Trend

ထိုင်းမှာ နိုင်ငံခြားသား ခရီးသွားတွေကို Spa နဲ့ မာဆတ် သွားခွင့် ပြုမည်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေအတွက် ကျန်းမာရေး Quarantine လို့ ခေါ်မယ့် သတ်မှတ်ထားတဲ့ ဟိုတယ်တွေရဲ့ အနီးအနားက မာဆတ်နဲ့  Spa တွေကို သွားလာခွင့်ပြုမယ့် အစီအစဉ်အား ထိုင်းအစိုးရအရာရှိ တဦးက အတည်ပြုပြောကြားလိုက်ပါတယ်။

ကျန်းမာရေး ဝန်ဆောင်မှု အထောက်အကူပြုရေးဌာန အကြီးအကဲ Tares Krassanairawiwong ကလည်း နိုင်ငံခြားသားခရီးသွားတွေ ဟိုတယ်မှာ နေထိုင်စဉ်အတွင်း ကပ်လျက်ရှိတဲ့ မာဆတ် (အနှိပ်ခန်း) နဲ့ Spa တွေကို သွားလာခွင့်ရမယ့် ကျန်းမာရေး Quarantine ရယူနိုင်တော့မယ်လို့ ဆိုပါတယ်။

သွားလာခွင့်ပြုထားတဲ့ မာဆတ်နဲ့ Spa တွေမှာ နိုင်ငံခြားသားတွေကို ပြည်တွင်းက ဧည့်သည်တွေနဲ့ သီးသန့် ခွဲပေးထားရမယ့်အပြင် ကပ်ရောဂါကာကွယ်ရေး စီမံချက်တွေရယ်၊ Social distancing အရ လိုက်နာကာ ဝန်ဆောင်မှုပေးရမယ်လို့ အကြီးအကဲ Tares Krassanairawiwong က ပြောပါတယ်။

အဆိုပါ အစီအစဉ်ဟာ နိုင်ငံတွင်း ဝင်ရောက်လာမယ့် ကျန်းမာရေး အာမခံထားတဲ့ နိုင်ငံခြားသားဧည့်သည်တွေအတွက် အစိုးရရဲ့ ကျန်းမာရေးကဏ္ဍ တစိတ်တပိုင်းဖြစ်တယ်လို့ Tares က ဆိုပါတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံ တောင်ပိုင်းကမ်းခြေဒေသတွေဆီ အလည်အပတ်သွားမယ့် နိုင်ငံခြားသားဧည့်သည် အများစုဟာ မာဆတ်နဲ့ Spa ဝန်ဆောင်မှုတွေကို အလိုရှိတာကြောင့်လည်း ဖြစ်ပါတယ်။

ဒါ့ပြင် နိုင်ငံတွင်း ရက် ၉၀ ထိ ကာလရှည်နေချင်သူတွေအတွက် Special Tourist Visa ကိုလည်း ပေးသွားဖို့ ရှိတယ်လို့ Tares က ဆိုပါတယ်။

COVID-19 အခြေအနေ စောင့်ကြည့် စီမံရေးအဖွဲ့နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးအဖွဲ့ကတော့ နိုင်ငံခြားသားတွေအတွက် Wellness Quarantine အစီအစဉ်ကို အတည်ပြုပေးဖို့ ကျန်ရှိနေပါသေးတယ်။ စက်တင်ဘာ ၂၀ ရက်က ထုတ်ပြန်ချက်အရ ဒီလအစောပိုင်းမှာ အသက် ၂ နှစ်အရွယ် မြန်မာနိုင်ငံသား ကလေးငယ်တဦးဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကိုအပြန် COVID-19 ကူးစက်ခံရတယ်လို့ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ရောဂါထိန်းချုပ်ရေးဌာနက ထုတ်ပြန်ချက်အရ အဆိုပါကလေးငယ်ဟာ မိဘတွေနဲ့အတူ နိုင်ငံအနောက်ပိုင်း Tak ခရိုင်၊ မဲဆောက်ကနေ မြန်မာနိုင်ငံကို နယ်စပ်ဖြတ်ကျော်အဝင်မှာ ကူးစက်ခံရတာကို တွေ့ခဲ့ရတာပါ။

ကလေးငယ်ရဲ့ မိဘတွေဟာ သြဂုတ်လက Ayutthaya ခရိုင်ရှိ အလုပ်ကနေ ထွက်ခဲ့ပြီးနောက် စက်တင်ဘာ ၄ ရက်ကနေ ၁၀ ရက်အတွင်း ကလေးမှာ COVID-19 ကူးစက်ခံရတာဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဆိုပါ ကလေးငယ်ဟာ ထိုင်းနိုင်ငံမှာ လူပေါင်း ၁၄၆ ယောက်နဲ့ အတူတူ နေထိုင်စဉ်အတွင်း ကူးစက်ခံရတာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။ ကလေးငယ် နေထိုင်ခဲ့တဲ့ Ayutthaya နဲ့ Nakhon Ratchasima က ရွှေ့ပြောင်းလုပ်သားရပ်ကွက်မှာ နေထိုင်သူတွေကို COVID-19 စစ်ဆေးခဲ့ရာ ကူးစက်မှု မရှိကြောင်း တွေ့ရပါ တယ်။

ဒါ့အပြင် မဲဆောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအပါအဝင် လူပေါင်း ၂,၆၃၅ ဦးကို စစ်ဆေးခဲ့စဉ်မှာလည်း ကူးစက်မှု မရှိကြောင်း တွေ့ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: Xinhua News Agency

You may also like these stories:

အမေရိကန်သံရုံးက ထိုင်းကို Mask များ လှူဒါန်း

တိုင်းနှင့်ပြည်နယ်များသို့ ကိုဗစ်ဖြစ်ပွားနေသည့် မြို့များမှ လာသူများ Quarantine ဝင်ရမည်

စစ်ပွဲ၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ ကိုဗစ် အကျပ်အတည်းကြားက ယီမင်နိုင်ငံ

Did you find apk for android? You can find new Free Android Games and apps.
Loading