ရန်ကုန် သာကေတမြို့နယ်နဲ့ ဒေါပုံမြို့နယ်တွေမှာ ဖြစ်ပွားနေတဲ့ ကာလဝမ်းရောဂါဟာ ကုသလို့ ရပေမယ့် လူသေနိုင်တဲ့အထိ အန္တရာယ်လည်းရှိနေပါတယ်။
ကာလဝမ်းရောဂါပိုးဆိုတာ မိုးရာသီမှာ ပုံမှန် ဖြစ်ပွားတက်တဲ့ ဝမ်းပျက်၊ ဝမ်းလျောရောဂါပုံစံမျိုး မဟုတ်ပဲ၊ Cholera ဗတ်တီးရီးယား ရောဂါပိုးကြောင့် ဖြစ်ရတဲ့ ပြင်းထန်တဲ့ ရောဂါတမျိုးပါ။
မသန့်ရှင်းတဲ့ရေကို သောက်သုံးမိရာကနေ ရောဂါပိုး စတင်ကူးစက်နိုင်ပြီး၊ အစားအစာ မသန့်တာ၊ အိမ်သာသုံးစွဲမှု မသန့်ရှင်းတာတွေအပြင် တကိုယ်ရည် သန့်ရှင်းမှု မရှိတာတွေကလည်း ကူးစက်နိုင်ပါ တယ်။
ကာလဝမ်းရောဂါဟာ ကြောက်ဖို့ကောင်းတဲ့ ရောဂါမဟုတ်ပေမယ့်၊ ပြင်းထန်တဲ့ ရောဂါလက္ခဏာ အဆင့်မှာ အချိန်မီ ဆေးဝါးကုသမှု မခံယူနိုင်ရင်တော့ အသက် ဆုံးရှုံးရနိုင်ပါတယ်။
ဒါ့ကြောင့် ကာလဝမ်းရောဂါအကြောင်း ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ ပတ်သက်ပြီး၊ အမျိုးသား ညီညွတ်ရေး အစိုးရ(NUG) ၊ ကျန်းမာရေးဝန်ကြီးဌာန က ဒေါက်တာဆုတောင်းပြည့် နဲ့ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#ကာလဝမ်းရောဂါ #သာကေတ #ဒေါပုံ #ပြင်းထန် #Cholera













