စစ်ကျွန်ပညာရေးကို တော်လှန်ပြီး ကျောင်းမတက်ဘဲ သပိတ်မှောက်ဖို့ ဆော်ဩသံတွေဟာ သုံးနှစ်ကျော် ကြာခဲ့ပါပြီ။ဒါပေမယ့် လူငယ်တွေဟာ အခက်အခဲတွေကြားကနေဘဲ စိန်ခေါ်မှုမျိုးစုံကို ကြံ့ကြံ့ခံ ရင်ဆိုင်ပြီး ပညာဆက်လက်သင်ယူနိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
တက္ကသိုလ်တက်ရောက်နေတဲ့ ကျောင်းသား သုံးပုံနှစ်ပုံဟာ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) မှာပူးပေါင်းပါဝင်ပြီး တက္ကသိုလ် ပညာရေးကို စွန့်ခွာခဲ့ကြတယ်လို့ နွေဦးတက္ကသိုလ်ရဲ့ သုသေတန စစ်တမ်းတွေအရ သိရပါတယ်။
နိုင်ငံရဲ့ ဘက်ပေါင်းစုံက အကြပ်အတည်းတွေအကြား လူငယ်တွေရဲ့ အမြင့်မားဆုံးရည်ရွယ်ချက်က ပြည်ပနိုင်ငံတွေမှာသွားရောက်ပညာသင်ယူနိုင်ဖို့နဲ့ အလုပ်လုပ်ကိုင်နိုင်ဖို့ ဖြစ်လာပါတယ်။
ဒေသတွင်းက လက်လှမ်းမှီနိုင်တဲ့ နိုင်ငံတွေမှာ သွားရောက်ပညာသင်ကြားတဲ့ ကျောင်းသားအရေအတွက် သိန်းနဲ့ချီရှိနေပြီး ငွေကြေးမတက်နိုင်တဲ့ လူငယ်တွေကတော့ ပြည်ပနိုင်ငံ အစိုးရနဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကပေးတဲ့ ပညာသင်ဆုတွေကို အားထားနေရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR