ဧရာဝတီ၊ သြဂုတ် ၁၊ ၂၀၁၉
နေပြည်တော်က သက်ငယ်မုဒိန်းမှုဖြစ်တဲ့ ဗစ်တိုးရီးယား အမှုမှာ ဆရာမ နှင်းနုကို နောက်တိုး တရားခံအဖြစ် ရုံးတော်ရှေ့ကို ပို့ဆောင်ပေးဖို့ တရားလိုတွေဘက်က တင်ပြခဲ့ပေမယ့် ဥပဒေနဲ့ အညီ ဆက်လုပ်လို့ မရဘူးလို့ ခရိုင် ဥပဒေရုံးက သဘောထား မှတ်ချက် ပေးခဲ့ပါတယ်။
ပြစ်မှု ကျူးလွန်ကြောင်း သိလျက်နဲ့ တာဝန်ရှိတဲ့ သတင်းကို မပေးတဲ့အတွက် ပြစ်ဒဏ်ပေးဖို့ တောင်းဆိုချက်ဟာ လူသတ်မှု၊ လုယက်မှုတွေလို အမှုမျိုးဆိုရင် ပြစ်မှု မြောက်ပေမယ့် မုဒိန်းမှုမှာတော့ ပြစ်မှုမမြောက်ဘူးလို့ သိရပါတယ်။
ရိုက်ကူး – ထက်နိုင်ဇော်
တည်းဖြတ် – ဝေယံမိုးမြင့်