• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပညာရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု မလုပ်သည့် အတွက် နောက်ကျကျန်နေဟု ဝန်ကြီးပြော

by မိုးမိုး
1 August 2019
in သတင်း
A A
ရန်ကုန်မြို့ရှိ အခြေခံပညာ စာသင်ကျောင်း တကျောင်း / အောင်ကျော်ထက် / ဧရာဝတီ

ရန်ကုန်မြို့ရှိ အခြေခံပညာ စာသင်ကျောင်း တကျောင်း / အောင်ကျော်ထက် / ဧရာဝတီ

6k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍ မြင့်မားစေရန် ရင်းနှီးမြှုုပ်နှံမှု မရှိခဲ့သည့်အတွက် ခေတ်နောက်ကျ ကျန်နေပြီး လိုအပ်ချက် များစွာ ရှိနေသည်ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြောသည်။

ပညာရေး ဝန်ကြီးက“ပညာရေးမှာတော့ နှစ်ပေါင်းများစွာ ရင်းနှီး မြှုပ်နှံမှု မလုပ်ခဲ့တာကြောင့် ခေတ်နောက်ကျ ကျန်နေခဲ့ တာ ဖြစ်တဲ့အတွက် လိုအပ်ချက် အင်မတန် များပြားပါတယ်။ မပြည့်စုံမှု၊ အခက်အခဲ အင်မတန် များပြားပါတယ်”ဟု ပြော သည်။

ဇူလိုင်လ ၃၁ ရက်က အမျိုးသား လွှတ်တော် အစည်းအဝေး၌ မွန်ပြည်နယ် မဲဆန္ဒနယ်မှ ဦးမျိုးဝင်း၏ မြန်မာနိုင်ငံ အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် လိုအပ်နေသည့် ကျောင်းဆောင်များ တင်ပြ တောင်းခံရာတွင် တွက်ချက်မှုများကို ပညာ ရေး ဝန်ကြီးဌာန အနေဖြင့် တနိုင်ငံလုံး အတွက် တပြေးညီ မူဝါဒ တခု ချမှတ်လုပ်ဆောင်ပေးရန် အစီစဉ် ရှိ မရှိ မေးခွန်း ဖြေဆိုစဉ် ယင်းသို့ ထည့်သွင်း ပြောကြားခြင်း ဖြစ်သည်။

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ကျောင်းဆောင် ၄၅၀၀၀ ခန့် လိုအပ်သော်လည်း ရရှိသည့် ကျောင်းဆောင် အရေ အတွက် သည် ၄၇၀၀ ကျော်သာ ရရှိသည့်အတွက် နှစ်စဉ် လိုအပ်ချက်ကို အဆိုပါ ပမာဏခန့်သာ ရရှိမည် ဆိုပါက ၁၀ နှစ် ကျော် ကြာမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးက ရှင်းလင်း ပြောဆိုခဲ့သည်။

ပညာရေး ဝန်ကြီးက ဆက်လက်၍ သို့သော် ပညာရေး ဝန်ထမ်းများ အနေဖြင့် ငွေကြေး လက်ဆောင်များ တောင်းခံနေ သည် ဆိုပါက ဝန်ကြီးဌာနသို့ တိုင်ကြားပေးရန် မေတ္တာရပ်ခံကြောင်းလည်း ပြောကြားသွားသည်။

ဒေါက်တာ မျိုးသိမ်းကြီးက“ပညာသင်နှစ် တနှစ်လုံးမှာ မည်သည့် အချိန်ပဲ ဖြစ်ဖြစ် ငွေကြေး၊ လက်ဆောင်ပစ္စည်း ယူခြင်း၊ ပေးခြင်း မပြုလုပ်ရန် အတွက် ကြီးကြပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်”ဟုလည်း ပြောဆိုသည်။

ပြည်သူ့ လွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်က ၎င်းအနေဖြင့် ကော်မတီတွင် တာဝန် စယူသည့် အချိန်ကစ၍ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပညာရေး ဝန်ကြီးဌာနက တင်ပြလာ သည့် အသုံးစရိတ်များကို လွှတ်တော်က လွန်ကဲစွာ မဖြတ်တောက်ရန်နှင့် သေချာစွာ စိစစ်ပြီးမှ ဖြတ်တောက်ရန် မှာကြား ထားကြောင်း ဧရာဝတီ သို့ ပြောသည်။

ဒေါက်တာ တင်အောင်က“အတိုင်ပင်ခံက ဘာမှာထားလဲ ဆိုတော့ အရည်အချင်းရှိတဲ့ ပညာရေး ဖြစ်ဖို့တော့ လိုတယ်လို့ မှာထားပါတယ်”ဟု ဆိုသည်။

၎င်းက ဆက်လက်၍“မနှစ်ကဆိုရင် ကျပ်၂ ဒသမ ၂ ထရီလီယံပဲ သုံးသွားတယ်။ ပညာရေး ဝန်ကြီးဌာနက။ ဒီနှစ်အတွက် ဒီနေ့ပဲ စိစစ်နေတာ၂. ၇ ထရီလီယံ တောင်းခံထားတယ်။ နောက်တပတ်လောက်မှ အတည်ပြုမှာပေါ့”ဟုလည်း ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းကမူ ပညာရေး ကဏ္ဍ၌ ခေတ် အဆက်ဆက်တွင်လည်း ရရှိသည့် ဘတ်ဂျက် ပမာဏဖြင့် တိုးတက်အောင် ဆောင်ရွက်မှုများ ရှိခဲ့ ကြောင်း၊ လက်ရှိ အခြေအနေတွင် တာဝန် ယူနေသူများသည်လည်း ယခင်က ရှိခဲ့သည့် အားနည်းချက်များကို ပိုကောင်းရန် ပြုလုပ်သင့်ကြောင်း ဧရာဝတီသို့ ပြောသည်။

မိတ္ထီလာ မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မောင်သင်းက“ဆရာ ဆရာမ အရေအတွက် မလုံ လောက်ရင်လည်း မနိုင်မနင်းနဲ့ အရည်အသွေး ပြည့်ဝတဲ့ ကလေးတွေ ထွက်လာဖို့ဆိုတာ ဘယ်လိုမှ အာမခံနိုင်စရာ အကြောင်း မရှိပါဘူး”ဟုလည်း ပြောဆိုသည်။

လက်ရှိ တနိုင်ငံလုံး အတိုင်းအတာနှင့် မူလတန်းပြ ဆရာဦးရေ ၅၀၈၂၀၊ အလယ်တန်းပြ ဆရာ ဦးရေ ၂၄၀၃၈ ဦး၊ အထက် တန်းပြ ဆရာဦးရေ ၁၃၀၇၆ ဦး ရှိသောကြောင့် ဆရာ ဆရာမ ဦးရေ ၈၇၀၀၀ ကျော် လိုအပ်နေကြောင်း၊ ပေ (၆၀ x ၃၀) ရှိ စာသင်ဆောင်သည် ၄၆၀၀၀ နီးပါး ဖြစ်ပြီး ဧရာဝတီတိုင်း၌ စာသင်ဆောင် လိုအပ်ချက် ၆၈၀၀ ကျော်နှင့် အများဆုံး လိုအပ် နေ ကြောင်း ပညာရေး ဝန်ကြီးဌာန၏ စာရင်း ဇယားများတွင် ဖော်ပြထားသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
358
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
50

နေပြည်တော် ဇမ္ဗူသီရိ မြို့နယ်မှ ကျောင်းသား မိဘ တဦး ဖြစ်သူ ဒေါ်ခင်ဆွေဝင်းက“အစ်မတို့ ကလေးကို ပုဂ္ဂလိက ကျောင်း ထားတာ ပိုက်ဆံပိုကုန်ပါတယ်။ အဲဒီလိုထားတော့ အလုပ်တွေ အရမ်း အဆင်ပြေလို့ထားတာ မဟုတ်ဘူး။ ကလေးတယောက် ရဲ့ ဘဝဟာ ပညာရေးက အရေးကြီးဆုံးပဲ။ အဲဒါကြောင့်ထားတာပါ”ဟု ပြောသည်။

ထို့ပြင် ယခင် ၁၁ တန်း အခြေခံပညာရေး စနစ်ကို နိုင်ငံတကာတွင် ကျင့်သုံးနေသည့် KG+12 အခြေခံ ပညာရေး စနစ်သို့ စတင် ကူးပြောင်းနေပြီ ဖြစ်ရာ သူငယ်တန်းနှင့် မူလတန်း သင်ရိုးသစ်များကို ဂျပန်နိုင်ငံနှင့် ပူးပေါင်း၍ လည်းကောင်း၊ အလယ်တန်း သင်ရိုးညွှန်းတမ်းများကို အာရှဖွံ့ဖြိုးရေးဘဏ်နှင့် လည်းကောင်း၊ အထက်တန်း သင်ရိုးသစ်များကို ဥရောပ သမဂ္ဂနှင့် လည်းကောင်း ပူးပေါင်း ရေးဆွဲလျက် ရှိကြောင်း သိရသည်။

You may also like these stories:

စနစ်သစ် ပညာရေး နဲ့ Catchment Area

စနစ်သစ် ပညာရေး နဲ့ ကယ်လ်စီယမ် ကွေကာ သောက်ကြသူများ

ပညာရေး အသက် အာမခံ ထားရှိနိုင်တော့မည်

ပညာပြည့်ဝ နှလုံးလှသူများ ဖြစ်စေချင်

Your Thoughts …
Tags: ပညာရေး ကဏ္ဍ
မိုးမိုး

မိုးမိုး

...

Similar Picks:

No Content Available
Next Post
The Divine Fury” ကို ဖြတ်ကျော်ပြီး ပထမနေရာမှာ ရှိနေတဲ့ “E.X.I.T”

ပထမဆုံးရုံတင်ရက်မှာ “The Divine Fury” ကို ဖြတ်ကျော်ပြီး ပထမနေရာမှာ ရှိနေတဲ့ “E.X.I.T”

သရုပ်ဆောင် မေမီကိုကို / ဝေဝေနှင်း / ဧရာဝတီ

အသက် ၃၀ကျော်ရင်တော့ အိမ်ထောင်ပြုဖို့စဉ်းစားထားတဲ့ မေမီကိုကို

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved