ဒေါ်အောင်ဆန်းစုကြည်က “ငြိမ်းချမ်းရေးဆိုတာ နောက်ဆုံးကျတော့ ကိုယ်စိတ်ထဲက စတာပါ၊ မငြိမ်းချမ်းတဲ့နေရာ၊ မငြိမ်းချမ်းတဲ့ ပုဂ္ဂိုလ်တွေဟာ စိတ်ထဲကစတဲ့ကိစ္စပဲဖြစ်ပါတယ်၊ ဒါကြောင့်မို့ ကျမတို့မှာ ငြိမ်းချမ်းနိုင်တဲ့ အရည်ချင်းရှိတယ်ဆိုတာ ကိုယ့်ကိုယ်ကို ယုံကြည်ဖို့ ပထမလိုပါတယ်”ဟု ဆိုသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ချောင်းတောင် ကရင်နှစ်သစ်ကူးကွင်းတွင် ဖေဖော်ဝါရီ ၂၄ ရက်က ကျင်းပသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် လူထုတွေ့ဆုံပွဲမှာ ပြောကြားခဲ့ခြင်းဖြစ်သည်။
ရိုက်ကူး/တည်းဖြတ် – ဉာဏ်စိုးဝင်း