မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေစက်ရုံအနီးမှာ ရှိတဲ့ ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံဟာ ပြီးခဲ့တဲ့ ၁၃ ရက်နေ့က စမ်းသပ်လည်ပတ်ခဲ့ပြီး စက်အသံတွေကြောင့် ဒေသခံတွေ ကျေးရွာထဲမှာ ဆက်လက်နေထိုင်လို့မရတာကို စိုးရိမ်နေကြပါတယ်။
အဆိုပါ စီမံကိန်း စတင်အကောင်အထည်ဖော်ခဲ့ချိန်ကတည်းက ဒေသခံတွေ သဘောမတူကြောင့် ဆန္ဒပြပွဲတွေ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး မန္တလေးတိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူတွေနဲ့ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။
လက်ရှိမှာတော့ အောင်သပြေကျေးရွာ ဒေသခံ အယောက် ၄၀ ကျော်တို့ ဖမ်းဝရမ်းထုတ်ခံထားရတယ်လို့ သိရပါတယ်။
ရိုက်ကူး – ဇင်မိုးဝါ၊ ဇော်ဇော်
တည်းဖြတ် – ဇင်မိုးဝါ











