လာမယ့် ရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံးတွေမှာသာမက မြန်မာအများစုနေထိုင်ကြတဲ့ဒေသတွေမှာ လွယ်ကူစွာ မဲပေးခွင့်ရအောင် ညှိနှိုင်းဆောင်ရွက်ပေးဖို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။
လာမယ့် နိုဝင်ဘာလ ၈ ရက်မှာ ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲမှာ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ ပါဝင်မဲပေးနိုင်ဖို့ ပုံစံ ၁၅ လို့ခေါ်တဲ့ ကြိုတင်ဆန္ဒမဲပေးခွင့် လျှောက်လွှာတွေကို ဇူလိုင်လ ၃ ရက်က စတင်ထုတ်ပြန်ထားပြီး ဘန်ကောက် မြန်မာသံရုံးနဲ့ သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးတွေကို ဩဂုတ်လ ၅ ရက်မှာ နောက်ဆုံး ပြန်လည်ပေးပို့ရမှာ ဖြစ်ပါတယ်။
ရိုက်ကူး – ငြိမ်းဇော်၊ ဇော်နောင်လင်း
တည်းဖြတ် – ဇော်နောင်လင်း