ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၉) ရက်နေ့ကနေ (၂၆) ရက်နေ့အထိ ကျင်းပခဲ့တဲ့ ၇၇ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ချုပ်အပါအဝင် အမေရိကန် ၊ အရှေ့တီမောနဲ့ မလေးရှားက ကမ္ဘာ့ခေါင်းဆောင်တွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ကြပါတယ်။
လက်ရှိ မြန်မာနိုင်ငံက စစ်ဘေးရှောင် ပြည်သူတွေ လိုအပ်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်တွေနဲ့ ပတ်သက်လို့ ထိထိရောက်ရောက် လုပ်ဆောင်ပေးဖို့ နှောင့်နှေးနေတဲ့ ကမ္ဘာ့နိုင်ငံ့ခေါင်း ဆောင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဧရာ၀တီက ဆက်သွယ်မေးမြန်းထားပါတယ်။
#WhatsHappeningInMyanmar
#RejectMilitaryCoup











