သတင်းတို

ဂျပန်မှတ်တမ်းရုပ်ရှင် ဒါရိုက်တာ ထောင်ဒဏ် ၁၀ နှစ်ကျ

ဆူပူရန် လှုံ့ဆော်မှုနှင့် ဆက်သွယ်ရေးဥပဒေအား ချိုးဖောက်သည်ဟု ဆိုကာ ဂျပန်မှတ်တမ်းရုပ်ရှင် ဒါရိုက်တာတဦးကို စစ်ကောင်စီ တရားရုံးတခုက ထောင်ဒဏ် ၁၀နှစ် ချမှတ်လိုက်ကြောင်း ဂျပန်နိုင်ငံခြားရေးတာဝန်ရှိသူတဦးက ကြာသပတေးနေ့က ပြောကြားသည်။

အသက် ၂၆ နှစ်အရွယ်ရှိသော တိုရူကူဘိုတာသည် ရန်ကုန်မြို့တွင် ဇူလိုင်လအတွင်းက ဆန္ဒပြပွဲတခု၌ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ထိုအချိန်က သူသည် လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ကာ စစ်ကောင်စီဆန့်ကျင်ရေး အားပေးမှုဖြင့် တရားရင်ဆိုင်နေရသည်။

တိုရူကူဘိုတာ သည် ဆူပူရန် လှုံ့ဆော်မှုဖြင့် ထောင်ဒဏ် ၃ နှစ်နှင့် ဆက်သွယ်ရေးဥပဒေ ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၇ နှစ်ကို ယမန့်နေ့က ချမှတ်ခံခဲ့ရကြောင်း ၎င်း၏ ရှေ့နေကို ကိုးကား၍ ဂျပန်ဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှု စွပ်စွဲချက်နှင့်ပတ်သက်ပြီး အောက်တိုဘာလ ၁၂ ရက်တွင် တရားရုံးတွင် ဆက်လက်ကြားနာရန် ရှိကြောင်းလည်း သိရသည်။

“မစ္စတာ ကူဘိုတာကို စောစီးစွာ ပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကျနော်တို့ တောင်းဆိုထားပြီး ဒါကို ဆက်လုပ်သွားဖို့ ရည်ရွယ်ထားပါတယ်” ဟု ဂျပန်နိုင်ငံခြားရေးတာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံသည် ပြီးခဲ့သည့်နှစ်က ရွေးကောက်ခံအစိုးရကို စစ်တပ်မှဖြုတ်ချပြီးကတည်းက အကြမ်းဖက်မှုများ ထဲတွင် ပိတ်မိနေခဲ့သည်။ စစ်ကောင်စီသည် ၎င်းကိုဆန့်ကျင်သည့် နိုင်ငံရေးသမားများ၊ ဗျူရိုကရက်များ၊ ကျောင်းသားများ၊ သတင်းထောက်များနှင့် နိုင်ငံခြားသားများ အပါအဝင် ထောင်နှင့်ချီသော စစ်ကောင်စီဆန့်ကျင်သူများကို ဖမ်းဆီးထားသည်။

ကိုးကား။ ။ Reuters သတင်း Myanmar court jails Japanese filmmaker for 10 years

You may also like these stories:

ဂျပန်က စစ်ကောင်စီကို ထောက်ခံနေခြင်းသည် မှားယွင်းနေ

ဂျပန်လေ့ကျင့်ပေးသည့် မြန်မာဗိုလ်ချုပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွင် ပါဝင်

၁၅ နှစ်ကြာအောင် နာဂါအိ မိသားစု အမှန်တရားကို ရှာဖွေနေ

ဗြိတိန်သံအမတ်ဟောင်း ဖမ်းဆီးမှု “ဓားစာခံ သံတမန်ရေး” ဟု ဆိုကြ

Loading