စစ်တပ်အာဏာသိမ်းတာကို လက်နက်ကိုင်ဆန့်ကျင် တော်လှန်ဖို့ ကရင်ပြည်နယ်မှာ စစ်သင်တန်းတက်ရောက်ပြီး တိုက်ပွဲအတွက် မိုင်းဆင်ချိန်မှာ မတော်တဆ ပေါက်ကွဲပြီးနောက် ခြေထောက်တဖက် အရင်းကနေ ဖြတ်ထုတ်လိုက်ရတဲ့ ကိုတောဝက်ဟာ အခုချိန်မှာ စားဘဲကြီးဆိုတဲ့ အစားအသောက်ချက်ပြုတ်လမ်းညွှန်တဲ့ ဖုဘလောကာအနေနဲ့ ကိုယ့်ဘာသာရပ်တည်နိုင်ဖို့ ကြိုးစားနေသူဖြစ်ပါတယ်။
စားဘဲကြီးဆိုတဲ့ ဘလော့ကို စက်တင်ဘာလက စတင်လိုက်တာဖြစ်ပြီး အစားအသောက် ချက်ပြုတ်တာ၊ စားသောက်ပြတဲ့ဗီဒီယိုဖိုင်တွေကို ရိုက်ကူးတင်ဆက်မှုတွေ အပြင် စားဘဲကြီးက ထုတ်လုပ်တဲ့ စားသောက်ကုန်တွေကိုလဲ ဖြန့်ချိရောင်းချပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











