လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း စာရင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ကြေညာလိုက်တဲ့ထဲ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း နှစ်ဦး ပါဝင်လာပါတယ်။
NLD ပါတီက ရွေးချယ်လိုက်တဲ့ အစ္စလာမ်ဘာသာဝင် ကိုယ်စားလှယ်လောင်း နှစ်ဦးအပေါ် အမြင်သုံးသပ်ချက်အပြင် ရွေးကောက်ပွဲမှာ ဆန္ဒမဲ မထည့်ဘူးလို့ ပြောဆိုနေကြတဲ့ ကိစ္စ၊ နောက်အစိုးရသက်တမ်းအတွက် မျှော်လင့်ချက်တွေ ပြည်သူကို ရွေးကောက်ပွဲဆိုင်ရာ တိုက်တွန်းချက်တွေ စတာတွေနဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဖက်ဒရယ် ဒီမိုကရက်တစ် အင်အားစုက နိုင်ငံရေးဦးဆောင်ကော်မတီဝင် ဦးမြအေးကို ဧရာဝတီက မေးမြန်းထားတာ ဖြစ်ပါတယ်။
ရိုက်ကူး/ တည်းဖြတ် – ဇင်မိုးဝါ