ကမ္ဘာ့ကပ်ရောဂါ ဖြစ်လာတဲ့ COVID-19 ကူးစက်ရောဂါကို တားစည်းကာကွယ်ဖို့ လူနေအိမ်တွေနဲ့ လမ်းမတွေပေါ် ပိုးသတ်ဆေး ဖျန်းတာက ကောင်းကျိုးထက် ဆိုးကျိုးကို ပိုဖြစ်စေနိုင်လို့ ဝေဖန်မှုတွေ ရှိလာပါတယ်။ မြေကြီးတွေအပေါ် ပိုးသတ်ဆေးကို ဖျန်းလိုက်တဲ့အခါ မြေကြီးရဲ့ ဂေဟစနစ် (Eco System) ပြောင်းလဲပြီး ဘက်တီးရီယားပိုးတွေကို ပိုဖြစ်ပွားစေနိုင်တယ်လို့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါ်မြင့်မြင့်သိန်း(ငြိမ်း)က ထောက်ပြပါတယ်။
ပရဟိတအဖွဲ့အစည်းတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေ၊ နည်းလမ်းတွေနဲ့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှ ဖျန်းသင့်တဲ့ နေရာတွေမှာသာ ပိုးသတ်ဆေးဖျန်းကြဖို့ ပညာရှင်တချို့က အကြံပြုထားပါတယ်။











