• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နိုင်ငံခေါင်းဆောင်များ အနေဖြင့် အမှန်တရားကို မြင်အောင်ကြည့်နိုင်ပါစေလို့ ဦးစိုးထွန်းရှိန်ပြော

by ကျော်မျိုး
24 February 2020
in သတင်း
A A
ရမည်းသင်းမြို့နယ်တရားရုံးတွင် ယနေ့တွေ့ရသည့် ဦးစိုးထွန်းရှိန် / သီဟလွင် / ဧရာဝတီ

ရမည်းသင်းမြို့နယ်တရားရုံးတွင် ယနေ့တွေ့ရသည့် ဦးစိုးထွန်းရှိန် / သီဟလွင် / ဧရာဝတီ

9k
VIEWS
Share on FacebookShare on Twitter

နိုင်ငံခေါင်းဆောင်များ အနေဖြင့် အမှန်တရားကို မြင်အောင် ကြည့်နိုင်ပါစေ ဟု အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်က ဖေဖော်ဝါရီလ ၂၄ ရက်က ရမည်းသင်းမြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးစဉ် သတင်းမီဒီယာများကို ပြောသည်။

အဆိုပါ ရုံးထုတ်အပြီးတွင် ဦးစိုးထွန်းရှိန်က “အမှန်တရားကို မြင်အောင် ကြည့်နိုင်ပါစေ’’ဟု ပြောပြီး ကျန်းမာ ရေး အခြေအနေ ကောင်းမွန်ကြောင်း၊ အခက်အခဲမရှိကြောင်း မီဒီယာများသို့ ပြောသည်။

RelatedPosts

တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

တရုတ် စွက်ဖက်မှုနှင့် လားရှိုး အလှည့်အပြောင်း – အပိုင်း ၂ (ရုပ်/သံ)

20 May 2025
0
စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
33
ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

ရန်ကုန်ဆန္ဒပြပွဲမှာ အလုပ်သမား ဒုဝန်ကြီး ဘာပြောလဲ (ရုပ်/သံ)

19 May 2025
161

ယခု ရုံးချိန်းတွင် တရားရုံးမှ ရုံးခေါ်သက်သေအဖြစ် စစ်ဆေးရန် မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင် အတွင်း ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးအောင်နိုင်ဦးအား ဆင့်ခေါ်ထားသော်လည်း လာရောက်ခြင်း မရှိသဖြင့် စစ်ဆေးနိုင်ခြင်း မရှိခဲ့ကြောင်း မြို့နယ်တရား သူကြီး ဦးဇော်လင်းမောင်က မီဒီယာများကို ရှင်းပြသည်။

အမြဲတမ်းအတွင်းဝန် ဦးအောင်နိုင်ဦးကို ရုံးခေါ်သက်သေအဖြစ် စစ်ဆေးပေးရန် ဦးစိုးထွန်းရှိန်၏ ရှေ့နေဖြစ်သူ ဒေါ်ခင်ခင် တော်က တရားရုံးကို လျှောက်ထားခဲ့သဖြင့် ခေါ်ယူစစ်ဆေးရန် တရားရုံးက ဖေဖော်ဝါရီလ ၁၇ ရက် ရုံးချိန်းတွင် အမိန့် ချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုရုံးချိန်းတွင် လိုပြသက်သေအဖြစ် စစ်ဆေးရန် ကျန်ရှိသူများအနက်မှ မိုးထိမိုးမိရွှေလုပ်ကွက်မှ ဦးနောင်နောင်နှင့် ဦးတေဇာလင်း တို့ကို ဥပဒေအရာရှိက မစစ်ဆေးတော့ဘဲ ပယ်လိုက်ကြောင်း တရားရုံးသို့ တင်ပြခဲ့သည်။

လက်ရှိတွင် တရားလိုပြသက်သေ ၁၈ ဦးအနက် စစ်ဆေးရန် ၃ ဦးသာ ကျန်ရှိပြီး လာမည့် ရုံးချိန်း ကို မတ်လ ၄ ရက်တွင် ချိန်းဆိုထားကြောင်း၊ ယင်းရုံးချိန်းတွင် ထပ်မံ ဆင့်ခေါ်ထားသည့် အမြဲတမ်း အတွင်းဝန်ကို စစ်ဆေးမည်ဖြစ်ပြီး တရားလိုပြ သက်သေဖြစ်သည့် မိုးထိမိုးမိရွှေလုပ်ကွက်မှ ဦးညီညီလွင် ၊ ဦးထွန်းအောင်စိုးတို့ကို စစ်ဆေးမည် သို့မဟုတ် ပယ်မည်ကို ဥပဒေအရာရှိက တရားရုံးသို့ ဆက်လက် တင်ပြမည်ဖြစ်ကြောင်း တရားရုံးမှ သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၄ရက် ရုံးချိန်းတွင်လည်း ဦးစိုးထွန်းရှိန်၏ ရှေ့နေဖြစ်သူ ဒေါ်ခင်ခင်တော်က မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင် နည်းဥပဒေပုဒ်မ ၉၄ ကို သက်သေအဖြစ် တရားရုံးသို့ လျှောက်ထားခဲ့သည်။

မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၊ နည်းဥပဒေ ပုဒ်မ ၉၄ အရ ယင်းဥပဒေနှင့် သက်ဆိုင်သည်များကို ယင်းဥပဒေဖြင့် သာ ဆုံးဖြတ်ရမည်ဟု ပြဌာန်းထားကြောင်း၊ ယခု တရားစွဲဆိုရာတွင် ယင်းဥပဒေဖြင့် မဟုတ်ဘဲ သတ္တုတွင်း ဥပဒေအရ စွဲဆိုထားခြင်းကြောင့် သက်သေ တင်သွင်းခြင်းဖြစ်ကြောင်း ဦးစိုးထွန်းရှိန်၏ ရှေ့နေက ရှင်းပြထားသည်။

အမျိုးသား ကြီးပွားတိုးတက်ရေး ကုမ္ပဏီက မန္တလေးတိုင်း ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိဒေသတွင် ရွှေလုပ်ကွက် လုပ်ကိုင် ခဲ့ပြီး ရွှေကြွေးကျန်ပေးသွင်းမှု မရှိ၍ ခွင့်ပြုမိန့် ရပ်ဆိုင်းထားသော်လည်း တရားမဝင် တူးဖော်မှုများ ဆက်လက် ပြုလုပ် သည်ဟု ဆိုကာ ကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန် အပါအဝင် ၅ ဦးကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးအေးဇော်က တရားလို ပြုလုပ်၍ ၂၀၁၈ ခုနှစ် မတ်လ ၁၉ ရက်က ရမည်းသင်းမြို့နယ် မြို့မရဲစခန်းတွင် သတ္တုတွင်း ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အစိုးရသို့ ပေးရန်ရှိသည့် ရွှေများကို ပေးသွင်းရန် ကိစ္စနှင့် ပတ်သက်၍လည်း ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းက လည်း မန္တလေးတိုင်း တရားလွှတ်တော်တွင်လည်း တရားမကြောင်းအရ တရားစွဲဆိုထားသည်။

ထို့အတူ အမှတ် (၂) သတ္တုတွင်း လုပ်ငန်းမှ လက်ထောက် အထွေထွေမန်နေဂျာ (ထုတ်လုပ်) ဦးတင်မောင်ဆွေ ကလည်း တရားလိုပြုလုပ်၍ ဦးစိုးထွန်းရှိန်နှင့် ဒါရိုက်တာ အဖွဲ့ဝင်များ ကို ၂၀၁၉ ခုနှစ် သြဂုတ်လ ၃ ရက်က ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆ (၁) ဖြင့် ထပ်မံ တရားစွဲဆိုထားကြောင်း သိရသည်။

ဆက်စပ်လင့်

ဦးစိုးထွန်းရှိန်အမှု ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥပဒေ ကို သက်သေခံအဖြစ် လျှောက်ထား

ဦးစိုးထွန်းရှိန်ကို သတ္တုတွင်း ဥပဒေအပြင် ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှုဖြင့်ပါ တရားစွဲထား

Your Thoughts …
Tags: မိုးထိမိုးမိရွှေလုပ်ကွက်မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှု ကော်မရှင်ဦးစိုးထွန်းရှိန်
ကျော်မျိုး

ကျော်မျိုး

ဧရာဝတီ

Similar Picks:

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ခန့်အပ်

by ဧရာဝတီ
20 September 2023
5.5k

ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ စစ်တက္ကသိုလ်အပတ်စဉ် ၂၅ ကျောင်းဆင်းဖြစ်ပြီး စစ်တပ်ကအာဏာသိမ်းပြီးနောက် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးခဲ့ပြီး မကြာသေးခင်ကမှ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းလဲတာဝန်ပေးခဲ့သည်။

ရန်ကုန်မြို့တနေရာက တယ်လီနော၏ သုံးစွဲသူဝန်ဆောင်ရေး ဌာနတခု / ဧရာဝတီ

တယ်လီနောမြန်မာရဲ့ အရောင်းအဝယ် မရေမရာဖြစ်နေသေး

by ဧရာဝတီ
14 September 2021
30.1k

တယ်လီနော-M1 အရောင်းအဝယ်ကိစ္စကို စစ်ကောင်စီထိန်းချုပ်ထားသည့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်တို့က အတည်ပြုပေးရန် လိုအပ်သည်။

၂၀၁၈ ခုနှစ်အတွင်းက နေပြည်တော်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ဦးစိုးထွန်းရှိန် / မိုးမိုး / ဧရာဝတီ

တရားခံပြေး (ဦး)စိုးထွန်းရှိန်ကို ထိုင်းနိုင်ငံတွင် ဖမ်းမိ

by ထက်နိုင်ဇော်
6 November 2019
27.9k

ထိုင်းနိုင်ငံသို့ ထွက်ပြေး တိမ်းရှောင်နေသည့် ဦးစိုးထွန်းရှိန်ကို ယနေ့ ရှမ်းပြည်နယ် တာချီလိတ် မြို့နယ်တွင် ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုဖြင့် လက်ရ ဖမ်းမိပြီ ဖြစ်သည်။

အာရှကြီးပွားတိုးတက်ရေး ပို့ကုန်သွင်းကုန်ကုမ္မဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးစိုးထွန်းရှိန် /  မိုးမိုး  / ဧရာဝတီ

အာရှကြီးပွားတိုးတက်ရေး လိမ်လည်မှု ပန်းပဲတန်း ရဲတပ်ဖွဲ့ စတင် ကိုင်တွယ်

by ထွန်းထွန်း
7 December 2018
13.6k

ကမ္ဘာ့ရတနာဘဏ်က လိမ်လည်မှုဖြင့် တိုင်ကြားမှုအပေါ် တရားလိုနှင့်သက်သေများအား ခေါ်ယူစစ်ဆေးမှုကို စတင် လုပ်ဆောင်နေပြီဖြစ်သည်။

နိုဝင်ဘာ ၁၃ ရက်နေ့က ဦးစိုးထွန်းရှိန်အား ဒုတိယအကြိမ်ရုံးထုတ်စဉ် / ဒီလှိုင်းဝင်း / ဧရာဝတီ

ဦးစိုးထွန်းရှိန် တတိယအကြိမ် ရုံးထုတ် ရွှေလုပ်ကွက် ရရှိခဲ့မှုကို စစ်မေး

by ဒီလှိုင်းဝင်း
26 November 2019
35.9k

သတ္တုတွင်း ဥပဒေဖြင့် ရမည်းသင်းမြို့နယ် တရားရုံးတွင် တရားစွဲခံထားရသည့် အမျိုးသား ကြီးပွားတိုးတက် ရေး ကုမ္ပဏီပိုင်ရှင် ဦးစိုးထွန်းရှိန်ကို ယနေ့ တတိယ အကြိမ် ရုံးထုတ်ခဲ့ပြီး တရားလိုအား လုပ်ကွက်နှင့် ပတ်သက်၍ စစ် ဆေးခဲ့ကြောင်း ရမည်းသင်း...

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်  / ဇော်ဇော် / ဧရာဝတီ

ဦးစိုးထွန်းရှိန်အမှု ရင်းနှီးမြုပ်နှံမှုကော်မရှင် ဥပဒေ ကို သက်သေခံအဖြစ် လျှောက်ထား

by ဧရာဝတီ
25 December 2019
16.8k

အမျိုးသားကြီးပွားတိုးတက်ရေးကုမ္ပဏီ ဥက္ကဋ္ဌ ဦးစိုးထွန်းရှိန်အား သတ္တုတွင်းဝန်ကြီးဌာန၊ အမှတ် ၂ သတ္တုတွင်း လုပ်ငန်းမှ သတ္တုတွင်းနည်းဥပဒေ ပုဒ်မ ၃၀ (က) ဖြင့် တရားစွဲထားသော အမှုတွင် ၎င်း၏ ရှေ့နေဖြစ်သူက မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုကော်မရှင် နည်းဥပဒေပုဒ်မ ၉၄...

Next Post
ရှမ်းပြည်နယ်အတွင်း လျှပ်စစ် မဟာဓာတ်အားလိုင်း သွယ်တန်းထားသည်ကို တွေ့ရစဉ် / အောင်ကျော်ထက် / ဧရာဝတီ

လျှပ်စစ်ကဏ္ဍ ပြုပြင်ပြောင်းလဲရန် ပုဂ္ဂလိက နှင့် ပူးပေါင်း စီမံထားဟု ဆို

ICJ တွင် မြန်မာဘက်မှ ရှေ့နေလိုက်ပေးသော ဒေါက်တာ ဝီလီယံ ရှာဘတ်စ် / Reuters

ပါမောက္ခ ဒေါက်တာ ဝီလီယံ ရှာဘတ်စ် ရန်ကုန်တက္ကသိုလ်တွင် ဟောပြောမည်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate