တပတ်ကြာ ကုန်သွယ်မှု ပိတ်ထားခဲ့တဲ့ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်- မြဝတီ အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဒီကနေ့ မနက်ပိုင်းမှာ ပြန်လည်ဖွင့်လှစ်လိုက်ပါတယ်။
အောက်တိုဘာလ ၂၆ ရက် မနက်ပိုင်းက စတင်လို့ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ မြန်မာကုန်တင်ယာဉ်တွေကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ BCF ဇုန်အထိ၊ ထိုင်းကုန်တင်ယာဉ်တွေကိုလည်း မြန်မာနိုင်ငံ၊ မြဝတီမြို့၊ BCF ဇုန်အထိ သယ်ယူပို့ဆောင်စေပြီး အရေးကြီးကုန်စည်တွေကို အပြန်အလှန် တင်ပို့ခွင့် ပြုခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ရောဂါဖြစ်ပွားမှု များပြားလာတာနဲ့အတူ မဲဆောက်မြို့က မြန်မာတချို့မှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာကြောင့် မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကတဆင့် ၂နိုင်ငံကုန်သွယ်မှုကို အောက်တိုဘာလ ၁၈ ရက်ကနေ ၂၅ ရက်အထိ ယာယီ ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။
ရိုက်ကူး/တည်းဖြတ် – ဇော်နောင်လင်း











