NLD ပါတီဝင်ဟောင်းတဦးလည်းဖြစ်၊ မြန်မာနိုင်ငံတောင်သူလယ်သမားသမဂ္ဂရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဒေါ်စုစုနွေးဟာ ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှာ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။
သူယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ် ပါတီတွေနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ရိုက်ကူး/ တည်းဖြတ်- အဲမလီ











