နေရာများ၌သာ စိုက်ပျိုးရန် အကြံပြုထားကြောင်း ညွှန်ကြားရေးမှူး ဒေါက်တာ သန်းထိုက်က ပြောဆိုထားသည်။

ပုဂံဒေသ စိမ်းလန်း စိုပြည်ရေး စီမံကိန်းသည် အမွေအနှစ် ထိခိုက်နိုင်မှုအပေါ် လေ့လာ ဆန်းစစ်ချက်(HIA) ပြုလုပ်ခြင်း မရှိ ဘဲ ဆောင်ရွက်ခြင်း၊ စက်ယန္တရားကြီးများဖြင့် တူးဆွမှုများပြုလုပ်ခြင်း၊ ဥပဒေ၊ မူဘောင်များကို လိုက်နာမှု မရှိခြင်းတို့ အပေါ် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသနပညာ အသင်း၊ မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များ အသင်းတို့က ကန့်ကွက်စာ များ တရားဝင် ထုတ်ပြန်ထားသည်။

ထို့အတူ မန္တလေးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရေး ကော်မတီဝင်များ(ပုဂံ)ကလည်း အဆိုပါ စီမံကိန်းအား ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်ဒေသ ကာကွယ်ထိန်းသိမ်းရေးဥပဒေကို လိုက်နာ ဆောင်ရွက်မှု မရှိသည့်အပေါ် စိစစ်ဆောင်ရွက်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်သို့ တင်ပြထားကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
87
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
31
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

You may also like these stories:

အမွေအနှစ်ပေါ် ထိခိုက်တာ၊ တရားမဝင်တာ မှန်သမျှ လူတန်းစားမရွေး အရေးယူတာပဲ

ကမ္ဘာ့အမွေ ပုဂံဒေသအတွင်း ဥပဒေမဲ့ အဆောက်အအုံ တိုးချဲ့မှုများ ပြုလုပ်နေ

Your Thoughts …
Tags: HIAစိမ်းလန်းစိုပြည်ရေးပုဂံဒေသသစ်ပင်အမွေအနှစ်
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

စက်ယန္တရားဖြင့် ရှေးဟောင်းကန်များ တူးဖော်ခြင်းက ပုဂံအမွေအနှစ်ကို ထိခိုက်

by ခွာညို
1 April 2024
2.3k

ဝန်ကြီး ဦးတင်ဦးလွင်သည် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ စစ်တက္ကသိုလ်အပတ်စဉ် (၁၉) ကျောင်းဆင်း ဖြစ်သည်။ ယခင် အစိုးရ အဆက်ဆက် ပညာရှင်ထက် စစ်တပ်မှ အရာရှိများကိုသာ ဦးစားပေးခန့်အပ်သည့် ပေါ်လစီ အတိုင်း ၂၀၂၃ ခု သြဂုတ်လကမှ...

သစ်ပင်များ

သစ်ပင်များ

by မြသန်းတင့်
23 August 2025
278

အဘိုးများသည် သူ့မြေးများ အသီးစားရန် အတွက် သစ်ပင်များကို စိုက်ခဲ့ကြ… ကျနော်သည် သစ်ပင် စိုက်သော အဘိုး တယောက် ဖြစ်ချင်… သူတို့ အသီးကို စားနေသော မြေးတယောက် ဖြစ်ချင်…

UNESCOက ကမ္ဘာ့အမွေအနှစ်အဖြစ် ၂၀၁၉ ခုနှစ်တွင် အသိအမှတ်ပြုခဲ့သည့် ပုဂံဒေသ / ဧရာဝတီ

ပုဂံမှ ရှားပါး ကျောက်ဆစ်လက်ရာများ ခိုးယူခံရ

by ဧရာဝတီ
20 April 2022
10.9k

ပျောက်ဆုံးနေသည့် ရှားပါးရှေးဟောင်းပစ္စည်းများမှာ ပုဂံဘုရား အမှတ် ၄၁၈ နှင့် ၆၁၇ တို့မှ ၁၁ ရာစု ပုဂံခေတ်လက်ရာ ရှားပါး ကျောက်ဆစ်လက်ရာများ ပျောက်ဆုံးနေခြင်း ဖြစ်သည်။

၂၀၂၀ ဇူလိုင်လအတွင်း တွေ့ရသည့် ပုဂံရှိ မြင်းလှည်းများ/ဇော်ဇော်/ဧရာဝတီ

စီးပွားရေး အကျပ်အတည်းကြောင့် ပုဂံကို စနစ်တကျ ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

by ဇူးဇူး
23 January 2021
6.9k

ခရီးသွားလုပ်ငန်းကို အမှီပြုကာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ဒေသခံများက ပုဂံဒေသရှိ ဘုရားစေတီပုထိုးများ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုလိုက်သည်။

Cusco မြို့ (ပီရူးနိုင်ငံ) 

ကမ္ဘာ့သမိုင်းဝင် အမွေအနှစ်များ တည်ရှိရာ မြို့ကြီးများ

by ညီညီသူ
28 June 2019
13.8k

သမိုင်းဝင် Cusco မြို့ဟာ အေဒီ ၁၃ ရာစု ကနေ ၁၇ ရာစုအထိ ယဉ်ကျေးမှုထွန်းကားတဲ့ မြို့ကြီးတမြို့ ဖြစ်ခဲ့ပြီး နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွေကိုတော့ ပညာတတ် လူတန်းစား တရပ်က ပဲ့ကိုင်ခဲ့ပါတယ်။ 

ပုဂံ ယဉ်ကျေးမှု ဇုန်အတွင်းရှိ ဘုရားစေတီများ / ဧရာဝတီ

ပုဂံဒေသခံများ ပြောင်းရွှေ့ရေးအတွက် တိကျသောအဖြေမရှိသေးကြောင်း မန္တလေးတိုင်းဝန်ကြီးချုပ်ပြော

by မြတ်ပြည့်ဖြိုး
13 July 2019
5.2k

ပုဂံဒေသယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းရန်အတွက် Master Plan ရေးဆွဲနေရာ ပြီးစီးပါက ပုဂံဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး Master Plan အတိုင်း ဆောင်ရွက်သွားမည်

Next Post
NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို AA ဘာကြောင့် ပစ်မှတ်ထား ဖမ်းနေသလဲ (ရုပ်/သံ)

NLD လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို AA ဘာကြောင့် ပစ်မှတ်ထား ဖမ်းနေသလဲ (ရုပ်/သံ)

ပလက်ဝ ဒေသရှိ ကျေးရွာများ အတွင်း လှုပ်ရှားနေသည့် AA အဖွဲ့  / အောင်ကျော်ထက် / ဧရာဝတီ

ပလက်ဝ ဒေသခံများထံမှ ဆန်ကို AA အဖွဲ့ ခြိမ်းခြောက်ပြီး ဈေးနှိမ်ဝယ်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved