ခင်ဗျားတို့နောက်မှာလည်း ရှိတယ်၊ ရှေ့မှာနေရမယ်ဆိုရင်လည်း အဆင်သင့်ပဲ (ရုပ်/သံ)
ဧရာဝတီ၊ ဇူလိုင် ၂၂၊ ၂၀၂၄
ခင်ပွန်းဖြစ်သူ ကိုဖြိုးဇေယျာသော်ကို နှုတ်ဆက်စကားတောင် ပြောခွင့်မရလိုက်ဘူးလို့ ဇနီးဖြစ်သူ Rap အဆိုတော် မသဇင်ညွန့်အောင်က ပြန်ပြောပြပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ် ဟစ်ဟော့ အဆိုတော်လည်း ဖြစ်တဲ့ ကိုဖြိုးဇေယျာသော်၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီနဲ့ အရပ်သား ၂ ဦး ကို ကြိုးပေး ကွပ်မျက် လိုက်တယ်ဆိုတဲ့ ဖြစ်စဉ်ဟာ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ဆိုရင် ၂ နှစ်ပြည့်ခဲ့ပါပြီ။
ကိုဇေယျာသော်နဲ့ ကိုဂျင်မီ အပါအဝင် ၄ ဦးစလုံး ဆုံးပါးသွားပြီဆိုတဲ့ အကြောင်းကို ထောင်ပိုင်နဲ့ ဆရာဝန်ရဲ့ တရားဝင် အတည်ပြုချက် မရရှိသေးတဲ့ အတွက် မိသားစုတွေဟာ “ဖမ်းဆီးထားခံရပြီး အဆက်အသွယ်မရ ပျောက်ဆုံးနေဆဲ” လို့ မှတ်ယူထားကြပါတယ်။ ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်နေ့က သတင်းတွေထွက်လာတော့ မိသားစုဝင်တွေ သွားမေးတဲ့အခါ ဘယ်နေ့က သေဒဏ်စီရင်လိုက်လဲဆိုတာ အာဏာပိုင်က မပြောသလို သေဆုံးကြောင်း အတည်မပြုခဲ့တာကြောင့်ပါ။
ကိုဖြိုးဇေယျာသော်ကို နိုဝင်ဘာ ၁၈ ရက် ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီး၊ ဇနီးဖြစ်သူကိုပါ စစ်ကောင်စီက လိုက်လံဖမ်းဆီးခဲ့တဲ့အတွက် ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။ ကိုဖြိုးဇေယျာသော် အကြောင်းကို ဇနီးဖြစ်သူ မသဇင်ညွန့်အောင်ကို မေးမြန်းဖော်ပြလိုက်ခြင်းဖြစ်ပါတယ်။
#ဧရာဝတီ #ကိုဖြိုးဇေယျာသော် #မသဇင်ညွန့်အောင် #ကိုဂျင်မီ #Rap
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR