• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

စီးပွားရေး အကျပ်အတည်းကြောင့် ပုဂံကို စနစ်တကျ ပြန်ဖွင့်ပေးရန် ဒေသခံများတောင်းဆို

by ဇူးဇူး
23 January 2021
in စီးပွားရေး
A A
၂၀၂၀ ဇူလိုင်လအတွင်း တွေ့ရသည့် ပုဂံရှိ မြင်းလှည်းများ/ဇော်ဇော်/ဧရာဝတီ

၂၀၂၀ ဇူလိုင်လအတွင်း တွေ့ရသည့် ပုဂံရှိ မြင်းလှည်းများ/ဇော်ဇော်/ဧရာဝတီ

6.9k
VIEWS
Share on FacebookShare on Twitter

ခရီးသွားလုပ်ငန်းကို အမှီပြုကာ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် ဒေသခံများက ပုဂံဒေသရှိ ဘုရားစေတီပုထိုးများ နှင့် ခရီးသွားလုပ်ငန်းကို ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စနစ်တကျ ပြန်လည်ဖွင့်လှစ်ပေးရန် တောင်းဆိုလိုက်သည်။

ပုဂံဒေသခံများ၏ စားဝတ်နေရေး အခက်အခဲ၊ စီးပွားရေး အကျပ်အတည်းများကို ဖြေရှင်းနိုင်ရေးအတွက် ၂၀၂၁ ဖေဖော်ဝါ ရီမှစ၍ ပုဂံဒေသရှိ ဘုရားပုထိုးစေတီများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် လုပ်ငန်းများအား ပြန်လည်ဖွင့်လှစ်ပေးနိုင်ရန် တိုင်းဒေသကြီး အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဟု သိရသည်။

ပုဂံ – ညောင်ဦး ဒေသရှိ ဟိုတယ်၊ စားသောက်ဆိုင် လုပ်ငန်းမှစ၍ မြင်းလှည်းမောင်းသူ၊ ဘုရားများတွင် အမှတ်တရပစ္စည်း ရောင်းချသူများအဆုံး အလွှာပေါင်းစုံ၌ ရိုက်ခတ်မှု ဖြစ်သွားခဲ့ပြီး ၎င်းတို့ ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်အတူ လက်မှတ်ရေးထိုးထားသည့် တင်ပြတောင်းဆိုချက်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ထံ လာမည့် ဇန်နဝါရီ ၂၅ ရက်နေ့တွင် ပေးပို့သွားမည်ဟု ဆိုသည်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပုဂံဒေသ ခရီးသွားလုပ်ငန်း ရပ်တန့်နေသည်မှာ ၂၀၂၀ မတ်လမှစ၍ ယနေ့အချိန်ထိ ၁ နှစ် နီးပါးရှိပြီဖြစ်ပြီး ဒေသခံများ အနေဖြင့် ဝင်ငွေမရှိဘဲ ဆက်လက် ရပ်တည်စားသောက်ရန် အခက်အခဲများ ရှိနေကြောင်း တုတ်တုတ်/Ebike အငှားဝန်ဆောင်မှု လုပ်နေသည့် ပုဂံဒေသခံ ဦးမင်းချမ်းဦးက ဧရာဝတီကို ပြောသည်။

“အဓိကက စီးပွားရေး ပြန်လည်ပတ်ဖို့ပဲ။ မန္တလေးတိုင်းမှာ ရှိတာချင်းအတူတူ တခြားမြို့တွေက ပြန် အသက်ဝင်နေပြီ။ စီးပွားရေး၊ ရောင်းဝယ်ရေး အကုန်လုပ်လို့ရတယ်။ ကျနော်တို့မြို့က ခရီးသွားလုပ်ငန်း တခုအပေါ်မှာပဲ မှီ တည်နေရတာ ဆိုတော့ စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် ပြန်ဖွင့်နိုင်မှ မြို့က အသက်ရှူချောင်မှာ”

“အဓိကက စီးပွားရေး ပြန်လည်ပတ်ဖို့ပဲ။ မန္တလေးတိုင်းမှာ ရှိတာချင်းအတူတူ တခြားမြို့တွေက ပြန် အသက်ဝင်နေပြီ။ စီးပွားရေး၊ ရောင်းဝယ်ရေး အကုန်လုပ်လို့ရတယ်။ ကျနော်တို့မြို့က ခရီးသွားလုပ်ငန်း တခုအပေါ်မှာပဲ မှီ တည်နေရတာ ဆိုတော့ စနစ်တကျနဲ့ မြန်မြန်ဆန်ဆန် ပြန်ဖွင့်နိုင်မှ မြို့က အသက်ရှူချောင်မှာ”ဟု ဦးမင်းချမ်းဦးက ပြောသည်။

ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ပုဂံဒေသသို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် ပိုမိုလာရောက်နိုင်သည် ဟူသော မျှော်လင့် ချက်ဖြင့် ချေးငွေယူပြီး အရင်းအနှီး ထည့်ဝင်ထားကြသူများ၊ လုပ်ငန်းတိုးချဲ့ထားသူများ အနေဖြင့် ယခုအခါ စားဝတ်နေရေး အတွက်သာမက အကြွေးဆပ်ဖို့ပါ ပူပန်နေရသည်ဟု ၎င်းက ရှင်းပြသည်။

ဆက်လက်၍ ၎င်းက “ကျနော်တို့ တောင်းဆိုနေတာက နိုင်ငံတကာ ခရီးသွားလည်း မဟုတ်ဘူး။ ဒေသတွင်း ခရီးသွားကိုပဲ စည်းကမ်းနဲ့အညီ၊ သတ်မှတ်ချက်တွေနဲ့အညီ လည်ပတ်လို့ရအောင် ဖြေလျှော့ပေးဖို့ တောင်းဆိုချင်တာပါ” ဟု ဆိုသည်။

ဝန်ကြီးချုပ်ထံ ပေးပို့သည့် တောင်းဆိုချက်တွင် ပုဂံဒေသခံ ပြည်သူများ အနေဖြင့် သက်ဆိုင်ရာဌာနများမှ ညွှန်ကြားချက်၊ ကိုဗစ် စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်ဟူသော ဝန်ခံကတိပြုချက်ပါ ပါရှိကြောင်း သိရသည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
195
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
163
အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
483

ပုဂံဧည့်လမ်းညွှန်အသင်း၊ အလုပ်အမှုဆောင် ဦးမြင့်နိုင်ကလည်း “test kit စစ်ပြီးမှ ဝင်ပါဆိုတာမျိုး၊ ဘုရားတွေမှာ လူ မကျပ်အောင်၊ ဆိုင်တွေကိုလည်း ကိုဗစ်စည်းကမ်းနဲ့ညီအောင် လုပ်လို့ရတာပဲ။ Stay Home မဟုတ်တဲ့ မြို့နယ်ကလူတွေ ကိုပဲ လက်ခံမယ်၊ နေ့ချင်းပြန်ပဲလက်ခံမယ် စသဖြင့် နည်းလမ်းတွေကတော့ အများကြီး ရှိတယ်။ ဒီထဲကမှ သင့်တော်တဲ့ နည်းလမ်း သုံးသင့်တာပေါ့။ သို့မှလည်း ဒေသခံတွေရဲ့ အနေအထားတခုက ပြန်ပြီး လည်ပတ်မှာ” ဟု အကြံပြုသည်။

မြင်းလှည်းမောင်းသူများဆိုလျှင် လူအတွက်သာမက မြင်းစာဖိုးအတွက်ပါ ပူပန်နေရပြီး တချို့ဆိုလျှင် မြင်းစာဖိုး မတတ် နိုင်တော့သဖြင့် ရသမျှဈေးနှင့် ပြန်လည် ရောင်းချနေရသူများလည်း ရှိသည်ဟု ဆိုသည်။

မြင်းလှည်းမောင်းသူများဆိုလျှင် လူအတွက်သာမက မြင်းစာဖိုးအတွက်ပါ ပူပန်နေရပြီး တချို့ဆိုလျှင် မြင်းစာဖိုး မတတ် နိုင်တော့သဖြင့် ရသမျှဈေးနှင့် ပြန်လည် ရောင်းချနေရသူများလည်း ရှိသည်ဟု ဆိုသည်။

ပုဂံဒေသခံများ၏ သဘောထားနှင့် ပတ်သက်၍ ဧရာဝတီက ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းကို ဆက် သွယ်မေးမြန်းရာ ဒေသအုပ်ချုပ်ရေးအဖွဲ့များနှင့် ဆက်စပ်ဝန်ကြီးဌာနများက ကိုဗစ်ထိန်းချုပ်ကာကွယ်ကုသရေးဗဟို ကော်မတီနှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ပုဂံဘုရားများ ဖူးမြော်ခွင့်ပြု နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။

၎င်းက “ညွှန်ကြားချက်တွေနဲ့အညီ ဂေါပကရှိတဲ့ ဘုရားတွေအားလုံးမှာ ကြိုတင် ပြင်ဆင်ထားပြီးပါပြီ။ ဘယ်တော့ ဖွင့် မယ်တော့ မပြောသေးဘူး။ ကိုဗစ်ဗဟိုကနေပြီး ဖြေလျှော့တဲ့ အမိန့်ညွှန်ကြားချက်အပေါ် မူတည်ပြီးတော့မှ ကျနော်တို့က ဖွင့်ရမှာ ဖြစ်ပါတယ်။ ကျနော်တို့က မှန်းလို့မရပါဘူး” ဟု ဆိုသည်။

ဆက်လက်၍ ၎င်းက ဘုရားများတွင် ကျန်းမာရေး ညွှန်ကြားချက်နှင့်အညီ လက်ဆေးဘေစင်၊ လက်သန့်ဆေးရည်၊ အပူချိန် တိုင်းစက်၊ အဝင်အထွက် ကန့်သတ်ချက် စသည်ဖြင့် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ဘုရားသို့ ဧည့်သည်များ လာရာတွင် လူစုလူဝေး မဖြစ်စေရန် အွန်လိုင်းမှတဆင့် ကြိုတင်စာရင်း ပေးသွင်းနိုင်ရေး ဆောင်ရွက်ရန်သာ ကျန်တော့ကြောင်း ရှင်းပြ သည်။

ထိုသို့ ပြင်ဆင်ဆောင်ရွက်ထားသော်လည်း တနိုင်ငံလုံးမှ ခရီးသွားဧည့်သည်များအား လာရောက်ခွင့် ပြုမည်ဆိုပါက ထိန်းချုပ်ရန်ခက်ခဲကြောင်း၊ နေ့ချင်းပြန်သွားနိုင်သည့်မြို့မှ ခရီးသည်များအား နေ့ချင်းပြန်လက်ခံခြင်း၊ အဝေးမှလူများအား သောကြာညမှ တနင်္ဂနွေည အထိသာ ခွင့်ပြုခြင်း၊ လာမည့်သူများအား ကြိုတင်စာရင်းသွင်းခိုင်းခြင်း စသည့် အစီအမံများ ပါ ဝင်သော ရှေ့ပြေးစီမံချက် (Pilot Project) ကို အရင်စမ်းသပ် ဆောင်ရွက်သင့်ကြောင်း ၎င်းက ပြောသည်။

ဦးကျော်ကျော်အုန်းက “ကျနော်တို့ တင်ထားတဲ့ Pilot Project အတိုင်း လုပ်သင့်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးကို တင်ပြလိုက်တယ်။ တနိုင်ငံလုံးကို တပြိုင်တည်း လက်ခံလိုက်မယ်ဆိုရင်တော့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်ပါတယ်” ဟု ဆိုသည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ) ၏ စာရင်းများအရ ၂၀၁၉ တွင် ပုဂံကို နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု ၄ သိန်းကျော်၊ ပြည်တွင်းဧည့်သည် အနေဖြင့် ၁၆၀၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့သော်လည်း ၂၀၂၀ တွင် မတ်လနှောင်းပိုင်းမှစ၍ ခရီးသွားဧည့်သည် ဝင်ရောက်မှု ရပ်တန့်သွားခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (ပုဂံဌာနခွဲ) ၏ စာရင်းများအရ ၂၀၁၉ တွင် ပုဂံကို နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု ၄ သိန်းကျော်၊ ပြည်တွင်းဧည့်သည် အနေဖြင့် ၁၆၀၀၀၀ ကျော် လာရောက် လည်ပတ်ခဲ့သော်လည်း ၂၀၂၀ တွင် မတ်လနှောင်းပိုင်းမှစ၍ ခရီးသွားဧည့်သည် ဝင်ရောက်မှု ရပ်တန့်သွားခဲ့သည်မှာ ယနေ့အချိန်ထိ ဖြစ်သည်။

၂၀၂၀ မတ်လ ၂၃ ရက်မှစ၍ ကိုဗစ်အတည်ပြုလူနာ တွေ့ရှိခဲ့သည့် မြန်မာနိုင်ငံတွင် ယနေ့အချိန်ထိ ပြန်လည်ကောင်းမွန် လာသူ ၁၂၀,၅၄၃ ဦး အပါအဝင် ကိုဗစ်ကူးစက်ခံရသူပေါင်း ၁၃၆,၅၉၁ ဦး၊ သေဆုံးလူနာ ၃,၀၃၁ ဦး ရှိပြီ ဖြစ်သည်။

ဒီဇင်ဘာ ၁၉ ရက်မှစ၍ ကိုဗစ်-၁၉ ပိုးတွေ့ လူနာသစ် တွေ့ရှိမှု အရေအတွက် ၁၀၀၀ အောက် လျော့ကျလာသော်လည်း လက်ရှိအချိန် နေ့စဉ် ကူးစက်မှုအသစ် ၄၀၀ ကျော် ရှိနေသေးသည်။

You may also like these stories:

ပုဂံ ယွန်းထည်လုပ်ငန်း အသက်ငင်နေပြီ

ခရီးသွားလုပ်ငန်းက အကျမြန်ပြီး အတက်တော့ နှေးတယ်

ဟိုတယ် ၁၀၀၀ ခန့် ယာယီပိတ်၊ ဝန်ထမ်း ၃ သောင်းခန့် အလုပ်လက်မဲ့ဖြစ်

Your Thoughts …
Tags: ခရီးသွားလုပ်ငန်းစီးပွားရေး အကျပ်အတည်းပုဂံဒေသဘုရားစေတီပုထိုးများအသက်မွေးဝမ်းကျောင်း
ဇူးဇူး

ဇူးဇူး

ဧရာဝတီ

Similar Picks:

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

ကမ္ဘာလှည့်ခရီးသည် များကြောင်း မင်းအောင်လှိုင် ပြောဆိုချက် ဟာသဖြစ်နေ

by ဧရာဝတီ
3 October 2023
10.5k

အနောက်တိုင်းခရီးသည် မရှိသလောက်ပင်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် ကိုယ်စားလှယ်များက ပြောသည်။

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

ရွှေကုက္ကိုသို့ ဘီဘီစီသတင်းထောက်တဦး သွားရောက်ခြင်း

by Jonathan Head
14 February 2025
8.6k

ယာထိုင်ကုမ္ပဏီသည် BBC သတင်းဌာနကို ဖိတ်ခေါ်သည်။

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

အရှုံးပေါ် ဟိုတယ်များ ထုတ်ရောင်းလာကြ

by ဧရာဝတီ
21 October 2023
6.7k

ဆီဒိုးနားဟိုတယ်ကို ပိုင်ဆိုင်သည့် စင်ကာပူအခြေစိုက် Keppel Corporation က အခြား စင်ကာပူလုပ်ငန်းစု တခုဖြစ်သော Spring Blossom Venture ထံသို့ အမေရိကန်ဒေါ်လာ ၅၇ ဒသမ ၄ သန်းဖြင့် အပြီးသတ် ရောင်းချ

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

မြန်မာ ခရီးသွားလုပ်ငန်း ဘေးကင်းလုံခြုံသတဲ့လား

by မောင်ကဝိ
13 January 2025
4.7k

တကယ်တော့ စစ်ကောင်စီအောက်မှာ မြန်မာက မြို့ကြီး မြို့ငယ်တွေဟာ နိုင်ငံတကာခရီးသွားတွေ အတွက်သာမက ဒေသခံတွေအတွက်ပါ မလုံမခြုံ ဖြစ်နေပါတယ်။

“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း

“မူးယစ်” နှင့် “အွန်လိုင်းလိမ်လည်မှု နိုင်ငံများ” မှ အာဏာရှင်များ အခြေအနေ မကောင်း

by David Hutt
1 January 2024
4.3k

မြန်မာတွင် နိုင်ငံရေး အကြမ်းဖက်မှု မြင့်မားလာခြင်း၏ အကျိုးဆက်တခုမှာ ရာဇဝတ်မှုများ ပျံ့နှံ့လာခြင်း ဖြစ်သည်။

Next Post
ကိုရီးယား ဆန်မုန့်ဟင်းရည်

ရာသီဥတုအေးအေးနဲ့ လိုက်ဖက်တဲ့ ကိုရီးယား ဆန်မုန့်ဟင်းရည်

ဆင်းရဲတဲ့နိုင်ငံတွေအတွက်တော့ ကာကွယ်ဆေး ထိုးနှံရေးဆိုတာ အခုချိန်ထိ အလှမ်းဝေးနေဆဲပါ။

ဝင်ငွေနည်း တိုင်းပြည်တွေဆီ Pfizer ကနေ ကာကွယ်ဆေး သန်း ၄၀ ထောက်ပံ့မည်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved