ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ ဒေါက်တိုင်တွေကို လိုက်လံဖြိုချတိုက်ခိုက်နေတဲ့ KTL Army ဗျူဟာမှူး ဗိုလ်အယ်စေးဝါဦးဆောင်တဲ့ Lion Battelion Commando – ဗျူဟာစစ်ကြောင်းကတော့ မြို့သိမ်းတိုက်ပွဲတွေဖော်ဆောင်လာနိုင်တဲ့အထိ ကြိုးပမ်းသွားမယ်လို့ KTL Army – Lion Battalion Commando ရဲ့ ပြန်ကြားရေးတာဝန်ခံ တောင်ပိုင်းနဂါးက ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲတွေဖြစ်လာနိုင်ဖို့အတွက် မြန်မာပြည် အညာပိုင်းဒေသတွေနဲ့ မြို့ပြတွေမှာလည်း KTL Army တပ်ဖွဲ့စုတွေကို ထပ်မံဖွဲ့စည်းသွာဖို့ပါ ပြင်ဆင်ထားတယ်လို့လည်း ဆိုပါတယ်။
လက်ရှိ ကရင်ပြည်နယ်အတွင်းရဲ့ နယ်မြေစိုးမိုးမှုနဲ့ စစ်တပ်ရဲ့ အခြေအနေတွေကို KTL Army – Lion Battalion Commando ရဲ့ ပြန်ကြားရေးတာဝန်ခံ တောင်ပိုင်းနဂါးက အခုလို ပြောပြထားပါတယ်။