သတင်း

ဒုတိယမြောက် တရုတ်ရေငုပ်သင်္ဘော ဝယ်ယူရန် ထိုင်းရေတပ် စီစဉ်နေ

Want create site? Find Free WordPress Themes and plugins.

တော်ဝင်ထိုင်းရေတပ်သည် တရုတ်ထံမှ ဘတ်ငွေ ၁၂ ဘီလီယံတန်ဖိုးရှိ ဒုတိယမြောက်ရေငုပ်သင်္ဘော ဝယ်ယူရန် စီစဉ်နေကြောင်း ရေတပ်သတင်းရင်းမြစ်တခု၏အဆိုအရ သိရသည်။

ရေတပ်သည် အစိုးရ၏၂၀၂၀ ဘဏ္ဍာရေး ဘတ်ဂျက် မူကြမ်းအတွက် ပါလီမန်၏ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်း၊ ရေငုပ်သင်္ဘော ဝယ်ယူရေး အကောင်အထည် မဖော်နိုင်မီ ယင်းဘတ်ဂျက်အတွက် တင်ပြထားမှုကို စဉ်းစားပေးရန် မျှော်လင့်ကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

ယခင်စစ်အစိုးရလက်ထက်၌ ဘတ် ၃၆ ဘီလီယံ တန်ဖိုးရှိသည့် ရေငုပ်သင်္ဘော ၃ စင်းဝယ်ယူရေး ရေတပ် အစီ အစဉ်ကို မူအားဖြင့် သဘောတူခဲ့သည်

ဘတ် ၁၃ဒသမ၅ ဘီလီယံတန်ဖိုးရှိ Yuan အတန်းအစား S26T ရေငုပ်သင်္ဘောကို တရုတ်ထံမှ ပထမဝယ်ယူရန် ထိုင်းအစိုးရက ၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၈ ရက်က ခွင့်ပြုခဲ့သည်။

ထိုင်းရေတပ်နှင့် တရုတ်သင်္ဘော တည်ဆောက်ရေးနှင့် ကမ်းလွန်နိုင်ငံတကာကုမ္ပဏီတို့သည် ဝယ်ယူရေးစာချုပ်ကို ၂၀၁၇ ခုနှစ်၊ မေလ ၄ ရက်က ချုပ်ဆိုခဲ့သည်။

ပထမရေငုပ်သင်္ဘောအတွက် ငွေပေးချေရေးကို ၇ ကြိမ်ခွဲ၍ အရစ်ကျပေးချေရသည်။

ထိုင်းရေတပ်က ပထမအရစ် ဘတ်သန်း ၇၀၀ ကို ၂၀၁၇ ခုနှစ် တွင် ပေးချေရေး ကတိပြုခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဘတ် ၂ ဘီလီယံကို နှစ်စဉ်ပေးချေသွားရမည်ဖြစ်သည်။

ရေငုပ်သင်္ဘောတည်ဆောက်ရေးမှာ ယမန်နှစ် စက်တင်ဘာလက တရုတ်နိုင်ငံတွင် စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းတွင် ထိုင်းရေတပ်သို့ အပြီးအစီး လွှဲအပ်သွားရန် မျှော်မှန်းထားကြောင်း အဆိုပါသတင်းရင်းမြစ်က ဆက်လက်ပြောကြားသည်။

၂၀၁၁ ခုနှစ်က ထိုင်းရေတပ်သည် ဘတ် ၇ဒသမ၇ သန်းတန်ဖိုးရှိ ဂျာမန်လုပ်တပတ်ရစ် ရေငုပ်သင်္ဘော ၆ စင်းဝယ်ယူရန် လိုလားနေခဲ့သော်လည်း ယင်းအစီအစဉ်ကို ယင်းလပ်ရှင်နာဝပ်ထရာအစိုးရက ပယ်ချခဲ့သည်။

ထိုင်းနိုင်ငံရေကြောင်းပိုင်နက်အကျိုးစီးပွား ကာကွယ်ရန် ခေတ်မီရေငုပ်သင်္ဘောများ မိမိနိုင်ငံတွင် လိုအပ်နေကြောင်း ရေတပ်က ပြောသည်။

ယခုရေငုပ်သင်္ဘောများကို ထိုင်းပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင် နှစ်နေရာစလုံးတွင် အခြေချသွားမည်ဖြစ်သည်။

ထိုင်းရေတပ်သည် HTMS Angthong စစ်သင်္ဘော၏ ဝန်ထုပ်ဝန်ပိုးသက်သာစေရန်အတွက် ဘတ် ၄ ဘီလီယံတန်ဖိုးရှိ သင်္ဘောကျင်းပလက်ဖောင်းအသစ်ဝယ်ယူရန်လည်း စီစဉ်နေကြောင်း အဆိုပါသတင်းရင်းမြစ်က ဖြည့်စွက်ပြောသည်။

လက်ရှိအနေအထားတွင် များမြောင်လှသော စစ်ရေးတာဝန်များ ထမ်းဆောင်ရန်အတွက် ကုန်းနှင့်ရေနှစ်မျိုးသုံး သယ်ယူပို့ဆောင်ရေး သင်္ဘောကျင်းသာ ထိုင်းရေတပ်တွင် ရှိသေးသည်။

အဆိုပါ HTMS Angthong စစ်သင်္ဘောသည် စင်ကာပူနိုင်ငံတွင် တည်ဆောက်ခဲ့ပြီး ကုန်ကျစရိတ်မှာ ၄ဒသမ၉ ဘီလီယံဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading