ကချင်ပြည်နယ် မြစ်ကြီးကြီးမြို့ကနေ ကားနဲ့ ၁ နာရီလောက်မောင်းလိုက်တာနဲ့ ဧရာဝတီမြစ်ကြီး စတင်ဖြစ်ပေါ်ရာ မေခမြစ်နဲ့ မလိခမြစ်တို့ဆုံရာ ဧရာဝတီမြစ်ဆုံရဲ့ အလှကို တွေ့မြင်ခံစားနိုင်ပါတယ်။ ဒီဇင်ဘာလ ကနေစလို့ ကြည်လင်အေးမြနေတဲ့ မြစ်ရေနဲ့အတူ တောတောင်ရှုခင်းတွေရဲ့ အလှအပတွေကိုခံစားရင်း ဒေသထွက် လတ်လတ်ဆတ်ဆတ် ငါးကင်နဲ့ ကချင်ရိုးရာအစားအစာတွေကိုလည်း မှာယူစားသုံးနိုင်ပါတယ်။
ရိုက်ကူး- ကောင်းမြတ်မင်း
တည်းဖြတ်- ဇင်မိုးဝါ