မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံ တို့၏ အဓိကကုန်သွယ်ရေးနယ်စပ်မြို့များဖြစ်သည့် မြဝတီ နှင့် မဲဆောက် မြို့၌ ကိုဗစ်ရောဂါပိုးတွေ့ လူနာ တွေ့ရှိမှု မြင့်တက်လာသည့်အတွက် ထိုင်းနိုင်ငံဘက်မှ နှစ်နိုင်ငံ ကုန်သွယ်ရေးကို ယာယီအကန့်အသတ်များ ပြုလုပ်လိုက်သည်။
ထို့သို့ ကုန်သွယ်ရေးကို ယာယီအကန့်အသတ်များ ပြုလုပ်လိုက်ခြင်းကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးအပေါ် ရိုက်ခတ်လာနိုင်သည့် အခြေအနေများနှင့် ပတ်သက်ပြီး မြဝတီနယ်စပ်ကုန်သည်များအသင်း ဥက္ကဋ္ဌ ဒေါ်သင်းသင်းမြတ်ကို ဆက်သွယ်မေးမြန်းထားပါသည်။
ရိုက်ကူး/တည်းဖြတ် – အောင်ခိုင်မျိုး