ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေတဲ့ အထောက်အထားမဲ့ မြန်မာတွေကို နိုင်ငံသားဖြစ်ကြောင်း သက်သေခံ လက်မှတ် (Certificate of Identity –CI) စာအုပ်ထုတ်ပေးရာမှာ ပေးသွင်းရတဲ့ အခကြေးငွေဟာ အရင်ကထက် ၁၀ ဆ လောက်တက်သွားတယ်လို့ မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေး မဟာမိတ် အဖွဲ့ (AAC) ဥက္ကဌ ဦးခိုင်ကြီးက ဆိုပါတယ်။
CI စာအုပ်ထွက်လာဖို့အတွက် ပန်းရောင်ကတ်ကို အရင်လုပ်ရပြီး ပန်းရောင်ကတ် ရရှိထားသူတွေက CI စာအုပ်ကိုဆက်လက်လျှောက်ထားရတာ ဖြစ်ပါတယ်။ CI စာအုပ်ရဖို့ အလုပ်သမားတွေဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူတွေထံကို အခကြေးငွေ ပေးပြီး လုပ်ရတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် CI စင်တာတွေကို စစ်ခေါင်းဆောင်နဲ့နီးစပ်တဲ့အသိုင်းအဝိုင်းက လုပ်ကိုင်ခွင့်တွေ ရယူထားပြီး CI စင်တာအတွင်းဝင်ရောက်ခွင့်ကို အခကြေးငွေ ကောက်ခံနေသလို ဝင်ချင်တိုင်း ဝင်ခွင့်မရဖြစ်နေကြပါတယ်။
#WhatsHappeningMyanmar
#RejectMilitaryCoup