ကရင်တိုင်းရင်းသားတို့ရဲ့ အိပ်ရာဝင်ပုံပြင်တွေအထဲက တပုဒ်ဖြစ်တဲ့ မင်းသမီးလေးနော်ဘူဘောရဲ့ ဒဏ္ဍာရီပုံပြင်ဖြစ်ပေါ်ခဲ့ရာ နော်ဘူဘောတောင် (ဘွယ်ဟီခိုတောင်) ဟာ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မှာ တည်ရှိပါတယ်။
တောင်ငူမြို့ကနေ ၂၇ မိုင် အကွာ၊ ပင်လယ်ရေမျက်နှာပြင်ထက် ပေ ၄၈၀၀ ကျော်မြင့်တဲ့ နော်ဘူဘောတောင်ဟာ အင်္ဂလိပ်အစိုးရခေတ်ကတည်းက အပန်းဖြေအနားယူကြရာ တောင်စခန်းမြို့ ဖြစ်ခဲ့ပါတယ်။
ဆုတောင်းပြည့်တယ်လို့ ခရစ်ယာန်ဘာသာဝင်တွေ ယုံကြည်ကြတဲ့ နော်ဘူဘော ဆုတောင်းတောင်ထွတ်ဟာ တောင်ခြေကနေ တောင်ထိပ်အထိ လှေကားထစ်ပေါင်း ၃၇၄ ထစ်ရှိပြီး အမြင့်ပေ ၅၆၀ ရှိပါတယ်။
အခုအချိန်မှာတော့ လှပတဲ့ရှုခင်းတွေနဲ့ အေးမြတဲ့ရာသီဥတုရှိတဲ့ နော်ဘူဘောတောင်ဟာ ယုံကြည်ချက်ကြောင့် လာရောက်ဆုတောင်းကြသူတွေသာမက ခရီးသွားဧည့်သည်တွေနဲ့ပါ စည်ကားနေပါပြီ။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း











