ကရင်ပြည်နယ်၊ မဝတီမြို့တောင်ဘက်မှာ ရှိတဲ့ ဥကရစ်ထ စခန်းကို စစ်ကူသွားတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ တပ်မ ၄၄ ခမြန်တပ်မ ဌာနချုပ်၊ တပ်ရင်း အမှတ် ၁၀၂ ခမြန်တပ်ရင်းက တပ်သား ၅ ဦးဟာ ဇူလိုင်လ ၉ ရက်နေ့က တပ်ရင်းကို စွန့်ခွာခဲ့ကြပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံတပ်ရင်းမှာ ခိုလှုံခဲ့ကြပါတယ်။
အဲဒီအထဲမှာ အသက် ၁၇ စ်အရွယ် ၂ ဦးနဲ့ အသက် ၂၀ အရွယ် ၂ ဦးတို့ ပါဝင်ခဲ့ကြပြီး၊
ကိုယ့်ပြည်သူတွေကို အနိုင်ကျင့် သတ်ဖြတ်နေတဲ့ အာဏာသိမ်း စစ်တပ်ရဲ့ လုပ်ရပ်တွေကို
စိတ်ပျက်ပြီး ဥကရစ်ထ စခန်းကို လွှတ်ချိန်မှာ ထွက်ပြေးခဲ့ကြတာလို့ သူတို့က ပြောပြပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup












