လာမယ့် ဇွန်လကစပြီး မြန်မာ MOU လုပ်သား ၆၅၆၁၃ ဦးကို ထိုင်းနိုင်ငံဘက်က ပြန်လည်လက်ခံတော့မှာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီ MOU လုပ်သားတွေကို တရက်ကို ၂၅၀၀ နှုန်းနဲ့ ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) ကတဆင့် ပြန်လည်ဝင်ရောက်ခွင့်ပြုမှာဖြစ်ပြီး ကျန်းမာရေးဆိုင်ရာထောက်ခံချက်တွေနဲ့ နယ်စပ်ဖြတ်ကျော်ဂိတ်မှာ စစ်ဆေးမှုခံယူရမှာဖြစ်တယ်လို့ ထိုင်းနိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လိုတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေဟာလည်း အရေးပေါ်ကြေညာချက်ရုပ်သိမ်းပြီးနောက် ဇွန်လမှသာ ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၁) ကနေ ပြန်လည် ထွက်ခွာခွင့်ပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ပြည်တော်ပြန်လာမယ့် မြန်မာလုပ်သားတွေကို မေလ (၁) ရက်နေ့ကတည်းက ထိုင်း – မြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂) မှာ မြန်မာဘက်က အသင့်ပြင်ဆင်စောင့်ကြိုနေပေမယ့် လက်ရှိအချိန်ထိ လုပ်သား ၂၈၀ ကျော်သာ ပြန်လာနိုင်ကြပါသေးတယ်။
တည်းဖြတ် – ဇော်နောင်လင်း
ဓာတ်ပုံ – Tay Zar Aung ၊ Thant Zin Aung Facebook
#IRWLaborRights #အလုပ်သမားအခွင့်အရေး











